< တောလည်ရာ 35 >
1 ၁ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ ထာဝရဘုရား သည် မောရှေ ကို ခေါ်တော်မူ ၍၊
၁မောဘလွင်ပြင်၊ ယော်ဒန်မြစ်နား၊ ယေရိခေါမြို့ တဘက်၌ ထာဝရဘုရားသည် မောရှေကို ခေါ်တော် မူ၍၊
2 ၂ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သူတို့သည် အမွေခံ သောမြေ၌ လေဝိ သားတို့နေ စရာဘို့ မြို့ တို့ကို၎င်း၊ မြို့ပတ်လည် နယ် တို့ကို၎င်း၊ ပေး ရကြမည်။
၂သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိ သားတို့နေစရာဘို့ မြို့တို့ကို၎င်း၊ မြို့ပတ်လည်နယ် တို့ကို၎င်း၊ ပေးရကြမည်။
3 ၃ ထိုမြို့ တို့သည် လေဝိသားနေ စရာဘို့ ဖြစ်၍၊ မြို့ ပတ်လည်နယ် တို့၌ သိုး နွား အစရှိသော တိရစ္ဆာန် များနှင့် ဥစ္စာ များကို ထား ရမည်။
၃ထိုမြို့တို့သည် လေဝိသားနေစရာဘို့ဖြစ်၍၊ မြို့ ပတ်လည်နယ်တို့၌ သိုးနွား အစရှိသော တိရစ္ဆာန်များနှင့် ဥစ္စာများကို ထားရမည်။
4 ၄ လေဝိ သားတို့အား ပေး သော မြို့နယ် တို့ကို မြို့ ပြင် ပတ်လည် ၌ အတောင် တထောင် ကျယ်စေရမည်။
၄လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင် တထောင် ကျယ်စေရမည်။
5 ၅ မြို့ ပြင် ၊ အရှေ့ ၊ အနောက် ၊ တောင် ၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင် စီ တိုင်းထွာ ၍၊ ထို မြေ အလယ် ချက်၌ မြို့ တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ် ရသတည်း။
၅မြို့ပြင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် အရပ်လေးမျက်နှာ၌ နှစ်ထောင်စီ တိုင်းထွာ၍၊ ထိုမြေ အလယ်ချက်၌ မြို့တည်ရမည်။ ဤရွေ့ကား၊ မြို့နယ် အတိုင်း အရှည်ဖြစ်ရသတည်း။
6 ၆ လေဝိ သားတို့အား ပေး သော မြို့ တို့တွင်၊ လူကို သတ် သောသူသည် ပြေး ၍မှီခို ရာမြို့ ခြောက် မြို့တို့ကို ရွေးထားရမည်။ ထို မြို့မှတပါး အခြားသော မြို့ လေးဆယ် နှစ် မြို့တို့ကိုပေး ရမည်။
၆လေဝိသားတို့အား ပေးသောမြို့တို့တွင်၊ လူကို သတ်သောသူသည် ပြေး၍မှီခိုရာမြို့ ခြောက်မြို့တို့ကို ရွေးထားရမည်။ ထိုမြို့မှတပါး အခြားသော မြို့လေးဆယ် နှစ်မြို့တို့ကို ပေးရမည်။
7 ၇ ထိုသို့ လေဝိ သားတို့အား ပေး ရသော မြို့ ပေါင်း ကား၊ နယ် နှင့်တကွ လေးဆယ် ရှစ် မြို့ ဖြစ်သတည်း။
၇ထိုသို့ လေဝိသားတို့အား ပေးရသော မြို့ပေါင်း ကား၊ နယ်နှင့်တကွ လေးဆယ်ရှစ်မြို့ဖြစ်သတည်း။
8 ၈ ထို မြို့ တို့ကို ဣသရေလ အမျိုးသား ပိုင် သော မြေထဲက နှုတ်ရမည်။ များ သောမြေကို ရသောသူသည် များ သောမြို့၊ နည်း သောမြေကို ရသောသူသည်နည်း သောမြို့တို့ကိုပေး ရမည်။ လူအသီးသီး တို့သည် အမွေ ခံရသည်အတိုင်း ၊ မိမိ တို့မြို့ များထဲက နှုတ်၍ လေဝိ သားတို့အား ပေး ရမည်။
၈ထိုမြို့တို့ကို ဣသရေလအမျိုးသားပိုင်သော မြေထဲက နှုတ်ရမည်။ များသောမြေကို ရသောသူသည် များသောမြို့၊ နည်းသောမြေကို ရသောသူသည် နည်းသောမြို့တို့ကို ပေးရမည်။ လူအသီးသီးတို့သည် အမွေခံရသည်အတိုင်း၊ မိမိတို့မြို့များထဲက နှုတ်၍ လေဝိသားတို့အား ပေးရမည်။
9 ၉ တဖန် မောရှေ အား ထာဝရဘုရား က၊
၉တဖန်မောရှေအား ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
10 ၁၀ သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ သင် တို့သည် ယော်ဒန် မြစ်ကို ကူး ၍၊ ခါနာန် ပြည် သို့ ရောက်ကြသောအခါ၊
၁၀သင်တို့သည် ယော်ဒန်မြစ်ကို ကူး၍၊ ခါနာန် ပြည်သို့ ရောက်ကြသောအခါ၊
11 ၁၁ လူအသက် ကို အမှတ်တမဲ့ သတ် မိသောသူပြေး ၍ မှီခို ရာမြို့ တို့ကို ရွေး ထားရမည်။
၁၁လူအသက်ကို အမှတ်တမဲ့သတ်မိသောသူပြေး၍ မှိခိုရာမြို့တို့ကို ရွေးထားရမည်။
12 ၁၂ ထိုမြို့ တို့ကား၊ လူအသက်ကိုသတ် သောသူသည် ပရိသတ် ရှေ့သို့ ရောက် ၍၊ တရား စီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေ သောသူ၏လက်မှ လွတ် ၍ မှီခို ရာမြို့ ဖြစ် ရသတည်း။
၁၂ထိုမြို့တို့ကား၊ လူအသက်ကို သတ်သောသူသည် ပရိသတ်ရှေ့သို့ ရောက်၍၊ တရားစီရင်ခြင်းကို မခံမှီ တိုင်အောင်၊ သေစားသေစေသောသူ၏လက်မှ လွတ်၍ မှီခိုရာမြို့ ဖြစ်ရသတည်း။
13 ၁၃ လေဝိသားတို့အားပေး သော မြို့ တို့တွင် ယော်ဒန် မြစ်အရှေ့ ဘက်၌ မှီခိုရာမြို့ သုံး မြို့၊
၁၃လေဝိသားတို့အား ပေးသောမြို့တို့တွင် ယော်ဒန် မြစ်အရှေ့ဘက်၌ မှီခိုရာမြို့သုံးမြို့၊
14 ၁၄ ခါနာန် ပြည် ၌ မှီခို ရာမြို့ သုံး မြို့၊ ပေါင်းခြောက် မြို့ တို့ကို ရွေးထားရမည်။
၁၄ခါနာန်ပြည်၌ မှီခိုရာမြို့သုံးမြို့၊ ပေါင်းခြောက်မြို့ တို့ကို ရွေးထားရမည်။
15 ၁၅ ထို မြို့ ခြောက် မြို့တို့ကား၊ လူအသက် ကို အမှတ်တမဲ့ သတ် မိသော ဣသရေလ အမျိုးသား ၊ သင်တို့တွင် တည်းခို သော တပါး သော အမျိုးသားတို့သည် ပြေး ၍ မှီခို ရာမြို့ ဖြစ် သတည်း။
၁၅ထိုမြို့ခြောက်မြို့တို့ကား၊ လူအသက်ကို အမှတ် တမဲ့ သတ်မိသော ဣသရေလအမျိုးသား၊ သင်တို့တွင် တည်းခိုသော တပါးသော အမျိုးသားတို့သည် ပြေး၍ မှီခိုရာမြို့ ဖြစ်သတည်း။
16 ၁၆ သို့ရာတွင် လူအသက်ကို သေ စေခြင်းငှါ ၊ သံ လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ လူသတ် သည် အသေ သတ်ခြင်းကို အမှန်ခံရမည်။
၁၆သို့ရာတွင် လူအသက်ကို သေစေခြင်းငှါ၊ သံ လက်နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ လူသတ်သည် အသေသတ်ခြင်းကို အမှန်ခံရမည်။
17 ၁၇ လူအသက်ကို သေ စေခြင်းငှာ ကျောက်ခဲ နှင့် ပစ် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
၁၇လူအသက်ကို သေစေခြင်းငှာ ကျောက်ခဲနှင့် ပစ်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံ ရမည်။
18 ၁၈ လူအသက်ကို သေ စေခြင်းငှာ သစ်သား လက်နက် နှင့် ရိုက် လျှင် လူသတ် ဖြစ်၏။ အသေ သတ်ခြင်းကို အမှန်ခံရမည်။
၁၈လူအသက်ကို သေစေခြင်းငှာ သစ်သားလက် နက်နှင့် ရိုက်လျှင် လူသတ်ဖြစ်၏။ အသေသတ်ခြင်းကို အမှန်ခံရမည်။
19 ၁၉ သေစားသေစေ သောသူသည် လူသတ် ကို တွေ့ သောအခါ ၊ ကိုယ်တိုင် သတ် ရမည်။
၁၉သေစားသေစေသောသူသည် လူသတ်ကို တွေ့သောအခါ၊ ကိုယ်တိုင်သတ်ရမည်။
20 ၂၀ သူတပါးကို အငြိုးထား ၍ တွန်းချ သော်၎င်း ၊ သေ စေခြင်းငှါ ချောင်းမြောင်း ၍ တစုံတခုနှင့် ပစ် သော်၎င်း၊
၂၀သူတပါးကို အငြိုးထား၍ တွန်းချသော်၎င်း၊ သေစေခြင်းငှါ ချောင်းမြောင်း၍ တစုံတခုနှင့် ပစ်သော်၎င်း၊
21 ၂၁ သေ စေခြင်းငှါ မုန်း သောစိတ်ရှိ၍ လက် နှင့် ရိုက် သော်၎င်း ၊ ထိုသို့ပြုသောသူသည် လူသတ် ဖြစ်သောကြောင့်၊ အသေ သတ်ခြင်းကို အမှန်ခံရမည်။ သေစားသေစေ သောသူသည် တွေ့ သောအခါ သတ် ရမည်။
၂၁သေစေခြင်းငှါ မုန်းသောစိတ်ရှိ၍ လက်နှင့်ရိုက် သော်၎င်း၊ ထိုသို့ပြုသောသူသည် လူသတ်ဖြစ်သော ကြောင့်၊ အသေသတ်ခြင်းကို အမှန်ခံရမည်။ သေစားသေ စေသောသူသည် တွေ့သောအခါ သတ်ရမည်။
22 ၂၂ သို့မဟုတ် မုန်း သောစိတ်မ ရှိဘဲ အမှတ်တမဲ့ တွန်းချ သော်၎င်း ၊ မ ချောင်းမြောင်း ဘဲ တစုံတခု နှင့် ပစ် မိ သော်၎င်း၊
၂၂သို့မဟုတ် မုန်းသောစိတ်မရှိဘဲ အမှတ်တမဲ့ တွန်းချသော်၎င်း၊ မချောင်းမြောင်းဘဲ တစုံတခုနှင့် ပစ်မိ သော်၎င်း၊
23 ၂၃ သူ ၏ရန်သူ မ ဟုတ်၊ မုန်း သောစိတ်မ ရှိ၊ သူ့ကို မ မြင် ဘဲလျက် သေ အောင် ကျောက်ခဲ နှင့် ပစ်မိသော်၎င်း၊
၂၃သူ၏ရန်သူမဟုတ်၊ မုန်းသောစိတ်မရှိ၊ သူ့ကို မမြင်ဘဲလျက် သေအောင် ကျောက်ခဲနှင့် ပစ်မိသော်၎င်း၊
24 ၂၄ ယခုစီရင် ထုံးဖွဲ့သည်အတိုင်း ၊ ပရိသတ် တို့သည် သတ် သောသူနှင့် သေစားသေစေ သောသူ စပ်ကြား ၌ တရား စီရင်၍၊
၂၄ယခုစီရင်ထုံးဖွဲ့သည်အတိုင်း၊ ပရိသတ်တို့သည် သတ်သောသူနှင့် သေစားသေစေသောသူ စပ်ကြား၌ တရားစီရင်၍၊
25 ၂၅ သတ် သောသူကို သေစားသေစေ သောသူ၏ လက် မှ နှုတ် သဖြင့် ၊ အထက်ကပြေး ၍ မှီခို သောမြို့ သို့ ပြန် ပို့ရမည်။ ဓမ္မ ဆီ လောင်း ခြင်းကို ခံရသောယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်ထိုမြို့ ၌ နေ ရမည်။
၂၅သတ်သောသူကို သေစားသေစေသောသူ၏ လက်မှ နှုတ်သဖြင့်၊ အထက်ကပြေး၍ မှီခိုသောမြို့သို့ ပြန်ပို့ရမည်။ ဒမ္မဆီလောင်းခြင်းကို ခံရသော ယဇ်ပုရော ဟိတ်မင်း မသေမှီတိုင်အောင် ထိုမြို့၌ နေရမည်။
26 ၂၆ လူအသက်ကိုသတ် မိသောသူသည် ပြေး ၍ မှီခို သောမြို့ နယ် ပြင်သို့ ထွက် သော် ၊
၂၆လူအသက်ကို သတ်မိသောသူသည် ပြေး၍ မှီခိုသောမြို့နယ်ပြင်သို့ ထွက်သော်၊
27 ၂၇ သေစားသေစေ သောသူသည် မြို့ နယ် ပြင် မှာ ထိုသူ ကို တွေ့ ၍ သတ် လျှင်၊ လူအသက်ကိုသတ် သောအပြစ် မ ရှိ။
၂၇သေစားသေစေသော သူသည် မြို့နယ်ပြင်မှာ ထိုသူကို တွေ့၍ သတ်လျှင်၊ လူအသက်ကို သတ်သောအပြစ်မရှိ။
28 ၂၈ အကြောင်းမူကား ၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မ သေ မှီတိုင်အောင်၊ မိမိ မှီခို သော မြို့ ထဲမှာ နေ ရ မည်။ ယဇ်ပုရောဟိတ် မင်း သေ သောနောက်မှ ၊ ထိုသူသည် မိမိ ပိုင် သောမြေ သို့ ပြန် ရသောအခွင့်ရှိ၏။
၂၈အကြောင်းမူကား၊ ထိုသူသည် ယဇ်ပုရောဟိတ် မင်း မသေမှီတိုင်အောင်၊ မိမိမှီခိုသော မြို့ထဲမှာ နေရ မည်။ ယဇ်ပုရောဟိတ်မင်း သေသောနောက်မှ၊ ထိုသူ သည် မိမိပိုင်သောမြေသို့ ပြန်ရသောအခွင့်ရှိ၏။
29 ၂၉ ဤရွေ့ကား ၊ သင် တို့သည် နေ လေရာရာ ၌ သားမြေး အစဉ်အဆက်စောင့်ရသောစီရင် ထုံးဖွဲ့ချက် ဖြစ် သတည်း။
၂၉ဤရွေ့ကား၊ သင်တို့သည် နေလေရာရာ၌ သားမြေးအစဉ်အဆက် စောင့်ရသော စီရင်ထုံးဖွဲ့ချက် ဖြစ်သတည်း။
30 ၃၀ လူအသက် ကိုသတ် ၍ လူသတ် ဖြစ်သောသူ မည်သည်ကား၊ သက်သေခံ ချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်း သာရှိလျှင် မ သတ် ရ။
၃၀လူအသက်ကို သတ်၍ လူသတ်ဖြစ်သောသူ မည်သည်ကား၊ သက်သေခံချက် ရှိသည်အတိုင်း အသေ သတ်ခြင်းကို အမှန်ခံရမည်။ သို့ရာတွင် သက်သေ တယောက်တည်းသာရှိလျှင် မသတ်ရ။
31 ၃၁ အသေခံထိုက်သော လူသတ် ၏ အသက် ဘိုးငွေ ကို မ ခံ မယူရ။ သူသည် အသေ သတ်ခြင်းကို အမှန် ခံရမည်။
၃၁အသေခံထိုက်သော လူသတ်၏ အသက်ဘိုးငွေ ကို မခံမယူရ။ သူသည် အသေသတ်ခြင်းကို အမှန် ခံရမည်။
32 ၃၂ မှီခို ရာမြို့ သို့ ပြေး သောသူသည်၊ ယဇ်ပုရောဟိတ် မင်း မ သေ မှီ၊ မိမိနေရင်းအရပ် သို့ ပြန် ၍ နေ မည် အကြောင်း၊ အရွေး ငွေကို မ ခံ မယူရ။
၃၂မှီခိုရာမြို့သို့ ပြေးသောသူသည်၊ ယဇ်ပုရော ဟိတ်မင်း မသေမှီ၊ မိမိနေရင်းအရပ်သို့ ပြန်၍ နေမည် အကြောင်း၊ အရွေးငွေကို မခံမယူရ။
33 ၃၃ ထိုသို့ သင် တို့နေသောပြည် ကို မ ညစ်ညူး စေရ။ လူအသွေး သည်ပြည် ကိုညစ်ညူး စေတတ်၏။ လူအသွေးကို သွန်း သောသူ၏အသွေး အားဖြင့် သာ ထိုညစ်ညူးခြင်းကို စင်ကြယ် စေနိုင်၏။
၃၃ထိုသို့ သင်တို့နေသောပြည်ကို ညစ်ညူးစေတတ်၏။ လူအသွေးကို သွန်းသောသူ၏ အသွေးအားဖြင့်သာ ထိုညစ်ညူးခြင်းကို စင်ကြယ်စေနိုင်၏။
34 ၃၄ ငါ ကျိန်းဝပ် ၍ သင် တို့နေ သောပြည် ကို မ ညစ်ညူး စေရ။ ငါ ထာဝရဘုရား သည် ဣသရေလ အမျိုးသား တို့တွင် ကျိန်းဝပ် သည်ဟု မိန့်တော်မူ၏။
၃၄ငါကျိန်းဝပ်၍ သင်တို့နေသောပြည်ကို မညစ် ညူးစေရ။ ငါထာဝရဘုရားသည် ဣသရေလအမျိုးသား တို့တွင် ကျိန်းဝပ်သည်ဟု မိန့်တော်မူ၏။