< ဝတ်ပြုရာ 10 >
1 ၁ အာရုန် ၏သား နာဒပ် နှင့် အဘိဟု တို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်း တို့ကို ယူ လျက် မီး ကိုထည့် ၍ လောဗန် ကို တင် ပြီးလျှင် ၊ ထာဝရဘုရား မှာ ထားတော်မူသောမီးမ ဟုတ်၊ ထူးခြား သော မီး ကို ရှေ့ တော်၌ ပူဇော် ၏။
၁အာရုန်၏သားနာဒပ်နှင့် အတိဟုတို့သည်၊ ကိုယ်စီဆိုင်သော လင်ပန်းတို့ကို ယူလျက်၊ မီးကိုထည့်၍ လောဗန်ကို တင်ပြီးလျှင်၊ ထာဝရဘုရား မှာထားတော်မူသော မီးမဟုတ်၊ ထူးခြားသော မီးကို ရှေ့တော်၌ ပူဇော်၏။
2 ၂ ထိုအခါ ထာဝရဘုရား ထံ တော်မှ မီး ထွက် ၍ ၊ သူ တို့ကို လောင် သဖြင့် ရှေ့ တော်၌ သေ ကြ၏။
၂ထိုအခါ ထာဝရဘုရားထံတော်မှ မီးထွက်၍၊ သူတို့ကို လောင်သဖြင့် ရှေ့တော်၌ သေကြ၏။
3 ၃ ထိုအခါ မောရှေ သည် အာရုန် ကို ခေါ်၍၊ ထာဝရဘုရား က၊ ငါသည် သန့်ရှင်း ခြင်းရှိသည်ဟု ငါ့ ထံသို့ ချဉ်းကပ် သောသူတို့သည် မှတ်ရမည်။ လူ အပေါင်း တို့သည် ငါ့ဘုန်း ကို ချီးမြှင့်ရကြမည်ဟု မိန့် တော်မူရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန် သည် တိတ်ဆိတ် စွာ နေလေ၏။
၃ထိုအခါ၊ မောရှေသည် အာရုန်ကိုခေါ်၍၊ ထာဝရဘုရားက၊ ငါသည် သန့်ရှင်းခြင်းရှိသည်ဟု ငါ့ထံ သို့ ချဉ်းကပ်သူတို့သည် မှတ်ရမည်။ လူအပေါင်းတို့သည် ငါ့ဘုန်းကို ချီးမြှင့်ရကြမည်ဟု မိန့်တော်မူ ရာ၌၊ ထိုသို့သော အမှုကို ရည်ဆောင်၍ မိန့်တော်မူသည်ဟု ဆိုလျှင်၊ အာရုန်သည် တိတ်ဆိတ်စွာ နေလေ၏။
4 ၄ မောရှေ သည် အာရုန် ၏ ဘထွေး ဩဇေလ သား မိရှေလ နှင့် ဧလဇာဖန် ကို ခေါ် ၍ ၊ လာ ကြ။ သင် တို့ပေါက်ဘော် တို့ကို သန့်ရှင်း ရာ ဌာနတော်က ၊ တပ် ပြင် သို့ ယူ သွားကြလော့ဟု ဆို သည်အတိုင်း၊
၄မောရှေသည် အာရုန်၏ ဘထွေး ဩဇေလသားမိရှေလနှင့် ဧလဇာဖန်ကိုခေါ်၍၊ လာကြ။ သင်တို့ ပေါက်ဘော်တို့ကို သန့်ရှင်းရာ ဌာနတော်က၊ တပ်ပြင်သို့ ယူသွားကြလော့ဟု ဆိုသည်အတိုင်း၊
5 ၅ သူတို့သည် လာ ၍ အင်္ကျီ ဝတ်လျက်ရှိသောအသေကောင်ကို တပ် ပြင် သို့ ယူ သွားကြ၏။
၅သူတို့သည် လာ၍ အင်္ကျီဝတ်လျက်ရှိသော အသေကောင်ကို တပ်ပြင်သို့ယူသွားကြ၏။
6 ၆ မောရှေ သည် အာရုန် နှင့် သူ ၏သား ဧလာဇာ နှင့် ဣသမာ တို့ကိုခေါ်၍၊ သင်တို့လည်းသေမည်။ လူ အပေါင်း တို့အပေါ် မှာ အမျက် တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ဦးထုပ်ကို မချွတ်နှင့်။ အဝတ် ကို မ ဆုတ် နှင့်။ သင် တို့ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှ တို့သည် ထာဝရဘုရား ပြု တော်မူသော မီးလောင် ခြင်းကိုသာ ငိုကြွေး မြည်တမ်းကြစေ။
၆မောရှေသည် အာရုန်နှင့် သူ၏သားဧလာဇာနှင့် ဣသမာတို့ကိုခေါ်၍၊ သင်တိ့လည်းသေမည်။ လူအပေါင်းတို့အပေါ်မှာ အမျက်တော်သင့်ရောက်မည်ကို စိုးရိမ်သည်ဖြစ်၍၊ သင်တို့ ဦးထုပ်ကို မချွတ်နှင့်။ အဝတ်ကို မဆုတ်နှင့်။ သင်တို့ ညီအစ်ကို ဣသရေလ အမျိုးသားရှိသမျှတို့သည် ထာဝရ ဘုရားပြုတော်မူသော မီးလောင်ခြင်းကိုသာ ငိုကြွေးမြည်တမ်းကြစေ။
7 ၇ သင်တို့သေ မည်ကိုစိုးရိမ်သည်ဖြစ်၍ ၊ ပရိသတ်စည်းဝေး ရာ တံခါး ပြင်သို့ မ ထွက် နှင့်။ ထာဝရဘုရား ၏ ဘိသိက် ဆီသည် သင် တို့အပေါ် ၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြု ကြ၏။8တဖန် အာရုန် အား ထာဝရဘုရား က
၇သင်တို့သေမည်ကိုစိုးရိမ်သည်ဖြစ်၍၊ ပရိသတ်စည်းဝေးရာ တံခါးပြင်သို့ မထွက်နှင့်။ ထာဝရဘုရား၏ ဘိသိက်ဆီသည် သင်တို့အပေါ်၌ရှိသည်ဟု ဆိုသည်အတိုင်း သူတို့ပြုကြ၏
8 ၈ သင် နှင့် သင် ၏သား တို့သည် သေဘေး နှင့်ကင်းလွတ်ခြင်းငှါ၎င်း ၊ သန့်ရှင်း သောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ် သောအရာ၊ မစင်ကြယ် သောအရာတို့ကိုပိုင်းခြား တတ်ခြင်းငှါ ၎င်း၊ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာထား သမျှ သောပညတ် တို့ကို ဣသရေလ အမျိုးသား တို့၌ သွန်သင် တတ်ခြင်းငှါ ၎င်း ၊ ပရိသတ်စည်းဝေး ရာတဲ တော်သို့ ဝင် သောအခါ ၊ စပျစ်ရည် အစရှိသောယစ်မျိုး ကိုမ သောက် နှင့်။ သင် တို့အမျိုး အစဉ်အဆက်စောင့် ရသောပညတ်ဖြစ်သတည်းဟု မိန့် တော်မူ၏။
၈တဖန် အာရုန်အား ထာဝရဘုရားက၊-
၉သင်နှင့်သင်၏ သားတို့သည် သေဘေးနှင့် ကင်းလွတ်ခြင်းငှါ၎င်း၊ သန့်ရှင်းသောအရာ၊ မသန့်ရှင်း သောအရာ၊ စင်ကြယ်သောအရာ၊
၁၀မစင်ကြယ်သောအရာတို့ကို ပိုင်းခြားတတ်ခြင်းငှါ၎င်း၊ ထာဝရ ဘုရားသည် မောရှေအားဖြင့် မှာထားသမျှသော ပညတ်တို့ကို ဣသရေလ အမျိုးသားတို့၌ သွန် သင်တတ်ခြင်းငှါ၎င်း၊ ပရိသတ်စည်းဝေးရာ တဲတော်သို့ ဝင်သောအခါ၊ စပျစ်ရည်အစရှိသော ယစ် မျိုးကို မသောက်နှင့်။
၁၁သင်တို့ အမျိုးအစဉ်အဆက် စောင့်ရသော ပညတ်ဖြစ်သတည်းဟု မိန့်တော်မူ၏။
12 ၁၂ မောရှေ သည်လည်း ၊ အာရုန် နှင့် ကြွင်း သော သား ဧလာဇာ ၊ ဣသမာ တို့ကို ခေါ်၍၊ သင်တို့သည် ထာဝရဘုရား အား မီး ဖြင့်ပြုသောဘောဇဉ်ပူဇော်သက္ကာ အကြွင်း ကိုယူ ၍ တဆေး မပါဘဲ ယဇ် ပလ္လင်နား မှာ စား ကြလော့။ အလွန်သန့်ရှင်း ပေ၏။
၁၂မောရှေသည်လည်း၊ အာရုန်နှင့်ကြွင်းသော သားဧလာဇာ၊ ဣသမာတို့ကိုခေါ်၍၊ သင်တို့သည် ထာဝရ ဘုရားအား မီးဖြင့်ပြုသော ဘောဇဉ်ပူဇော်သက္ကာ အကြွင်းကိုယူ၍ တဆေးမပါဘဲ ယဇ်ပလ္လင်နားမှာ စားကြလော့။ အလွန်သန့်ရှင်းပေ၏။
13 ၁၃ ထိုအကြွင်းသည် ထာဝရဘုရား အား မီး ဖြင့်ပြုသောပူဇော်သက္ကာထဲက သင် နှင့် သင် ၏ သား တို့ ခံထိုက်သောအဘို့ ဖြစ်၍၊ သန့်ရှင်း ရာဌာန တော်၌ စား ရကြမည်။ ထိုပညတ် တော်ကို ငါခံရပြီ။
၁၃ထိုအကြွင်းသည် ထာဝရဘုရားအား မီးဖြင့်ပြုသော ပူဇော်သက္ကာထဲက သင်နှင့်သင်၏ သားတို့ ခံထိုက်သောအဘို့ ဖြစ်၍ သန့်ရှင်းရာဌာနတော်၌ စားရကြမည်။ ထိုပညတ်တော်ကို ငါခံရပြီ။
14 ၁၄ ချီလွှဲ သောရင်ပတ် ၊ ချီမြှောက်သော ပခုံး ကိုကား၊ သင် နှင့်တကွ သင် ၏ သား သမီး တို့သည် စင်ကြယ် သောအရပ် ၌ စား ရကြမည်။ ဣသရေလ အမျိုးသား တို့သည် ပူဇော်သော မိဿဟာယ ယဇ်ထဲက ၊ သင် နှင့် သင် ၏သား တို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
၁၄ချီလွှဲသောရင်ပတ်၊ ချီမြှောက်သော ပခုံးကိုကား၊ သင်နှင့်တကွသင်၏ သားသမီးတို့သည် စင်ကြယ် သောအရပ်၌ စားရကြမည်။ ဣသရေလအမျိုးသားတို့သည် ပူဇော်သော မိဿဟာယယဇ်ထဲက၊ သင်နှင့်သင်၏သားတို့သည် ခံထိုက်သောအဘို့ ဖြစ်သတည်း။
15 ၁၅ မီး ဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥ နှင့်တကွ ၊ ချီမြှောက်ရာပခုံး ၊ ချီလွှဲ ရာရင်ပတ် ကို ထာဝရဘုရား ရှေ့ တော်၌ ချီလွှဲ ၍ ၊ ချီလွှဲ သော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင် ခဲ့ရကြ၍ ၊ ထာဝရ ပညတ် တော် အတိုင်း ၊ သင် နှင့် သင် ၏ သား တို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာ ထားတော်မူပြီ ဟုဆိုလေ၏။
၁၅မီးဖြင့် ပူဇော်သော ယဇ်ကောင်ဆီဥနှင့်တကွ၊ ချီမြှောက်ရာပခုံး၊ ချီလွှဲရာရင်ပတ်ကို ထာဝရဘုရား ရှေ့တော်၌ ချီလွှဲ၍၊ ချီလွှဲသော ပူဇော်သက္ကာကို ပြုခြင်းငှါ ဆောင်ခဲ့ရကြ၍၊ ထာဝရ ပညတ်တော် အတိုင်း၊ သင်နှင့်သင်၏ သားတို့သည် ကိုယ်အဘို့ယူရကြမည်။ ထိုသို့ ထာဝရဘုရား မှာထားတော်မူပြီ ဟုဆိုလေ၏။
16 ၁၆ တဖန် မောရှေ သည် အပြစ် ဖြေရာ ယဇ်ပြုသောဆိတ် ကို ကြိုးစား၍ ရှာ သော်လည်း မတွေ့။ မီး ရှို့နှင့်ပြီ။ ထိုကြောင့် ကြွင်း သော အာရုန် သား ဧလာဇာ ၊ ဣသမာ တို့ကို အမျက် ထွက်လျက် ဆို သည်ကား၊
၁၆တဖန် မောရှေသည် အပြစ်ဖြေရာ ယဇ်ပြုသော ဆိတ်ကို ကြိုးစား၍ ရှာသော်လည်း မတွေ့။ မီးရှို့ နှင့်ပြီ။ ထိုကြောင့် ကြွင်းသော အာရုန်သား ဧလာဇာ၊ ဣသမာတို့ကို အမျက်ထွက်လျက် ဆိုသည်ကား၊
17 ၁၇ အပြစ် ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း ၏။ သင် တို့သည် ပရိသတ် တို့ အပြစ် ကိုခံ ၍ ၊ ထာဝရဘုရား ရှေ့ တော်၌ သူ တို့အဘို့ အပြစ် ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကိုပေး တော်မူသည်ဖြစ်၍၊ သန့်ရှင်း ရာ ဌာန တော်၌ အဘယ်ကြောင့် မ စား သနည်း။
၁၇အပြစ်ဖြေရာယဇ်သားသည် အလွန်သန့်ရှင်း၏။ သင်တို့သည် ပရိသတ်တို့ အပြစ်ကိုခံ၍၊ ထာဝရ ဘုရားရှေ့တော်၌ သူတို့အဘို့ အပြစ်ဖြေခြင်းကို ပြုစေခြင်းငှါ ထိုယဇ်သားကို ပေးတော်မူသည်ဖြစ်၍၊ သန့်ရှင်းရာ ဌာနတော်၌ အဘယ်ကြောင့် မစားသနည်း။
18 ၁၈ ထိုယဇ်သား အသွေး ကိုလည်း သန့်ရှင်း ရာဌာနထဲ သို့ မ သွင်း ပါတကား။ အကယ်၍ငါမှာ ထားခဲ့သည် အတိုင်း ၊ ထိုယဇ်သားကို သန့်ရှင်း ရာဌာနတော်၌ စား ရမည်ဟုဆိုလျှင်၊
၁၈ထိုယဇ်သား အသွေးကိုလည်း သန့်ရှင်းရာဌာနထဲသို့ မသွင်းပါတကား။ အကယ်၍ ငါမှာထားခဲ့သည် အတိုင်း၊ ထိုယဇ်သားကို သန့်ရှင်းရာဌာနတော်၌ စားရမည်ဟုဆိုလျှင်၊-
19 ၁၉ အာရုန် က၊ ယနေ့ သူတို့သည် လူများတို့ အပြစ် ဖြေရာယဇ်၊ မီး ရှို့ရာယဇ်ကို ပူဇော် ပါပြီ။ အကျွန်ုပ် ၌ ထိုသို့ သော အမှုရောက် သည်တွင်၊ ယနေ့ အပြစ် ဖြေရာ ယဇ်သားကို စား မိလျှင် ၊ ထာဝရဘုရား နှစ်သက် တော်မူပါမည်လောဟု မောရှေ ကို ပြောဆို ၏။
၁၉အာရုန်က၊ ယနေ့ သူတို့သည် လူများတို့ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ပါပြီ။ အကျွန်ုပ် ၌ ထိုသို့သော အမှုရောက်သည်တွင် ၊ ယနေ့အပြစ်ဖြေရာ ယဇ်သားကို စားမိလျှင်၊ ထာဝရဘုရား နှစ်သက်တော်မူပါမည်လောဟု မောရှေကို ပြောဆို၏။
20 ၂၀ မောရှေ သည် ထိုစကားကို ကြား လျှင် ဝန်ခံ လေ၏။
၂၀မောရှေသည် ထိုစကားကို ကြားလျှင် ဝန်ခံလေ၏။