< သုတ္တံကျမ်း 11 >

1 မ မှန်သောချိန်ခွင် သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန် သောအလေး မူကား ၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
မမှန်သောချိန်ခွင်သည် ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူဘွယ်၊ မှန်သောအလေးမူကား၊ နှစ်သက် တော်မူဘွယ်ဖြစ်၏။
2 မာန ထောင်လွှား သောအခါ အရှက် ကွဲခြင်း ဖြစ် တတ်၏။ စိတ် နှိမ့်ချသောသူတို့၌ ကား ပညာ ရှိ၏။
မာနထောင်လွှားသောအခါ အရှက်ကွဲခြင်း ဖြစ်တတ်၏။ စိတ်နှိမ့်ချသောသူတို့၌ကား ပညာရှိ၏။
3 ဖြောင့် သောသဘောသည် ဖြောင့်မတ် သောသူတို့ ကိုပဲ့ပြင် တတ်၏။ ကောက် သောသဘောမူကား ၊ လွန်ကျူး သောသူတို့ကို ဖျက်ဆီး တတ်၏။
ဖြောင့်သောသဘောသည် ဖြောင့်မတ်သော သူတို့ကိုပဲ့ပြင်တတ်၏။ ကောက်သောသဘောမူကား၊ လွန်ကျူးသောသူတို့ကို ဖျက်ဆီးတတ်၏။
4 အမျက် ဒေါသထွက်သောကာလ ၌ စည်းစိမ် ဥစ္စာသည် အကျိုး မ ပေးနိုင်။ ဖြောင့်မတ် ခြင်းပါရမီမူကား ၊ သေ ခြင်းမှ ကယ်တင် တတ်၏။
အမျက်ဒေါသထွက်သောကာလ၌ စည်းစိမ် ဥစ္စာသည် အကျိုးမပေးနိုင်။ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှကယ်တင်တတ်၏။
5 ဖြောင့်မတ် ခြင်း ပါရမီသည်စုံလင် သောသူတို့ကို ပဲ့ပြင် တတ်၏။ မ တရားသောသူမူကား ၊ မိမိ မ တရားသော အမှုအားဖြင့် ဆုံးရှုံး တတ်၏။
ဖြောင့်မတ်ခြင်း ပါရမီသည်စုံလင်သောသူတို့ကို ပဲ့ပြင်တတ်၏။ မတရားသောသူမူကား၊ မိမိမတရားသော အမှုအားဖြင့် ဆုံးရှုံးတတ်၏။
6 ဖြောင့်မတ် သောသူတို့ ၏ဖြောင့်မတ် သော သဘောသည် သူ တို့ကိုကယ်တင် တတ်၏။ လွန်ကျူး သောသူတို့ မူကား ၊ မိမိတို့အဓမ္မ ၌ ကျော့မိ တတ်ကြ၏။
ဖြောင့်မတ်သော သူတို့၏ဖြောင့်မတ်သော သဘောသည် သူတို့ကိုကယ်တင်တတ်၏။ လွန်ကျူးသော သူတို့မူကား၊ မိမိတို့အဓမ္မ၌ ကျော့မိတတ်ကြ၏။
7 ဆိုး သောသူ သည် သေ သောအခါ မြော်လင့် ခြင်း ပျက် တတ်၏။ မတရားသောသူ၏တောင့်တ ခြင်းလည်း ပျက် တတ်၏။
ဆိုးသောသူသည် သေသောအခါ မြော်လင့်ခြင်း ပျက်တတ်၏။ မတရားသောသူ၏တောင့်တခြင်းလည်း ပျက်တတ်၏။
8 ဖြောင့်မတ် သောသူသည် ဒုက္ခ ထဲက ထွက်မြောက် ၍ ၊ သူ့ ကိုယ်စား မ တရားသောသူခံရ ၏။
ဖြောင့်မတ်သောသူသည် ဒုက္ခထဲက ထွက် မြောက်၍၊ သူ့ကိုယ်စား မတရားသောသူခံရ၏။
9 အဓမ္မ လူသည် မိမိနှုတ် ဖြင့် မိမိ အိမ်နီးချင်း ကို ဖျက် တတ်၏။ တရား သောသူမူကား ၊ ပညာ အတတ် အားဖြင့် အမှု လွတ်တတ်၏။
အဓမ္မလူသည် မိမိနှုတ်ဖြင့် မိမိအိမ်နီးချင်းကို ဖျက်တတ်၏။ တရားသောသူမူကား၊ ပညာအတတ် အားဖြင့် အမှုလွတ်တတ်၏။
10 ၁၀ တရား သောသူသည် ကောင်းစား သောအခါ တမြို့ လုံးဝမ်းမြောက် ခြင်း ရှိ၏။ မ တရားသောသူသည် ဆုံးရှုံး သောအခါ မူကား ၊ ကြွေးကြော် ခြင်းရှိ၏။
၁၀တရားသောသူသည် ကောင်းစားသောအခါ တမြို့လုံး ဝမ်းမြောက်ခြင်း ရှိ၏။ မတရားသောသူသည် ဆုံးရှုံးသောအခါမူကား၊ ကြွေးကြော်ခြင်းရှိ၏။
11 ၁၁ တရား သောသူသည် ကောင်းကြီး ပေးသော အားဖြင့် သူ၏နေရာမြို့ သည် ချီးမြှောက် ခြင်းသို့၎င်း၊ မ တရားသောသူ ၏နှုတ် ဖြင့် ဖြိုဖျက် ခြင်းသို့၎င်း ရောက် တတ်၏။
၁၁တရားသောသူသည် ကောင်းကြီးပေးသော အားဖြင့် သူ၏နေရာမြို့သည် ချီးမြှောက်ခြင်းသို့၎င်း၊ မတရားသော သူ၏နှုတ်ဖြင့် ဖြိုဖျက်ခြင်းသို့၎င်း ရောက် တတ်၏။
12 ၁၂ ပညာမဲ့ သောသူသည် မိမိ အိမ်နီးချင်း ကို မထီမဲ့မြင် ပြုတတ်၏။ ဉာဏ် ကောင်းသောသူ မူကား ၊ တိတ်ဆိတ် စွာ နေတတ်၏။
၁၂ပညာမဲ့သောသူသည် မိမိအိမ်နီးချင်းကို မထီမဲ့မြင်ပြုတတ်၏။ ဥာဏ်ကောင်းသောသူမူကား၊ တိတ်ဆိတ်စွာ နေတတ်၏။
13 ၁၃ လည် ၍စကားများစွာပြောတတ်သောသူသည် လျှို့ဝှက် အပ်သောအရာကို ဘော်ပြ တတ်၏။ သစ္စာ စောင့်သောသူမူကား ၊ ဝှက်ထား တတ်၏။
၁၃လည်၍စကားများစွာ ပြောတတ်သောသူသည် လျှို့ဝှက်အပ်သောအရာကို ဘော်ပြတတ်၏။ သစ္စာစောင့် သောသူမူကာ၊ ဝှက်ထားတတ်၏။
14 ၁၄ အကြံ ပေးနိုင်သော ဉာဏ်မ ရှိလျှင် ပြည်သား တို့ သည် ရှုံး တတ်၏။ အကြံ ပေးနိုင်သောသူ အများ ရှိလျှင် မူကား ၊ ဘေး လွတ်တတ်၏။
၁၄အကြံပေးနိုင်သော ဥာဏ်မရှိလျှင် ပြည်သားတို့ သည် ရှုံးတတ်၏။ အကြံပေးနိုင်သောသူ အများရှိလျှင် မူကား၊ ဘေးလွတ်တတ်၏။
15 ၁၅ အကျွမ်း မဝင်သောသူ၏ အမှု၌အာမခံ သောသူသည် အလွန် နာလိမ့်မည်။ လက်ဝါးချင်းရိုက် သော အမှုကိုမုန်း သောသူမူကား ၊ စိုးရိမ် စရာမရှိ။
၁၅အကျွမ်းမဝင်သောသူ၏ အမှု၌အာမခံသော သူသည် အလွန်နာလိမ့်မည်။ လက်ဝါးချင်းရိုက်သော အမှု ကို မုန်းသောသူမူကား၊ စိုးရိမ်စရာမရှိ။
16 ၁၆ နှစ်သက် ဘွယ်သောမိန်းမ သည် ဂုဏ် အသရေကို၎င်း ၊ ခွန်အား ကြီးသော ယောက်ျားသည် စည်းစိမ် ကို၎င်း ရ တတ်၏။
၁၆နှစ်သက်ဘွယ်သောမိန်းမသည် ဂုဏ်အသရေ ကို၎င်း၊ ခွန်အားကြီးသော ယောက်ျားသည် စည်းစိမ်ကို ၎င်း ရတတ်၏။
17 ၁၇ သနား တတ်သောသူ သည် မိမိ ကိုယ် ၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ် သောသူမူကား ၊ မိမိ ကိုယ် ကိုပင် နှောင့်ရှက် တတ်၏။
၁၇သနားတတ်သောသူသည် မိမိကိုယ်၌ ကျေးဇူး ပြုတတ်၏။ ကြမ်းကြုတ်သောသူမူကား၊ မိမိကိုယ်ကိုပင် နှောင့်ရှက်တတ်၏။
18 ၁၈ မ တရားသောသူပြု သော အမှု သည် အမြဲ မတည်တတ်။ ဖြောင့်မတ် ခြင်းတရားမျိုးစေ့ကို ကြဲ သော သူမူကား ၊ မြဲမြံ သော အကျိုး ကိုခံရလိမ့်မည်။
၁၈မတရားသောသူပြုသော အမှုသည် အမြဲ မတည်တတ်။ ဖြောင့်မတ်ခြင်းတရားမျိုးစေ့ကို ကြဲသော သူမူကား၊ မြဲမြံသော အကျိုးကိုခံရလိမ့်မည်။
19 ၁၉ ဖြောင့်မတ် ခြင်း တရား သည် အသက်ရှင် ခြင်းနှင့် ဆိုင်သကဲ့သို့ ၊ ဒုစရိုက် ကိုလိုက် ရှာသောသူ သည်လည်း ၊ မိမိ သေ ခြင်းတိုင်အောင် လိုက်ရှာတတ်၏။
၁၉ဖြောင့်မတ်ခြင်းတရားသည် အသက်ရှင်ခြင်းနှင့် ဆိုင်သကဲ့သို့၊ ဒုစရိုက်ကိုလိုက်ရှာသောသူသည်လည်း၊ မိမိသေခြင်းတိုင်အောင် လိုက်ရှာတတ်၏။
20 ၂၀ သဘော ကောက် သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ် ရွံရှာတော်မူ၏။ ဖြောင့် သောလမ်းသို့ လိုက်သောသူတို့ ကိုကား ၊ နှစ်သက် တော်မူ၏။
၂၀သဘောကောက်သောသူတို့ကို ထာဝရဘုရား သည် စက်ဆုပ်ရွံရှာတော်မူ၏။ ဖြောင့်သောလမ်းသို့ လိုက်သော သူတို့ကိုကား၊ နှစ်သက်တော်မူ၏။
21 ၂၁ လူဆိုး တို့သည် အသင်း ဖွဲ့သော်လည်း၊ အပြစ် ဒဏ် နှင့်မ လွတ်ရကြ။ ဖြောင့်မတ် သောသူတို့၏ အမျိုးအနွှယ် မူကား လွတ် ရ၏။
၂၁လူဆိုးတို့သည် အသင်းဖွဲ့သော်လည်း၊ အပြစ် ဒဏ်နှင့်မလွတ်ရကြ။ ဖြောင့်မတ်သောသူတို့၏ အမျိုး အနွှယ်မူကား လွတ်ရ၏။
22 ၂၂ သမ္မာ သတိမရှိ၊ အဆင်း လှသော မိန်းမ သည် ဝက်မ နှာခေါင်း ဖျား၌ တပ်သော ရွှေ တန်ဆာ နှင့်တူ၏။
၂၂သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌တပ်သော ရွှေတန်ဆာနှင့်တူ၏။
23 ၂၃ ဖြောင့်မတ် သောသူသည် မြတ် သောအရာကို သာ တောင့်တ တတ်၏။ မ တရားသောသူမြော်လင့် သော အရာမူကား၊ ဒေါသ အမျက်နှင့် ဆိုင်သတည်း။
၂၃ဖြောင့်မတ်သောသူသည် မြတ်သောအရာကို သာတောင့်တတတ်၏။ မတရားသောသူမြော်လင့်သော အရာမူကား၊ ဒေါသအမျက်နှင့် ဆိုင်သတည်း။
24 ၂၄ စွန့်ကြဲ သော်လည်း ဥစ္စာ တိုးပွါးတတ်သော သူရှိ ၏။ အထောက် မတန်စုသိမ်း ၍ ဆင်းရဲ ခြင်းသို့ ရောက်တတ်သော သူလည်း ရှိ၏။
၂၄စွန့်ကြဲသော်လည်း ဥစ္စာတိုးပွါး တတ်သော သူရှိ၏။ အထောက်မတန်စုသိမ်း၍ ဆင်းရဲခြင်းသို့ ရောက်တတ်သော သူလည်းရှိ၏။
25 ၂၅ စွန့်ကြဲ တတ်သောသူသည် ကြွယ်ဝ လိမ့်မည်။ သူတပါးကို ရေ လောင်းသောသူသည် ကိုယ်တိုင် ရေ လောင်းခြင်း အကျိုး ကိုခံရလိမ့်မည်။
၂၅စွန့်ကြဲတတ်သောသူသည် ကြွယ်ဝလိမ့်မည်။ သူတပါးကို ရေလောင်းသော သူသည် ကိုယ်တိုင် ရေလောင်းခြင်း အကျိုး ကို ခံရလိမ့်မည်။
26 ၂၆ စပါး ကိုသိုထား သောသူသည် လူ များကျိန်ဆဲ ခြင်း ကိုခံရလိမ့်မည်။ ရောင်း ချသောသူ၏ခေါင်း ၌ မူကား ၊ ကောင်းကြီး မင်္ဂလာရှိလိမ့်မည်။
၂၆စပါးကိုသိုထားသော သူသည် လူများကျိန်ဆဲ ခြင်းကို ခံရလိမ့်မည်။ ရောင်းချသောသူ၏ခေါင်း၌မူကား၊ ကောင်းကြီးမင်္ဂလာရှိလိမ့်မည်။
27 ၂၇ ကောင်း သောအရာကိုကြိုးစား၍ ရှာ သောသူသည် ကျေးဇူး ကိုခံရ လိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါရှာ ကြံသောသူမူကား ၊ ကိုယ် အကျိုးပျက်ခြင်းရှိ လိမ့်မည်။
၂၇ကောင်းသောအရာကိုကြိုးစား၍ ရှာသော သူသည် ကျေးဇူးကို ခံရလိမ့်မည်။ သူ့အကျိုးကိုဖျက်ခြင်းငှါ ရှာကြံသောသူမူကား၊ ကိုယ်အကျိုးပျက်ခြင်းရှိလိမ့်မည်။
28 ၂၈ မိမိ စည်းစိမ် ကို ကိုးစား သောသူသည်ရှုံး လိမ့်မည်။ ဖြောင့်မတ် သော သူမူကား ၊ သစ်ခက် ကဲ့သို့ စိမ်းလန်း လိမ့်မည်။
၂၈မိမိစည်းစိမ်ကို ကိုးစားသောသူသည် ရှုံးလိမ့် မည်။ ဖြောင့်မတ်သော သူမူကား၊ သစ်ခက်ကဲ့သို့ စိမ်း လန်းလိမ့်မည်။
29 ၂၉ မိမိ အိမ် ကိုနှောင့်ရှက် သောသူသည် လေ ကို အမွေ ခံရလိမ့်မည်။ မိုက် သောသူသည်လည်း ၊ လိမ္မာ သော သူထံ ၌ ကျွန် ခံရလိမ့်မည်။
၂၉မိမိအိမ်ကိုနှောင့်ရှက်သော သူသည် လေကို အမွေခံရလိမ့်မည်။ မိုက်သောသူသည်လည်း၊ လိမ္မာသော သူထံ၌ ကျွန်ခံရလိမ့်မည်။
30 ၃၀ ဖြောင့်မတ် သောသူ သီးသော အသီး သည် အသက် ပင် အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ် ကို ရ သောသူသည်လည်း ပညာရှိ ဖြစ်၏။
၃၀ဖြောင့်မတ်သောသူ သီးသော အသီးသည် အသက်ပင်အသီးဖြစ်၏။ သူတပါးတို့၏ စိတ်ဝိညာဉ်ကို ရသောသူသည်လည်း ပညာရှိဖြစ်၏။
31 ၃၁ ဖြောင့်မတ် သောသူသော်လည်း မြေကြီး ပေါ် မှာ အပြစ်ဒဏ်ကို ခံရ ၏။ မ တရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား ၊ အဘယ် ဆိုဘွယ်ရာရှိသနည်း။
၃၁ဖြောင့်မတ်သောသူသော်လည်း မြေကြီးပေါ်မှာ အပြစ်ဒဏ်ကို ခံရ၏။ မတရားသောသူနှင့် အပြစ် ထင်ရှားသောသူကိုမူကား၊ အဘယ်ဆိုဘွယ်ရာ ရှိသနည်း။

< သုတ္တံကျမ်း 11 >