< ဆာလံ 31 >
1 ၁ အိုထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ်ခိုလှုံ ပါ ၏။ ရှက်ကြောက် ခြင်းနှင့် အစဉ် ကင်းလွတ် ပါစေသော။ တရား တော်နှင့်အညီ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
၁အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ခုံလှုံပါ ၏။ ရှက်ကြောက်ခြင်းနှင့် အစဉ်ကင်းလွတ် ပါစေသော။ တရားတော်နှင့်အညီ အကျွန်ုပ်ကို ကယ်မတော်မူပါ။
2 ၂ အကျွန်ုပ် ဘက်သို့ နား တော်ကို လှည့် ၍ အလျင် အမြန်ကယ်နှုတ် တော်မူပါ။ ကိုယ်တော် သည် အကျွန်ုပ် ၌ ခိုင်ခံ့ သောကျောက် ၊ အကျွန်ုပ် လုံခြုံ ရာ ရဲတိုက် ဖြစ် တော်မူပါ။
၂အကျွန်ုပ်ဘက်သို့ နားတော်ကို လှည့်၍ အလျင်အမြန်၊ ကယ်နှုတ်တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၌ ခိုင်ခံ့သောကျောက်။ အကျွန်ုပ်လုံခြုံရာ ရဲတိုက်ဖြစ်တော်မူပါ။
3 ၃ အကယ် စင်စစ်အကျွန်ုပ် ၏ကျောက် ၊ အကျွန်ုပ် ၏ ရဲတိုက် ကား ၊ ကိုယ်တော် ပေတည်း။ နာမတော် အဘို့ အလို့ငှါ အကျွန်ုပ် ကို လမ်းပြ ၍ သွန်သင် ပဲ့ပြင်တော်မူပါ။
၃အကယ်စင်စစ် အကျွန်ုပ်၏ကျောက်၊ အကျွန်ုပ်၏ ရဲတိုက်ကား၊ ကိုယ်တော်ပေတည်း။ နာမတော်အဘို့ အလို့ငှါ အကျွန်ုပ်ကို လမ်းပြ၍ သွန်သင်ပဲ့ပြင် တော်မူပါ။
4 ၄ ကိုယ်တော် သည် အကျွန်ုပ် ခိုလှုံ ရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ် အဘို့ ဝှက်ထား သော ကျော့ကွင်း ထဲ က အကျွန်ုပ် ကို နှုတ် ယူတော်မူပါ။
၄ကိုယ်တော်သည် အကျွန်ုပ်ခိုလှုံရာဖြစ်တော်မူ၏။ ထိုကြောင့် အကျွန်ုပ်အဘို့ ဝှက်ထားသော ကျော့ကွင်းထဲ က အကျွန်ုပ်ကို နှုတ်ယူတော်မူပါ။
5 ၅ သစ္စာ စောင့်တော်မူသောဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော်သည် အကျွန်ုပ် ကို ရွေးနှုတ် တော်မူသည် ဖြစ်၍၊ အကျွန်ုပ် ၏ဝိညာဉ် ကို ကိုယ်တော် လက် ၌ အပ် ပါ၏။
၅သစ္စာစောင့်တော်မူသော ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်ကို ရွေးနှုတ်တော်မူ သည်ဖြစ်၍၊ အကျွန်ုပ်၏ဝိညာဉ်ကို ကိုယ်တော်လက်၌ အပ်ပါ၏။
6 ၆ မုသာ အနတ္တ ကို ဆည်းကပ် သောသူတို့ကို အကျွန်ုပ်သည်မုန်း ၍ ၊ ထာဝရဘုရား ကို ခိုလှုံ ပါ၏။
၆မုသာအနတ္တကို ဆည်းကပ်သောသူတို့ကို အကျွန်ုပ်သည်မုန်း၍ ထာဝရဘုရားကို ခိုလှုံပါ၏။
7 ၇ ကရုဏာ တော်ကြောင့် ဝမ်းသာ ရွှင်လန်း ခြင်း ရှိပါလိမ့်မည်။ ကိုယ်တော် သည် အကျွန်ုပ် ဆင်းရဲ ခြင်းကို ကြည့်ရှု ၍ ၊ အကျွန်ုပ် ၏ ဝိညာဉ် တွေ့ သောအမှုကို သိ မှတ် တော်မူ၏။
၇ကရုဏာတော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိပါလိမ့်မည်။ ကိုယ်တော်သည် အကျွန်ုပ်ဆင်းရဲခြင်းကို ကြည့်ရှု၍၊ အကျွန်ုပ်၏ ဝိညာဉ်တွေ့သောအမှုကို သိမှတ် တော်မူ၏။
8 ၈ အကျွန်ုပ် ကို ရန်သူ လက် သို့ မ အပ် ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာ ချတော်မူ၏။
၈အကျွန်ုပ်ကို ရန်သူလက်သို့မအပ်ဘဲ ကျယ်ဝန်း သောအရပ်၌ နေရာချတော်မူ၏။
9 ၉ အိုထာဝရဘုရား ၊ အကျွန်ုပ် ၌ အမှု ရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ် ကို သနား တော်မူပါ။ ပူပန် ခြင်းအားဖြင့် အကျွန်ုပ် မျက်စိ ၊ စိတ် နှလုံး၊ ဝမ်း တို့သည် ပျက် ကြပါပြီ။
၉အိုထာဝရဘုရား၊ အကျွန်ုပ်၌ အမှုရောက်ပါပြီ။ ထိုကြောင့် အကျွန်ုပ်ကို သနားတော်မူပါ။ ပူပန်ခြင်း အားဖြင့် အကျွန်ုပ်မျက်စိ၊ စိတ်နှလုံး၊ ဝမ်းတို့သည် ပျက်ကြပါပြီ။
10 ၁၀ အကျွန်ုပ် သည် ပူပန် ခြင်းရှိ၍ ၊ အသက် ကာလ ကို လွန် စေရပါ၏။ နှစ်စဉ် အတိုင်း ညည်းတွား လျက် နေရပါ၏။ ကိုယ် အပြစ် ကြောင့် အကျွန်ုပ် အား လျော့ ၍ ၊ ရန်သူများကြောင့် အရိုး တို့သည် ဆွေးမြေ့ ကြပါ၏။
၁၀အကျွန်ုပ်သည် ပူပန်ခြင်းရှိ၍၊ အသက်ကာလ ကို လွန်စေရပါ၏။ နှစ်စဉ်အတိုင်း ညည်းတွားလျက် နေရပါ၏။ ကိုယ်အပြစ်ကြောင့် အကျွန်ုပ်အားလျော့၍၊ ရန်သူများကြောင့် အရိုးတို့သည် ဆွေးမြေ့ကြပါ၏။
11 ၁၁ အိမ်နီးချင်း တို့သည် အကျွန်ုပ် ကို အထူး သဖြင့်ကဲ့ရဲ့ ကြပါ၏။ အကျွမ်း ဝင်သော သူများတို့သည်လည်း ရွံ ကြပါ၏။ အိမ် ပြင်မှာ အကျွန်ုပ် ကို တွေ့ မြင်သောသူတို့ သည် ရှောင်၍ ပြေး ကြပါ၏။
၁၁အိမ်နီးချင်းတို့သည် အကျွန်ုပ်ကို အထူးသဖြင့် ကဲ့ရဲ့ကြပါ၏။ အကျွမ်းဝင်သော သူများတို့သည်လည်း ရွံကြပါ၏။ အိမ်ပြင်မှာ အကျွန်ုပ်ကို တွေ့မြင်သောသူတို့ သည် ရှောင်၍ ပြေးကြပါ၏။
12 ၁၂ မ အောက်မေ့သော အသေ ကောင်ကဲ့ သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုး ခြမ်း ကဲ့ သို့အကျွန်ုပ် ဖြစ် ပါ၏။
၁၂မအောက်မေ့သော အသေကောင်ကဲ့သို့၊ အကျွန်ုပ်ကို မေ့လျော့ကြပါ၏။ အိုးခြမ်းကဲ့သို့ အကျွန်ုပ် ဖြစ်ပါ၏။
13 ၁၃ လူများ ကဲ့ရဲ့ ပြစ်တင်ခြင်းကို ကြား ရပါ၏။ ပတ်ဝန်းကျင် အရပ်တို့၌ ကြောက်မက် ဘွယ်သောအကြောင်း ရှိပါ၏။ လူ များတို့သည် အချင်းချင်း သင်း ဖွဲ့လျက် ၊ အကျွန်ုပ် အသက် ကိုသတ် မည်အကြောင်း ကြံစည် ကြပါ ၏။
၁၃လူများ ကဲ့ရဲ့ပြစ်တင်ခြင်းကို ကြားရပါ၏။ ပတ် ဝန်းကျင်အရပ်တို့၌ ကြောက်မက်ဘွယ်သောအကြောင်း ရှိပါ၏။ လူများတို့သည် အချင်းချင်းသင်းဖွဲ့လျက်၊ အကျွန်ုပ်အသက်ကို သတ်မည်အကြောင်း ကြံစည်ကြပါ ၏။
14 ၁၄ သို့သော်လည်း ထာဝရဘုရား ၊ ကိုယ်တော် ကို အကျွန်ုပ် ကိုးစား ပါ၏။ ကိုယ်တော် သည် အကျွန်ုပ် ၏ ဘုရား သခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။
၁၄သို့သော်လည်း ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်ကိုးစားပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်ဖြစ်တော်မူသည်ဟု အကျွန်ုပ် လျှောက်ဆို ပါ၏။
15 ၁၅ အကျွန်ုပ် ၌ဖြစ် လေသမျှသော အမှုအရာတို့ကို ကိုယ်တော် စီရင် ပိုင်တော်မူ၏။ ရန်သူ တို့နှင့် ညှဉ်းဆဲ တတ် သောသူတို့ လက် မှ အကျွန်ုပ် ကို ကယ်နှုတ် တော်မူပါ။
၁၅အကျွန်ုပ်၌ဖြစ်လေသမျှသော အမှုအရာတို့ကို ကိုယ်တော်စီရင်ပိုင်တော်မူ၏။ ရန်သူတို့နှင့် ညှဉ်းဆဲတတ် သောသူတို့ လက်မှအကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။
16 ၁၆ မျက်နှာ တော်၏ အလင်းကိုကိုယ်တော် ၏ ကျွန် အပေါ် ၌ ထွန်းလင်း စေတော်မူပါ။ ကရုဏာ တော်ကြောင့် ၊ အကျွန်ုပ် ကိုကယ်တင် တော်မူပါ။
၁၆မျက်နှာတော်၏ အလင်းကိုကိုယ်တော်၏ ကျွန် အပေါ်၌ ထွန်းလင်းစေတော်မူပါ။ ကရုဏာတော်ကြောင့်၊ အကျွန်ုပ်ကိုကယ်တင်တော်မူပါ။
17 ၁၇ အိုထာဝရဘုရား ၊ အကျွန်ုပ်သည် ကိုယ်တော် ကို ဆုတောင်း ပဌနာပြုပါသည်ဖြစ်၍ ၊ ရှက်ကြောက် ခြင်းမ ရှိ ပါစေနှင့်။ လူဆိုး တို့မူကား၊ အရှက် ကွဲလျက်မရဏာ နိုင်ငံ၌ တိတ်ဆိတ် စွာနေကြပါစေသော။ (Sheol )
၁၇အိုထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းပဌနာပြုပါသည်ဖြစ်၍၊ ရှက်ကြောက်ခြင်းမရှိ ပါစေနှင့်။ လူဆိုးတို့မူကား၊ အရှက်ကွဲလျက်မရဏာနိုင်ငံ၌ တိတ်ဆိတ်စွာနေကြပါစေသော။ (Sheol )
18 ၁၈ မာန ထောင်လွှားခြင်း၊ မထီမဲ့မြင် ပြုခြင်းနှင့်တကွ ၊ ဖြောင့်မတ် သောသူတဘက် ၌ စော်ကား သော စကားကိုပြော ၍ ၊ မုသာ ၌ကျင်လည်သော နှုတ် တို့သည် တိတ်ဆိတ် စွာနေကြပါစေသော။
၁၈မာနထောင်လွှားခြင်း၊ မထီမဲ့မြင်ပြုခြင်းနှင့် တကွ၊ ဖြောင့်မတ်သောသူတဘက်၌ စော်ကားသော စကားကိုပြော၍၊ မုသာ၌ကျင်လည်သော နှုတ်တို့သည် တိတ်ဆိတ်စွာနေကြပါစေ။
19 ၁၉ ကိုယ်တော် ကို ကြောက်ရွံ့ သောသူတို့ အဘို့ သို ထားတော်မူ၍ ၊ လူ သား တို့ရှေ့ မှာ ကိုယ်တော် ကို ခိုလှုံ သောသူတို့ အဘို့ ပြုပြင် တော်မူသောဆု ကျေးဇူးတော် သည် အလွန် ကြီးလှပါ၏။
၁၉ကိုယ်တော်ကို ကြောက်ရွံ့သော သူတို့အဘို့ သိုထားတော်မူ၍၊ လူသားတို့ရှေ့မှာ ကိုယ်တော်ကို ခိုလှုံ သော သူတို့အဘို့ ပြုပြင်တော်မူသော ဆုကျေးဇူးတော် သည် အလွန်ကြီးလှပါ၏။
20 ၂၀ လူ တို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ် တော်မူရာအတွင်း အရပ်၌ ထိုသူ တို့ကို ဝှက်ထား တော်မူ၏။ ရန်တွေ့ ခြင်း အသံကို ကွယ်ကာလျက်၊ တဲ တော်တွင် သူ တို့ကို စောင့်မ တော်မူ၏။
၂၀လူတို့ပြုတတ်သောပရိယာယ်နှင့် ကင်းလွတ်စေ ခြင်းငှါ၊ ကျိန်းဝပ်တော်မူရာ အတွင်းအရပ်၌ ထိုသူတို့ကို ဝှက်ထားသော်မူ၏။ ရန်တွေ့ခြင်း အသံကိုကွယ်ကာ လျက်၊ တဲတော်တွင်သူတို့ကို စောင့်မတော်မူ၏။
21 ၂၁ ထာဝရဘုရား ၌ မင်္ဂလာ ဖြစ်စေသတည်း။ အကြောင်း မူကား၊ ခိုင်ခံ သောမြို့ ၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ် အား ထင်ရှား ပြတော်မူပြီ။
၂၁ထာဝရဘုရား၌ မင်္ဂလာဖြစ်စေသတည်း။ အကြောင်းမူကား၊ ခိုင်ခံသောမြို့၌ အံဘွယ်သောမေတ္တာ ကရုဏာတော်ကို အကျွန်ုပ်အား ထင်ရှားပြတော်မူပြီ။
22 ၂၂ အကျွန်ုပ် သည် ကိုယ်တော် ၏မျက်နှာ ကွယ်ရာ ၌ ဆုံးရှုံး ပါပြီဟု အကျွန်ုပ် တုန်လှုပ် လျက် ဆို မိသော်လည်း ၊ ကိုယ်တော် ကို အော်ဟစ် သောအခါ အကျွန်ုပ် ပြုသောပဌနာ စကားသံ ကိုကိုယ်တော်နားထောင် တော်မူသတည်း။
၂၂အကျွန်ုပ်သည် ကိုယ်တော်၏မျက်နှာကွယ်ရာ၌ ဆုံးရှုံးပါပြီဟု အကျွန်ုပ်တုတ်လှုပ်လျက် ဆိုမိသော်လည်း၊ ကိုယ်တော်ကိုအော်ဟစ်သောအခါ အကျွန်ုပ်ပြုသော ပဌနာစကားသံကိုကိုယ်တော်နားထောင်တော်မူသတည်း။
23 ၂၃ ထာဝရ ဘုရား၏ သန့်ရှင်း သူအပေါင်း တို့၊ ထာဝရဘုရား ကိုချစ် ကြလော့။ ထာဝရဘုရား သည် သစ္စာ ရှိသောသူတို့ကို စောင့်မ တော်မူ၏။ မာန ထောင်လွှားသောသူ တို့ကိုကား ၊ အပြစ်များ စွာဆပ် ပေးတော်မူသတည်း။
၂၃ထာဝရဘုရား၏ သန့်ရှင်းသူအပေါင်းတို့၊ ထာဝရဘုရားကိုချစ်ကြလော့။ ထာဝရဘုရားသည် သစ္စာ ရှိသောသူတို့ကို စောင့်မတော်မူ၏။ မာနထောင်လွှား သောသူတို့ကိုကား၊ အပြစ်များစွာဆပ်ပေးတော်မူ သတည်း။
24 ၂၄ ထာဝရဘုရား ကို ကိုးစား သောသူအပေါင်း တို့၊ အား ယူ၍ ရဲရင့် သော စိတ် နှလုံးရှိကြလော့။
၂၄ထာဝရဘုရားကို ကိုးစားသောသူအပေါင်းတို့၊ အာယူ၍ ရဲရင့်သော စိတ်နှလုံးရှိကြလော့။