< ဆာလံ 60 >
1 ၁ ဒါဝိဒ် သည် မေသောပေါတာမိ ရှုရိလူတို့နှင့် ဇောဘ ရှုရှိလူတို့ကို စစ်တိုက် ပြီးမှ ယွာဘ သည် ပြန် ၍ဧဒုံ လူတစ်သောင်း နှစ်ထောင်တို့ကိုဆားချိုင့် ၌ လုပ်ကြံ သောအခါ စပ်ဆိုသောဆာလံ။ အိုဘုရားသခင် ၊ ကိုယ်တော်သည် အမျက် ထွက်သဖြင့်၊ အကျွန်ုပ် တို့ကို စွန့်ပစ် ၍ အရပ်ရပ်သို့ ကွဲပြား စေတော်မူပြီ။ တဖန် အကျွန်ုပ် တို့ကို အသက် ရှင်စေတော်မူပါ။
၁အိုဘုရားသခင်၊ ကိုယ်တော်သည် အမျက်ထွက်သဖြင့်၊ အကျွန်ုပ်တို့ကို စွန့်ပစ်၍ အရပ်ရပ်သို့ ကွဲပြားစေတော်မူပြီ။ တဖန် အကျွန်ုပ်တို့ကို အသက်ရှင်စေတော်မူပါ။
2 ၂ မြေကြီး ကို လှုပ်၍ ခွဲ တော်မူပြီ။ ကွဲအက် ရာတို့ကို တဖန် စေ့စပ် စေတော်မူပါ။ တုန်လှုပ် လျက် ရှိပါသေး၏။
၂မြေကြီးကို လှုပ်၍ ခွဲတော်မူပြီ။ ကွဲအက်ရာတို့ကို တဖန် စေ့စပ်စေတော်မူပါ။ တုန်လှုပ်လျက် ရှိပါသေး၏။
3 ၃ ကိုယ်တော် ၏လူ တို့ကို ခက်ထန် စွာ စီရင် ၍၊ မှိုင် တွေခြင်း စပျစ်ရည် ကို တိုက် တော်မူပြီ။
၃ကိုယ်တော်၏လူတို့ကို ခက်ထန်စွာ စီရင်၍၊ မှိုင်တွေခြင်း စပျစ်ရည်ကို တိုက်တော်မူပြီ။
4 ၄ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့သည် သစ္စာ တရားကြောင့် ထူရသော အလံ ကို ပေး သနားတော်မူပြီ။
၄ကိုယ်တော်ကို ကြောက်ရွံ့သောသူတို့သည် သစ္စာတရားကြောင့် ထူရသော အလံကို ပေးသနားတော် မူပြီ။
5 ၅ ချစ် တော်မူသောသူတို့ သည် ချမ်းသာ ရမည်အကြောင်း ၊ အကျွန်ုပ် စကားကို နားထောင် ၍ ၊ လက်ျာ လက်ရုံးတော်အားဖြင့်ကယ်တင် တော်မူပါ။
၅ချစ်တော်မူသော သူတို့သည် ချမ်းသာရမည်အကြောင်း၊ အကျွန်ုပ်စကားကို နားထောင်၍၊ လက်ျာလက်ရုံးတော်အားဖြင့် ကယ်တင်တော်မူပါ။
6 ၆ သန့်ရှင်း ခြင်းပါရမီတော်ကို တိုင်တည် ၍ ဘုရား သခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက် မည်။ ရှေခင် မြို့ကို ပိုင်းခြား မည်။ သုကုတ် လယ်ပြင် ကို တိုင်းထွာ မည်။
၆သန့်ရှင်းခြင်းပါရမီတော်ကို တိုင်တည်၍ ဘုရားသခင်သည် ဗျာဒိတ်ထားတော်မူသောကြောင့်၊ ငါသည် ဝမ်းမြောက်မည်။ ရှေခင်မြို့ကို ပိုင်းခြားမည်။ သုကုတ်လယ်ပြင်ကို တိုင်းထွာမည်။
7 ၇ ဂိလဒ် ပြည်ကို ငါ ပိုင်ရ၏။ မနာရှေ ပြည်ကို လည်း ငါ ပိုင်ရ၏။ ဧဖရိမ် ပြည်ကား၊ ငါ့ ဦးခေါင်း ၏အစွမ်း ဖြစ်ရ၏။ ယုဒ ပြည်ကား၊ ငါ ၏ လွှတ်တော် ဖြစ်ရ၏။
၇ဂိလဒ်ပြည်ကို ငါပိုင်ရ၏။ မနာရှေပြည်ကိုလည်း ငါပိုင်ရ၏။ ဧဖရိမ်ပြည်ကား၊ ငါ့ဦးခေါင်း၏အစွမ်း ဖြစ်ရ၏။ ယုဒပြည်ကား၊ ငါ၏ လွှတ်တော်ဖြစ်ရ၏။
8 ၈ မောဘ ပြည်ကား၊ ငါ့ ရေချိုး အိုး ဖြစ်ရ၏။ ဧဒုံ ပြည်ကား၊ ငါ့ ခြေနင်း ရာ ဖြစ်ရ၏။ ဖိလိတ္တိ ပြည်အပေါ် မှာ အောင်သံနှင့် ကြွေးကြော် မည်။
၈မောဘပြည်ကား၊ ငါ့ရေချိုးအိုးဖြစ်ရ၏။ ဧဒုံပြည်ကား၊ ငါ့ခြေနင်းရာ ဖြစ်ရ၏။ ဖိလိတ္တိပြည်အပေါ်မှာ အောင်သံနှင့် ကြွေးကြော်မည်။
9 ၉ အားကြီး သော မြို့ ထဲသို့ ငါ့ ကို အဘယ် သူသွင်း ပေးမည်နည်း။ ဧဒုံ ပြည်သို့ ငါ့ ကို အဘယ်သူ လမ်း ပြမည်နည်း။
၉အားကြီးသော မြို့ထဲသို့ ငါ့ကို အဘယ်သူသွင်းပေးမည်နည်း။ ဧဒုံပြည်သို့ ငါကို အဘယ်သူ လမ်းပြမည်နည်း။
10 ၁၀ အို ဘုရား သခင်၊ အကျွန်ုပ် တို့ကို စွန့်ပစ် တော်မူသောကိုယ်တော် သည် ပြုတော်မူမည်မဟုတ် လော။ အိုဘုရား သခင်၊ အကျွန်ုပ် တို့ ဗိုလ်ခြေ နှင့်အတူ ကြွ တော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ် လော။
၁၀အို ဘုရားသခင်၊ အကျွန်ုပ်တို့ကို စွန့်ပစ်တော်မူသော ကိုယ်တော်သည် ပြုတော်မူမည်မဟုတ်လော။ အိုဘုရားသခင်၊ အကျွန်ုပ်တို့ ဗိုလ်ခြေနှင့်အတူ ကြွတော်မမူသော ကိုယ်တော်သည် ပြုတော်မူမည် မဟုတ်လော။
11 ၁၁ ဒုက္ခ နှင့် ကင်းလွတ်စေခြင်းငှါ မစ တော်မူပါ။ လူ တို့သည် ကယ်တင် ခြင်းငှါ မတတ်နိုင်ကြပါ။
၁၁ဒုက္ခနှင့် ကင်းလွတ်စေခြင်းငှါ မစတော်မူပါ။ လူတို့သည် ကယ်တင်ခြင်းငှါ မတတ်နိုင်ကြပါ။
12 ၁၂ ဘုရား သခင်အားဖြင့် ငါတို့သည် ရဲရင့် စွာ ပြု ကြမည်။ ငါ တို့၏ ရန်သူ များကို ကိုယ်တော်တိုင် နင်း တော်မူမည်။
၁၂ဘုရားသခင်အားဖြင့် ငါတို့သည် ရဲရင့်စွာ ပြုကြမည်။ ငါတို့၏ ရန်သူများကို ကိုယ်တော်တိုင် နင်းတော်မူမည်။ ဒါဝိဒ်သည် မေသောပေါတာမိရှုရိလူတို့နှင့် ဇေဘရှုရိရှင်လူတို့ကိုစစ်တိုက်ပြီးမှ၊ ယွာဘသည် ပြန်၍ဧဒုံလူတသောင်း နှစ်ထောင် တို့ကိုဆားချိုင့်၌လုပ်ကြံသောအခါ စပ်ဆိုသောဆာလံ။