< ဆာလံ 76 >
1 ၁ ယုဒ ပြည်မှာ ဘုရား သခင်ကို သိ ကြ၏။ ဣသရေလ တိုင်းမှာ နာမတော် သည် ကြီးမြတ် လေ၏။
၁ယုဒပြည်တွင်ဘုရားသခင်ကိုသိကြ၏။ ဣသရေလပြည်တွင်ကိုယ်တော်၏နာမတော်သည် ကြီးမြတ်တော်မူ၏။
2 ၂ ယေရုရှလင် မြို့မှာ တဲ တော်ရှိ ၏။ ဇိအုန် တောင် မှာ ကျိန်းဝပ် လျက် နေတော်မူ၏။
၂ကိုယ်တော်၏အိမ်တော်သည်ယေရုရှလင်မြို့တွင် ရှိပေသည်။ ကိုယ်တော်သည်ဇိအုန်တောင်ပေါ်တွင် ကိန်းဝပ်တော်မူ၏။
3 ၃ ထို အရပ်၌ လေး မြှား၊ ဒိုင်း လွှား၊ ထား လက်နက်၊ စစ် အင်္ဂါတို့ကို ချိုး ဖျက်တော်မူပြီ။
၃ထိုအရပ်တွင်ကိုယ်တော်သည်ရန်သူတို့၏ မြား၊ဒိုင်းလွှား၊ဋ္ဌားနှင့်လက်နက်ရှိသမျှတို့ကို ချိုးဖျက်တော်မူ၏။
4 ၄ သင် သည် သားရဲ နေသောတောင် တို့ထက် ဘုန်း သာ၍ကြီးမြတ်ပေ၏။
၄အို ဘုရားသခင်၊ ကိုယ်တော်သည်လွန်စွာဘုန်းတန်ခိုးကြီး ပါသည်တကား။ ရန်သူတို့ကိုနှိမ်နင်းရာတောင်ရိုးများမှ ကိုယ်တော်ပြန်လည်ကြွလာတော်မူသည်မှာ ဂုဏ်ကျက်သရေရှိလှပါသည်တကား။
5 ၅ ရဲရင့် သောသူတို့ သည် လုယူ ခြင်း ကို ခံရ၍ အိပ်ပျော် ကြပြီ။ အားကြီး သော သူ တစုံ တယောက်မျှ မိမိ လက် ကို မ တွေ့ ရ။
၅ရန်သူတို့၏ရဲရင့်သည့်စစ်သည်များသည် မိမိတို့၌ရှိသည့်ပစ္စည်းဥစ္စာများကို ဆုံးရှုံးရကြလျက်ယခုအခါ သေဆုံးကြလေကုန်ပြီ။ သူတို့၏စွမ်းအားနှင့်ကျွမ်းကျင်မှုတို့သည် အချည်းနှီးသာဖြစ်ခဲ့သည်။
6 ၆ ယာကုပ် အမျိုး၏ ဘုရား သခင်၊ ကိုယ်တော် ဆုံးမ တော်မူသောအားဖြင့် ၊ ရထား စီးသောသူနှင့် မြင်း စီးသောသူတို့ သည် ကြီးစွာသော အိပ်ခြင်းဖြင့် အိပ်ပျော် ကြပါ၏။
၆အို ယာကုပ်၏ဘုရားသခင်၊ ကိုယ်တော်ရှင်ခြိမ်းခြောက်တော်မူလိုက်သော အခါ၊ မြင်းများနှင့်မြင်းစီးသူရဲတို့သည်လဲကျ သေဆုံးကြပါ၏။
7 ၇ ကိုယ်တော် တပါးတည်းသာလျှင် ကြောက်ရွံ ဘွယ်ဖြစ်တော်မူ၏။ အမျက် ထွက်တော်မူသောအခါ ၊ ရှေ့ တော်၌ အဘယ် သူရပ် နေနိုင်ပါမည်နည်း။
၇သို့ရာတွင် အို ထာဝရဘုရား၊ ကိုယ်တော်အားလူအပေါင်းတို့သည် ကြောက်လန့်ကြပါ၏။ ကိုယ်တော်ရှင်အမျက်ထွက်တော်မူသောအခါ အဘယ်သူသည်ရှေ့တော်တွင် ရပ်တည်နိုင်ပါမည်နည်း။
8 ၈ ဘုရား သခင်သည် နှိမ့်ချ လျက်ရှိသောမြေကြီး သား အပေါင်း တို့ကို ကယ်တင် ၍၊
၈ကိုယ်တော်ရှင်သည်မိမိ၏စီရင်ချက်ကို ကောင်းကင်ဘုံမှကြေညာတော်မူပါ၏။ ကိုယ်တော်ရှင်သည်ကမ္ဘာပေါ်ရှိဖိနှိပ်ညှဉ်းပန်း ခြင်း ခံရကြသူတို့အားကယ်တော်မူရန်အတွက် ထ၍စီရင်ချက်ချမှတ်တော်မူသောအခါ၊ ကမ္ဘာသည် ကြောက်လန့်၍ဆိတ်ဆိတ်နေကြပါ၏။
9 ၉ တရား ဆုံးဖြတ်ခြင်းငှါ ထ တော်မူသောအခါ ၊ တရား ဆုံးဖြတ်သံ ကို ကောင်းကင် ထဲက လွှတ်တော်မူသဖြင့်၊ မြေကြီး သည် ကြောက် ၍ တိတ်ဆိတ် စွာနေပါ၏။
၉
10 ၁၀ အကယ် စင်စစ်လူ တို့၏ ဒေါသ သည် ကိုယ်တော် ကို ချီးမွမ်း လိမ့်မည်။ ကြွင်း သောဒေါသ ကိုလည်း ခါးပန်းစည်း တော်မူမည်။
၁၀လူတို့၏ဒေါသသည်ကိုယ်တော်ရှင်အားပို၍ ထောမနာပြုခြင်းအကျိုးကိုဖြစ်ပေါ်စေပါ လိမ့်မည်။ စစ်ပွဲတွင်မသေဘဲအသက်ရှင်ကျန်ရစ်သူတို့သည် ကိုယ်တော်၏ပွဲတော်များကိုစောင့်ထိန်း ကြပါလိမ့်မည်။
11 ၁၁ သစ္စာ ဂတိပြုကြလော့။ သင် တို့၏ဘုရား သခင်ထာဝရဘုရား အား သစ္စာဝတ်ကိုလည်း ဖြေ ကြလော့။ ကိုယ်တော်၏ ပတ်လည် ၌နေသောသူအပေါင်း တို့သည် ကြောက်ရွံ ရိုသေဘွယ်သော ဘုရားထံ တော်သို့ လက်ဆောင် ကို ဆောင် ခဲ့ကြစေ။
၁၁သင်တို့၏ဘုရားသခင်ထာဝရဘုရားအား ထားရှိခဲ့သည့်ကတိသစ္စာဝတ်ကိုဖြေကြလော့။ နီးနားဝန်းကျင်ရှိလူမျိုးတကာတို့၊ ကိုယ်တော်၏ထံတော်သို့လက်ဆောင်ပဏ္ဏာများကို ယူဆောင်ခဲ့ကြလော့။ ဘုရားသခင်သည်မိမိအားလူတို့ ကြောက်လန့်စေတော်မူ၏။
12 ၁၂ ထိုဘုရားသည် မင်း သားတို့၏ စိတ် ကို နှိမ့်ချ တော်မူ၏။ လောကီ ရှင် ဘုရင်တို့၌ ကြောက်ရွံ ဘွယ် ဖြစ်တော်မူ၏။
၁၂ကိုယ်တော်သည်မာန်မာနကြီးသူမင်းသား တို့၏ စိတ်ကိုနှိမ့်ချတော်မူလျက်ဘုန်းကြီးသည့် ဘုရင်တို့အားထိတ်လန့်တုန်လှုပ်စေတော်မူ၏။