< ဆာလံ 55 >
1 ၁ အိုဘုရား သခင်၊ အကျွန်ုပ် ဆုတောင်း သော စကားကို နားထောင် တော်မူပါ။ အသနား တော်ခံသောအခါ ရှောင် ၍နေတော်မ မူပါနှင့်။
၁အို ဘုရားသခင်၊ ကျွန်တော်မျိုး၏ဆုတောင်းပတ္ထနာကိုကြားတော်မူပါ။ ကျွန်တော်မျိုးပန်ကြားသောအခါ မျက်နှာလွှဲတော်မမူပါနှင့်။
2 ၂ ကြည့်ရှုနားထောင် တော်မူပါ။ ရန်သူ ၏စကား သံကြောင့် ၎င်း၊ မတရား သောညှဉ်းဆဲ ခြင်းကြောင့် ၎င်း၊ အကျွန်ုပ်သည် ညှိုးငယ် သောစိတ် နှင့် ညည်းတွား မြည်တမ်း လျက်နေရပါ၏။
၂ကျွန်တော်မျိုးတောင်းလျှောက်သည်ကို နားထောင်တော်မူ၍ထူးတော်မူပါ။ ကျွန်တော်မျိုးသည်စိုးရိမ်ပူပန်မှုများဖြင့် အားအင်ကုန်ခန်းလျက်နေပါ၏။
3 ၃ သူတို့သည် အကျွန်ုပ် အပေါ် ၌ အပြစ် ကို သက်ရောက် စေ၍ ၊ ဒေါသ စိတ်နှင့် မုန်း ကြပါ၏။
၃ရန်သူများ၏ခြိမ်းခြောက်မှုကြောင့်ကျွန်တော်မျိုး ကြောက်လန့်ပါ၏။ သူယုတ်မာတို့၏နှိပ်စက်ညှဉ်းဆဲမှုကြောင့် ကျွန်တော်မျိုးစိတ်ပျက်အားလျော့ပါ၏။ သူတို့သည်ကျွန်တော်မျိုးအားဆင်းရဲဒုက္ခ ရောက်စေကြပါ၏။ သူတို့သည်ကျွန်တော်မျိုးအားအမျက်ထွက်၍ မုန်းကြပါ၏။
4 ၄ အကျွန်ုပ် နှလုံး သည် ကိုယ် အထဲ မှာ တုန်လှုပ် ၍ သေ ဘေးကို ကြောက် အားကြီးပါ၏။
၄ကျွန်တော်မျိုး၏စိတ်နှလုံးသည်ကြောက်လန့်လျက် နေပါ၏။ သေဘေးကိုလွန်စွာထိတ်လန့်လျက်ရှိပါ၏။
5 ၅ ကြောက်ရွံ့ တုန်လှုပ် ခြင်းသို့ ရောက် ၍ အလွန် ထိတ်လန့်ခြင်း၌ မွန်း လျက်ရှိရပါ၏။
၅ကြောက်လန့်တုန်လှုပ်လျက်၊လွန်စွာတုန်လှုပ် ချောက်ချားလျက်ရှိပါ၏။
6 ၆ ငါ သည် ချိုးငှက် ကဲ့ သို့အတောင် ကို ရပါစေ သော။ ထိုသို့ရ လျှင် အခြားသို့ပျံ သွား၍ ၊ ငြိမ်ဝပ် လျက် နေလိမ့်မည်။
၆အကယ်၍ချိုးငှက်ကဲ့သို့ငါ့မှာအတောင်များ ရှိခဲ့ပါမူငါသည်အဝေးသို့ပျံသွားကာ နားနေစရာအရပ်ကိုရှာမည်။
7 ၇ ဝေး စွာသွား ၍ တော မှာ နေရာ ကျလိမ့်မည်။
၇ငါသည်အလွန်ဝေးရာအရပ်သို့ပျံသွားလျက် တောကန္တာရတွင်နေထိုင်ပါမည်။
8 ၈ ပြင်းစွာ သော မိုဃ်းသက်မုန်တိုင်း နှင့် လွတ် ခြင်းငှါ ၊ အလျင် အမြန်ပြေးလိမ့်မည်ဟု အကျွန်ုပ် စိတ် ရှိပါ၏။
၈ငါသည်လျင်မြန်စွာသွား၍လေပြင်းနှင့် မိုးသက်မုန်တိုင်းတို့မှအကာအကွယ်ကိုရှာမည်။
9 ၉ အိုထာဝရ ဘုရား၊ သူ တို့စကား ကို ပပျောက် အောင် ကွဲပြား စေတော်မူပါ။ မြို့ တော်တွင် အနိုင် အထက်ပြုခြင်းနှင့် လုယူ ခြင်းကို အကျွန်ုပ် မြင် ပါပြီ။
၉အို ဘုရားရှင်၊ ကျွန်တော်မျိုး၏ရန်သူများပြောဆိုသည့် စကားများကိုရှုပ်ထွေးစေတော်မူပါ။ မြို့တွင်း၌အကြမ်းဖက်မှုနှင့်လုယက်မှုတို့ကို ကျွန်တော်မျိုးမြင်ပါ၏။
10 ၁၀ မြို့ရိုး ပေါ် မှာ နေ့ ညဉ့်မပြတ် သူတို့သည် လည် ကြပါပြီ။ မြို့ ထဲ မှာ ဆိုးညစ် သောအမှုနှင့် နှောက်ယှက် ခြင်း အမှုရှိကြပါ၏။
၁၀ထိုသူတို့သည်မြို့ကိုနေ့ညမပြတ်ဝိုင်းရံထား ကြပါ၏။ မြို့ထဲတွင်ရာဇဝတ်မှု၊နှောင့်ယှက်မှုများနှင့် ပြည့်နှက်လျက်ရှိပါ၏။
11 ၁၁ အဓမ္မ တရားတို့သည် မြို့ အလယ် ၌ ရှိ၍ ၊ ညှဉ်းဆဲ ခြင်း နှင့် လှည့်စား ခြင်းသည် လမ်း တို့၌ နေရာ ကျကြပါ၏။
၁၁နေရာတကာတွင်အပျက်အစီးများရှိနေပါ၏။ လမ်းများ၌နှိပ်စက်ညှဉ်းဆဲမှု၊လိမ်လည် လှည့်စားမှုများနှင့်ပြည့်နှက်လျက်ရှိပါ၏။
12 ၁၂ ငါ့ ကို ကဲ့ရဲ့ သောသူသည် ငါ့ရန်သူ မ ဟုတ်။ ဟုတ် လျှင် သည်းခံ နိုင်၏။ ငါ့ ကိုရန် ဘက်ပြုသောသူသည် ငါ့ ကိုမုန်း သောသူမ ဟုတ်။ ဟုတ်လျှင် ထိုသူ ကို ငါရှောင် နိုင်၏။
၁၂အကယ်၍ငါ့အားပြောင်လှောင်သူသည် ငါ၏ရန်သူဖြစ်ခဲ့သော်ငါသည်သည်းခံနိုင် ပါ၏။ ငါ့ကိုအကြောင်းပြု၍ကြွားဝါသောရန်ဘက် ဖြစ်ခဲ့သော် ငါသည်သူ့ကိုရှောင်ရှားနိုင်၏။
13 ၁၃ ထို သို့ပြုသောသူ သည် သင် ဖြစ်၏။ ငါ နှင့် ဘက် သောသူ၊ ငါ့ မိတ်ဆွေ ၊ ငါ အသိ အကျွမ်းဖြစ်၏။
၁၃သို့ရာတွင်ယင်းသို့ပြုသူမှာငါ၏အပေါင်းအဖော်၊ လုပ်ဖော်ဆောင်ဘက်၊ ရင်းနှီးသည့်မိတ်ဆွေဖြစ်သူပင်ဖြစ်ပါသည်တကား။
14 ၁၄ အချင်းချင်း သာယာ သော ဆွေးနွေး တိုင်ပင်ခြင်း ကို ပြုကြပြီ။ ဘုရား သခင်၏ အိမ် တော်သို့ လူ အစုအဝေးနှင့်အတူ သွား ကြပြီ။
၁၄သင်နှင့်ငါသည်ရင်းနှီးစွာဆွေးနွေးတိုင်ပင်ခဲ့ကြ၏။ ဗိမာန်တော်တွင်လည်းအတူတူ ကိုးကွယ်ဝတ်ပြုခဲ့ကြ၏။
15 ၁၅ သူ တို့ကို သေမင်း ဘမ်းဆီး ပါစေ။ အသက် ရှင်လျက် မရဏာ နိုင်ငံသို့ ဆင်းသက် ကြပါစေ။ အကြောင်း မူကား၊ ဒုစရိုက် တို့သည် သူ တို့နေရာ တွင် သူ တို့အထဲ ၌ ရှိကြ ၏။ (Sheol )
၁၅ငါ၏ရန်သူများသည်သေနေ့မစေ့မီ သေရကြပါစေသော။ အရှင်လတ်လတ်သေရွာသို့သွားရကြပါစေသော။ သူတို့၏နေအိမ်များသည်ဆိုးညစ်မှုကြီးစိုးရာ ဌာနများဖြစ်ကြ၏။ သူတို့၏စိတ်နှလုံးသည်ဆိုးညစ်မှုနှင့် ပြည့်နှက်လျက်ရှိ၏။ (Sheol )
16 ၁၆ ငါ မူကား၊ ဘုရား သခင်ကို ပဌနာ ပြု၍ ၊ ထာဝရဘုရား သည် ကယ်တင် တော်မူမည်။
၁၆ငါမူကားထာဝရဘုရား၏ထံတော်သို့ ကူမတော်မူရန်ဆုတောင်းပတ္ထနာပြု၏။ ကိုယ်တော်သည်ငါ့ကိုကယ်တော်မူလိမ့်မည်။
17 ၁၇ ညဦး အချိန်၊ နံနက် အချိန်၊ မွန်းတည့် အချိန်တို့၌ ငါသည် ညည်းတွား မြည်တမ်း၍ ၊ ငါ ၏အသံ ကို ကြား တော်မူ မည်။
၁၇ငါ၏ညည်းတွားမြည်တမ်းသံများသည်နံနက်ချိန်၊ မွန်းတည့်ချိန်၊ညဥ့်အချိန်တို့၌ အထံတော်သို့ရောက်သဖြင့်ကိုယ်တော်သည် ကြားတော်မူလိမ့်မည်။
18 ၁၈ ငါ့ ကို စစ်တိုက် ကြစဉ်တွင် ၊ ငါ့ အသက် ကို ရွေးနှုတ် ၍ ချမ်းသာ ပေးတော်မူမည်။ ငါ့ ဘက် ၌ နေသောသူ အများ ရှိ ကြ၏။
၁၈ဤမျှများလှသောရန်သူတို့နှင့် တိုက်ခိုက်ရာစစ်ပွဲများမှငါ့အားဘေးမဲ့လုံခြုံစွာ ပြန်လာစေတော်မူလိမ့်မည်။
19 ၁၉ ရှေး ကာလမှစ၍ အမြဲစီရင် သော ဘုရား သခင် သည် နားထောင် ၍ သူ တို့ကို နှိမ့်ချ တော်မူမည်။ သူ တို့သည် ပြောင်းလဲ ခြင်းမ ရှိသောကြောင့် ဘုရား သခင် ကို မ ကြောက် မရွံ့ကြ။
၁၉ရှေးကမ္ဘာအဆက်ဆက်မှစ၍ လူသတ္တဝါအပေါင်းတို့အား ပိုင်သအုပ်စိုးတော်မူသောဘုရားသခင်သည် ငါ၏ပတ္ထနာစကားကိုကြား၍ရန်သူတို့အား အရေးရှုံးနိမ့်စေတော်မူလိမ့်မည်။ အဘယ်ကြောင့်ဆိုသော်သူတို့သည်စိတ်နှလုံး ပြောင်းလဲမှုမရှိကြ။ ကိုယ်တော်ကိုလည်းမကြောက်ရွံ့ကြသောကြောင့် ဖြစ်၏။
20 ၂၀ ထိုသို့သောသူသည် မိတ်ဆွေ ဖြစ်သောသူ ကို ပြစ်မှား၍ သစ္စာ ပျက် တတ်၏။
၂၀ငါ၏မိတ်ဆွေဟောင်းသည်မိမိ၏မိတ်ဆွေများကို တိုက်ခိုက်၍မိမိ၏ကတိကိုလည်းဖျက်၏။
21 ၂၁ သူ ၏စကား သည် ထောပတ် ထက် ချော သော်လည်း ၊ စစ်တိုက် မည်ဟုအကြံ ရှိ၏။ သူ ၏စကား သည် ဆီ ထက် ပြော့ သော်လည်း ၊ ထုတ် သော ထားဖြစ်၏။
၂၁သူ၏စကားတို့သည်ထောပတ်ထက်ပင် ချောမွတ်သော်လည်း သူ၏စိတ်နှလုံးထဲ၌မူကား မုန်းတီးတတ်သောသဘောရှိ၏။ သူ၏စကားတို့သည်ဆီကဲ့သို့ပျော့ပျောင်း သော်လည်း ထက်သောဋ္ဌားကဲ့သို့ထိခိုက်နာကြင်စေတတ်၏။
22 ၂၂ ထမ်းရွက်ရသောဝန် ကို ထာဝရဘုရား ၌ ချ ထား လော့။ သင့် ကို မစ တော်မူမည်။ ဖြောင့်မတ် သောသူကို အစဉ် အမြဲလှုပ်ရှား စေ တော်မ မူရာ။
၂၂သင်၏ဝန်ကိုထာဝရဘုရားအားလွှဲအပ်လော့။ ကိုယ်တော်သည်သင့်ကိုကွယ်ကာစောင့်ရှောက် တော်မူလိမ့်မည်။ သူတော်ကောင်းတို့ကိုအဘယ်အခါ၌ အရေးရှုံးနိမ့်စေတော်မူလိမ့်မည်မဟုတ်။
23 ၂၃ အိုဘုရား သခင်၊ အခြားသောသူ တို့ကို ဖျက်ဆီး ရာ တွင်း ထဲ သို့ချ တော်မူမည်။ လူ အသက်ကိုသတ် သောသူ နှင့် သစ္စာ ပျက်သောသူတို့သည် မိမိ အသက် တာတဝက် ခန့်မျှ မ ရှင်ရကြ။ အကျွန်ုပ် မူကား ၊ ကိုယ်တော် ၌ ခိုလှုံ ပါမည်။
၂၃သို့ရာတွင် အို ဘုရားသခင်၊ကိုယ်တော်ရှင်သည် လူသတ်သမားများနှင့်လူလိမ်များအား သူတို့သက်တမ်းထက်ဝက်မကျိုးမီသင်္ချိုင်း တွင်းသို့ သက်ဆင်းစေတော်မူမည်။ ကျွန်တော်မျိုးမူကားကိုယ်တော်ရှင်ကိုကိုးစား ပါမည်။