< မဿဲ 5 >

1 ထိုလူ အပေါင်းတို့ကို မြင် လျှင် ၊ ကိုယ်တော်သည် တောင် ပေါ်သို့ တက် ၍ ထိုင် တော်မူသောအခါ ၊ တပည့် တော်တို့သည် ကိုယ်တော် ရင်းသို့ ချဉ်းကပ် ကြ၏။
Ἰδὼν δὲ τοὺς ὄχλους, ἀνέβη εἰς τὸ ὄρος· καὶ καθίσαντος αὐτοῦ, προσῆλθον αὐτῷ οἱ μαθηταὶ αὐτοῦ·
2 ထိုအခါ နှုတ် တော်ကိုဖွင့် ၍ တပည့် တော်တို့အား ဆုံးမ ဩဝါဒပေးတော်မူသည်မှာ၊
καὶ ἀνοίξας τὸ στόμα αὐτοῦ, ἐδίδασκεν αὐτούς, λέγων,
3 စိတ် နှလုံးနှိမ့်ချ သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
Μακάριοι οἱ πτωχοὶ τῷ πνεύματι· ὅτι αὐτῶν ἐστιν ἡ βασιλεία τῶν οὐρανῶν.
4 စိတ်မသာ ညည်းတွားသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် သက်သာ ခြင်းသို့ရောက်ကြလတံ့။
Μακάριοι οἱ πενθοῦντες· ὅτι αὐτοὶ παρακληθήσονται.
5 စိတ် နူးညံ့သိမ်မွေ့သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ပြည် တော်ကို အမွေ ခံရကြလတံ့။
Μακάριοι οἱ πρᾳεῖς· ὅτι αὐτοὶ κληρονομήσουσι τὴν γῆν.
6 ဖြောင့်မတ် ခြင်းပါရမီကို ဆာငတ် ခင်မွတ် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည်ဝပြော ခြင်းသို့ရောက်ကြလတံ့။
Μακάριοι οἱ πεινῶντες καὶ διψῶντες τὴν δικαιοσύνην· ὅτι αὐτοὶ χορτασθήσονται.
7 သနားစုံမက် တတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် သနားစုံမက် ခြင်းကို ခံရကြလတံ့။
Μακάριοι οἱ ἐλεήμονες· ὅτι αὐτοὶ ἐλεηθήσονται.
8 စိတ် နှလုံးဖြူစင် သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ထိုသူ တို့သည် ဘုရားသခင် ကို မြင် ရကြလတံ့။
Μακάριοι οἱ καθαροὶ τῇ καρδίᾳ· ὅτι αὐτοὶ τὸν Θεὸν ὄψονται.
9 သူတစ်ပါးချင်းခိုက်ရန် ပြုခြင်းကို ငြိမ်းစေတတ်သောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ထိုသူ တို့သည် ဘုရားသခင် ၏သား တော်ဟု ခေါ်ဝေါ် ခြင်းကိုခံရကြလတံ့။
Μακάριοι οἱ εἰρηνοποιοί· ὅτι αὐτοὶ υἱοὶ Θεοῦ κληθήσονται.
10 ၁၀ ဖြောင့်မတ် ခြင်းတရားကြောင့် နှောင့်ရှက် ညှဉ်းဆဲခြင်းကို ခံရသောသူ တို့သည် မင်္ဂလာ ရှိကြ၏။ အကြောင်းမူကား ၊ ကောင်းကင် နိုင်ငံ တော်သည် ထိုသူ တို့၏နိုင်ငံဖြစ် ၏။
Μακάριοι οἱ δεδιωγμένοι ἕνεκεν δικαιοσύνης· ὅτι αὐτῶν ἐστιν ἡ βασιλεία τῶν οὐρανῶν.
11 ၁၁ ငါ့ ကြောင့် သင် တို့ကို ကဲ့ရဲ့ ညှဉ်းဆဲ၍ မမှန် ဘဲလျက် အပြစ် တကာ တင်ကြသောအခါ ၊ သင်တို့သည် မင်္ဂလာ ရှိ ကြ၏။
Μακάριοί ἐστε, ὅταν ὀνειδίσωσιν ὑμᾶς καὶ διώξωσι, καὶ εἴπωσι πᾶν πονηρὸν ῥῆμα καθ᾽ ὑμῶν ψευδόμενοι, ἕνεκεν ἐμοῦ.
12 ၁၂ ဝမ်းမြောက် ရွှင်မြူး ခြင်းရှိကြလော့။ အကြောင်းမူကား ၊ ကောင်းကင် ဘုံ၌ သင် တို့၏အကျိုး သည် ကြီးလှ ပေ၏။ သင် တို့ရှေ့ ကပေါ်ထွန်းသော ပရောဖက် တို့ကို ထိုနည်းတူ ညှဉ်းဆဲ ကြပြီ။
Χαίρετε καὶ ἀγαλλιᾶσθε, ὅτι ὁ μισθὸς ὑμῶν πολὺς ἐν τοῖς οὐρανοῖς· οὕτω γὰρ ἐδίωξαν τοὺς προφήτας τοὺς πρὸ ὑμῶν.
13 ၁၃ သင် တို့သည် ဤလောက ၏ဆား ဖြစ် ကြ၏။ ဆား မူကား ၊ အငန် ကင်းပျောက်လျှင် ငန် သောအရသာကို အဘယ်သို့ ရပြန်မည်နည်း။ ပြင် သို့ပစ် လိုက်၍ ကျော်နင်း ခြင်းမှတစ်ပါး အဘယ် အသုံး မျှမ ဝင်။
Ὑμεῖς ἐστε τὸ ἅλας τῆς γῆς· ἐὰν δὲ τὸ ἅλας μωρανθῇ, ἐν τίνι ἁλισθήσεται; Εἰς οὐδὲν ἰσχύει ἔτι, εἰ μὴ βληθῆναι ἔξω καὶ καταπατεῖσθαι ὑπὸ τῶν ἀνθρώπων.
14 ၁၄ သင် တို့သည် ဤလောက ၏ အလင်း ဖြစ် ကြ၏။ တောင် ထိပ်၌တည် သောမြို့ ကို မ ကွယ် နိုင် ။
Ὑμεῖς ἐστε τὸ φῶς τοῦ κόσμου· οὐ δύναται πόλις κρυβῆναι ἐπάνω ὄρους κειμένη·
15 ၁၅ ဆီမီး ထွန်း ၍ တောင်း ဇလားအောက် ၌ ဖုံးထားလေ့မ ရှိ။ အိမ်သူ အိမ်သားအပေါင်း တို့သည် အလင်း ကို ရစေခြင်းငှာ ဆီမီးခုံ ပေါ်မှာ တင်ထားလေ့ရှိ၏။
οὐδὲ καίουσι λύχνον καὶ τιθέασιν αὐτὸν ὑπὸ τὸν μόδιον, ἀλλ᾽ ἐπὶ τὴν λυχνίαν, καὶ λάμπει πᾶσι τοῖς ἐν τῇ οἰκίᾳ.
16 ၁၆ ထိုနည်းတူ ၊ သူတစ်ပါးတို့သည် သင် တို့၏ကောင်း သောအကျင့် ကိုမြင် ၍၊ ကောင်းကင် ဘုံ၌ ရှိတော်မူသောသင် တို့အဘ ၏ဂုဏ် တော်ကို ချီးမွမ်းစေခြင်းငှာ၊ သူတစ်ပါး ရှေ့ ၌ သင် တို့အလင်း ကို လင်း စေကြလော့။
Οὕτω λαμψάτω τὸ φῶς ὑμῶν ἔμπροσθεν τῶν ἀνθρώπων, ὅπως ἴδωσιν ὑμῶν τὰ καλὰ ἔργα, καὶ δοξάσωσι τὸν πατέρα ὑμῶν τὸν ἐν τοῖς οὐρανοῖς.
17 ၁၇ ပညတ္တိ ကျမ်း၊ အနာဂတ္တိ ကျမ်းများကို ဖျက်ပယ် ခြင်းငှာငါလာ သည်ဟု မ ထင် ကြနှင့်။ ဖျက်ပယ် ခြင်းငှာငါလာ သည်မ ဟုတ်။ ပြည့်စုံ စေခြင်းငှာငါလာသတည်း။
Μὴ νομίσητε ὅτι ἦλθον καταλῦσαι τὸν νόμον ἢ τοὺς προφήτας· οὐκ ἦλθον καταλῦσαι ἀλλὰ πληρῶσαι.
18 ၁၈ ငါအမှန် ဆို သည်ကား၊ ကောင်းကင် နှင့် မြေကြီး မ ပျက်စီး မှီတိုင်အောင်၊ ပညတ္တိ ကျမ်း၌ အငယ်ဆုံး သော စာလုံး ဗိန္ဓု တစ်လုံးမျှ ပြည့်စုံ ခြင်းသို့ မ ရောက်မှီ မ ပျက်စီး ရ။
Ἀμὴν γὰρ λέγω ὑμῖν, ἕως ἂν παρέλθῃ ὁ οὐρανὸς καὶ ἡ γῆ, ἰῶτα ἓν ἢ μία κεραία οὐ μὴ παρέλθῃ ἀπὸ τοῦ νόμου, ἕως ἂν πάντα γένηται.
19 ၁၉ ထိုကြောင့် အကြင်သူ သည်၊ အငယ်ဆုံး သောပညတ် တစ်ခု ကို ကိုယ်တိုင်လွန်ကျူး ၍ သူတစ်ပါး တို့အားလည်း ထိုအတူ သွန်သင် ၏။ ထိုသူသည် ကောင်းကင် နိုင်ငံ တော်၌ အငယ်ဆုံး သောသူဖြစ် လိမ့်မည်။ အကြင်သူ သည် ကိုယ်တိုင်ကျင့် ၍ သူတစ်ပါး တို့အားလည်း သွန်သင် ၏။
Ὃς ἐὰν οὖν λύσῃ μίαν τῶν ἐντολῶν τούτων τῶν ἐλαχίστων, καὶ διδάξῃ οὕτω τοὺς ἀνθρώπους, ἐλάχιστος κληθήσεται ἐν τῇ βασιλείᾳ τῶν οὐρανῶν· ὃς δ᾽ ἂν ποιήσῃ καὶ διδάξῃ, οὗτος μέγας κληθήσεται ἐν τῇ βασιλείᾳ τῶν οὐρανῶν.
20 ၂၀ ထိုသူ သည် ကောင်းကင် နိုင်ငံ တော်၌ ကြီး သောသူဖြစ် လိမ့်မည်။ သင် တို့ကျင့်သောအကျင့်သည် ဖာရိရှဲ တို့နှင့် ကျမ်းပြု ဆရာတို့ကျင့်သောအကျင့်ထက် မ လွန်မသာလျှင်၊ သင်တို့သည် ကောင်းကင် နိုင်ငံ တော်သို့ မ ဝင် ရကြဟုငါအမှန်ဆို ၏။
Λέγω γὰρ ὑμῖν ὅτι ἐὰν μὴ περισσεύσῃ ἡ δικαιοσύνη ὑμῶν πλεῖον τῶν γραμματέων καὶ Φαρισαίων, οὐ μὴ εἰσέλθητε εἰς τὴν βασιλείαν τῶν οὐρανῶν.
21 ၂၁ လူ အသက်ကို မ သတ်ရ။ သတ် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
Ἠκούσατε ὅτι ἐρρέθη τοῖς ἀρχαίοις, Οὐ φονεύσεις· ὃς δ᾽ ἂν φονεύσῃ, ἔνοχος ἔσται τῇ κρίσει·
22 ၂၂ ငါ ပညတ် သည်ကား ၊ ညီအစ်ကို ကို အထောက်မတန်အမျက်ထွက် သောသူ သည် ရုံး၌အပြစ် စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကို ကိုကဲ့ရဲ့ သောသူ သည် လွှတ်တော် ၌ အပြစ်စီရင်ခြင်းကို ခံထိုက် ပေ၏။ ညီအစ်ကိုကိုကျိန်ဆဲ သောသူ သည် ဂေဟင်္နာ အရပ်၌ မီးရှို့ ခြင်းကို ခံထိုက် ပေ၏။ (Geenna g1067)
ἐγὼ δὲ λέγω ὑμῖν ὅτι πᾶς ὁ ὀργιζόμενος τῷ ἀδελφῷ αὐτοῦ εἰκῇ ἔνοχος ἔσται τῇ κρίσει· ὃς δ᾽ ἂν εἴπῃ τῷ ἀδελφῷ αὐτοῦ, Ῥακά, ἔνοχος ἔσται τῷ συνεδρίῳ· ὃς δ᾽ ἂν εἴπῃ, Μωρέ, ἔνοχος ἔσται εἰς τὴν γέενναν τοῦ πυρός. (Geenna g1067)
23 ၂၃ ထိုကြောင့် သင် သည်ပူဇော် သက္ကာကို ယဇ်ပလ္လင် သို့ ဆောင်ယူ ခဲ့လျက် သင် ၏ညီအစ်ကို သည် သင် ၌ အပြစ်တင် ခွင့်တစ်စုံတစ်ခု ရှိ သည်ဟု အောက်မေ့ သတိရလျှင် ၊ ယဇ်ပလ္လင် ရှေ့ မှာ ပူဇော် သက္ကာကိုထား၍သွား လော့။
Ἐὰν οὖν προσφέρῃς τὸ δῶρόν σου ἐπὶ τὸ θυσιαστήριον, καὶ ἐκεῖ μνησθῇς ὅτι ὁ ἀδελφός σου ἔχει τι κατὰ σοῦ,
24 ၂၄ ညီအစ်ကို နှင့် သင့်တင့် ပြီးမှ ပြန် ၍ ပူဇော် သက္ကာကို တင် လော့။
ἄφες ἐκεῖ τὸ δῶρόν σου ἔμπροσθεν τοῦ θυσιαστηρίου, καὶ ὕπαγε, πρῶτον διαλλάγηθι τῷ ἀδελφῷ σου, καὶ τότε ἐλθὼν πρόσφερε τὸ δῶρόν σου.
25 ၂၅ တရားတွေ့ဘက် နှင့်အတူ လမ်း ၌ သွားစဉ် တွင်ပင်၊ သူ ၏စိတ် ကို ပြေစေခြင်းငှာ အလျင်အမြန် ပြုလော့။ သို့မဟုတ် တရားတွေ့ဘက် သည် တရားသူကြီး ၌ အပ် မည်။ တရားသူကြီး သည်လည်း လုလင် ခေါင်း၌ အပ်၍ ထောင် ထဲ၌ လှောင် ထားမည်။
Ἴσθι εὐνοῶν τῷ ἀντιδίκῳ σου ταχύ, ἕως ὅτου εἶ ἐν τῇ ὁδῷ μετ᾽ αὐτοῦ, μήποτέ σε παραδῷ ὁ ἀντίδικος τῷ κριτῇ, καὶ ὁ κριτής σε παραδῷ τῷ ὑπηρέτῃ, καὶ εἰς φυλακὴν βληθήσῃ.
26 ၂၆ လျော်ပြစ်ငွေ ရှိသမျှ ကို မ လျော် မှီတိုင်အောင် ထောင်ထဲကမ ထွက် ရဟု ငါအမှန် ဆို ၏။
Ἀμὴν λέγω σοι, οὐ μὴ ἐξέλθῃς ἐκεῖθεν, ἕως ἂν ἀποδῷς τὸν ἔσχατον κοδράντην.
27 ၂၇ သူ့ မယားကို မ ပြစ်မှားရဟူသော ရှေး ပညတ်စကားကို သင်တို့ကြား ရပြီ။
Ἠκούσατε ὅτι ἐρρέθη, Οὐ μοιχεύσεις·
28 ၂၈ ငါ ပညတ် သည်ကား ကိလေသာ စိတ်နှင့် သူ့မယား ကိုကြည့်ရှု သောသူ သည် စိတ် နှလုံးထဲ၌ ထိုမိန်းမ နှင့်ပြစ်မှား ပြီ ။
ἐγὼ δὲ λέγω ὑμῖν ὅτι πᾶς ὁ βλέπων γυναῖκα πρὸς τὸ ἐπιθυμῆσαι αὐτὴν ἤδη ἐμοίχευσεν αὐτὴν ἐν τῇ καρδίᾳ αὐτοῦ.
29 ၂၉ ထိုကြောင့် လက်ျာ မျက်စိ ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုမျက်စိ ကိုထုတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကိုခံရသည်ထက် အင်္ဂါ တစ်ခုပျက် သော် သာ၍ကောင်း ၏။ (Geenna g1067)
Εἰ δὲ ὁ ὀφθαλμός σου ὁ δεξιὸς σκανδαλίζει σε, ἔξελε αὐτὸν καὶ βάλε ἀπὸ σοῦ· συμφέρει γάρ σοι ἵνα ἀπόληται ἓν τῶν μελῶν σου, καὶ μὴ ὅλον τὸ σῶμά σου βληθῇ εἰς γέενναν. (Geenna g1067)
30 ၃၀ ထိုနည်းတူ လက်ျာ လက် ဖြစ်သော်လည်း သင့် ကိုမှားယွင်း စေလျှင် ထိုလက် ကိုဖြတ်ပစ် လော့။ တစ်ကိုယ်လုံး ငရဲ သို့ ချ ခြင်းကို ခံရသည်ထက် အင်္ဂါ တစ်ခု သာပျက် သော်သာ၍ကောင်း ၏။ (Geenna g1067)
Καὶ εἰ ἡ δεξιά σου χεὶρ σκανδαλίζει σε, ἔκκοψον αὐτὴν καὶ βάλε ἀπὸ σοῦ· συμφέρει γάρ σοι ἵνα ἀπόληται ἓν τῶν μελῶν σου, καὶ μὴ ὅλον τὸ σῶμά σου βληθῇ εἰς γέενναν. (Geenna g1067)
31 ၃၁ တစ်ဖန်တုံ ၊ မယား နှင့်ကွာ လိုလျှင် ဖြတ်စာ ကို အပ်ပေး စေဟူသော ပညတ် စကားရှိပြီ။
Ἐρρέθη δὲ ὅτι Ὃς ἂν ἀπολύσῃ τὴν γυναῖκα αὐτοῦ, δότω αὐτῇ ἀποστάσιον·
32 ၃၂ ငါ ပညတ် သည်ကား၊ မှားယွင်း ခြင်းအကြောင်း မှတပါး အခြားသောအကြောင်းဖြင့် မိမိ မယား နှင့်ကွာ သောသူ သည် မိမိမယား ကိုမှားယွင်း စေ၏။ ကွာ သောမိန်းမနှင့်စုံဘက် ခြင်းကိုပြုသောသူ သည်လည်း သူ့ မယားကိုပြစ်မှား၏။
ἐγὼ δὲ λέγω ὑμῖν ὅτι ὃς ἂν ἀπολύσῃ τὴν γυναῖκα αὐτοῦ, παρεκτὸς λόγου πορνείας, ποιεῖ αὐτὴν μοιχᾶσθαι· καὶ ὃς ἐὰν ἀπολελυμένην γαμήσῃ μοιχᾶται.
33 ၃၃ တစ်ဖန်တုံ ၊ မဟုတ်မမှန်ဘဲလျက် ကျိန်ဆို ခြင်းကိုမ ပြုရ။ ကျိန်ဆို ခြင်းကို ပြုသည်အတိုင်းထာဝရ ဘုရား ရှေ့တော်၌ တည်စေလော့ဟူသော ရှေး ပညတ် စကားကို သင်တို့ကြား ရပြီ။
Πάλιν ἠκούσατε ὅτι ἐρρέθη τοῖς ἀρχαίοις, Οὐκ ἐπιορκήσεις, ἀποδώσεις δὲ τῷ Κυρίῳ τοὺς ὅρκους σου·
34 ၃၄ ငါ ပညတ် သည်ကား ၊ ကျိန်ဆို ခြင်းကို အလျင်း မ ပြုရ။ ကောင်းကင် ဘုံကို တိုင်တည်၍မ ကျိန်ရ။ ကောင်းကင်ဘုံကား ဘုရားသခင် ၏ ပလ္လင် တော်ဖြစ် သတည်း။
ἐγὼ δὲ λέγω ὑμῖν μὴ ὀμόσαι ὅλως· μήτε ἐν τῷ οὐρανῷ, ὅτι θρόνος ἐστὶ τοῦ Θεοῦ·
35 ၃၅ မြေကြီး ကို တိုင်တည်၍မ ကျိန်ရ။ မြေကြီးကား ဘုရားသခင် ၏ခြေ တော်တင် ရာခုံဖြစ် သတည်း။ ယေရုရှလင် မြို့ကို တိုင်တည်၍မ ကျိန်ရ။ မဟာ မင်းကြီး ၏မြို့ တော် ဖြစ် သတည်း။
μήτε ἐν τῇ γῇ, ὅτι ὑποπόδιόν ἐστι τῶν ποδῶν αὐτοῦ· μήτε εἰς Ἱεροσόλυμα, ὅτι πόλις ἐστὶ τοῦ μεγάλου βασιλέως·
36 ၃၆ ဆံခြည် တစ် ပင်ကိုမျှ ဖြူ စေခြင်း၊ မည်း စေခြင်းငှာ မ တတ်နိုင် သော်၊ ကိုယ် ဦးခေါင်း ကိုတိုင်တည်၍ မ ကျိန် ရ။
μήτε ἐν τῇ κεφαλῇ σου ὀμόσῃς, ὅτι οὐ δύνασαι μίαν τρίχα λευκὴν ἢ μέλαιναν ποιῆσαι.
37 ၃၇ သင် ၏စကား မှာ ဟုတ် သည်ကိုအဟုတ် ၊ မ ဟုတ်သည်ကို မ ဟုတ်ဖြစ် စေလော့။ ဤ ထက်လွန် သော စကားသည် မကောင်း သောအရာနှင့်စပ်ဆိုင်ပေ ၏။
Ἔστω δὲ ὁ λόγος ὑμῶν, ναὶ ναί, οὒ οὔ· τὸ δὲ περισσὸν τούτων ἐκ τοῦ πονηροῦ ἐστιν.
38 ၃၈ သူ့မျက်စိ ကိုဖျက်လျှင် ကိုယ်မျက်စိ ဖျက်ခြင်းကိုခံစေ။ သူ့သွား ကိုချိုးလျှင် ကိုယ်သွား ချိုးခြင်းကို ခံစေ ဟူသော ပညတ် စကားကို သင်တို့ကြား ရပြီ။
Ἠκούσατε ὅτι ἐρρέθη, Ὀφθαλμὸν ἀντὶ ὀφθαλμοῦ, καὶ ὀδόντα ἀντὶ ὀδόντος·
39 ၃၉ ငါ ပညတ် သည်ကား ၊ နှောင့်ရှက် သောသူ ကို မ ဆီး မတားနှင့်။ သင် ၏ပါး တစ်ဘက်ကို သူတစ်ပါး ပုတ် လျှင် ပါးတစ်ဘက် ကို လှည့် ၍ပေးဦးလော့။
ἐγὼ δὲ λέγω ὑμῖν μὴ ἀντιστῆναι τῷ πονηρῷ· ἀλλ᾽ ὅστις σε ῥαπίσει ἐπὶ τὴν δεξιὰν σιαγόνα, στρέψον αὐτῷ καὶ τὴν ἄλλην·
40 ၄၀ သင့် အင်္ကျီ ကိုယူလို ၍ တရား တွေ့သောသူ အား သင့် ဝတ်လုံ ကိုလည်း ယူ စေခြင်းငှာအခွင့် ပေးဦးလော့။
καὶ τῷ θέλοντί σοι κριθῆναι καὶ τὸν χιτῶνά σου λαβεῖν, ἄφες αὐτῷ καὶ τὸ ἱμάτιον·
41 ၄၁ အကြင်သူ သည် သင့် ကိုအနိုင်ပြု ၍ ခရီးတစ် တိုင် သွားစေ၏။ ထိုသူ နှင့်တကွ နှစ် တိုင်သွား ဦးလော့။
καὶ ὅστις σε ἀγγαρεύσει μίλιον ἕν, ὕπαγε μετ᾽ αὐτοῦ δύο.
42 ၄၂ တောင်း သောသူ အားပေး လော့။ ချေးငှား လို သောသူ ကိုလည်း မ ငြင်း မပယ်နှင့်။
Τῷ αἰτοῦντί σε δίδου· καὶ τὸν θέλοντα ἀπὸ σοῦ δανείσασθαι μὴ ἀποστραφῇς.
43 ၄၃ ကိုယ် နှင့်စပ်ဆိုင် သောသူ ကို ချစ် လော့။ ရန်သူ ကိုမုန်း လော့ဟူသောပညတ် စကားကို သင်တို့ ကြား ရပြီ။
Ἠκούσατε ὅτι ἐρρέθη, Ἀγαπήσεις τὸν πλησίον σου, καὶ μισήσεις τὸν ἐχθρόν σου·
44 ၄၄ ငါ ပညတ် သည်ကား ၊ သင်တို့သည် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ ၏ သား ဖြစ် လိုသောငှာ ။ သင် တို့၏ရန်သူ တို့ကို ချစ် ကြလော့။ သင် တို့ကိုကျိန်ဆဲ သောသူ တို့အား မေတ္တာပို့ ကြလော့။ သင်တို့ကို မုန်း သော သူ တို့အား ကျေးဇူးပြု ကြလော့။ သင်တို့ကို နှောင့်ရှက် ညှဉ်းဆဲ သောသူ တို့ အဘို့ ဘုရားသခင် ကို ဆုတောင်း ကြလော့။
ἐγὼ δὲ λέγω ὑμῖν, Ἀγαπᾶτε τοὺς ἐχθροὺς ὑμῶν, εὐλογεῖτε τοὺς καταρωμένους ὑμᾶς, καλῶς ποιεῖτε τοῖς μισοῦσιν ὑμᾶς, καὶ προσεύχεσθε ὑπὲρ τῶν ἐπηρεαζόντων ὑμᾶς, καὶ διωκόντων ὑμᾶς·
45 ၄၅ အကြောင်းမူကား ၊ ကောင်းကင်ဘုံ၌ ရှိတော်မူသော သင်တို့အဘသည်၊ ကောင်း သောသူမကောင်း သောသူတို့အပေါ် ၌ ကိုယ်တော် ၏နေ ကို ထွက် စေတော်မူ၏။ ဖြောင့်မတ် သောသူ မ ဖြောင့်မတ်သောသူတို့ အပေါ် ၌မိုဃ်း ကို ရွာစေတော်မူ၏။
ὅπως γένησθε υἱοὶ τοῦ πατρὸς ὑμῶν τοῦ ἐν τοῖς οὐρανοῖς, ὅτι τὸν ἥλιον αὐτοῦ ἀνατέλλει ἐπὶ πονηροὺς καὶ ἀγαθούς, καὶ βρέχει ἐπὶ δικαίους καὶ ἀδίκους.
46 ၄၆ သင် တို့ကို ချစ် သောသူ တို့အားသာချစ်တုံ့ပြု လျှင် အဘယ် ကျေးဇူး တင် သနည်း။ အခွန်ခံ သူတို့ပင် ဤမျှလောက်ပြု ကြသည် မ ဟုတ်လော။
Ἐὰν γὰρ ἀγαπήσητε τοὺς ἀγαπῶντας ὑμᾶς, τίνα μισθὸν ἔχετε; Οὐχὶ καὶ οἱ τελῶναι τὸ αὐτὸ ποιοῦσι;
47 ၄၇ အဆွေအမျိုး တို့အားသာ လောကဝတ် ပြုလျှင် အဘယ်သို့ ထူးမြတ် သနည်း။ သာသနာပ လူတို့ပင် ထိုအတူ ပြု ကြသည်မ ဟုတ်လော။
Καὶ ἐὰν ἀσπάσησθε τοὺς φίλους ὑμῶν μόνον, τί περισσὸν ποιεῖτε; Οὐχὶ καὶ οἱ τελῶναι οὕτω ποιοῦσιν;
48 ၄၈ ထို့ကြောင့် ကောင်းကင် ဘုံ၌ ရှိတော်မူသော သင် တို့အဘ သည် စုံလင် တော်မူသည်နည်းတူ သင် တို့သည်လည်း စုံလင် ခြင်းရှိ ကြလော့။
Ἔσεσθε οὖν ὑμεῖς τέλειοι, ὥσπερ ὁ πατὴρ ὑμῶν ὁ ἐν τοῖς οὐρανοῖς τέλειός ἐστι.

< မဿဲ 5 >