< တောလည်ရာ 20 >

1 သက္ကရာဇ်လေးဆယ်၊ ပဌမ လ ၌ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့သည်၊ ဇိန တော သို့ ရောက် ၍ ၊ ကာဒေရှ အရပ်၌ နေ ကြ၏။ ထို အရပ်၌ မိရိအံ သေ ၍ သင်္ဂြိုဟ် လေ၏။
Les enfants d’Israël, toute la communauté, arrivèrent au désert de Cîn, dans le premier mois, et le peuple s’arrêta à Kadêch. Miryam mourut en ce lieu et y fut ensevelie.
2 ပရိသတ် တို့သောက်စရာ ရေ မ ရှိ သောကြောင့် ၊ မောရှေ နှင့် အာရုန် တဘက် ၌ စုဝေး ကြလျက်၊
Or, la communauté manqua d’eau, et ils s’ameutèrent contre Moïse et Aaron;
3 ထာဝရဘုရား ရှေ့မှာ ငါ တို့အစ်ကို များသေ သောအခါ ၊ ငါတို့လည်း မသေ ပါလေ။
et le peuple chercha querelle à Moïse, et ils parlèrent ainsi: "Ah! Que ne sommes-nous morts quand sont morts nos frères devant l’Éternel!
4 ငါ တို့နှင့် ငါ တို့တိရစ္ဆာန် များကို သေ စေခြင်းငှါ ၊ ထာဝရဘုရား ၏ပရိသတ် ကို ဤ တော သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။
Et pourquoi avez-vous conduit le peuple de Dieu dans ce désert, pour y périr, nous et notre bétail?
5 ငါ တို့ကို အဲဂုတ္တု ပြည်မှ ထွက် စေ၍၊ ဤ ဆိုး သော အရပ် သို့ အဘယ်ကြောင့် ဆောင် ခဲ့သနည်း။ ဤအရပ် သည် လယ် လုပ်စရာမ ကောင်း၊ သင်္ဘောသဖန်း ပင်၊ စပျစ်နွယ် ပင်၊ သလဲ ပင်စိုက်စရာမကောင်း။ သောက် စရာရေ မျှ မ ရှိဟု မောရှေ ကို အပြစ်တင် ၍ ဆို ကြ၏။
Et pourquoi nous avez-vous fait quitter l’Egypte pour nous amener en ce méchant pays, qui n’est pas un pays de culture, où il n’y a ni figuiers, ni vignes, ni grenadiers, ni eau à boire!"
6 မောရှေ နှင့် အာရုန် တို့သည် လူ အစုအဝေးမှ ထွက် ၍၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါးဝ သို့ သွား သဖြင့် ၊ ပြပ်ဝပ် လျက် နေကြစဉ်၊ ထာဝရဘုရား ၏ ဘုန်း တော်သည် ထင်ရှား လေ၏။
Moïse et Aaron, assaillis par la multitude, se dirigèrent vers l’entrée de la tente d’assignation et se jetèrent sur leur face; et la majesté divine leur apparut.
7 ထာဝရဘုရား ကလည်း၊
Et l’Éternel parla ainsi à Moïse:
8 လှံတံတော် ကို ကိုင် ယူ၍ သင် ၏အစ်ကို အာရုန် ပါလျက်၊ ပရိသတ် များကို စုဝေး စေလော့။ သူ တို့ရှေ့မှာ ကျောက် ကိုမှာထား လော့။ ကျောက်သည် မိမိ ရေ ကိုပေး လိမ့်မည်။ ထိုသို့ သင်သည် ကျောက် ထဲက ရေ ကို ထွက် စေ၍ ၊ ပရိသတ် များနှင့် သူ တို့တိရစ္ဆာန် များတို့အား သောက် ဘို့ ရေကို ပေးရမည်ဟု၊
"Prends la verge et assemble la communauté, toi ainsi qu’Aaron ton frère, et dites au rocher, en leur présence, de donner ses eaux: tu feras couler, pour eux, de l’eau de ce rocher, et tu désaltéreras la communauté et son bétail."
9 မောရှေ အား မိန့် တော်မူသည်အတိုင်း ၊ မောရှေ သည် လှံတံတော် ကို ထာဝရဘုရား ရှေ့ တော်က ယူ ၍၊
Moïse prit la verge de devant l’Éternel, comme il le lui avait ordonné.
10 ၁၀ အာရုန် ပါလျက်၊ ပရိသတ် တို့ကို ကျောက် ရှေ့မှာ စုဝေး စေပြီးလျှင် ၊ အချင်းသူပုန် တို့၊ နားထောင် ကြလော့။ ငါတို့သည် သင် တို့အဘို့ ဤ ကျောက် ထဲက ရေ ကို ထွက် စေ ရမည်လောဟု ဆို လျက်၊
Puis Moïse et Aaron convoquèrent l’assemblée devant le rocher, et il leur dit: "Or, écoutez, ô rebelles! Est-ce que de ce rocher nous pouvons faire sortir de l’eau pour vous?"
11 ၁၁ မိမိ လက် ကို ဆန့် ၍ ကျောက် ကို လှံတံ နှင့် နှစ် ကြိမ်ရိုက် သဖြင့် ၊ ရေ သည် များစွာ ထွက် ၍ ၊ လူ ပရိသတ် တို့နှင့် တိရစ္ဆာန် တို့သည် သောက် ရကြ၏။
Et Moïse leva la main, et il frappa le rocher de sa verge par deux fois; il en sortit de l’eau en abondance, et la communauté et ses bêtes en burent.
12 ၁၂ ထာဝရဘုရား ကလည်း ၊ သင်တို့သည် ငါ့ ကို မ ယုံကြည် ၊ ဣသရေလ အမျိုးသား တို့ရှေ့မှာ ငါ့ ကိုမရိုမသေ ပြုသောကြောင့် ၊ ဤ ပရိသတ် တို့အား ငါပေး သော ပြည် သို့ သင်တို့သည် ပို့ဆောင် သောအခွင့်ကို မ ရကြဟု မောရှေ နှင့် အာရုန် တို့အား မိန့် တော်မူ၏။
Mais l’Éternel dit à Moïse et à Aaron: "Puisque vous n’avez pas assez cru en moi pour me sanctifier aux yeux des enfants d’Israël, aussi ne conduirez-vous point ce peuple dans le pays que je leur ai donné."
13 ၁၃ ဣသရေလ အမျိုးသား တို့သည် ထာဝရဘုရား ကို ဆန့်ကျင်ဘက် ပြုသော်လည်း ၊ သူ တို့တွင် ရိုသေ လေးမြတ်ခြင်းကိုခံ တော်မူသောကြောင့်၊ ထို ရေသည် မေရိဘ ရေ ဖြစ်သတည်း။
Ce sont là les eaux de Meriba, parce que les enfants d’Israël contestèrent contre le Seigneur, qui fit éclater sa sainteté par elles.
14 ၁၄ မောရှေ သည် ကာဒေရှ အရပ်မှ ဧဒုံ ရှင်ဘုရင် ထံသို့ သံတမန် တို့ကို စေလွှတ် ၍၊ ကိုယ်တော့် ညီ ဣသရေလ က၊ အကျွန်ုပ် တို့ တွေ့ ရသော အမှု အလုံးစုံ တည်းဟူသော၊
Moïse envoya, de Kadêch, des députés au roi d’Edom: "Ainsi parle ton frère Israël: tu connais toutes les tribulations que nous avons éprouvées.
15 ၁၅ အကျွန်ုပ် တို့ဘိုးဘေး သည် အဲဂုတ္တု ပြည်သို့ သွား ၍ အကျွန်ုပ်တို့ သည်အဲဂုတ္တု ပြည် မှာ ကာလ ကြာမြင့် စွာနေ သဖြင့် ၊ အဲဂုတ္တု လူတို့သည် အကျွန်ုပ် တို့နှင့် ဘိုးဘေး များကို ညှဉ်းဆဲ ကြောင်း၊
Jadis, nos pères descendirent en Egypte, et nous y avons demeuré de longs jours; puis les Egyptiens ont agi méchamment envers nous et nos pères.
16 ၁၆ အကျွန်ုပ်တို့သည် ထာဝရဘုရား ကို အော်ဟစ် သောအခါ ၊ ကောင်းကင်တမန် ကို စေလွှတ် ၍ ၊ အကျွန်ုပ် တို့ကို အဲဂုတ္တု ပြည်မှ နှုတ်ဆောင် တော်မူကြောင်းကို ကိုယ်တော်သိ ပါ၏။ ယခု မှာ အကျွန်ုပ် တို့သည် ကိုယ်တော် ၏ နိုင်ငံ အစွန်အနား ၊ ကာဒေရှ အရပ်၌ ရှိကြပါ၏။
Mais nous avons Imploré l’Éternel, et il a entendu notre voix, et il a envoyé un mandataire, qui nous a fait sortir de l’Egypte. Or, nous voici à Kadêch, ville qui confine à ta frontière.
17 ၁၇ ကိုယ်တော့် ပြည် အလယ် ၌ရှောက် ၍ သွားပါရစေ။ လယ်ယာ များ၊ စပျစ် ဥယျာဉ်များကို မ နင်း ပါ။ တွင်း ရေ ကိုလည်း မ သောက် ပါ။ ကိုယ်တော့် ပြည်နယ် ကို မ လွန် မှီတိုင်အောင်၊ လက်ျာ ဘက်၊ လက်ဝဲ ဘက်သို့ မ လွှဲ ၊ မင်း လမ်း သို့သာ ရှောက် လိုက်ပါမည်ဟု တောင်းပန်စေ၏။
Permets-nous de traverser ton pays! Nous ne passerons pas par tes champs ni par tes vignes, et nous ne boirons point de l’eau des citernes; nous suivrons la route royale, sans nous en écarter à droite ou à gauche, jusqu’à ce que nous ayons passé ta frontière."
18 ၁၈ ဧဒုံ ကလည်း ၊ သင်သည် ငါ့ ပြည်အလယ် ၌ မ ရှောက် မသွားရ။ ရှောက်သွားလျှင်၊ ထား လက်နက်နှင့် ဆီးတား မည်ဟု ပြန်ပြော ၏။
Edom lui répondit: "Tu ne traverseras point mon pays, car je me porterais en armes à ta rencontre."
19 ၁၉ ဣသရေလ အမျိုးသား တို့ကလည်း ၊ မင်း လမ်းသို့ သာ ရှောက် လိုက်ပါမည်။ ကိုယ်တိုင် မှစ၍တိရစ္ဆာန် တို့ သည် ကိုယ်တော့် ရေ ကို သောက် လျှင် အဘိုး ကိုပေး ပါမည်။ အခြားသောအမှု ကို မ ပြုဘဲ၊ ခြေ ဖြင့် သွား ရုံမျှသာ ပြုပါမည်ဟု ဆို သော်လည်း၊
Les enfants d’Israël lui dirent: "C’Est par la chaussée que nous voulons monter, et si nous buvons de ton eau, moi ou mes bestiaux, j’en paierai le prix; mais il n’en sera rien, je ne ferai que traverser à pied."
20 ၂၀ ဧဒုံ က၊ သင်သည် ရှောက် ၍မ သွားရဟုဆို လျက် ၊ များစွာ သော ဗိုလ်ခြေ အလုံးအရင်း နှင့်တကွဆီးတား ခြင်းငှါ ထွက်လာ ၏။
Il répliqua: "Tu ne passeras point!" Et Edom s’avança à sa rencontre, en grande multitude et à main armée.
21 ၂၁ ထိုသို့ ဧဒုံ သည် သူ ၏ပြည် အလယ် ၌ရှောက်သွား သော အခွင့်ကို ဣသရေလ အား မ ပေး သောကြောင့် ၊ ဣသရေလ သည် လွှဲရှောင် လေ၏။
Edom ayant donc refusé à Israël la permission de traverser son territoire, Israël prit une autre direction.
22 ၂၂ ဣသရေလ အမျိုးသား ပရိသတ် အပေါင်း တို့ သည် ကာဒေရှ အရပ်မှ ပြောင်း ၍ ဟောရ တောင် သို့ ရောက် ကြ၏။
Ils partirent de Kadêch, et les enfants d’Israël en masse arrivèrent à Hor-la-Montagne
23 ၂၃ ဧဒုံ ပြည် စွန် နား၊ ဟောရ တောင် ပေါ်မှာ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် တို့ကို ခေါ်၍၊
L’Éternel parla à Moïse et à Aaron, à Hor-la-Montagne, sur les confins du pays d’Edom, en ces termes:
24 ၂၄ သင်တို့သည် မေရိဘ စမ်းရေ နားမှာ ငါ့ စကား ကို ဆန့်ကျင် သောကြောင့် ၊ ဣသရေလ အမျိုးသား တို့အား ငါပေး သော ပြည် သို့ အာရုန် သည် မ ဝင် ရ။ မိမိ လူမျိုး စည်းဝေး ရာသို့ သွားရမည်။
"Aaron doit rejoindre ses pères; car il n’entrera point dans le pays que j’ai donné aux enfants d’Israël, attendu que vous avez dérogé à ma parole au sujet des eaux de Meriba.
25 ၂၅ သို့ဖြစ်၍အာရုန် နှင့် သူ ၏သား ဧလာဇာ ကို ခေါ် ၍ ဟောရ တောင် ပေါ်သို့ဆောင် သွားပြီးလျှင် ၊
Prends donc Aaron avec Eléazar, son fils, et fais-les monter sur le mont Hor;
26 ၂၆ အာရုန် ၏အဝတ် ကို ချွတ် ၍ သူ ၏သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် ထို အရပ်၌သေ ၍ မိမိလူမျိုးစည်းဝေး ရာသို့ သွားရမည်ဟု၊
dépouille Aaron de son costume, et revêts-en Eléazar, son fils: alors Aaron rejoindra ses pères et il mourra là."
27 ၂၇ မိန့် တော်မူသည်အတိုင်း ၊ မောရှေ ပြု ၍ ၊ သူတို့ သည် ပရိသတ် အပေါင်း တို့ရှေ့မှာ ဟောရ တောင် ပေါ်သို့ တက် ကြ၏။
Moïse fit comme avait ordonné l’Éternel: ils gravirent le mont Hor à la vue de toute la communauté.
28 ၂၈ မောရှေ သည် အာရုန် ၏အဝတ် ကို ချွတ် ၍ သား ဧလာဇာ ကို ဝတ် စေပြီးမှ ၊ အာရုန် သည် တောင် ထိပ် ၌ သေ လေ၏။ မောရှေ နှင့် ဧလာဇာ တို့သည် တောင် ပေါ်က ဆင်းလာ ကြ၏။
Et Moïse dépouilla Aaron de son costume, le fit revêtir à Eléazar, son fils, et Aaron mourut là, au sommet de la montagne. Moïse et Eléazar redescendirent la montagne.
29 ၂၉ အာရုန် သည် အနိစ္စ ရောက်ကြောင်း ကို ပရိသတ် အပေါင်း တို့သည် သိမြင် သောအခါ ၊ ဣသရေလ အမျိုးသား ရှိသမျှ တို့သည်၊ အာရုန် အတွက် အရက် သုံးဆယ် ပတ်လုံး ငိုကြွေး မြည်တမ်းခြင်းကို ပြုကြ၏။
La communauté voyant qu’Aaron avait cessé de vivre, toute la maison d’Israël le pleura trente jours.

< တောလည်ရာ 20 >