< ဝတ်ပြုရာ 14 >

1 တဖန် မောရှေ အား ထာဝရဘုရား က၊
တဖန် မောရှေအား ထာဝရဘုရားက၊ - နူနာစွဲသောသူသည် စင်ကြယ်စေသောနေ့၌ ကျင့်ရသော တရားဟူမူကား၊-
2 နူနာ စွဲသောသူသည် စင်ကြယ် စေသောနေ့ ၌ ကျင့်ရသောတရား ဟူမူကား၊
3 ထိုသူကို ယဇ်ပုရောဟိတ် ထံ သို့ခေါ် ခဲ့ပြီးမှ ယဇ် ပုရောဟိတ်သည်၊ တပ် ပြင် သို့ ထွက် ၍ ကြည့်ရှု သောအခါ ၊ နူနာ ပျောက် သည်မှန်လျှင်
ထိုသူကို ယဇ်ပုရောဟိတ်ထံသို့ ခေါ်ခဲ့ပြီးမှ ယဇ်ပုရောဟိတ်သည် တပ်ပြင်သို့ထွက်၍ ကြည့်ရှုသော အခါ၊ နူနာပျောက်သည်မှန်လျှင်၊-
4 စင်ကြယ် စေခြင်းကို ခံရသောထိုသူအဘို့ ၊ အသက် ရှင်၍ စင်ကြယ် သော ငှက် နှစ် ကောင်၊ အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့်တို့ကို မှာ လိုက်၍၊
စင်ကြယ်စေခြင်းကို ခံရသောထိုသူအဘို့၊ အသက်ရှင်၍ စင်ကြယ်သော ငှက်နှစ်ကောင်၊ အာရဇ်သစ် သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်တို့ကို မှာလိုက်၍၊-
5 စီး သောရေ ကိုထည့်သော မြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် စေပြီးမှ၊
စီးသောရေကိုထည့်သော မြေအိုးထဲ၌ ငှက်တကောင်ကို သတ်စေပြီးမှ၊-
6 အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့်နှင့်တကွ ၊ အသက် ရှင်သော ငှက် ကိုယူ ၍ ၊ ငှက် သွေး ရောပြီးသော ရေ ၌ နှစ် ပြီးလျှင်၊
အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ ဟု ဿုပ်ပင်ညွန့်နှင့်တကွ အသက်ရှင်သော ငှက်ကိုယူ၍၊ ငှက်သွေးရောပြီးသော ရေ၌နှစ်ပြီးလျှင်၊-
7 နူနာစင်ကြယ် စေရသော လူအပေါ် မှာ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ၍ ၊ ထိုသူ သည် စင်ကြယ် သည်ဟု စီရင်ရမည်။ ထိုနောက် အသက် ရှင်သော ငှက် ကို ဟင်းလင်း သော အရပ် ၌ လွှတ် လိုက်ရမည်။
နူနာစင်ကြယ်စေရသော လူအပေါ်မှာ ခုနစ်ကြိမ်တိုင်အောင် ဖြန်း၍၊ ထိုသူသည် စင်ကြယ်သည်ဟု စီရင်ရမည်။ ထိုနောက် အသက်ရှင်သော ငှက်ကို ဟင်းလင်းသော အရပ်၌ လွှတ်လိုက်ရမည်။
8 စင်ကြယ် စေရသောသူသည် မိမိ အဝတ် ကို လျှော် ၍ ၊ မိမိ ဆံပင် ကို အကုန် အစင်ရိတ် ပြီးမှ ၊ စင်ကြယ် စေခြင်းငှါ ရေချိုး ရမည်။ ထိုနောက် ၊ တပ် ထဲ သို့ ဝင် ၍ ၊ မိမိ တဲ ပြင် ၌ ခုနစ် ရက် နေ ရမည်။
စင်ကြယ်စေရသော သူသည် မိမိအဝတ်ကို လျှော်၍၊ မိမိဆံပင်ကို အကုန်အစင် ရိတ်ပြီးမှ၊ စင်ကြယ် စေခြင်းငှါ ရေချိုးရမည်။ ထိုနောက်၊ တပ်ထဲသို့ ဝင်၍၊ မိမိတဲပြင်၌ ခုနစ်ရက်နေရမည်။
9 သတ္တမ နေ့ ၌ မိမိ ဆံပင် ၊ မုတ်ဆိတ် ၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေး ရှိသမျှ ကို ရိတ် ၍၊ မိမိ အဝတ် ကို လျှော် ပြီးမှ ၊ ရေချိုး ၍ စင်ကြယ် ရ၏။
သတ္တမနေ့၌ မိမိဆံပင်၊ မုတ်ဆိတ်၊ မျက်ခုန်းမွေး အစရှိသော ကိုယ်မွေးရှိသမျှကို ရိတ်၍၊ မိမိအဝတ်ကို လျှော်ပြီးမှ၊ ရေချိုး၍ စင်ကြယ်ရ၏။
10 ၁၀ အဋ္ဌမ နေ့ ၌ လည်း ၊ အပြစ် မရှိ၊ အခါ မလည်သော သိုးသငယ် အထီးနှစ် ကောင်၊ အမ တကောင် ကို၎င်း ၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့၊ ဆီ ရော သော မုန့်ညက် သုံး ဩမဲနှင့် ဆီ တ လောဃ ကို၎င်း ယူ ပြီးလျှင်၊
၁၀အဋ္ဌမနေ့၌လည်း၊ အပြစ်မရှိ၊ အခါမလည်သော သိုးသငယ်အထီးနှစ်ကောင်၊ အမတကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့၊ ဆီရောသော မုန့်ညက်သုံးဩမဲနှင့် ဆီတလောဃကို၎င်း ယူပြီးလျှင်၊
11 ၁၁ စင်ကြယ် စေသော ယဇ် ပုရောဟိတ်သည်၊ စင်ကြယ် စေအပ်သော လူ ကို၊ ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ထာဝရဘုရား ရှေ့ တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက် ရမည်။
၁၁စင်ကြယ်စေသော ယဇ်ပုရောဟိတ်သည်၊ စင်ကြယ်စေအပ်သော လူကို၊ ပရိသတိစည်းဝေးရာ တဲတော်တံခါးနား၊ ထာဝရဘုရားရှေ့တော်၌ ထိုပူဇော်သက္ကာနှင့်တကွ ဆက်ရမည်။
12 ၁၂ သိုးသငယ် အထီးတကောင် ကို ယူ ပြီးလျှင် ဒုစရိုက် ဖြေရာယဇ်ဘို့ ပူဇော် ၍ ၊ ထာဝရဘုရား ရှေ့ တော် ၌ ချီလွှဲ သော ပူဇော်သက္ကာဘို့ ဆီ တလောဃ နှင့်တကွ ချီလွှဲ ရမည်။
၁၂သိုးသငယ်အထီးတကောင်ကို ယူပြီးလျှင် ဒုစရိုက်ဖြေရာယဇ်ဘို့ ပူဇော်၍၊ ထာဝရဘုရားရှေ့တော် ၌ ချီလွှဲသော ပူဇော်သက္ကာဘို့ ဆီတလောဃနှင့်တကွ ချီလွှဲရမည်။
13 ၁၃ ထိုသိုးသငယ် ကို အပြစ် ဖြေရာ ယဇ်ကောင်၊ မီး ရှို့ရာယဇ်ကောင်ကိုသတ် ရာအရပ် ၊ သန့်ရှင်း ရာဌာန ၌ သတ် ရမည်။ အကြောင်း မူကား၊ အပြစ် ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက် ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်း ပေ၏။
၁၃ထိုသိုးသငယ်ကို အပြစ်ဖြေရာ ယဇ်ကောင်၊ မီးရှို့ရာယဇ်ကောင်ကို သတ်ရာအရပ်၊ သန့်ရှင်းရာဌာန ၌ သတ်ရမည်။ အကြောင်းမူကား၊ အပြစ်ဖြေရာ ယဇ်ကောင်ကို၊ ယဇ်ပုရောဟိတ် ယူပိုင်သကဲ့သို့ ဒုစရိုက်ဖြေရာယဇ်ကောင်ကို ယူပိုင်၏။ အလွန်သန့်ရှင်းပေ၏။
14 ၁၄ ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်ကောင်အသွေး ကိုယူ ၍ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ၊ ထည့် ရမည်။
၁၄ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်ကောင်အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း၊ ထည့်ရမည်။
15 ၁၅ ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊
၁၅ဆီအချို့ကိုလည်း ယူ၍၊ မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-
16 ၁၆ ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် တို့ယူ၍ ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
၁၆ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် တို့ယူ၍ ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
17 ၁၇ မိမိ လက် ၌ ကြွင်း သောဆီ ကို စင်ကြယ် စေရသောသူ ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး အပေါ် မှာ ထည့် ရမည်။
၁၇မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသော သူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်းရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးအပေါ်မှာ ထည့်ရမည်။
18 ၁၈ မိမိလက် ၌ ကြွင်း သေးသောဆီ ကို၊ စင်ကြယ် စေရသောသူ ၏ခေါင်း ပေါ် မှာ လောင်း ၍ ထိုသူ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
၁၈မိမိလက်၌ ကြွင်းသေးသောဆီကို၊ စင်ကြယ်စေရသော သူ၏ခေါင်းပေါ်မှာ လောင်း၍ ထိုအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရားရှေ့တော်၌ ပြုရမည်။
19 ၁၉ ထိုမှတပါး၊ စင်ကြယ် စေရသော သူအဘို့ အပြစ် ဖြေခြင်းငှါ ၊ အပြစ် ဖြေရာယဇ်ကို ပူဇော် ၍ ၊ နောက် တဖန် မီး ရှို့ရာယဇ်ကောင်ကိုသတ် ရမည်။
၁၉ထိုမှတပါး၊ စင်ကြယ်စေရသော သူအဘို့ အပြစ်ဖြေခြင်းငှါ၊ အပြစ်ဖြေရာယဇ်ကို ပူဇော်၍၊ နောက် တဖန် မီးရှို့ရာယဇ်ကောင်ကို သတ်ရမည်။
20 ၂၀ မီး ရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာ ကို ယဇ် ပလ္လင်ပေါ် မှာ ပူဇော် သဖြင့် ထိုလူအဘို့ အပြစ် ဖြေခြင်းကို ပြု၍ ၊ သူသည်သန့်ရှင်း ရ၏။
၂၀မီးရှို့ရာယဇ်ကောင်နှင့် ဘောဇဉ်ပူဇော်သက္ကာကို ယဇ်ပလ္လင်ပေါ်မှာ ပူဇော်သဖြင့် ထိုလူအဘို့ အပြစ်ဖြေခြင်းကို ပြု၍ သူသည်သန့်ရှင်းရ၏။
21 ၂၁ ထိုသူ သည် ဆင်းရဲ ၍ ဤမျှလောက်မ တတ် နိုင်လျှင် ၊ ချီလွှဲ ၍ မိမိ အပြစ် ဖြေခြင်းကို ပြုစရာဘို့ ၊ ဒုစရိုက် ဖြေရာယဇ် သိုးငယ် တကောင် ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာ ဘို့ ဆီ ရော သော မုန့်ညက် တဩမဲနှင့် ဆီ တလောဃ ကို၎င်း၊
၂၁ထိုသူသည် ဆင်းရဲ၍ ဤမျှလောက်မတတ်နိုင်လျှင်၊ ချီလွှဲ၍ မိမိအပြစ်ဖြေခြင်းကို ပြုစရာဘို့၊ ဒုစရိုက်ဖြေရာယဇ် သိုးငယ်တကောင်ကို၎င်း၊ ဘောဇဉ်ပူဇော်သက္ကာဘို့ ဆီရောသော မုန့်ညက်တဩ မဲနှင့် ဆီတလောဃကို၎င်း၊-
22 ၂၂ တတ်နိုင် သမျှအတိုင်း ၊ ခို နှစ် ကောင်၊ သို့မဟုတ် ချိုး ကလေး နှစ် ကောင်၊ အပြစ် ဖြေရာ ယဇ်ဘို့တကောင် ၊ မီး ရှို့ရာယဇ်ဘို့တကောင် ကို၎င်းယူ၍၊
၂၂တတ်နိုင်သမျှအတိုင်း၊ ခိုနှစ်ကောင်၊ သို့မဟုတ် ချိုးကလေးနှစ်ကောင်၊ အပြစ်ဖြေရာ ယဇ်ဘို့တကောင်၊ မီးရှို့ရာယဇ်ဘို့တကောင်ကို၎င်း ယူ၍၊
23 ၂၃ မိမိ စင်ကြယ် ခြင်းအလိုငှါ ၊ ထာဝရဘုရား ရှေ့ တော်တွင် ပရိသတ်စည်းဝေး ရာ တဲ တော်တံခါး နား၊ ယဇ်ပုရောဟိတ် ထံ သို့၊ အဋ္ဌမ နေ့ ၌ ဆောင် ခဲ့ပြီးမှ၊
၂၃မိမိစင်ကြယ်ခြင်းအလိုငှါ၊ ထာဝရဘုရားရှေ့တော်တွင် ပရိသတ်စည်းဝေးရာ တဲတော်တံခါးနား၊ ယဇ်ပုရောဟိတ်ထံသို့၊ အဋ္ဌမနေ့၌ ဆောင်ခဲ့ပြီးမှ၊-
24 ၂၄ ယဇ် ပုရောဟိတ်သည် ဒုစရိုက် အပြစ်ဖြေရာ ယဇ်သိုးသငယ် နှင့် ဆီ တလောဃ ကို ယူ ၍ ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ရာပူဇော်သက္ကာဘို့ ချီလွှဲ ရမည်။
၂၄ယဇ်ပုရောဟိတ်သည် ဒုစရိုက်အပြစ်ဖြေရာ ယဇ်သိုးသငယ်နှင့်ဆီတလောဃကို ယူ၍ ထာဝရဘုရား ရှေ့တော်၌ ချီလွှဲရာ၊ ပူဇော်သက္ကာဘို့ ချီလွှဲရမည်။
25 ၂၅ ထိုသိုးသငယ် ကိုသတ် ပြီးလျှင် ၊ အသွေး ကိုယူ ၍ စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ထည့် ရမည်။
၂၅ထိုသိုးသငယ်ကို သတ်ပြီးလျှင်၊ အသွေးကိုယူ၍ စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာခြေမ၌၎င်း ထည့်ရမည်။
26 ၂၆ ဆီ အချို့ကိုလည်း မိမိလက်ဝဲ လက်ဝါး ၌ လောင်း ပြီးလျှင်၊
၂၆ဆီအချို့ကိုလည်း မိမိလက်ဝဲလက်ဝါး၌ လောင်းပြီးလျှင်၊-
27 ၂၇ ထို ဆီ ကို မိမိ လက်ျာ လက်ညှိုး နှင့် ထာဝရဘုရား ရှေ့ တော်၌ ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
၂၇ထိုဆီကို မိမိလက်ျာလက်ညှိုးနှင့် ထာဝရဘုရားရှေ့တော်၌ ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
28 ၂၈ မိမိ လက် ၌ ကြွင်းသောဆီ ကို စင်ကြယ် စေရသောသူ၏ လက်ျာ နား ပျဉ်း ၌ ၎င်း၊ လက်ျာ လက်မ ၊ လက်ျာ ခြေမ ၌ ၎င်း ရှိသောဒုစရိုက် ဖြေရာ ယဇ်ကောင်အသွေး ပေါ် မှာထည့် ၍၊
၂၈မိမိလက်၌ ကြွင်းသောဆီကို စင်ကြယ်စေရသောသူ၏ လက်ျာနားပျဉ်း၌၎င်း၊ လက်ျာလက်မ၊ လက်ျာ ခြေမ၌၎င်း ရှိသော ဒုစရိုက်ဖြေရာ ယဇ်ကောင်အသွေးပေါ်မှာထည့်၍၊
29 ၂၉ မိမိ၌ ကြွင်း သေးသော ဆီ ကို ထိုလူခေါင်း အပေါ် မှာ လောင်း ၍၊ သူ့ အဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
၂၉မိမိ၌ကြွင်းသေးသောဆီကို ထိုလူခေါင်းအပေါ်မှာ လောင်း၍၊ သူ့အဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။
30 ၃၀ ထိုသူသည် တတ် နိုင်သမျှအတိုင်း ခို နှစ်ကောင်ဖြစ်စေ ၊ ချိုး ကလေး နှစ်ကောင်ဖြစ်စေ၊
၃၀ထိုသူသည် တတ်နိုင်သမျှအတိုင်း ခိုနှစ်ကောင်ဖြစ်စေ၊ ချိုးကလေးနှစ်ကောင်ဖြစ်စေ၊-
31 ၃၁ အပြစ် ဖြေရာယဇ်ဘို့ တကောင် ၊ ဘောဇဉ်ပူဇော်သက္ကာ နှင့်တကွ မီး ရှို့ရာယဇ်ဘို့တကောင် ကို ဆောင်ခဲ့၍၊ ယဇ် ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ် ဖြေခြင်းကို ထာဝရဘုရား ရှေ့ တော်၌ ပြုရမည်။
၃၁အပြစ်ဖြေရာယဇ်ဘို့ တကောင်၊ ဘောဇဉ်ပူဇော်သက္ကာနှင့်တကွ မီးရှို့ရာယဇ်ဘို့တကောင်ကို ဆောင်ခဲ့၍၊ ယဇ်ပုရောဟိတ်သည် ပူဇော်လျက်၊ ထိုသူအဘို့ အပြစ်ဖြေခြင်းကို ထာဝရဘုရား ရှေ့တော်၌ ပြုရမည်။
32 ၃၂ ဤ ရွေ့ကား၊ နူနာ စွဲ၍ မိမိ စင်ကြယ် စေ ခြင်းငှါ မ တတ် နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရား ဖြစ်သတည်းဟု မိန့်တော်မူ၏။
၃၂ဤရွေ့ကား၊ နူနာစွဲ၍ မိမိစင်ကြယ်စေ မိမိစင်ကြယ်စေခြင်းငှါ မတတ်နိုင်အောင် ဆင်းရဲသောသူနှင့် ဆိုင်သော တရားဖြစ်သတည်းဟု မိန့်တော်မူ၏။
33 ၃၃ ထာဝရဘုရား သည် မောရှေ နှင့် အာရုန် အား မိန့် တော်မူသည်ကား၊
၃၃ထာဝရဘုရားသည် မောရှေနှင့် အာရုန်အား မိန့်တော်မူသည်ကား၊-
34 ၃၄ သင် တို့ပိုင် ထိုက်ရာ၊ ငါ ပေး သော ခါနာန် ပြည် သို့ သင်တို့ရောက် သောအခါ ၊ သင် တို့နေရာ ထိုပြည် တွင် အိမ် တစုံတခု၌ နူနာ ကို ငါစွဲစေလျှင် ၎င်း
၃၄သင်တို့ ပိုင်ထိုက်ရာ၊ ငါပေးသော ခါနာန်ပြည်သို့ သင်တို့ရောက်သောအခါ၊ သင်တို့နေရာ ထိုပြည်တွင် အိမ်ထစုံတခု၌ နူနာကို ငါစွဲစေလျှင်၎င်း၊-
35 ၃၅ အိမ်ရှင်သည် ယဇ်ပုရောဟိတ် ထံ သို့သွား ၍ ၊ အကျွန်ုပ် အိမ် ကို နူနာ စွဲဟန် ရှိပါ၏ဟု ပြောဆို လျှင် ၎င်း၊
၃၅အိမ်ရှင်သည် ယဇ်ပုရောဟိတ်ထံသို့သွား၍၊ အကျွန်ုပ်အိမ်ကို နူနာစွဲဟန်ရှိပါ၏ဟု ပြောဆိုလျှင်၎င်း၊-
36 ၃၆ ထို အိမ် ၌ ရှိသမျှ တို့သည်၊ မ စင်ကြယ် ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ် ပုရောဟိတ်သည် နူနာ ကို အကြည့် အရှုမ ဝင်မှီ၊ ရှိသမျှကို ထုတ် စေခြင်းငှါ စီရင် ရမည်။ ထိုနောက် ယဇ် ပုရောဟိတ်သည် ထိုအိမ် ကို အကြည့် အရှုဝင် ၍၊
၃၆ထိုအိမ်၌ရှိသမျှတို့သည်၊ မစင်ကြယ်ရာသို့ ရောက်မည်ကို စိုးရိမ်၍၊ ယဇ်ပုရောဟိတ်သည် နူနာက အကြည့်အရှုမဝင်မှီ၊ ရှိသမျှကို ထုတ်စေခြင်းငှါ စီရင်ရမည်။ ထိုနောက် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို အကြည့်အရှုဝင်၍၊-
37 ၃၇ အနာ ကို ကြည့်ရှု သောအခါ ၊ ကျောက်ထရံ ချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း ၊ ခပ်နီနီ ဖြစ်၍၊ ကျောက်ထရံ ထဲ ၌အနာစွဲဟန် ရှိလျှင်၊
၃၇အနာကို ကြည့်ရှုသောအခါ၊ ကျောက်ထရံချိုင့်ရာတို့၌ ခပ်စိမ်းစိမ်း၊ ခပ်နီနီဖြစ်၍၊ ကျောက်ထရံထဲ၌ အနာစွဲဟန်ရှိလျှင်၊ -
38 ၃၈ အိမ် တံခါး ပြင်သို့ ထွက် ၍ ၊ ထိုအိမ် ကို ခုနစ် ရက် ပတ်လုံးပိတ် ထားရမည်။
၃၈အိမ်တံခါးပြင်သို့ ထွက်၍၊ ထိုအိမ်ကို ခုနစ်ရက်ပတ်လုံး ပိတ်ထားရမည်။
39 ၃၉ သတ္တမ နေ့ ၌ ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ ၍ ၊ ကျောက်ထရံ ၌ အနာ တိုးပွား လျှင်၊
၃၉သတ္တမနေ့၌ ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာ၍၊ ကျောက်ထရံ၌ အနာတိုးပွားလျှင်၊
40 ၄၀ အနာ စွဲသော ကျောက် တို့ကို နှုတ် ပယ်၍ ၊ မြို့ ပြင် မ စင်ကြယ်သော အရပ် ၌ ပစ် ထားစေခြင်းငှါ ယဇ် ပုရောဟိတ် စီရင် ၍၊
၄၀အနာစွဲသော ကျောက်တို့ကို နှုတ်ပယ်၍၊ မြို့ပြင်မစင်ကြယ်သော အရပ်၌ ပစ်ထားစေခြင်းငှါ ယဇ် ပုရောဟိတ်စီရင်၍၊
41 ၄၁ ထိုအိမ် ကို အတွင်း ပတ်လည်၌ ခြစ် စေရမည်။ ခြစ် ၍ကျသော အမှုန့် ကိုလည်း မြို့ ပြင် မ စင်ကြယ်သောအရပ် ၌ သွန် ပစ်ရမည်။
၄၁ထိုအိမ်ကို အတွင်းပတ်လည်၌ ခြစ်စေရမည်။ ခြစ်၍ကျသော အမှုန့်ကိုလည်း မြို့ပြင်မစင်ကြယ် သောအရပ်၌ သွန်ပစ်ရမည်။
42 ၄၂ အရင်ကျောက် အစား ၌ အခြား သော ကျောက် ကိုယူ ၍ ထည့်ပြီးလျှင် ၊ အသစ် သော အင်္ဂတေနှင့် မွမ်းမံ ရမည်။
၄၂အရင်ကျောက်အစား၌ အခြားသော ကျောက်ကိုယူ၍ ထည့်ပြီးလျှင်၊ အသစ်သော အင်္ဂတေနှင့် မွမ်းမံရမည်။
43 ၄၃ ထိုသို့ ကျောက် ကို နှုတ် ပယ်၍ အိမ် ကိုခြစ် ခြင်း၊ အသစ်မွမ်းမံ ခြင်းကို ပြုပြီးမှ ၊ တဖန် အနာစွဲ ပြန်လျှင်၊
၄၃ထိုသို့ ကျောက်ကို နှုတ်ပယ်၍ အိမ်ကိုခြစ်ခြင်း၊ အသစ်မွမ်းမံခြင်းကို ပြုပြီးမှ၊ တဖန် အနာစွဲ ပြန်လျှင်၊-
44 ၄၄ ယဇ်ပုရောဟိတ် လည်း အကြည့် အရှုလာ ၍ ထိုအိမ် ၌ အနာ တိုးပွါး သည် မှန်လျှင်၊ စားတတ်သော နူနာ ဖြစ်၏။ ထိုအိမ် သည် မစင်ကြယ် သောကြောင့်၊
၄၄ယဇ်ပုရောဟိတ်လည်း အကြည့်အရှုလာ၍ ထိုအိမ်၌ အနာတိုးပွါးသည် မှန်လျှင်၊ စားတတ်သော နူနာဖြစ်၏။
45 ၄၅ ကျောက် ၊ သစ်သား ၊ အင်္ဂတေ ရှိသမျှ ကို ဖြိုဖျက် ၍ ၊ မြို့ ပြင် မ စင်ကြယ်သော အရပ် သို့ ယူ သွားရမည်။
၄၅ထိုအိမ်သည် မစင်ကြယ်သောကြောင့်၊- ကျောက်၊ သစ်သား၊ မင်္ဂတေရှိသမျှကို ဖြိုဖျက်၍၊ မြို့ပြင် မစင်ကြယ်သော အရပ်သို့ ယူသွားရမည်။
46 ၄၆ ထိုမှတပါး၊ ထိုအိမ်ကို ပိတ် ထားသည် ကာလ ပတ်လုံး ၊ အထဲ သို့ ဝင် မိသောသူသည်၊ ညဦး တိုင်အောင် မ စင်ကြယ်။
၄၆ထိုမှတပါး၊ ထိုအိမ်ကို ပိတ်ထားသည် ကာလပတ်လုံး၊ အထဲသို့ ဝင်မိသောသူသည်၊ ညဦးတိုင်အောင် မစင်ကြယ်။
47 ၄၇ ထိုအိမ် ၌ အိပ် သောသူ၊ စား သောက်သောသူသည်၊ မိမိ အဝတ် ကို လျှော် ရမည်။
၄၇ထိုအိမ်၌ အိပ်သောသူ၊ စားသောက်သောသူသည်၊ မိမိအဝတ်ကို လျှော်ရမည်။
48 ၄၈ ယဇ် ပုရောဟိတ်သည် အကြည့် အရှုလာ သောအခါ ၊ အိမ် ကို အသစ်မွမ်းမံ ပြီးမှ အနာ မ တိုးပွါး လျှင် ၊ အနာ ပျောက် သောကြောင့် ထိုအိမ် သည် စင်ကြယ် ၏ဟု စီရင်ရမည်။
၄၈ယဇ်ပုရောဟိတ်သည် အကြည့်အရှုလာသောအခါ၊ အိမ်ကို အသစ်မွမ်းမံပြီးမှ အနာမတိုးပွါးလျှင်၊ အနာပျောက်သောကြောင့် ထိုအိမ်သည် စင်ကြယ်၏ဟု စီရင်ရမည်။
49 ၄၉ ထိုအိမ် ကို စင်ကြယ် စေခြင်းငှါ ငှက် နှစ် ကောင်၊ အာရဇ် သစ်သား ၊ နီမောင်း သောကြိုး ၊ ဟုဿုပ် ပင်ညွန့် တို့ကိုယူ ၍၊
၄၉ထိုအိမ်ကို စင်ကြယ်စေခြင်းငှါ ငှက်နှစ်ကောင်၊ အာရဇ်သစ်သား၊ နီမောင်းသောကြိုး၊ဟု ဿုပ်ပင်ညွန့် တို့ကိုယူ၍၊-
50 ၅၀ စီး သောရေ ကို ထည့်သောမြေ အိုး ထဲ ၌ငှက် တကောင် ကိုသတ် ပြီးမှ၊
၅၀စီးသောရေကို ထည့်သောမြေအိုးထဲ၌ ငှက်တကောင်ကို သတ်ပြီးမှ၊
51 ၅၁ အာရဇ် သစ်သား ၊ ဟုဿုပ် ပင်ညွှန့်၊ နီ သောကြိုး ၊ အသက် ရှင်သော ငှက် ကို ယူ ၍ ငှက် သွေး ရောသော ရေ ၌ နှစ် ပြီးလျှင် ၊ ထိုအိမ် ကို ခုနစ် ကြိမ် တိုင်အောင်ဖြန်း ရမည်။
၅၁အာရဇ်သစ်သား၊ဟု ဿုပ်ပင်ညွှန့်၊ နီသောကြိုး၊ အသက်ရှင်သော ငှက်ကို ယူ၍ ငှက်သွေးရောသော ရေ၌ နှစ်ပြီးလျှင်၊ ထိုအိမ်ကို ခုနစ်ကြိမ်တိုင်အောင် ဖြန်းရမည်။
52 ၅၂ ထိုသို့ ငှက် သွေး အစရှိသည်တို့နှင့် ထိုအိမ် ကို စင်ကြယ် စေပြီးမှ၊
၅၂ထိုသို့ ငှက်သွေးအစရှိသည်တို့နှင့် ထိုအိမ်ကို စင်ကြယ်စေပြီးမှ၊-
53 ၅၃ အသက် ရှင်သော ငှက် ကို မြို့ ပြင် ဟင်းလင်း သောအရပ် ၌ လွှတ် လိုက်၍ ၊ ထိုအိမ် အဘို့ ၊ အပြစ် ဖြေ ခြင်းကို ပြုလျှင် ၊ စင်ကြယ် ခြင်း ရှိလိမ့်မည်။
၅၃အသက်ရှင်သော ငှက်ကို မြို့ပြင် ဟင်းလင်းသောအရပ်၌ လွှတ်လိုက်၍၊ ထိုအိမ်အဘို့၊ အပြစ်ဖြေ ခြင်းကို ပြုလျှင်၊ စင်ကြယ်ခြင်း ရှိလိမ့်မည်။
54 ၅၄ ဤ ရွေ့ကား၊ စင်ကြယ် သည်၊ မ စင်ကြယ်သည်ကို ပိုင်းခြား ၍ သိစေခြင်းငှါ၊ ဗောက်နူနာ အစရှိသော နူနာ အမျိုးမျိုး ၊ အဝတ် ၌ စွဲသောနူနာ ၊ အိမ် ၌ စွဲသောနူနာ၊ အဖူး ၊ ယားနာ ၊ နူကွက် နှင့်ဆိုင်သော နူနာ တရား ဖြစ်သတည်းဟု မိန့် တော်မူ၏။
၅၄ဤရွေ့ကား၊ စင်ကြယ်သည်၊ မစင်ကြယ်သည်ကို ပိုင်းခြား၍ သိစေခြင်းငှါ၊ ဗောက်နူနာအစရှိသော နူနာအမျိုးမျိုး၊ အဝတ်၌ စွဲသောနူနာ၊ အိမ်၌စွဲသောနူနာ၊ အဖူး၊ ယားနာ၊ နူကွက်နှင့်ဆိုင်သော နူနာတရားဖြစ်သတည်းဟု မိန့်တော်မူ၏။

< ဝတ်ပြုရာ 14 >