< ဝတ်ပြုရာ 27 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
וידבר יהוה אל משה לאמר׃
2 သင်သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊ လူ သည် သစ္စာ ဂတိပြု ၍ ပူဇော်လျှင်၊ ပူဇော်အပ်သောသူသည်၊ သင် အဘိုး ပြတ်သည်အတိုင်း ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်ရမည်။
דבר אל בני ישראל ואמרת אלהם איש כי יפלא נדר בערכך נפשת ליהוה׃
3 သင် သည် အဘယ်မျှ အဘိုး ပြတ်ရမည်နည်းဟူမူကား၊ ယောက်ျား ကို အသက် နှစ် ဆယ်မှသည် ခြောက် ဆယ်တိုင်အောင် ၊ အကျပ် တော်အလိုက် ငွေ အကျပ် ငါး ဆယ်နှင့် အဘိုး ပြတ်ရမည်။
והיה ערכך הזכר מבן עשרים שנה ועד בן ששים שנה והיה ערכך חמשים שקל כסף בשקל הקדש׃
4 မိန်းမ ဖြစ်လျှင် ၊ ငွေအကျပ် သုံး ဆယ်နှင့် အဘိုး ပြတ်ရမည်။
ואם נקבה הוא והיה ערכך שלשים שקל׃
5 အသက် ငါး နှစ်မှ သည် ဆယ်နှစ်တိုင်အောင် ၊ ယောက်ျား ကို အကျပ် နှစ် ဆယ်၊ မိန်းမ ကို အကျပ် တဆယ် နှင့် အဘိုး ပြတ်ရမည်။
ואם מבן חמש שנים ועד בן עשרים שנה והיה ערכך הזכר עשרים שקלים ולנקבה עשרת שקלים׃
6 အသက်တလ မှ သည် ငါး နှစ် တိုင်အောင် ၊ ယောက်ျား ကို ငွေ ငါး ကျပ် ၊ မိန်းမ ကို သုံး ကျပ် နှင့် အဘိုး ပြတ်ရမည်။
ואם מבן חדש ועד בן חמש שנים והיה ערכך הזכר חמשה שקלים כסף ולנקבה ערכך שלשת שקלים כסף׃
7 အသက် ခြောက် ဆယ်လွန် လျှင် ၊ ယောက်ျား ကို ဆယ် ငါး ကျပ် ၊ မိန်းမ ကို တဆယ် နှင့် အဘိုး ပြတ်ရမည်။
ואם מבן ששים שנה ומעלה אם זכר והיה ערכך חמשה עשר שקל ולנקבה עשרה שקלים׃
8 သင် အဘိုး ပြတ်သည်အတိုင်း၊ မ တတ်နိုင်လျှင် ၊ ယဇ်ပုရောဟိတ် ထံ သို့ချဉ်းကပ် ၍ ၊ ယဇ် ပုရောဟိတ်သည် သစ္စာ ဂတိပြုသောသူ တတ်နိုင် သမျှအတိုင်း အဘိုး ပြတ်ရမည်။
ואם מך הוא מערכך והעמידו לפני הכהן והעריך אתו הכהן על פי אשר תשיג יד הנדר יעריכנו הכהן׃
9 လူသည် တိရစ္ဆာန် ကို ထာဝရဘုရား အား ပူဇော် လျှင်၊ ပူဇော် သမျှ သည် သန့်ရှင်း ရမည်။
ואם בהמה אשר יקריבו ממנה קרבן ליהוה כל אשר יתן ממנו ליהוה יהיה קדש׃
10 ၁၀ ကောင်း သည်ဖြစ်စေ ၊ ညံ့ သည်ဖြစ်စေ၊ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် ၊ နှစ်ကောင် စလုံး သန့်ရှင်း ရမည်။
לא יחליפנו ולא ימיר אתו טוב ברע או רע בטוב ואם המר ימיר בהמה בבהמה והיה הוא ותמורתו יהיה קדש׃
11 ၁၁ ထာဝရဘုရား အား မ ပူဇော် အပ်၊ မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ ယဇ်ပုရောဟိတ် အား ပြ ၍၊
ואם כל בהמה טמאה אשר לא יקריבו ממנה קרבן ליהוה והעמיד את הבהמה לפני הכהן׃
12 ၁၂ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုးရှိ ရမည်။
והעריך הכהן אתה בין טוב ובין רע כערכך הכהן כן יהיה׃
13 ၁၃ ပူဇော်သောသူသည် ရွေး လိုလျှင် ၊ အဘိုး ရင်းနှင့် ငါး စုတစုကို ထပ် ၍ ပေးရမည်။
ואם גאל יגאלנה ויסף חמישתו על ערכך׃
14 ၁၄ လူ သည် မိမိ အိမ် ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ ကောင်း မ ကောင်းရှိသည်အလျောက် ၊ ယဇ်ပုရောဟိတ် အဘိုး ပြတ်ရမည်။ ယဇ်ပုရောဟိတ် ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
ואיש כי יקדש את ביתו קדש ליהוה והעריכו הכהן בין טוב ובין רע כאשר יעריך אתו הכהן כן יקום׃
15 ၁၅ ထိုအိမ် ကို သန့်ရှင်း စေသောသူ ရွေး လိုလျှင် ၊ ပြတ်သောအဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ အိမ်ကို ယူရမည်။
ואם המקדיש יגאל את ביתו ויסף חמישית כסף ערכך עליו והיה לו׃
16 ၁၆ လူ သည် ကိုယ် ပိုင် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင် ၊ မုယောမျိုးစေ့ ကြဲရသည် အတိုင်း အဘိုး ပြတ်ရမည်။ မျိုးစေ့ တဩမဲကြဲရသော လယ်ကို၊ ငွေ အကျပ် ငါး ဆယ်နှင့် အဘိုးပြတ် ရမည်။
ואם משדה אחזתו יקדיש איש ליהוה והיה ערכך לפי זרעו זרע חמר שערים בחמשים שקל כסף׃
17 ၁၇ ယုဘိလ နှစ် မှစ၍မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ ပြတ်သည်အတိုင်း အဘိုး ရှိ ရမည်။
אם משנת היבל יקדיש שדהו כערכך יקום׃
18 ၁၈ ယုဘိလ နှစ်လွန် မှ မိမိ လယ် ကို သန့်ရှင်း စေလျှင် ၊ နောင် ယုဘိလ နှစ် မှီ အောင် လိုသေးသော နှစ် ပေါင်းကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ပြတ်သော အဘိုး ရင်းငွေကို လျှော့ ရမည်။
ואם אחר היבל יקדיש שדהו וחשב לו הכהן את הכסף על פי השנים הנותרת עד שנת היבל ונגרע מערכך׃
19 ၁၉ မိမိ လယ် ကို သန့်ရှင်း စေသောသူသည် ရွေး လိုလျှင် ၊ ပြတ်သော အဘိုး ရင်းနှင့် ငါး စုတစုကို ပေး ၍ လယ်ကို အပိုင်ယူရမည်။
ואם גאל יגאל את השדה המקדיש אתו ויסף חמשית כסף ערכך עליו וקם לו׃
20 ၂၀ သို့မဟုတ် လယ် ကိုမ ရွေး လို၊ အခြား သောသူအား ရောင်း မိလျှင် ၊ နောက် တဖန် မ ရွေး ရ။
ואם לא יגאל את השדה ואם מכר את השדה לאיש אחר לא יגאל עוד׃
21 ၂၁ ယုဘိလ နှစ်တွင် ထိုလယ် သည် အမှုလွတ် သောအခါ ၊ ကျိန်ဆို သောလယ် ကဲ့သို့ ၊ ထာဝရဘုရား အား သန့်ရှင်း ၍ ယဇ်ပုရောဟိတ် ၏ ဥစ္စာ ဖြစ် ရမည်။
והיה השדה בצאתו ביבל קדש ליהוה כשדה החרם לכהן תהיה אחזתו׃
22 ၂၂ လူသည် ကိုယ်ပိုင် ရင်းမ ဟုတ်၊ ဝယ် သော လယ်ယာ ကို ထာဝရဘုရား အဘို့ သန့်ရှင်း စေလျှင်၊
ואם את שדה מקנתו אשר לא משדה אחזתו יקדיש ליהוה׃
23 ၂၃ ယုဘိလ နှစ် တိုင်အောင် ပြတ်သောအဘိုး ကို၊ ယဇ်ပုရောဟိတ် ရေတွက် ၍ ၊ ထာဝရဘုရား အဘို့ သန့်ရှင်း စေသော နေ့ ၌ အဘိုးပြတ်သောငွေ ကို ပေး ရမည်။
וחשב לו הכהן את מכסת הערכך עד שנת היבל ונתן את הערכך ביום ההוא קדש ליהוה׃
24 ၂၄ ယုဘိလ နှစ် ရောက်သောအခါ ၊ ထိုလယ် ကို အရင်ပိုင် ၍ ရောင်းသောသူ လက်သို့ ပြန် စေရမည်။
בשנת היובל ישוב השדה לאשר קנהו מאתו לאשר לו אחזת הארץ׃
25 ၂၅ အဘိုး ပြတ်လေရာရာ ၌ အကျပ် တော်အလိုက် ပြတ်ရမည်။ အကျပ် ကား၊ ဂေရ နှစ် ဆယ်ဖြစ် သတည်း။
וכל ערכך יהיה בשקל הקדש עשרים גרה יהיה השקל׃
26 ၂၆ ထာဝရဘုရား ပိုင်ထိုက်သော တိရစ္ဆာန် သားဦး ကို၊ အဘယ် သူမျှမ သန့်ရှင်း စေရ။ နွား ဖြစ်စေ ၊ သိုး ဆိတ် ဖြစ်စေ ၊ ထာဝရဘုရား ဥစ္စာဖြစ်၏။
אך בכור אשר יבכר ליהוה בבהמה לא יקדיש איש אתו אם שור אם שה ליהוה הוא׃
27 ၂၇ မ စင်ကြယ်သော တိရစ္ဆာန် ဖြစ်လျှင် ၊ အဘိုးပြတ်သည်အတိုင်း ရွေး ၍ ၊ ငါး စုတစုကို ထပ် ၍ ပေးရမည်။ မ ရွေး လိုလျှင် ၊ အဘိုး ပြတ်သည်အတိုင်း ရောင်း ရမည်။
ואם בבהמה הטמאה ופדה בערכך ויסף חמשתו עליו ואם לא יגאל ונמכר בערכך׃
28 ၂၈ သို့ရာတွင် လူ ဖြစ်စေ ၊ တိရစ္ဆာန် ဖြစ်စေ၊ ကိုယ်ပိုင် ရင်းလယ် ဖြစ်စေ ၊ ထာဝရဘုရား အား ကျိန်ဆို ၍ ပူဇော် သမျှ ကို မ ရောင်း မ ရွေး ရ။ ကျိန်ဆို ၍ ပူဇော်သမျှ တို့သည် ထာဝရဘုရား အား အလွန်သန့်ရှင်း ရမည်။
אך כל חרם אשר יחרם איש ליהוה מכל אשר לו מאדם ובהמה ומשדה אחזתו לא ימכר ולא יגאל כל חרם קדש קדשים הוא ליהוה׃
29 ၂၉ လူ ကိုပင် ကျိန်ဆို ၍ ပူဇော် လျှင်၊ နောက်တဖန် မ ရွေး ရ၊ သတ် ရမည်။
כל חרם אשר יחרם מן האדם לא יפדה מות יומת׃
30 ၃၀ စပါး ဖြစ်စေ၊ သစ်သီး ဖြစ်စေ၊ မြေ ကဖြစ်သမျှ သောအသီးအနှံဆယ် စုတစုသည် ထာဝရဘုရား ၏ ဘဏ္ဍာတော် ဖြစ်၏။ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
וכל מעשר הארץ מזרע הארץ מפרי העץ ליהוה הוא קדש ליהוה׃
31 ၃၁ ဆယ် စုတစုကို ရွေး လိုလျှင် ၊ အဘိုးရင်းနှင့်ငါး စုတစုကို ထပ် ၍ပေးရမည်။
ואם גאל יגאל איש ממעשרו חמשיתו יסף עליו׃
32 ၃၂ နွား ဖြစ်စေ ၊ သိုး ဆိတ်ဖြစ်စေ၊ ကြိမ်လုံး အောက် ၌ သွား သမျှ သော အကောင်ဆယ် စုတစုသည်၊ ထာဝရဘုရား အဘို့ သန့်ရှင်း ရမည်။
וכל מעשר בקר וצאן כל אשר יעבר תחת השבט העשירי יהיה קדש ליהוה׃
33 ၃၃ ကောင်း သလော၊ ညံ့ သလောဟုမ မေးမစစ် ရ။ တကောင်အတွက် တကောင်ကို မ လဲ ရ။ လဲ လိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း ရမည်။ အလျှင်းမ ရွေး ရဟု မိန့် တော်မူ၏။
לא יבקר בין טוב לרע ולא ימירנו ואם המר ימירנו והיה הוא ותמורתו יהיה קדש לא יגאל׃
34 ၃၄ ဤ ရွေ့ကား ထာဝရဘုရား သည်၊ သိနာ တောင် ပေါ် မှာ ဣသရေလ အမျိုးသား တို့အဘို့ မောရှေ ၌ ထား တော်မူသော ပညတ် တော်များ ဖြစ်သတည်း။
אלה המצות אשר צוה יהוה את משה אל בני ישראל בהר סיני׃

< ဝတ်ပြုရာ 27 >