< ဆာလံ 42 >
1 ၁ သမင် ဒရယ်သည် ရေစီး သော ချောင်း ကို တောင့် တသကဲ့သို့ ၊ အကျွန်ုပ် ဝိညာဉ် သည် ကိုယ်တော် ကို တောင့် တပါသည်ဘုရား။
၁သမင် ဒရယ်သည် ရေစီးသော ချောင်းကို တောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား။
2 ၂ ငါ့ ဝိညာဉ် သည် ဘုရား သခင်တည်း ဟူသောအသက် ရှင်တော်မူသောဘုရား ကို ငတ် လှ၏။ အဘယ် ကာလမှ ဘုရား သခင့်ထံ တော်သို့ ရောက် ၍ မျက်နှာ ပြရအံ့ နည်း။
၂ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသော ဘုရားကိုငတ်လှ၏။ အဘယ် ကာလမှ ဘုရားသခင့်ထံတော်သို့ ရောက်၍မျက်နှာပြရအံ့ နည်း။
3 ၃ သူတပါးတို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့ မျက်ရည် သည် နေ့ ညဉ့်မပြတ် ငါ စား စရာ ဖြစ် ရ၏။
၃သူတပါးတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့မျက်ရည်သည် နေ့ညဉ့်မပြတ် ငါစားစရာဖြစ်ရ၏။
4 ၄ ထို အခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင်၊ ငါ့ စိတ် နှလုံးသည် ကြေကွဲ လျက်ရှိ၏။ အကြောင်း မူကား၊ ငါသည်လူစု များနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်း ခြင်း အသံ ၊ ထောမနာ ပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲ ခံ သောလူစု များနှင့်အတူ ဘုရား သခင်၏ အိမ် တော်သို့ ဖြည်းညှင်း စွာ သွား လှလေပြီ။
၄ထိုအခြင်းအရာကို ငါအောက်မေ့၍နေစဉ်တွင်၊ ငါ့စိတ်နှလုံးသည် ကြေကွဲလျက်ရှိ၏။ အကြောင်းမူကား၊ ငါသည်လူစုများနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်းခြင်း အသံ၊ ထောမနာပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲခံ သောလူစုများနှင့်အတူ ဘုရားသခင်၏ အိမ်တော်သို့ ဖြည်းညှင်းစွာ သွားလှလေပြီ။
5 ၅ အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။
၅အိုငါ့ဝိညာဉ်၊ သင်သည်အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့အထဲမှာအဘယ်ကြောင့် မငြိမ်းမဝပ်ရှိသ နည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကို ကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရား သခင်၏ ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရလေအံ့ သတည်း။
6 ၆ အကျွန်ုပ် စိတ် ဝိညာဉ်သည် အကျွန်ုပ် အထဲ မှာ ညှိုးငယ် လျက်ရှိပါ၏။ အကြောင်း မူကား၊ ယော်ဒန် မြစ် ကမ်း ၊ ဟေရမုန် တောင်ရိုး၊ မိဇရ ကုန်း ပေါ် မှာ ကိုယ်တော် ကို အကျွန်ုပ်အောက်မေ့ ပါ၏။
၆အကျွန်ုပ်စိတ်ဝိညာဉ်သည် အကျွန်ုပ်အထဲမှာ ညှိုးငယ်လျက်ရှိပါ၏။ အကြောင်းမူကား၊ ယော်ဒန်မြစ် ကမ်း၊ ဟေရမုန်တော်ရိုး၊ မိဇရကုန်းပေါ်မှာ ကိုယ်တော်ကို အကျွန်ုပ်အောက်မေ့ပါ၏။
7 ၇ ရေဘွေ တော်များအသံ ဗလံနှင့်တကွ ဝဲ ဩဃတခုကို တခုဟစ် ခေါ်၍ လှိုင်း တံပိုး တော်အပေါင်း တို့သည် အကျွန်ုပ် ကို လွှမ်းမိုး ကြပါပြီ။
၇ရေဘွေတော်များအသံဗလံနှင့်တကွ ဝဲဩဃ တခုကို တခုဟစ်ခေါ်၍ လှိုင်းတံပိုးတော်အပေါင်းတို့သည် အကျွန်ုပ်ကို လွှမ်းမိုးကြပါပြီ။
8 ၈ သို့သော်လည်း၊ ထာဝရဘုရား သည် နေ့ အခါ သနားခြင်းကျေးဇူး တော်ကိုပေး ချတော်မူ၏။ ညဉ့် အခါ ၌ လည်း ဂုဏ်တော်ကို သီချင်း ဆိုလျက်၊ ငါ့ ၏အသက် သခင် ကို ပဌနာ ပြုလျက် ငါ နေ၏။
၈သို့သော်လည်း၊ ထာဝရဘုရားသည် နေ့အခါ သနားခြင်း ကျေးဇူးတော်ကို ပေးချေတော်မူ၏။ ညဉ့်အခါ ၌လည်း ဂုဏ်တော်ကို သီချင်းဆိုလျက်၊ ငါ့၏အသက် သခင်ကို ပဌနာပြုလျက် ငါနေ၏။
9 ၉ အကျွန်ုပ် ကိုအဘယ် ကြောင့် မေ့လျော့ တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ ၏ကျောက် ဖြစ်သော ဘုရား သခင် ကို ငါလျှောက် ရ၏။
၉အကျွန်ုပ်ကိုအဘယ်ကြောင့် မေ့လျော့တော်မူ သနည်း။ ရန်သူညှဉ်းဆဲနှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ၏ကျောက်ဖြစ်သော ဘုရား သခင်ကို ငါလျှောက်ရ၏။
10 ၁၀ ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
၁၀ငါ့ရန်သူတို့က၊ သင်၏ဘုရားသခင်သည် အဘယ်မှာရှိသနည်းဟု ငါ့ကိုအစဉ်ပြောဆိုကြသဖြင့်၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
11 ၁၁ အိုငါ့ ဝိညာဉ် ၊ သင်သည် အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာ အဘယ်ကြောင့် မ ငြိမ်မဝပ်ရှိ သနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကိုကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရ လေအံ့သတည်း။
၁၁အိုငါ့ဝိညာဉ်၊ သင်သည် အဘယ်ကြောင့် ညှိုး ငယ်သနည်း။ ငါ့အထဲမှာ အဘယ်ကြောင့် မငြိမ်မဝပ်ရှိ သနည်း။ ဘုရားသခင်ကို မြော်လင့်လျက်နေလော့။ ငါ့ကိုကယ်တင်တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင်၏ကျေးဇူးတော်ကို ငါချီးမွမ်းထောမနာပြုရ လေအံ့သတည်း။