< ဆာလံ 51 >
1 ၁ ဒါဝိဒ် သည် ဗာသရှေဘ နှင့်မှားယွင်း ၍ ပရောဖက် နာသန် ၏ဆုံးမ ခြင်းကိုခံပြီးမှ စပ်ဆိုသောဆာလံ။ အိုဘုရား သခင်၊ ကျေးဇူး ပြုချင်သော စေတနာစိတ် တော်ရှိသည်အတိုင်း ၊ အကျွန်ုပ် ကိုသနား တော်မူပါ။ စုံမက် တော်မူခြင်း ကရုဏာများ ပြားသည်နှင့်အညီ ၊ အကျွန်ုပ် လွန်ကျူး ခြင်း အပြစ်ကိုဖြေ တော်မူပါ။
[For the Chief Musician. A Psalm by David, when Nathan the prophet came to him, after he had gone in to Bathsheba.] Have mercy on me, God, according to your loving kindness. According to the multitude of your tender mercies, blot out my transgressions.
2 ၂ ဒုစရိုက် အညစ်အကြေးကို အကုန်အစင်ဆေးကြော ၍ ၊ အကျွန်ုပ် ကို သန့်ရှင်း စေတော်မူပါ။
Wash me thoroughly from my iniquity. Cleanse me from my sin.
3 ၃ အကျွန်ုပ် လွန်ကျူး ပါပြီဟု ဝန်ချလျက် ကိုယ် အပြစ် ကို အစဉ် မပြတ်အောက်မေ့လျက်နေပါ၏။
For I know my transgressions. My sin is constantly before me.
4 ၄ ကိုယ်တော် ကို ပြစ်မှားပါပြီ။ ကိုယ်တော် ကိုသာ ပြစ်မှား ၍ မျက်မှောက် တော်၌ ပင် မ တရားသောအမှုကို ပြု ပါပြီ။ သို့ဖြစ်၍ မိန့် တော်မူချက်သည် ဖြောင့် ပါ၏။ တရား စီရင်တော်မူချက်သည် အပြစ် လွတ်ပါ၏။
Against you, and you only, have I sinned, and done that which is evil in your sight; that you may be proved right when you speak, and justified when you judge.
5 ၅ အကျွန်ုပ် သည် မွေး စကပင် အပြစ် ပါလျက် ရှိ၏။ အမိ ဝမ်းထဲမှာ ပဋိသန္ဓေ ယူစဉ်ပင် အပြစ် စွဲ၏။
Look, I was brought forth in iniquity. In sin my mother conceived me.
6 ၆ ဟုတ်မှန် ဖြောင့်မတ် သော စိတ် နှလုံးကို နှစ်သက် တော်မူသည်ဖြစ်၍ ၊ အကျွန်ုပ် ၏ စိတ် နှလုံးထဲမှာ ပညာ ကို သွန်သင် တော်မူပါ။
Look, you desire truth in the inward parts. You teach me wisdom in the inmost place.
7 ၇ အကျွန်ုပ် ကို စင်ကြယ် စေခြင်းငှါ၊ ဟုဿုပ် ပင် ညွန့်နှင့် သန့်ရှင်း ခြင်းမင်္ဂလာကို ပေးတော်မူပါ။ အကျွန်ုပ် ကို မိုဃ်းပွင့် ထက် သာ၍ဖြူ စေခြင်းငှါ ဆေးကြော တော်မူ ပါ။
Purify me with hyssop, and I will be clean. Wash me, and I will be whiter than snow.
8 ၈ စိတ်သက်သာဝမ်းမြောက် ခြင်း ရှိမည်အကြောင်းစကားကို အကျွန်ုပ် အားကြား စေတော်မူပါ။ သို့ပြုလျှင်၊ ချိုးဖဲ့ တော်မူသောအရိုး တို့သည် ရွှင်မြူး ခြင်းရှိကြပါလိမ့် မည်။
Let me hear joy and gladness, That the bones which you have broken may rejoice.
9 ၉ အကျွန်ုပ် လွန်ကျူး ခြင်း ဒုစရိုက်တို့မှ မျက်နှာ တော်လွှဲ ၍ ၊ အကျွန်ုပ် အပြစ် ရှိသမျှ တို့ကိုလည်းဖြေ တော်မူ ပါ။
Hide your face from my sins, and blot out all of my iniquities.
10 ၁၀ အိုဘုရား သခင်၊ အကျွန်ုပ် အထဲ ၌ စင်ကြယ် သောနှလုံး ကို ဖန်ဆင်း တော်မူပါ။ မြဲမြံ တည်ကြည်သော သဘော ကို အသစ် ပြုပြင်တော်မူပါ။
Create in me a clean heart, O God. Renew a right spirit within me.
11 ၁၁ အကျွန်ုပ် ကို အထံ တော်ထဲ က နှင်ထုတ် တော် မ မူပါနှင့်။ သန့်ရှင်း သောဝိညာဉ် တော်ကို ရုပ်သိမ်း တော် မ မူပါနှင့်။
Do not throw me from your presence, and do not take your holy Ruach from me.
12 ၁၂ ကယ်တင် တော်မူခြင်းနှင့် ယှဉ်သော ဝမ်းမြောက် ခြင်း အခွင့်ကို ပြန် ၍ ပေးသနားတော်မူပါ။ ကြည်ညိုသော စေတနာ စိတ် သဘောသည် အကျွန်ုပ် ကိုထောက် မပါ စေသော။
Restore to me the joy of your salvation. Uphold me with a willing spirit.
13 ၁၃ အကျွန်ုပ်သည်လည်း မ တရားသောသူတို့အား တရားလမ်း ကို ပြသသွန်သင် ပါမည်။ အပြစ် ရှိသောသူတို့ သည် ကိုယ်တော် ထံ သို့ပြန် ကြပါလိမ့်မည်။
Then I will teach transgressors your ways. Sinners shall be converted to you.
14 ၁၄ အိုဘုရား သခင်၊ အကျွန်ုပ် ကို ကယ်တင် တော်မူ သောဘုရား ၊ လူ အသက်ကို သတ်ခြင်းအပြစ်နှင့် အကျွန်ုပ် ကို ကင်းလွတ် စေတော်မူပါ။ တရား သဖြင့် စီရင်တော်မူခြင်းကို အကျွန်ုပ် လျှာ သည် ရွှင်လန်းစွာ သီချင်း ဆိုပါမည်။
Deliver me from bloodguiltiness, O God, the God of my salvation. My tongue shall sing aloud of your righteousness.
15 ၁၅ အိုထာဝရ ဘုရား၊ အကျွန်ုပ် ၏ နှုတ် ကို ဖွင့် တော်မူ ပါ။ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်း ၍ မြွက်ဆို ပါမည်။
Lord, open my lips. My mouth shall declare your praise.
16 ၁၆ ယဇ် ပူဇော်ခြင်းကို အလို တော်မ ရှိ။ သို့မဟုတ် လျှင် ယဇ်ပူဇော်ပါမည်။ မီးရှို့ သော ယဇ်ပူဇော်ခြင်းကိုပင် နှစ်သက် တော်မ မူ။
For you do not delight in sacrifice, or else I would give it. You have no pleasure in burnt offering.
17 ၁၇ ဘုရား သခင်နှစ်သက်တော်မူသောယဇ် မူကား၊ ကျိုးပဲ့ သောစိတ် ပေတည်း။ အိုဘုရား သခင်၊ ကိုယ်တော်သည် ကျိုးပဲ့ ကြေမွသော နှလုံး ကို ငြင်းပယ် တော်မ မူ တတ်ပါ။
The sacrifices of God are a broken spirit. A broken and contrite heart, O God, you will not despise.
18 ၁၈ စေတနာ စိတ်တော်ရှိ၍ ဇိအုန် တောင်ကို ကျေးဇူး ပြုတော်မူပါ။ ယေရုရှလင် မြို့ရိုး ကို တည် စေတော်မူပါ။
Do well in your good pleasure to Zion. Build the walls of Jerusalem.
19 ၁၉ ထိုအခါ တရား သဖြင့် ပူဇော်သောယဇ် ၊ မီးရှို့ သောယဇ်၊ တကိုယ် လုံးမီးရှို့သောယဇ်နှင့် မွေ့လျော် တော်မူလိမ့်မည်။ ထိုအခါ ယဇ် ပလ္လင်တော်ပေါ် မှာ နွား လား တို့ကို ယဇ် ပူဇော်ကြပါလိမ့်မည်။
Then you will delight in the sacrifices of righteousness, in burnt offerings and in whole burnt offerings. Then they will offer bulls on your altar.