< တောလည်ရာ 21 >

1 ဣသရေလ အမျိုးသည် အသရိမ် လမ်း ဖြင့် လာ ကြသည်သိတင်းကို တောင် မျက်နှာ၌နေ သောခါနာန် အမျိုး အာရဒ် မင်းကြီး ကြား လျှင် ၊ ဣသရေလ အမျိုးကို စစ်တိုက် ၍ လူအချို့ တို့ကို ဘမ်းဆီး သိမ်းသွားလေ၏။
Ja koska Arad Kanaanealaisten kuningas, joka asui etelän puolessa, kuuli Israelin tulleeksi vakoojain tien kautta, soti hän Israelia vastaan ja vei heistä monikahtoja vangiksi.
2 ဣသရေလ အမျိုးကလည်း ၊ ကိုယ်တော်သည် ဤ လူမျိုး ကို အကျွန်ုပ် တို့လက် သို့ အပ် တော်မူလျှင် ၊ သူ တို့ မြို့ များကို ရှင်းရှင်းဖျက်ဆီး ပါမည်ဟု ထာဝရဘုရား အား သစ္စာ ဂတိပြုလေ၏။
Niin lupasi Israel Herralle lupauksen ja sanoi: jos sinä annat tämän kansan minun käteni alle, niin minä kiroon heidän kaupunkinsa.
3 ထာဝရဘုရား သည်လည်း ၊ ဣသရေလ အမျိုး၏ စကား ကို နားထောင် ၍ ၊ ထိုခါနာန် အမျိုးသားတို့ကိုအပ် တော်မူ၏။ သူ တို့နှင့် သူ တို့မြို့ များကို ဣသရေလလူတို့သည် ရှင်းရှင်းဖျက်ဆီး ၍၊ ထိုအရပ် ကို ဟော်မာ အမည် ဖြင့် သမုတ် ကြ၏။
Ja Herra kuuli Israelin rukouksen: ja antoi heille Kanaanealaiset, ja he kirosivat heitä ja heidän kaupungeitansa. Ja kutsui sen paikan Horma.
4 ဟောရ တောင် မှ ထွက် ၍ ဧဒုံ ပြည် ကို ဝိုင်း ခြင်းငှါ ၊ ဧဒုံ ပင်လယ် လမ်း ဖြင့် ချီသွားကြစဉ်၊ အသွား ခက်သောကြောင့် ၊ လူ များတို့သည် စိတ် အားလျော့ ကြ၍၊
Sitte menivät he pois Horin vuoren tyköä, Punaisen meren tietä, vaeltamaan Edomilaisten maata ympäri. Ja kansa suuttui matkasta.
5 သင်သည် ငါတို့ကို ဤတော ၌ သေ စေခြင်းငှါ ၊ အဲဂုတ္တု ပြည်မှ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ မုန့် မ ရှိ၊ ရေ လည်း မ ရှိ၊ ဤပေါ့ပျက် သောစားစရာ ကိုလည်း ငါ တို့သည် အလွန်ရွံရှာ ၏ဟု ဘုရားသခင် နှင့် မောရှေ ကို ဆန့်ကျင်ဘက် ပြု၍ ဆို ကြ၏။
Ja kansa puhui Jumalaa ja Mosesta vastaan: miksi sinä toit meitä Egyptistä korpeen kuolemaan? Sillä ei tässä ole leipää eikä vettä, ja meidän sielumme suuttuu tähän huonoon ruokaan.
6 ထိုအခါ ထာဝရဘုရား သည်၊ ဣသရေလအမျိုးသား တို့တွင် မီး မြွေ များကို စေလွှတ် တော်မူ၍ ၊ လူ အများ တို့သည် အကိုက် ခံရသဖြင့် သေ ကြ၏။
Niin Herra lähetti kansan sekaan tuliset kärmeet, jotka kansaa purivat, niin että paljo kansaa Israelista kuoli.
7 ထိုကြောင့် လူ များတို့သည် မောရှေ ထံသို့ လာ ၍ အကျွန်ုပ်တို့သည် ထာဝရဘုရား နှင့် ကိုယ်တော် ကို ဆန့်ကျင် လျက် ပြောဆို၍ ပြစ်မှား ပါပြီ။ ထာဝရဘုရားသည် မြွေ များကို အကျွန်ုပ် တို့မှ ပယ်ရှား တော်မူမည်အကြောင်းဆုတောင်း ပါဟု လျှောက်လျှင်၊ မောရှေ သည် လူ များအဘို့ ဆုတောင်း လေ၏။
Niin tuli kansa Moseksen tykö, ja sanoivat: me teimme syntiä, puhuen Herraa ja sinua vastaan. Rukoile Herraa nämät kärmeet meidän seastamme ottamaan pois: ja Moses rukoili kansan edestä.
8 ထာဝရဘုရား ကလည်း ၊ မီးမြွေ ရုပ်ကိုလုပ် ၍ တိုင် ပေါ်မှာ မြှောက် ထားလော့။ အကိုက် ခံရသောသူ တိုင်း ကြည့်ရှု လျှင် အသက် ချမ်းသာရလိမ့်မည်ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
Niin sanoi Herra Mosekselle: tee sinulles tulinen kärme, ja nosta se merkiksi ylös: ja tapahtuu, että se joka purtu on, kuin hän katsoo sen päälle, niin hän elää.
9 မောရှေ သည် ကြေးဝါ ဖြင့် မြွေ ကို လုပ် ၍ တိုင် ပေါ်မှာ မြှောက်ချီ ထားပြီးလျှင် ၊ မြွေ ကိုက် သောသူမည်သည်ကား၊ ကြေးဝါ မြွေ ကို ကြည့်ရှု သောအခါ အသက် ချမ်းသာရကြ၏။
Ja Moses teki vaskikärmeen, ja nosti sen merkiksi ylös: ja tapahtui, että jos joku kärmeeltä purtiin, ja katsahti vaskikärmeen päälle, niin hän jäi elämään.
10 ၁၀ တဖန် ဣသရေလ အမျိုးသား တို့သည် နေရာ ပြောင်း၍ ဩဗုတ် အရပ်၌ စားခန်းချ ကြ၏။
Ja Israelin lapset läksivät, ja sioittivat heitänsä Obotiin.
11 ၁၁ ဩဗုတ် အရပ်မှ ပြောင်း ပြန်၍ ၊ နေ ထွက် ရာ ဘက် ၊ မောဘ ပြည်ရှေ့ တွင်ရှိသောတော မှာ ၊ ဣဇာဗာရိမ် အရပ်၌ စားခန်းချ ကြ၏။
Ja läksivät Obotista, ja sioittivat itsensä Abarimin mäen tykö, siihen korpeen, joka Moabin kohdalla on, auringon nousemiseen päin.
12 ၁၂ ထို အရပ်မှ ပြောင်း ၍ ၊ ဇာရက် ချောင်း နား ၌ စားခန်းချ ကြ၏။
Sieltä läksivät he, ja sioittivat heitänsä Saredin ojan tykö.
13 ၁၃ ထို အရပ်မှ တဖန်ပြောင်း ပြန်၍ ၊ အာမောရိ ပြည်နယ် နှင့် စပ်သော တော ၌ ရှိသောအာနုန် ချောင်းနား တဘက်တချက် ၌ စားခန်းချ ကြ၏။ အာနုန် ချောင်းကား၊ မောဘ ပြည်၊ အာမောရိ ပြည်စပ်ကြား အပိုင်းအခြား ဖြစ်သတည်း။
Niin he sieltä menivät ulos, ja sioittivat heitänsä tälle puolen Arnonia, joka korvessa on, ja tulee Amorilaisten maan ääristä; sillä Arnon on Moabin ja Amorin välillä.
14 ၁၄ ထိုသို့နှင့်အညီ၊ ထာဝရဘုရား စစ်တိုက် စာ ၌ ကား၊ ဇာရက် အရပ်၊ သုပ အရပ်၊ အာနုန် ချောင်း တို့၊
Siitä sanotaan Herran sotain kirjassa: Vaheb Suphassa, ja Arnonin ojat.
15 ၁၅ အာရ ပြည်သို့ စီး ၍ မောဘ ပြည်အနား ၌ ရှောက်သွားသော ချောင်း အသွယ်သွယ်ဟု လာသတည်း။
Ja sen ojan juoksu, joka poikkee Arin asumiseen, ja ulottuu Moabin rajaan.
16 ၁၆ အာနုန်ချောင်းမှ ဗေရ ရေတွင်းသို့ ခရီးသွားကြ၏။ ထိုရေတွင်းကား အခြားမဟုတ်၊ ထာဝရဘုရား က၊ လူ များကို စုဝေး စေလော့၊ ရေ ကို ငါပေး မည်ဟု မောရှေ အား မိန့် တော်မူရာ၌ ရည်ဆောင်သော ရေတွင်း ဖြစ် သတည်း။
Ja sieltä läksivät he Beraan, se on se kaivo, josta Herra sanoi Mosekselle: kokoa kansa, ja minä annan heille vettä.
17 ၁၇ ထိုအခါ ဣသရေလ အမျိုးက၊ အိုတွင်း ရေ၊ ထွက် လော့။ ထွက်အောင် သီချင်း ဆိုကြလော့။
Silloin veisasi Israel tämän virren: Nouse, kaivo, veisatkaat hänestä toinen toisellenne.
18 ၁၈ တရားမင်းစီရင်သည်အတိုင်း၊ မှူးမတ် တို့သည် ရေတွင်း ကို တူး ကြပြီ။ လူ တို့တွင် အကဲအမှူး တို့သည် တောင်ဝေး တို့နှင့် ရေတွင်းကို တူး ကြပြီဟု သီချင်း ဆိုလေ၏။
Tämä on se kaivo, jonka päämiehet kaivoivat, kansan johdattajat kaivoivat, lain opettajan kautta sauvallansa. Tästä korvesta matkustivat he Mattanaan.
19 ၁၉ ထိုတော မှ မတ္တနာအရပ်သို့၎င်း၊ မတ္တနာ အရပ်မှ နဟာလျေလ အရပ်သို့၎င်း ၊ နဟာလျေလ အရပ်မှ ဗာမုတ် အရပ်သို့၎င်း၊
Ja Mattanasta niin Nahalieliin, Ja Nahalielistä niin Bamotiin,
20 ၂၀ ဗာမုတ် အရပ်မှ မောဘ ချိုင့် သို့ ၎င်း၊ ယေရှိမုန် မြို့ကို မျက်နှာပြု သော ပိသဂါ တောင်ထိပ် သို့၎င်း ခရီးသွားကြ၏။
Ja Bamotista siihen laaksoon, joka on Moabin kedolla, Pisgan kukkulaa kohden, joka katsahtaa korpeen päin.
21 ၂၁ ထိုအခါ ဣသရေလ အမျိုးသားတို့သည်၊ အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းထံသို့ သံတမန် တို့ကို စေလွှတ် လျက်၊
Ja Israel lähetti sanansaattajat Sihonin Amorilaisten kuninkaan tykö, ja käski sanoa hänelle:
22 ၂၂ အကျွန်ုပ်တို့သည် မင်းကြီးပြည် အလယ် ၌ ရှောက် ၍ သွားပါရစေ။ လယ်ယာ သို့ ၎င်း ၊ စပျစ် ဥယျာဉ် သို့ ၎င်း မ ဝင် ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ မင်းကြီးပြည် ကို မ လွန် မှီတိုင်အောင်၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု အခွင့်တောင်းကြ၏။
Salli minun vaeltaa maakuntas lävitse: emme poikkee peltoihin, emmekä viinamäkiin, emmekä juo vettä kaivosta; maantietä myöten me vaellamme, siihenasti kuin me tulemme sinun maas ääristä ulos.
23 ၂၃ ထိုပြည် အလယ် ၌ ရှောက်သွား ရသောအခွင့်ကို၊ ရှိဟုန် မင်းသည် ဣသရေလ အမျိုးသားတို့အား မ ပေး။ မိမိ လူ အပေါင်း တို့ကို စုဝေး စေ၍ ၊ ဣသရေလ အမျိုးသားတို့ကို ဆီးတား ခြင်းငှါ ၊ သူတို့ရှိရာတော သို့ ထွက် ၍ ယာဟတ် မြို့သို့ ရောက် ပြီးလျှင် စစ်တိုက်
Mutta Sihon ei sallinut Israelin vaeltaa maakuntansa lävitse, vaan Sihon kokosi kaiken väkensä, ja meni Israelia vastaan korpeen, ja tuli Jaksaan, ja soti Israelia vastaan.
24 ၂၄ ထိုမင်းကို၊ ဣသရေလ အမျိုးသားတို့သည် ထား နှင့် လုပ်ကြံ ၍၊ အာနုန် ချောင်းမှ သည် ယဗ္ဗုတ် ချောင်း တိုင်အောင် ၎င်း၊ အမ္မုန် အမျိုးသား နေရာတိုင်အောင် ၎င်း၊ ထိုမင်းပိုင်သော မြေ ကို သိမ်းယူ ကြ၏။ အမ္မုန် အမျိုးသား နေရာ နယ်စပ် ကား အားကြီး ၏။
Mutta Israel löi hänen miekan terällä, ja omisti hänen maansa Arnonista Jabbokiin asti, ja vielä Ammonin lapsiin saakka; sillä Ammonin maan ääret olivat vahvat.
25 ၂၅ ထိုသို့ ဣသရေလ အမျိုးသားတို့သည်၊ ဟေရှဘုန် မြို့မှစ၍အာမောရိ အမျိုးသားနေသောမြို့ ရွာ ရှိသမျှ တို့ကို သိမ်းယူ ၍ နေ ကြ၏။
Ja näin Israel sai kaikki nämät kaupungit, ja Israel asui kaikissa Amorilaisten kaupungeissa, Hesbonissa ja kaikissa sen tyttärissä.
26 ၂၆ ဟေရှဘုန် မြို့ကား၊ မောဘ ပြည်ကို အစိုးရသောအရင် ရှင်ဘုရင် နှင့် စစ်တိုက် ၍ အာနုန် ချောင်းတိုင်အောင် ပြည် ကို လုယူ သော အာမောရိ ရှင်ဘုရင် ရှိဟုန် မင်းနေသောမြို့ ဖြစ်သတည်း။
Sillä Hesbonin kaupunki oli Sihonin Amorilaisten kuninkaan oma, ja hän soti ennen Moabilaisten kuninkaan kanssa, ja otti häneltä kaiken hänen maansa Arnoniin asti.
27 ၂၇ ထိုအကြောင်းကို ရည်ဆောင်၍ လင်္ကာ ဆရာတို့ က၊ ဟေရှဘုန် မြို့သို့ သွား ၍ တဖန်တည် ကြစို့။ ရှိဟုန် ဘုရင်နေသောမြို့ ကို ပြင်ဆင် ကြစို့။
Siitä sananlaskussa sanotaan: tulkaat Hesboniin: rakennettakoon ja valmistettakoon Sihonin kaupunki;
28 ၂၈ ရှိဟုန်ဘုရင်နေရာ ဟေရှဘုန် မြို့မှ မီးလျှံ ထွက် ၍ မောဘ ပြည်အာရ မြို့နှင့်တကွ၊ အာနုန် ချောင်းနား၊ မြင့် သောအရပ်၌ အစိုးရ သောမင်းတို့ကို လောင် လေပြီ။
Sillä tuli on käynyt Hesbonista ulos, ja liekki Sihonin kaupungista: se on kuluttanut Moabin Arin, ja Arnonin korkeuden asuvaiset.
29 ၂၉ အိုမောဘ ပြည်၊ သင် သည် အမင်္ဂလာ ရှိ၏။ အိုခေမုရှ တပည့် တို့၊ သင်တို့သည် အကျိုး နည်းကြပြီ။ ပြေး ရသောမိမိ သား သမီး တို့ကို အာမောရိ ရှင်ဘုရင် ရှိဟုန် လက် သို့ ရောက်စေခြင်းငှါ၊ ထိုဘုရားသည် အခွင့်ပေး ပြီ တကား။
Voi sinuas Moab! sinä Kamosin kansa olet hukkunut! Hän saatti poikansa pakolaiseksi ja hänen tyttärensä vangiksi, Sihonille Amorilaisten kuninkaalle.
30 ၃၀ တဖန် ငါတို့သည် အာမောရိသားတို့ကို တိုက် ပြန်သောကြောင့်၊ ဟေရှဘုန် ပြည်သည် ဒိဘုန် မြို့တိုင်အောင် ပျက် လေပြီ။ မေဒဘ မြို့နှင့် နီးစပ်သော နောဖာ မြို့တိုင်အောင် သူတို့ကို သုတ်သင် ပယ်ရှင်းကြပြီဟု ဆိုသတည်း။
Me olemme heitä ampuneet, Hesbon on kukistettu Diboniin asti: me hävitimme heitä hamaan Nophaan, joka Medebaan ulottuu.
31 ၃၁ ထိုသို့ ဣသရေလ အမျိုးသားတို့သည် အာမောရိ ပြည် ၌ နေ ရကြ၏။
Ja niin Israel asui Amorilaisten maakunnassa.
32 ၃၂ မောရှေ သည်လည်း ၊ ယာဇာ မြို့ကို စူးစမ်း ခြင်းငှါ လူကို စေလွှတ် ပြီးလျှင် ၊ ထိုမြို့ ရွာတို့ကို သိမ်းယူ ၍ ၊ အရင် နေသောအာမောရိ အမျိုးသားတို့ကို နှင်ထုတ် ကြ၏။
Sitte lähetti Moses vakoomaan Jaeseria, ja he voittivat sen tyttärinensä, ja omistivat ne Amorilaiset, jotka siinä asuivat.
33 ၃၃ တဖန် ဣသရေလအမျိုးသားတို့သည် လှည့် ၍၊ ဗာရှန် ပြည်သို့ ခရီး သွား ကြ၏။ ဗာရှန် ရှင်ဘုရင် ဩဃ သည်၊ မိမိ လူ အပေါင်း တို့နှင့် ဧဒြိ အရပ်မှာ စစ်တိုက် ခြင်းငှါချီ သွား၏။
Ja he palasivat ja menivät ylöspäin tietä Basaniin. Niin Og, Basanin kuningas, meni heitä vastaan, hän ja kaikki hänen väkensä, sotimaan Edreissä.
34 ၃၄ ထာဝရဘုရား ကလည်း ၊ သူ့ ကို မ ကြောက် နှင့်။ သူ နှင့်တကွ သူ ၏လူ အပေါင်း ကို၎င်း၊ သူ ၏မြေ ကို၎င်း၊ သင့် လက် ၌ ငါအပ်ပေး ပြီ။ ဟေရှဘုန် မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန် ကို ပြု သကဲ့သို့ ၊ ဤမင်းကိုလည်း ပြု ရမည် ဟု မောရှေ အား မိန့် တော်မူသည်အတိုင်း၊
Ja Herra sanoi Mosekselle: älä pelkää häntä, sillä minä annoin hänen sinun käsiis, sekä kaiken hänen väkensä, että hänen maansa: ja sinun pitää tekemän hänelle niinkuin sinä Sihonille Amorilaisten kuninkaalle teit, joka Hesbonissa asui.
35 ၃၅ ထိုမင်း နှင့် သား များ၊ လူ များအပေါင်း တို့ကို တယောက်မျှ မ ကြွင်း လုပ်ကြံ ၍ သူ ၏ပြည် ကို သိမ်းယူ ကြ၏။
Ja he löivät hänen ja hänen poikansa ja hänen väkensä, siihenasti ettei yksikään elämään jäänyt, ja he valloittivat hänen maansa.

< တောလည်ရာ 21 >