< သုတ္တံကျမ်း 24 >
1 ၁ မ တရားသောသူ တို့ကို မ ငြူစူ နှင့်။ သူ တို့နှင့် ပေါင်းဘော် ခြင်းငှါ အလို မ ရှိနှင့်။
၁မတရားသောသူတို့ကို မငြူစူနှင့်။ သူတို့နှင့် ပေါင်းဘော်ခြင်းငှါ အလိုမရှိနှင့်။
2 ၂ သူ တို့သည် ဖျက်ဆီး ခြင်းငှါ နှလုံး ကြံစည် တတ် ၏။ နှုတ် နှင့်လည်း ဘေး ပြုမည်စကားကို ပြော တတ်၏။
၂သူတို့သည် ဖျက်ဆီးခြင်းငှါ နှလုံးကြံစည်တတ် ၏။ နှုတ်နှင့်လည်း ဘေးပြုမည်စကားကို ပြောတတ်၏။
3 ၃ ဉာဏ် ပညာအားဖြင့် အိမ် ကိုတည်ဆောက် ၍ ခိုင်ခံ့ မြဲမြံစေရ၏။
၃ဥာဏ်ပညာအားဖြင့် အိမ်ကိုတည်ဆောက်၍ ခိုင်ခံ့မြဲမြံစေရ၏။
4 ၄ ပညာ အတတ်အားဖြင့် အခန်း များတို့သည် အဘိုးထိုက်၍၊ နှစ်သက် ဘွယ်သော ဥစ္စာ အပေါင်း တို့နှင့် ပြည့် ရကြ၏။
၄ပညာအတတ်အားဖြင့် အခန်းများတို့သည် အဘိုးထိုက်၍၊ နှစ်သက်ဘွယ်သော ဥစ္စာအပေါင်းတို့နှင့် ပြည့်ရကြ၏။
5 ၅ ပညာရှိ သောသူ သည် တန်ခိုး ရှိ ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူ သည် ခွန်အား တိုးပွါး တတ်၏။
၅ပညာရှိသောသူသည် တန်ခိုးရှိ၏။ ပညာ အတတ်နှင့် ပြည့်စုံသောသူသည် ခွန်အားတိုးပွါးတတ်၏။
6 ၆ ပညာရှိ တို့နှင့် တိုင်ပင်ပြီးမှစစ်မှု ကိုပြု ရ၏။ အကြံ ပေးနိုင်သော သူများစွာ ရှိ လျှင် ၊ ဘေး လွတ်တတ်၏။
၆ပညာရှိတို့နှင့် တိုင်ပင်ပြီးမှ စစ်မှုကိုပြုရ၏။ အကြံပေးနိုင်သော သူများစွာရှိလျှင်၊ ဘေးလွတ်တတ်၏။
7 ၇ ပညာ မြင့် သောကြောင့် မိုက် သောသူမမှီနိုင်။ မြို့တံခါးဝ ၌ စကား မ ပြော ဝံ့။
၇ပညာမြင့်သောကြောင့် မိုက်သောသူမမှီနိုင်။ မြို့တံခါးဝ၌ စကားမပြောဝံ့။
8 ၈ မ ကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည် သောသူကို၊ ဘေး ပြုသောသူဟူ၍ မှည့် ရ၏။
၈မကောင်းသောအမှုကို ပြုခြင်းငှါ ကြံစည်သော သူကို၊ ဘေးပြုသောသူဟူ၍ မှည့်ရ၏။
9 ၉ မိုက် သောအကြံ အစည်၌ အပြစ် ပါ၏။ မထီမဲ့မြင် ပြုသောသူသည် လည်း ၊ လူ စက်ဆုပ် ရွံရှာဘွယ်ဖြစ် ၏။
၉မိုက်သောအကြံအစည်၌ အပြစ်ပါ၏။ မထီမဲ့ မြင်ပြုသော သူသည်လည်း၊ လူစက်ဆုပ်ရွံရှာဘွယ်ဖြစ် ၏။
10 ၁၀ သင် သည် အမှု ရောက်သောကာလ ၌ စိတ်ပျက် လျှင် အားနည်း ၏။
၁၀သင်သည် အမှုရောက်သောကာလ၌ စိတ်ပျက် လျှင် အားနည်း၏။
11 ၁၁ သင်္ချိုင်း သို့ ထုတ် ၍ အသေခံ လုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အား မထုတ်ဘဲနေလျက်၊
၁၁သင်္ချိုင်းသို့ထုတ်၍ အသေခံလုသောသူတို့ကို သင်သည် နှုတ်အံ့သောငှါ၊ အားမထုတ်ဘဲနေလျက်၊
12 ၁၂ ငါ့တို့မ သိ ဟုဆို သော်လည်း ၊ နှလုံး သဘောကို ဆင်ခြင် သောသူသည် မ မှတ်၊ သင် ၏စိတ် ဝိညာဉ်ကို စောင့် သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူ တို့အကျင့် နှင့် အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
၁၂ငါ့တို့မသိဟုဆိုသော်လည်း၊ နှလုံးသဘောကို ဆင်ခြင်သောသူသည် မမှတ်၊ သင်၏စိတ်ဝိညာဉ်ကို စောင့်သောသူသည် မသိဘဲ၊ လူအသီးအသီးတို့အား သူတို့အကျင့်နှင့်အလျောက်၊ အကျိုးအပြစ်ကို မဆပ် မပေးဘဲ နေတော်မူမည်လော။
13 ၁၃ ငါ့ သား ၊ ပျားရည် ကောင်း သောကြောင့် စား လော့။ ချိုမြိန် သော ပျားလပို့ ကိုလည်း စားလော့။
၁၃ငါ့သား၊ ပျားရည်ကောင်းသောကြောင့် စား လော့။ ချိုမြိန်သော ပျားလပို့ကိုလည်း စားလော့။
14 ၁၄ ထိုအတူ ၊ သင်တွေ့ရသောပညာ တရားသည် စိတ် ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင် သည် မြော်လင့် ခြင်းအကြောင်းမ ပျက်၊ ကောင်း သောအကျိုးကိုခံရ လိမ့်မည်။
၁၄ထိုအတူ၊ သင်တွေ့ရသောပညာတရားသည် စိတ်ဝိညာဉ်၌ အရသာနှင့်ပြည့်စုံ၍၊ သင်သည် မြော်လင့် ခြင်းအကြောင်းမပျက်၊ ကောင်းသောအကျိုးကို ခံရလိမ့် မည်။
15 ၁၅ အိုမ တရားသောသူ၊ ဖြောင့်မတ် သောသူ၏ အိမ် ကို ချောင်း ၍ မ ကြည့်နှင့်။ သူ ၏ ငြိမ်ဝပ် ရာအရပ်ကို မ ဖျက် နှင့်။
၁၅အိုမတရားသောသူ၊ ဖြောင့်မတ်သောသူ၏ အိမ် ကို ချောင်း၍ မကြည့်နှင့်။ သူ၏ ငြိမ်ဝပ်ရာအရပ်ကို မဖျက်နှင့်။
16 ၁၆ ဖြောင့်မတ် သောသူသည် ခုနစ် ကြိမ်လဲ သော်လည်း ထ ပြန်လိမ့်မည်။ မ တရားသောသူမူကား ၊ လဲ သောအခါ ဆုံးရှုံး လိမ့်မည်။
၁၆ဖြောင့်မတ်သောသူသည် ခုနစ်ကြိမ်လဲသော် လည်း ထပြန်လိမ့်မည်။ မတရားသောသူမူကား၊ လဲသောအခါ ဆုံးရှုံးလိမ့်မည်။
17 ၁၇ သင် ၏ရန်သူ လဲ သောအခါ ဝမ်း မ မြောက်နှင့်။ ခြေ ထိခိုက်သောအခါ ရွှင်လန်း သောစိတ် မ ရှိနှင့်။
၁၇သင်၏ရန်သူလဲသောအခါ ဝမ်းမမြောက်နှင့်။ ခြေထိခိုက်သောအခါ ရွှင်လန်းသောစိတ်မရှိနှင့်။
18 ၁၈ ရှိလျှင် ထာဝရဘုရား သိမြင် သဖြင့် ၊ မ နှစ်သက်ဘဲ သူ မှ အမျက် တော်ကို လွှဲ တော်မူမည်။
၁၈ရှိလျှင် ထာဝရဘုရားသိမြင်သဖြင့်၊ မနှစ်သက် ဘဲ သူမှ အမျက်တော်ကို လွှဲတော်မူမည်။
19 ၁၉ မ တရားသောသူတို့ကြောင့် စိတ် မ ပူနှင့်။ အဓမ္မ လူတို့ကို မ ငြူစူ နှင့်။
၁၉မတရားသောသူတို့ကြောင့် စိတ်မပူနှင့်။ အဓမ္မ လူတို့ကို မငြူစူနှင့်။
20 ၂၀ အကြောင်း မူကား၊ မ တရားသောသူသည် အကျိုး ကိုမ ရ။ အဓမ္မ လူ၏ မီးခွက် သည် သေ လိမ့်မည်။
၂၀အကြောင်းမူကား၊ မတရားသောသူသည် အကျိုးကိုမရ။ အဓမ္မလူ၏ မီးခွက်သည် သေလိမ့်မည်။
21 ၂၁ ငါ့ သား ၊ ထာဝရဘုရား ကို၎င်း၊ ရှင် ဘုရင်ကို၎င်း ၊ ကြောက်ရွံ့ လော့။ မ တည်ကြည်သောသူတို့နှင့် မ ရောနှော မပေါင်းဘော်နှင့်။
၂၁ငါ့သား၊ ထာဝရဘုရားကို၎င်း၊ ရှင်ဘုရင်ကို၎င်း၊ ကြောက်ရွံ့လော့။ မတည်ကြည်သောသူတို့နှင့် ရောနှော မပေါင်းဘော်နှင့်။
22 ၂၂ သူ တို့ဘေး သည် ချက်ခြင်း ရောက် တတ်၏။ ထို နှစ်ပါး တို့၏ အဆုံး ကို အဘယ်သူ သိ သနည်း။
၂၂သူတို့ဘေးသည် ချက်ခြင်းရောက်တတ်၏။ ထိုနှစ်ပါးတို့၏ အဆုံးကို အဘယ်သူသိသနည်း။
23 ၂၃ ထိုမှတပါး ၊ ပညာရှိ တို့နှင့် ဆိုင်သော အရာဟူမူကား ၊ တရား တွေ့မှု စီရင်ရာတွင် လူမျက်နှာ ကို မ ထောက် ကောင်း။
၂၃ထိုမှတပါး၊ ပညာရှိတို့နှင့်ဆိုင်သော အရာဟူမူ ကား၊ တရားတွေ့မှု စီရင်ရာတွင် လူမျက်နှာကို မထောက် ကောင်း။
24 ၂၄ သင် သည် ဖြောင့်မတ် ၏ဟု မ တရားသောသူအား ဆို သောသူကို လူ အမျိုးတို့သည် ကျိန်ဆဲ ကြလိမ့်မည်။ လူ အနွှယ်တို့သည် စက်ဆုပ် ရွံရှာကြလိမ့်မည်။
၂၄သင်သည် ဖြောင့်မတ်၏ဟု မတရားသောသူ အား ဆိုသောသူကို လူအမျိုးတို့သည် ကျိန်ဆဲကြလိမ့်မည်။ လူအနွှယ်တို့သည် စက်ဆုပ်ရွံရှာကြလိမ့်မည်။
25 ၂၅ ဆုံးမ ပြစ်တင်သောသူတို့မူကား ၊ စိတ် သာယာလျက် ၊ ကောင်းကြီး မင်္ဂလာကို ခံ လျက်ရှိကြ လိမ့်မည်။
၂၅ဆုံးမပြစ်တင်သောသူတို့မူကား၊ စိတ်သာယာလျက်၊ ကောင်းကြီးမင်္ဂလာကို ခံလျက်ရှိကြ လိမ့်မည်။
26 ၂၆ မှန် သောစကားကို ပြန် ပြောတတ်သောသူ၏ နှုတ် ကို လူတိုင်းနမ်း လိမ့်မည်။
၂၆မှန်သောစကားကို ပြန်ပြောတတ်သောသူ၏ နှုတ်ကို လူတိုင်းနမ်းလိမ့်မည်။
27 ၂၇ ပြင် အရပ်မှာ သင် ၏အလုပ် ကိုပြင် လော့။ လယ် တော၌ ကိုယ်အဘို့ ပြင်ဆင် လော့။ နောက်မှ သင် ၏ နေရာအိမ် ကို ဆောက် လော့။
၂၇ပြင်အရပ်မှာ သင်၏အလုပ်ကိုပြင်လော့။ လယ်တော၌ ကိုယ်အဘို့ ပြင်ဆင်လော့။ နောက်မှ သင်၏ နေရာအိမ်ကို ဆောက်လော့။
28 ၂၈ သင် ၏အိမ်နီးချင်း တဘက် ၌ အကြောင်း မရှိဘဲ သက်သေ မ ခံ နှင့်။ ကိုယ် နှုတ် နှင့် သူတပါးကို မလှည့်စား နှင့်။
၂၈သင်၏အိမ်နီးချင်းတဘက်၌ အကြောင်းမရှိဘဲ သက်သေမခံနှင့်။ ကိုယ်နှုတ်နှင့် သူတပါးကို မလှည့်စား နှင့်။
29 ၂၉ သူသည် ငါ ၌ ပြု သည်အတိုင်း သူ ၌ ငါပြု မည်။ သူ့ အကျင့် နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ် ပေး မည်ဟု မ ဆို နှင့်။
၂၉သူသည် ငါ၌ပြုသည်အတိုင်း သူ၌ငါပြုမည်။ သူ့အကျင့်နှင့်အလျောက် အကျိုးအပြစ်ကို ငါဆပ်ပေး မည်ဟု မဆိုနှင့်။
30 ၃၀ ပျင်းရိ သောသူ ၏ လယ်ယာ အနား နှင့်၊ ဉာဏ် မ ရှိ သောသူ ၏ စပျစ် ဥယျာဉ်အနား မှာ ငါရှောက်သွား စဉ်၊
၃၀ပျင်းရိသောသူ၏ လယ်ယာအနားနှင့်၊ ဥာဏ်မရှိ သောသူ၏ စပျစ်ဥယျာဉ်အနားမှာ ငါရှောက်သွားစဉ်၊
31 ၃၁ ဆူးပင် များပြား ၍၊ မြေတပြင်လုံး ၌ ဆူးလေ ပင် အနှံ့အပြားလွှမ်းမိုး လျက် ၊ ကျောက် ရိုး ပြို လျက်ရှိသည်ကို၊
၃၁ဆူးပင်များပြား၍၊ မြေတပြင်လုံး၌ ဆူးလေပင် အနှံ့အပြား လွှမ်းမိုးလျက်၊ ကျောက်ရိုးပြိုလျက်ရှိသည်ကို၊
32 ၃၂ ငါ မြင် ၍ စေ့စေ့ဆင်ခြင် ၏။ ကြည့်ရှု ၍ သွန်သင် ခြင်းကို ခံရ၏။
၃၂ငါမြင်၍ စေ့စေ့ဆင်ခြင်၏။ ကြည့်ရှု၍ သွန်သင် ခြင်းကို ခံရ၏။
33 ၃၃ ခဏ အိပ် လျက်၊ ခဏ ပျော် လျက်၊ အိပ်ပျော် ခြင်းငှါ ၊ ခဏ လက်ချင်း ပိုက် လျက်နေစဉ်တွင်၊
၃၃ခဏအိပ်လျက်၊ ခဏပျော်လျက်၊ အိပ်ပျော်ခြင်း ငှါ၊ ခဏ လက်ချင်းပိုက်လျက်နေစဉ်တွင်၊
34 ၃၄ ဆင်းရဲ ခြင်းသည် ခရီးသွား သောသူကဲ့သို့၎င်း၊ ဥစ္စာ ပြုန်းတီးခြင်းသည် သူရဲ ကဲ့သို့ ၎င်း ရောက် လာလိမ့်မည်။
၃၄ဆင်းရဲခြင်းသည် ခရီးသွားသောသူကဲ့သို့၎င်း၊ ဥစ္စာပြုန်းတီးခြင်းသည် သူရဲကဲ့သို့၎င်း ရောက်လာလိမ့် မည်။