< တောလည်ရာ 22 >
1 ၁ တဖန် ဣသရေလ အမျိုးသား တို့သည် ခရီးသွား ၍ မောဘ လွင်ပြင် ၊ ယော်ဒန် မြစ်နား ၊ ယေရိခေါ မြို့ တဘက် ၌ တဲ ဆောက်ကြ၏။
And they went forward and encamped in the plains of Moab, over against where Jericho is situate beyond the Jordan.
2 ၂ အာမောရိ အမျိုးသားတို့၌ ပြု ကြသော အမှုအလုံးစုံ ကို၊ ဇိဖေါ် သား ဗာလက် မင်းသိမြင် လျှင် ၊
And Balac the son of Sephor, seeing all that Israel had done to the Amorrhite,
3 ၃ ဣသရေလ အမျိုးသား တို့သည် များပြား သောကြောင့် ၊ မောဘ ပြည်သားတို့သည် အလွန် ကြောက်ရွံ့ ကြ၍ ၊
And that the Moabites were in great fear of him, and were not able to sustain his assault,
4 ၄ နွား သည် မြက်ပင် ကို လှမ်း ၍ စားသကဲ့သို့ ဤအလုံးအရင်း သည် ငါ တို့ပတ်လည် ၌ ရှိသမျှ ကို လှမ်း ၍ စားလိမ့်မည်ဟု ပူပန်သောစိတ်ရှိလျက်၊ မိဒျန် ပြည်သားအသက်ကြီး သူတို့အား ဆို ကြ၏။ ထို အခါ ဇိဖေါ် သား ဗာလက် သည်၊ မောဘ ရှင်ဘုရင် ဖြစ်သည်နှင့်၊
He said to the elders of Madian: So will this people destroy all that dwell in our borders, as the ox is wont to eat the grass to the very roots. Now he was at that time king in Moab.
5 ၅ အမ္မုန်ပြည်၌ စီးသောမြစ် ၏အနား မှာရှိသော ပေသော် မြို့နေ ဗောရ သား ဗာလမ် ကို ခေါ်ပင့် ခြင်းငှါ ၊ သံတမန် တို့ကို စေလွှတ် ၍၊ အဲဂုတ္တု ပြည်မှ ရောက်လာ သော လူ တမျိုးသည် မြေ မျက်နှာ ကို ဖုံးလွှမ်း လျက် ငါ့ အနား ၌ နေရာ ချကြပြီ။
He sent therefore messengers to Balaam the son of Beer, a soothsayer, who dwelt by the river of the land of the children of Ammon, to call him, and to say: Behold a people is come out of Egypt, that hath covered the face of the earth, sitting over against me.
6 ၆ သို့ဖြစ်၍ ၊ ကြွလာ ပါ။ ဤ လူမျိုး သည် ငါ့ ထက် အားကြီး သောကြောင့် သူတို့ကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင် သူ တို့ကို ငါတိုက် ၍ ငါ့ပြည် မှ နှင်ထုတ် နိုင် ကောင်း နှင်ထုတ်နိုင်လိမ့်မည်။ ကိုယ်တော်ကောင်းကြီး ပေးသောသူ သည် ကောင်းကြီး မင်္ဂလာခံရသည်ကို၎င်း ၊ ကိုယ်တော်ကျိန်ဆဲ သောသူ သည် ကျိန်ဆဲ အပ်သောသူဖြစ်သည်ကို၎င်းငါသိ သည်ဟု မှာလိုက်လေ၏။
Come therefore, and curse this people, because it is mightier than I: if by any means I may beat them and drive them out of my land: for I know that he whom thou shalt bless is blessed, and he whom thou shalt curse is cursed.
7 ၇ မောဘ ပြည်သားအသက်ကြီး သူတို့နှင့် မိဒျန် ပြည်သားအသက်ကြီး သူတို့သည် ပြုစား ခြင်းလက်ဆောင်ပါလျက်သွား ၍ ၊ ဗာလမ် ထံသို့ ရောက် သောအခါ ၊ ဗာလက် မင်းစကား ကို ကြားလျှောက် လေ၏။
And the ancients of Moab, and the elders of Madian, went with the price of divination in their hands. And when they were come to Balaam, and had told him all the words of Balac:
8 ၈ ဗာလမ်က၊ ယနေ့ည မှာ ဤ အရပ်၌နေ ကြပါဦး။ ထာဝရဘုရား မိန့် တော်မူသည်အတိုင်း ငါပြန် ပြောမည်ဟု ဆို လျှင် ၊ မောဘ အရာရှိ တို့သည် ဗာလမ် ထံမှာ နေ ကြ၏။
He answered: Tarry here this night, and I will answer whatsoever the Lord shall say to me. And while they stayed with Balaam, God came and said to him:
9 ၉ ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍ ၊ သင် ၌ ရှိသောဤ လူ တို့သည် အဘယ်သူ နည်းဟုမေး တော်မူလျှင်၊
What mean these men that are with thee?
10 ၁၀ ဗာလမ် က၊ မောဘ ရှင်ဘုရင် ဇိဖေါ် သား ဗာလက် သည် အကျွန်ုပ် ဆီသို့ လူကို စေလွှတ် ၍၊
He answered: Balac the son of Sephor king of the Moabites hath sent to me,
11 ၁၁ အဲဂုတ္တု ပြည်မှ ရောက်လာ သောလူ အများ သည်၊ မြေ မျက်နှာ ကို ဖုံးလွှမ်း လျက်နေကြပြီ။ သို့ဖြစ်၍ကြွလာ ပါ။ ဤလူမျိုးကို ငါ့ အဘို့ ကျိန်ဆဲ ပါ။ သို့ပြုလျှင်၊ သူ တို့ကို ငါတိုက် ၍ နှင်ထုတ် နိုင် ကောင်းနှင်ထုတ်နိုင်လိမ့်မည် ဟု ခေါ်ပင့်ကြောင်းကို၊ ဘုရားသခင် အား လျှောက်ဆို ၏။
Saying: Behold a people that is come out of Egypt, hath covered the face of the land: come and curse them, if by any means I may fight with them and drive them away.
12 ၁၂ ဘုရားသခင် ကလည်း၊ သင်သည် ဤလူ တို့နှင့်အတူ မ လိုက် မသွားရ။ ထိုလူမျိုး ကို မ ကျိန်ဆဲ ရ။ ကောင်းကြီး မင်္ဂလာကို ခံရသောလူမျိုးဖြစ်သည်ဟု ဗာလမ် အား မိန့် တော်မူ၏။
And God said to Balaam: Thou shalt not go with them, nor shalt thou curse the people: because it is blessed.
13 ၁၃ နံနက် ရောက်မှ၊ ဗာလမ် သည် ထ ၍ သင်တို့သည် ကိုယ် ပြည် သို့ ပြန်သွား ကြပါလော့။ သင် တို့နှင့်အတူ ငါလိုက်ရသောအခွင့် ကို ထာဝရဘုရား ပေးတော်မ မူဟု ဗာလက် မင်းစေလွှတ်သော အရာရှိ တို့အား ပြန်ပြော လေ၏။
And he rose in the morning and said to the princes: Go into your country, because the Lord hath forbid me to come with you.
14 ၁၄ ထိုအခါ မောဘ ပြည်အရာရှိ တို့သည် ဗာလက် မင်းထံသို့ ပြန် သွား၍ ၊ ဗာလမ် သည် ကျွန်တော် တို့နှင့်အတူ မ လိုက် လိုပါဟု လျှောက် ကြ၏။
The princes returning, said to Balac: Balaam would not come with us.
15 ၁၅ တဖန် ဗာလက် မင်းသည်၊ အရင်ထက် အရေအတွက်အားဖြင့်များ ၍ အရာအားဖြင့် ဘုန်းကြီး သော မှူးမတ် တို့ကို စေလွှတ် ပြန် သည်အတိုင်း၊
Then he sent many more and more noble than he had sent before:
16 ၁၆ သူတို့သည် ဗာလမ် ထံသို့ ရောက်လာ ၍ ဇိဖေါ် သား ဗာလက် မင်းက၊ ကိုယ်တော်သည် ငါ့ ထံသို့ မလာ မည် အကြောင်းအဘယ်အဆီးအတား မျှ မရှိပါစေနှင့်။
Who, when they were come to Balaam, said: Thus saith Balac the son of Sephor, Delay not to come to me:
17 ၁၇ ငါသည် ကိုယ်တော် ကို အလွန် ချီးမြှောက် မည်။ ကိုယ်တော်တောင်း သမျှ ကို ပေး မည်။ သို့ဖြစ်၍ ကြွလာ ပါ။ ဤ လူမျိုး ကို ငါ့ အဘို့ ကျိန်ဆဲ ပါဟု မိန့် တော်မူကြောင်းကို ပြန်ပြော ကြ၏။
For I am ready to honour thee, and will give thee whatsoever thou wilt: come and curse this people.
18 ၁၈ ဗာလမ် ကလည်း၊ ဗာလက် မင်းသည် ရွှေ ငွေ နှင့် ပြည့် သော မိမိ နန်း တော်ကိုပင် ပေး သော်လည်း ၊ ငါကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို လွန်ကျူး ၍ အမှုအကြီး အငယ် တစုံတခုကိုမျှ ငါမ ပြု နိုင်။
Balaam answered: If Balac would give me his house full of silver and gold, I cannot alter the word of the Lord my God, to speak either more or less.
19 ၁၉ သို့ရာတွင် ထာဝရဘုရား သည် အဘယ်သို့ ထပ်၍ မိန့် တော်မူမည်ကို ငါသိ မည်အကြောင်း၊ ယနေ့ည မှာ ဤ အရပ်၌ နေ ကြပါဦးဟု ဗာလက် မင်းကျွန် တို့အား ပြန်ပြော ၏။
I pray you to stay here this night also, that I may know what the Lord will answer me once more.
20 ၂၀ ည အချိန်၌ ဘုရားသခင် သည် ဗာလမ် ရှိရာသို့ လာ ၍၊ ထိုလူ တို့သည် သင့် ကိုခေါ် ခြင်းငှါ လာ လျှင် ၊ သူ တို့ နှင့်အတူ ထ ၍ လိုက် လော့။ သို့ရာတွင် ငါမှာထား သမျှ အတိုင်းသာ ပြု ရမည်ဟု မိန့် တော်မူ၏။
God therefore came to Balaam in the night, and said to him: It these men be come to call thee, arise and go with them: yet so, that thou do what I shall command thee.
21 ၂၁ နံနက် ရောက်မှ ဗာလမ် ထ ၍ မြည်း ကို ကုန်းနှီး တင်ပြီးလျှင် ၊ မောဘ အရာရှိ တို့နှင့်အတူ လိုက် လေ၏။
Balaam arose in the morning, and saddling his ass went with them.
22 ၂၂ ထိုသို့ လိုက်သောကြောင့်၊ ဘုရားသခင် အမျက် တော်ထွက် ၍၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် သူ့ ကို ဆီးတား ခြင်းငှါလမ်း ၌ ရပ် နေ၏။ ထိုအခါ ဗာလမ် သည် မြည်း ကို စီး ၍ ငယ်သား နှစ် ယောက်နှင့် သွား စဉ်တွင်၊
And God was angry. And an angel of the Lord stood in the way against Balaam, who sat on the ass, and had two servants with him.
23 ၂၃ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကို မိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို မြည်း သည် မြင် လျှင် ၊ လမ်းလွှဲ ၍ လယ် သို့ ဝင် လေ၏။ ဗာလမ် လည်း မြည်း ကို လမ်း သို့ ပြန် စေခြင်းငှါ ရိုက် လေ၏။
The ass seeing the angel standing in the way, with a drawn sword, turned herself out of the way, and went into the field. And when Balaam beat her, and had a mind to bring her again to the way,
24 ၂၄ ထာဝရဘုရား ၏ ကောင်းကင်တမန် သည်၊ စပျစ် ဥယျာဉ်စောင်ရန်း နှစ်ဘက်စပ်ကြား လမ်း ၌ တဖန် ရပ် နေ၏။
The angel stood in a narrow place between two walls, wherewith the vineyards were enclosed.
25 ၂၅ ထာဝရဘုရား ၏ ကောင်းကင်တမန် ကို မြည်း သည် မြင် ပြန်သောအခါ ၊ စောင်ရန်း တဘက် ၌ တိုး ၍ ဗာလမ် ၏ခြေ ကို ဖိ လေ၏။ ဗာလမ်လည်း တဖန် ရိုက် ပြန်လေ၏။
And the ass seeing him, thrust herself close to the wall, and bruised the foot of the rider. But he beat her again:
26 ၂၆ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် လွန် သွား၍ လမ်းတဘက်ဘက်မျှ မ လွှဲ နိုင်အောင်ကျဉ်းမြောင်း သော အရပ် ၌ ရပ် နေ၏။
And nevertheless the angel going on to a narrow place, where there was no way to turn aside either to the right hand or to the left, stood to meet him.
27 ၂၇ မြည်း သည်လည်း ထာဝရဘုရား ၏ကောင်းကင်တမန် ကို မြင် ပြန်သောအခါ ၊ ဗာလမ် အောက် ၌ ဝပ် လျက် နေ၏။ ဗာလမ် သည် အမျက် ထွက် ၍ တောင်ဝေး နှင့် မြည်း ကိုရိုက် လေ၏။
And when the ass saw the angel standing, she fell under the feet of the rider: who being angry beat her sides more vehemently with a staff.
28 ၂၈ ထိုအခါ ထာဝရဘုရား သည် မြည်း ၏နှုတ် ကို ဖွင့် တော်မူ၍ ၊ မြည်းက သင်သည် ငါ့ ကို သုံး ကြိမ် တိုင်အောင် ရိုက် ရမည်အကြောင်း ၊ ငါသည် သင် ၌ အဘယ်သို့ ပြု ဘိသနည်းဟု ဗာလမ် အား မေး လျှင်၊
And the Lord opened the mouth of the ass, and she said: What have I done to thee? Why strikest thou me, lo, now this third time?
29 ၂၉ ဗာလမ် က၊ သင်သည် ငါ့ ကို ကျီစား ပါသည် တကား။ ငါ၌ ထားရှိပါစေသော။ ထား ရှိ လျှင် သင့် ကို ယခု သတ် မည်ဟု မြည်း အား ဆို ၏။
Balaam answered: Because thou hast deserved it, and hast served me ill: I would I had a sword that I might kill thee.
30 ၃၀ မြည်း ကလည်း ၊ ငါ သည် ယနေ့ တိုင်အောင် သင် ၏အစီး ကို အစဉ် ခံရသောသင် ၏ မြည်း ဖြစ်သည်မ ဟုတ် လော။ သင် ၌ တခါမျှ ဤသို့ ငါပြု ဘူး သလော ဟုဗာလမ် အား မေး လျှင် ၊ မ ပြုဘူးဟု ပြန်ပြော ၏။
The ass said: Am not I thy beast, on which thou hast been always accustomed to ride until this present day? tell me if I ever did the like thing to thee. But he said: Never.
31 ၃၁ ထိုအခါ ထာဝရဘုရား သည် ဗာလမ် မျက်စိ ကို ဖွင့် တော်မူ၍ ၊ ထာဝရဘုရား ၏ ကောင်းကင်တမန် သည် ထား ကိုမိုးလျက်၊ လမ်း ၌ ရပ် နေသည်ကို ဗာလမ်သည် မြင် သဖြင့် ဦးချ ၍ ပြပ်ဝပ် လေ၏။
Forthwith the Lord opened the eyes of Balaam, and he saw the angel standing in the way with a drawn sword, and he worshipped him falling flat on the ground.
32 ၃၂ ထာဝရဘုရား ၏ကောင်းကင် တမန်ကလည်း ၊ သင် ၏မြည်း ကို သုံး ကြိမ် တိုင်အောင်အဘယ်ကြောင့် ရိုက် သနည်း။ သင်သွားသောလမ်း သည် ငါနှင့် ဆန့်ကျင်ဘက် ဖြစ်သောကြောင့် ၊ သင့်ကို ဆီးတား ခြင်းငှါ ငါထွက်လာ ပြီ။
And the angel said to him: Why beatest thou thy ass these three times? I am come to withstand thee, because thy way is perverse, and contrary to me:
33 ၃၃ မြည်း သည် ငါ့ ကို မြင် ၍ သုံး ကြိမ် ရှောင် ခဲ့ပြီ။ ထိုသို့ မရှောင် လျှင်၊ အကယ်စင်စစ် သင့် ကိုငါသတ် ၍ မြည်း ကို အသက် ချမ်းသာပေးလေပြီဟု ဆို ၏။
And unless the ass had turned out of the way, giving place to me who stood against thee, I had slain thee, and she should have lived.
34 ၃၄ ဗာလမ် ကလည်း ၊ အကျွန်ုပ်ပြစ်မှား ပါပြီ။ ကိုယ်တော် သည် လမ်း ၌ ကန့်လန့် နေ တော်မူသည်ကို အကျွန်ုပ် မ သိ ပါ။ ယခု မှာ အလို တော်မရှိလျှင် အကျွန်ုပ်ပြန် သွားပါမည် ဟု ထာဝရဘုရား ၏ ကောင်းကင် တမန်အား ဆို လျှင်၊
Balaam said: I have sinned, not knowing that thou didst stand against me: and now if it displease thee that I go, I will return.
35 ၃၅ ထာဝရဘုရား ၏ကောင်းကင် တမန်က၊ သူ တို့နှင့်အတူ လိုက် လော့။ သို့ရာတွင် ငါမှာထား သော စကား ကိုသာ ဟောပြော ရမည်ဟု ဗာလမ် အား မိန့် တော်မူ သည်အတိုင်း ၊ သူသည် ဗာလက် မင်း၏ ကျွန် တို့နှင့်အတူ လိုက် သွားလေ၏။
The angel said: Go with these men, and see thou speak no other thing than what I shall command thee. He went therefore with the princes.
36 ၃၆ ဗာလမ် ရောက် သောသိတင်းကို ဗာလက် မင်း ကြား လျှင် ၊ ခရီးဦးကြိုပြု ခြင်းငှါ ၊ မောဘ ပြည် စွန်း အာနုန် ချောင်းနား မှာရှိသော မြို့တမြို့သို့ ထွက်သွား ၏။
And when Balac heard it he came forth to meet him in a town of the Moabites, that is situate in the uttermost borders of Arnon.
37 ၃၇ ဗာလက် မင်းကလည်း၊ ကိုယ်တော် ကို ခေါ်ပင့် စေခြင်းငှါ ငါသည် အထပ်ထပ်စေလွှတ် သည်မ ဟုတ် လော ။ အဘယ်ကြောင့် နှေး ပါသနည်း။ ကိုယ်တော် ကို ငါချီးမြှောက် နိုင် သည်မ ဟုတ်လော ဟု ဗာလမ် အား ဆို လျှင် ၊
And he said to Balaam: I sent messengers to call thee, why didst thou not come immediately to me? was it because I am not able to reward thy coming?
38 ၃၈ ဗာလမ် က၊ မင်းကြီး ထံသို့ ငါလာ ပါပြီ။ သို့ရာတွင်ငါသည် စကားတခွန်း ကိုမျှ ပြော ပိုင် သလော။ ငါ့ နှုတ် ၌ ဘုရားသခင် ထား တော်မူသော စကား ကိုသာ ငါပြော ပါ မည်ဟု ပြန်ပြော ပြီးမှ၊
He answered him: Lo, here I am: shall I have power to speak any other thing but that which God shall put in my mouth?
39 ၃၉ ဗာလက် မင်းနှင့်အတူ လိုက်၍ ကိရယဿုဇုတ် မြို့သို့ ရောက် ကြ၏။
So they went on together, and came into a city, that was in the uttermost borders of his kingdom.
40 ၄၀ ဗာလက် မင်းသည်လည်း ၊ သိုး နွား တို့ကို ပူဇော် ၍ ဗာလမ် နှင့် အရာရှိ တို့အား ပေး လိုက်လေ၏။
And when Balac had killed oxen and sheep, he sent presents to Balaam, and to the princes that were with him.
41 ၄၁ နက်ဖြန် နေ့၌ ဗာလက် မင်းသည် ဗာလမ် ကို ခေါ်၍ ဣသရေလအမျိုးသားအပေါင်းတို့ကို အကုန်အစင် ပြခြင်းငှါဗာလဘုရားနှင့်ဆိုင်သော ကုန်းရိုး ပေါ်သို့ပို့ဆောင် လေ၏။
And when morning was come, he brought him to the high places of Baal, and he beheld the uttermost part of the people.