< ဆာလံ 133 >
1 ၁ ညီအစ်ကို တို့သည် သဘော တူလျက်ပေါင်းဘော် ကြသည်အရာမှာ အလွန်ကောင်း ပေ၏။ အလွန်တင့်တယ် လျောက်ပတ်ပေ၏။
၁ဘုရားသခင်၏လူစုတော်သည် စိတ်သဘောညီညွတ်လျက်နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍တင့်တယ်လှပါသည်တကား။
2 ၂ အာရုံ ၏ ခေါင်း ပေါ် မှာ လောင်း လျက်၊ သူ၏ မုတ်ဆိတ် သို့ စီး ၍၊ လည်စွပ် တိုင်အောင် ကျသောနံ့သာ ဆီ ကဲ့သို့ ဖြစ်၏။
၂ယင်းသို့နေထိုင်မှုသည်အာရုန်၏ဦးခေါင်းမှ သူ၏မုတ်ဆိတ်နှင့်ဝတ်လုံအင်္ကျီလည်ခွံသို့ တိုင်အောင် စီးကျလာသည့်အဖိုးတန်ဘိသိက်ဆီကဲ့သို့ဖြစ်၏။
3 ၃ ဟေရမုန် တောင်နှင့် ဇိအုန် တောင် ရိုးပေါ် သို့ ကျ သော နှင်း ကဲ့သို့ ဖြစ်၏။ ထို သို့နေကြသော အရပ်၌၊ ထာဝရဘုရား သည် အစဉ် အမြဲအသက်ရှင် ခြင်းအခွင့် တည်းဟူသောကောင်းကြီး မင်္ဂလာကို စီရင် တော်မူ၏။
၃ဟေရမုန်တောင်ပေါ်သို့ကျသောနှင်းသည်ဇိအုန် တောင်ကုန်းများပေါ်သို့ကျသကဲ့သို့ဖြစ်၏။ ထိုအရပ်ကားထာဝစဉ်အသက်ရှင်ခွင့် တည်းဟူသောကောင်းချီးမင်္ဂလာကို ထာဝရဘုရားပေးတော်မူရာအရပ်ဖြစ် သတည်း။