< ၄ ဓမ္မရာဇဝင် 8 >
1 ၁ တဖန်ဧလိရှဲသည် အထက်က အသက်ရှင်စေ သော သူငယ်၏အမိကိုခေါ်၍၊ သင်သည် အိမ်သူ အိမ်သားနှင့်တကွ ထသွားလော့။ တည်းခို၍ နေနိုင်သော အရပ်တစုံတရပ်၌ တည်းခို၍နေလော့။ ထာဝရဘုရား သည် အစာခေါင်းပါးရာကာလကို မှာလိုက်တော်မူပြီ။ တပြည်လုံး၌ ခုနစ်နှစ်ခေါင်းပါးလိမ့်မည်ဟု သတိပေး၏။
A LAILA olelo aku la o Elisai i ka wahine, i ka mea nana ke keiki ana i hoola ai, i aku la, E ku ae, a hele aku, o oe, a me kau ohana, a noho ma kahi au e hiki ai ke noho: no ka mea, ua hai mai o Iehova, he wi, a e hiki mai no ia maluna o ka aina i na makahiki ehiku.
2 ၂ ထိုမိန်းမသည် ဘုရားသခင့်လူ၏စကားကို နား ထောင်သဖြင့်၊ အိမ်သူအိမ်သားတို့နှင့်တကွ သွား၍ ဖိလိတ္တိပြည်၌ ခုနစ်နှစ်နေ၏။
Ku ae la ka wahine, a hana aku la e like me ka olelo a ke kanaka o ke Akua; a hele aku ia me kona ohua, a noho iho la ma ka aina o ko Pilisetia i na makahiki ehiku.
3 ၃ ခုနစ်နှစ်စေ့သောအခါ၊ ဖိလိတ္တိပြည်မှ ပြန်လာ၍ ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံမည့် အကြံနှင့် ရှင်ဘုရင်ထံသို့ သွား၏။
A i ka pau ana o na makahiki ehiku, hoi mai la ka wahine mai ka aina o ko Pilisetia mai; a hele e no noi aku i ke alii no kona hale, a no kona aina.
4 ၄ ထိုအခါရှင်ဘုရင်သည် ဘုရားသခင့်လူ၏ ကျွန် ဂေဟာဇိနှင့် နှုတ်ဆက်လျက်၊ ဧလိရှဲပြုသောအံ့ဩဘွယ် သော အမှုအလုံးစုံတို့ကို ပြောပါလော့ဟု မိန့်တော်မူ၍၊
A kamailio ae la ke alii me Gehazi ke kauwa a ke kanaka o ke Akua, i aku la, E helu mai oe ia'u i na hana mana a pau a Elisai i hana'i.
5 ၅ ဧလိရှဲသည် သေသောသူ အသက်ရှင်စေ ကြောင်းကို ဂေဟာဇိသည် ပြန်လျှောက်စဉ်တွင်၊ အသက် ရှင်စေသောသူငယ်၏ အမိသည်ကိုယ်အိမ်၊ ကိုယ်မြေကို ရအံ့သောငှါ အသနားတော်ခံလေ၏။ ဂေဟာဇိကလည်း၊ အရှင်မင်းကြီး၊ ဤမိန်းမကား ယခုပြောသော မိန်းမ၊ ဤ သူငယ်ကား ဧလိရှဲအသက်ရှင်စေသော သူငယ်ဖြစ်ပါ သည်ဟု လျှောက်လျှင်၊
A i ka manawa ana i hai aku ai i ke alii i kona hoola ana i ka mea i make, aia hoi, o ka wahine, nana ke keiki ana i hoola'i, nonoi mai la i ke alii no kona ohua, a no kona aina. I aku la o Gehazi, E ku a haku, e ke alii, o keia ka wahine, o keia hoi ke keiki a Elisai i hoola'i.
6 ၆ ရှင်ဘုရင်သည် မိန်းမကိုမေး၍ မိန်းမလည်း သက်သေခံ၏။ ထိုအခါရှင်ဘုရင်က၊ သူ၏ဥစ္စာရှိသမျှကို ၎င်း၊ ပြည်တော်ကထွက်သော နေ့မှစ၍ ယခုတိုင်အောင် သူ့မြေ၌ ဖြစ်သမျှကို၎င်း ပြန်ပေးစေဟု မိန့်တော်မူလျက်၊ သူ၏အမှုကို စောင့်စေခြင်းငှါ အရာရှိ၏တယောက်ကို ခန့်ထားတော်မူ၏။
Ninau aku la ke alii i ka wahine, a hai mai kela ia ia. A kauoha aku la ke alii i kekahi luna i poaia nona, i aku la, E hoihoi aku i kana mea a pau, a i na hua a pau o ka aina, mai ka manawa ana i haalele ai i ka aina a hiki i keia wa.
7 ၇ တဖန်ဧလိရှဲသည် ဒမာသက်မြို့သို့သွား၏။ ထိုအခါ ရှုရိရှင်ဘုရင်ဗင်္ဟာဒဒ်သည် နာနေ၏။ ဘုရား သခင်၏လူရောက်ကြောင်းကို နားတော်လျှောက်လေ သော်။
A hele mai o Elisai i Damaseko: a he mai ko Benehadada ke alii o Suria: a ua haiia ia ia, i ka i ana'ku, Ua hiki mai ke kanaka o ke Akua ia nei.
8 ၈ ဟာဇေလကို ခေါ်၍၊ သင်သည်လက်ဆောင်ကို ဆောင်လျက် ဘုရားသခင်၏ လူကိုခရီးဦးကြိုပြုပြီးလျှင်၊ ငါသည်ဤအနာမှ ထမြောက်မည်လောဟု သူအားဖြင့် ထာဝရဘုရားကို မေးလျှောက်လော့ဟု စေလွှတ်သည် အတိုင်း၊
I aku la ke alii ia Hazaela, E lawe oe i ka makana ma kou lima, a hele aku e halawai me ke kanaka o ke Akua, a ninau aku ia Iehova ma o na la, i ka i ana'ku, E ola anei au i keia mai?
9 ၉ ဟာဇေလသည် ကုလားအုပ်လေးဆယ်အပေါ် မှာ ဒမာသက်ဥစ္စာများကိုတင်၍၊ လက်ဆောင်ကို ဆောင် သဖြင့်၊ ဘုရားသခင်၏လူကို ခရီးဦးကြို ပြုခြင်းငှါသွား၍ ရှေ့တော်၌ ရပ်လျက်၊ ကိုယ်တော်၏သား ရှုရိရှင်ဘုရင် ဗင်္ဟာဒဒ်က၊ ငါသည်ဤအနာမှထမြောက်ရမည်လောဟု မေးမြန်းစေခြင်းငှါ၊ ကျွန်တော်ကို စေလွှတ်ပါသည်ဟု ဆို၏။
A hele aku la o Hazaela e halawai me ia, a lawe aku i ka makana ma kona lima, i kela mea, keia mea maikai o Damaseko, i kaumaha na kamelo he kanaha, a hele aku a ku imua ona, i aku la, O kau keiki, o Benehadada, ke alii o Suria, ua hoouna mai ia'u i ou la, i ka i ana mai, E ola anei au i keia mai?
10 ၁၀ ဧလိရှဲကလည်း၊ အကယ်စင်စစ် ကိုယ်တော် သည် ထမြောက်နိုင်ပါ၏ဟု ပြန်လျှောက်လော့။ သို့သော် လည်း ဆက်ဆက်သေရမည်အကြောင်းကို ထာဝရဘုရား သည် ငါ့အားပြတော်မူပြီဟုဆိုလျက်၊
I mai la o Elisai ia ia, O hele, e i aku ia ia, He mea hiki ke ola io no oe; aka, ua hoike mai o Iehova ia'u, e make io no ia.
11 ၁၁ စေ့စေ့ကြည့်ရှု၍ ဟာဇေလသည် မျက်နှာပျက် လေ၏။ ဘုရားသခင်၏ လူသည်လည်း မျက်ရည်ကျ၏။
Haka pono aku la kona maka, a hilahila iho la: a uwe iho la ke kanaka o ke Akua.
12 ၁၂ ဟာဇေလကလည်း၊ သခင်သည် အဘယ် ကြောင့် မျက်ရည်ကျတော်မူသနည်းဟု မေးလျှင် ဧလိရှဲ က၊ သင်သည် ဣသရေလအမျိုးသားတို့၌ပြုလတံ့သော ဘေးဥပဒ်တည်းဟူသော သူတို့၏ ရဲတိုက်များကို မီးရှို့ ခြင်း၊ လုလင်များကို ထားနှင့်သတ်ခြင်း၊ သူငယ်များကို မြေပေါ်မှာ ဆောင့်ဖွပ်ခြင်း၊ ကိုယ်ဝန်ဆောင်သော မိန်းမ များ၌ ဝမ်းခွဲခြင်းကို ပြုလိမ့်မည်ဟု ငါသိမြင်သောကြောင့် မျက်ရည်ကျသည်ဟု ပြန်ပြောသော်၊
Ninau aku la o Hazaela, No ke aha la e uwe nei kuu haku? I mai la ia, No ka mea, ua ike au i ka hewa au e hana mai ai auanei i na mamo a Iseraela: o ko lakou mau wahi paa, e puhi a u anei oe i ke ahi, a o ko lakou poe kanaka i waeia, e luku auanei oe i ka pahikaua, a e ulupa oe i ka lakou poe keiki, a e kaka aku i ka lakou poe wahine hapai.
13 ၁၃ ဟာဇေလက၊ ကိုယ်တော်ကျွန်သည် ခွေးဖြစ်လျက် နှင့် ဤမျှလောက်ကြီးသော အမှုကို ပြုရပါလိမ့်မည် လောဟု မေးပြန်သော်၊ ဧလိရှဲက၊ သင်သည် ရှုရိနိုင်ငံကို စိုးစံရလိမ့်မည်အကြောင်းကို ထာဝရဘုရားသည် ငါ့အား ပြတော်မူပြီဟုဆို၏။
I aku la o Hazaela, Pehea la ia, he ilio anei kau kauwa, i hana aku ai ia i keia mea nui? I mai la o Elisai, Ua hoike mai o Iehova ia'u, e lilo auanei oe i alii maluna o Suria.
14 ၁၄ ဟာဇေလသည်သွား၍ မိမိသခင့်ထံသို့ ရောက် သောအခါ၊ သခင်က၊ ဧလိရှဲသည် အဘယ်သို့ဆိုသနည်း ဟု မေးလျှင်၊ ကိုယ်တော်သည် အနာမှ ဆက်ဆက် ထမြောက်တော်မူမည်ဆိုပါသည်ဟု လျှောက်လေ၏။
A hele aku la ia mai o Elisai aku a hoi aku ia i kona haku; a ninau mai la kela ia ia, Heaha ka Elisai i olelo mai ai ia oe? I aku la ia ia, Ua i mai kela ia'u, e ola io no oe.
15 ၁၅ နက်ဖြန်နေ့၌ ဟာဇေလသည် သိုးမွှေးအဝတ်ကို ရေ၌ နှစ်ပြီးလျှင်၊ ရှင်ဘုရင်၏ မျက်နှာကိုဖုံးအုပ်သဖြင့်၊ ရှင်ဘုရင်သေ၍ ဟာဇေလသည် နန်းထိုင်လေ၏။
A ia la mai, lawe aku ia i ka lole manoanoa, a hou iho la iloko o ka wai, a kau maluna o kona waha, a make iho la ia: a noho alii iho la o Hazaela ma kona hakahaka.
16 ၁၆ ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံငါးနှစ်တွင်၊ ယုဒရှင်ဘုရင်ယောရှဖတ်သား ယဟော ရံသည် နန်းထိုင်လေ၏။
A i ka lima o ka makahiki o Iorama, ke keiki a Ahaba, ke alii oh Iseraela, a o Iehosapata, oia ke alii o ka Iuda, i alii ai o Iehorama ke keiki a Iehosapata ke alii o ka Iuda.
17 ၁၇ အသက်သုံးဆယ်နှစ်နှစ်ရှိသော်၊ ယေရုရှလင် မြို့၌ မင်းပြု၍ ရှစ်နှစ်စိုးစံ၏။
He kanakolu kumamalua na makahiki ona, i kona lilo ana i alii; a ewalu na makahiki ana i alii ai ma Ierusalema.
18 ၁၈ အာဟပ်သမီးနှင့်စုံဘက်သဖြင့်၊ ဣသရေလ ရှင်ဘုရင်တို့လိုက်ရာ လမ်းသို့ အာဟပ်အမျိုးကဲ့သို့ လိုက်၍ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
A hele no ia ma ka aoao o na'liio ka Iseraela e like me ka nana ana a ko ka hale o Ahaba, no ka mea, o i ke kaikamahine a Ahaba, oia kana wahine: a na hana hewa ia imua o Iehova.
19 ၁၉ သို့ရာတွင် ထာဝရဘုရားသည် ဒါဝိဒ်အစရှိ သော သားမြေးတို့ ၏မီးခွက်ကို အစဉ်ထွန်းလင်းစေမည် ဟု ဂတိတော်ရှိသောကြောင့်၊ ဒါဝိဒ်၏ မျက်နှာကို ထောက်၍၊ ယုဒပြည်ကို မဖျက်ဆီးဘဲ ထားတော်မူ၏။
Aole i makemake o Iehova o luku mai i ka Iuda no Davida kana kau wa, e like me kana i olelo mai ai ia ia, e haawi mau loa nona i malamalama na kana poe mamo.
20 ၂၀ ထိုမင်းလက်ထက်၌၊ ဧဒုံပြည်သည် ယုဒရှင် ဘုရင်ကို ပုန်ကန်၍ ကိုယ်အမျိုးသားကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။
I kona manawa, kipi ao la o ka Edoma mai lalo ae o ka lima o ka Iuda, e hoonoho lakou i alii maluna o lakou iho.
21 ၂၁ ယဟောရံမင်းသည် ရထားစီးသူရဲအပေါင်းတို့ နှင့်တကွ၊ ဇာဣရမြို့သို့ စစ်ချီ၍ ညဉ့်အခါဝိုင်းသော ဧဒုံ လူများ၊ ရထားအုပ်များကို လုပ်ကြံသဖြင့်၊ ဧဒုံလူတို့သည် မိမိတို့နေရာသို့ ပြေးကြ၏။
A hele aku la o Iehorama i Zaira, a me na halekaa a pau me ia; a ku ae la ia i ka po, a luku aku la i ka Edoma e puni ana ia ia, a me na luna o na halekaa: a holo aku la na kanaka i ko lakou halelewa.
22 ၂၂ သို့သော်လည်း၊ ဧဒုံပြည်သည်ယနေ့တိုင်အောင် ယုဒရှင်ဘုရင်ကို ပုန်ကန်၏။
Aka, kipi ae la ka Edoma mai lalo ae o ka lima o ka Iuda, a hiki i keia manawa. I kela manawa kipi ae la ko Libena.
23 ၂၃ ယဟောရံပြုမူသော အမှုအရာကြွင်းလေသမျှ တို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။
A o na hana i koe a Iehorama, a o na mea a pau ana i hana'i, aole anei i kakauia lakou iloko o ka buke oihanaalii a na'lii o ka Iuda?
24 ၂၄ ယဟောရံသည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ သူတို့နှင့်အတူ ဒါဝိဒ်မြို့၌ သင်္ဂြိုလ်ခြင်းကို ခံလေ၏။ သားတော်အာခဇိသည် ခမည်းတော်အရာ၌နန်းထိုင်၏။
A hiamoe iho la o Iehorama me kona poe kupuna, a kanuia iho la me kona poe kupuna ma ke kulanakauhale o Davida: a noho alii iho la o Azaria kana keiki ma kona bakahaka.
25 ၂၅ ဣသရေလရှင်ဘုရင် အာဟပ်သား ယောရံ နန်းစံဆယ်နှစ်နှစ်တွင်၊ ယုဒရှင်ဘုရင်ယဟောရံသား အာခဇိသည် နန်းထိုင်လေ၏။
I ka umikumamalua o ka makahiki o Iorama, ke keiki a Ahaba, ke alii o ka Iseraela, i noho alii ai o Azaria, ke keiki a Iehorama, ke alii o ka Iuda.
26 ၂၆ အသက်နှစ်ဆယ်နှစ်နှစ်ရှိသော်၊မင်းပြု၍ ယေရု ရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်ကား၊ ဣသရေလ ရှင်ဘုရင်ဩမရိမြေးအာသလိ အမည်ရှိ၏။
He iwakalua kumamalua o ko Ahazia makahiki i kona lilo ana i alii, a hookahi makahiki ana i noho alii ai ma Ierusalema. A o Atalia ka inoa o kona makuwahine, ka moopuna a Omeri, ke alii o ka Iseraela.
27 ၂၇ အာခဇိသည် အာဟပ်၏သမက်ဖြစ်သဖြင့်၊ အာဟပ်အမျိုးလိုက်ရာလမ်းသို့လိုက်၍၊ အာဟပ်အမျိုး ကဲ့သို့ ထာဝရဘုရားရှေ့တော်၌ ဒုစရိုက်ကို ပြု၏။
A hele no ia ma ka aoao o ko ka hale o Ahaba, a hana hewa no ia imua o Iehova, e like me ko ka hale o Ahaba: no ka mea, he hunonakane no ia no ko ka hale o Ahaba.
28 ၂၈ အာဟပ်၏သားယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ် ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင်ဟာဇေလကို တိုက်ရာတွင် ရှုရိလူတို့သည်ယောရံကိုတိခိုက်ကြ၏။
A hele pu aku la ia me Iorama ke keiki a Ahaba e kana aku ia Hazaela ke alii o Suria ma Ramota-Gileada: a hahau mai ko Suria ia Iorama.
29 ၂၉ ထိုသို့ရာမုတ်မြို့၌ ရှုရိဘုရင်ဟာဇေလကိုတိုက်၍၊ ရှုရိလူထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံမင်းကြီးသည် ယေဇရေလမြို့သို့ ပြန်သွား၍ နာလျက်နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သားယောရံကို ကြည့်ရှုခြင်း ငှါ ထိုမြို့သို့ ဆင်းသွားလေ၏။
A hoi aku la o Iorama ke alii i Iezereela e hoolaia i ka eha a ko Suria i hana eha ai ia ia ma Ramota, i ka manawa ana i kana aku ai ia Hazaela ke alii o Suria. A hele mai o Ahazia, ke keiki a Iehorama, ke alii o ka Iuda, e ike ia Iorama, no ka mea, ua eha ia.