< ဆာလံ 42 >

1 သမင် ဒရယ်သည် ရေစီး သော ချောင်း ကို တောင့် တသကဲ့သို့ ၊ အကျွန်ုပ် ဝိညာဉ် သည် ကိုယ်တော် ကို တောင့် တပါသည်ဘုရား။
To victorie, to the sones of Chore. As an hert desirith to the wellis of watris; so thou, God, my soule desirith to thee.
2 ငါ့ ဝိညာဉ် သည် ဘုရား သခင်တည်း ဟူသောအသက် ရှင်တော်မူသောဘုရား ကို ငတ် လှ၏။ အဘယ် ကာလမှ ဘုရား သခင့်ထံ တော်သို့ ရောက် ၍ မျက်နှာ ပြရအံ့ နည်း။
Mi soule thirstide to God, `that is a `quik welle; whanne schal Y come, and appere bifor the face of God?
3 သူတပါးတို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့ မျက်ရည် သည် နေ့ ညဉ့်မပြတ် ငါ စား စရာ ဖြစ် ရ၏။
Mi teeris weren looues to me bi dai and nyyt; while it is seid to me ech dai, Where is thi God?
4 ထို အခြင်းအရာကို ငါအောက်မေ့ ၍ နေစဉ်တွင်၊ ငါ့ စိတ် နှလုံးသည် ကြေကွဲ လျက်ရှိ၏။ အကြောင်း မူကား၊ ငါသည်လူစု များနှင့် ပေါင်းဘော်လျက်၊ ရွှင်လန်း ခြင်း အသံ ၊ ထောမနာ ပြုခြင်းအသံတို့ကို ပြိုင်ဆို၍၊ ဓမ္မပွဲ ခံ သောလူစု များနှင့်အတူ ဘုရား သခင်၏ အိမ် တော်သို့ ဖြည်းညှင်း စွာ သွား လှလေပြီ။
I bithouyte of these thingis, and Y schedde out in me my soule; for Y schal passe in to the place of the wondurful tabernacle, til to the hows of God. In the vois of ful out ioiyng and knoulechyng; is the sown of the etere.
5 အိုငါ့ ဝိညာဉ် ၊ သင်သည်အဘယ် ကြောင့်ညှိုးငယ် သနည်း။ ငါ့ အထဲ မှာအဘယ်ကြောင့်မ ငြိမ်မဝပ်ရှိသနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ကို ကယ်တင် တော်မူသောအရှင်၊ ငါကိုးကွယ်သော ဘုရားသခင် ၏ ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရလေအံ့ သတည်း။
Mi soule, whi art thou sory; and whi disturblist thou me? Hope thou in God, for yit Y schal knouleche to hym; he is the helthe of my cheer,
6 အကျွန်ုပ် စိတ် ဝိညာဉ်သည် အကျွန်ုပ် အထဲ မှာ ညှိုးငယ် လျက်ရှိပါ၏။ အကြောင်း မူကား၊ ယော်ဒန် မြစ် ကမ်း ၊ ဟေရမုန် တောင်ရိုး၊ မိဇရ ကုန်း ပေါ် မှာ ကိုယ်တော် ကို အကျွန်ုပ်အောက်မေ့ ပါ၏။
and my God. My soule is disturblid at my silf; therfor, God, Y schal be myndeful of thee fro the lond of Jordan, and fro the litil hil Hermonyim.
7 ရေဘွေ တော်များအသံ ဗလံနှင့်တကွ ဝဲ ဩဃတခုကို တခုဟစ် ခေါ်၍ လှိုင်း တံပိုး တော်အပေါင်း တို့သည် အကျွန်ုပ် ကို လွှမ်းမိုး ကြပါပြီ။
Depthe clepith depthe; in the vois of thi wyndows. Alle thin hiye thingis and thi wawis; passiden ouer me.
8 သို့သော်လည်း၊ ထာဝရဘုရား သည် နေ့ အခါ သနားခြင်းကျေးဇူး တော်ကိုပေး ချတော်မူ၏။ ညဉ့် အခါ ၌ လည်း ဂုဏ်တော်ကို သီချင်း ဆိုလျက်၊ ငါ့ ၏အသက် သခင် ကို ပဌနာ ပြုလျက် ငါ နေ၏။
The Lord sente his merci in the dai; and his song in the nyyt.
9 အကျွန်ုပ် ကိုအဘယ် ကြောင့် မေ့လျော့ တော်မူသနည်း။ ရန်သူ ညှဉ်းဆဲ နှိပ်စက်ခြင်းကို ခံရ၍၊ အကျွန်ုပ် သည် ကြမ်းတမ်းသောအဝတ်ကို ဝတ်လျက် အဘယ် ကြောင့် နေရပါသနည်းဟု ငါ ၏ကျောက် ဖြစ်သော ဘုရား သခင် ကို ငါလျှောက် ရ၏။
At me is a preier to the God of my lijf; Y schal seie to God, Thou art my `takere vp. Whi foryetist thou me; and whi go Y sorewful, while the enemy turmentith me?
10 ၁၀ ငါ့ ရန်သူ တို့က၊ သင် ၏ဘုရား သခင်သည် အဘယ် မှာရှိသနည်းဟု ငါ့ ကို အစဉ် ပြော ဆိုကြသဖြင့် ၊ ငါ့အရိုးတို့ကို ချိုး၍ကဲ့ရဲ့တတ်ကြ၏။
While my boonys ben brokun togidere; myn enemyes, that troblen me, dispiseden me. While thei seien to me, bi alle daies; Where is thi God?
11 ၁၁ အိုငါ့ ဝိညာဉ် ၊ သင်သည် အဘယ်ကြောင့် ညှိုးငယ် သနည်း။ ငါ့ အထဲ မှာ အဘယ်ကြောင့် မ ငြိမ်မဝပ်ရှိ သနည်း။ ဘုရား သခင်ကို မြော်လင့် လျက်နေလော့။ ငါ့ ကိုကယ်တင် တော်မူသောအရှင် ၊ ငါ ကိုးကွယ်သော ဘုရား သခင်၏ကျေးဇူးတော်ကို ငါချီးမွမ်း ထောမနာပြုရ လေအံ့သတည်း။
Mi soule, whi art thou sori; and whi disturblist thou me? Hope thou in God, for yit Y schal knouleche to hym; `he is the helthe of my cheer, and my God.

< ဆာလံ 42 >