< တရားသူကြီးမှတ်စာ 21 >
1 ၁ ဣသရေလ အမျိုးသား တို့သည် အဘယ်သူ မျှမိမိ သမီး ကို ဗင်္ယာမိန် အမျိုးသား၌ မ ပေးစား ရမည်အကြောင်း၊ မိဇပါ မြို့မှာ ကျိန်ဆို ခြင်းကို ပြုနှင့်ကြပြီ။
၁မိဇပါမြို့၌စုရုံးစဉ်အခါကဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားအား``ဗင်္ယာ မိန်အမျိုးသားတစ်စုံတစ်ယောက်ကိုမျှအကျွန်ုပ် တို့၏သမီးနှင့်လက်ထပ်ထိမ်းမြားခွင့်ပြုမည် မဟုတ်ပါ'' ဟုကျိန်ဆိုကတိပြုခဲ့ကြ၏။-
2 ၂ လူ များတို့သည် ဘုရားသခင့် အိမ်တော်သို့ လာ ၍ ဘုရား သခင့် ရှေ့ တော်၌ ည ဦးတိုင်အောင် နေ လျက် ၊ အသံ ကို လွှင့် ၍ ငိုကြွေး လျက်၊
၂သို့ဖြစ်၍ယခုဣသရေလအမျိုးသားတို့ သည်ဗေသလမြို့သို့သွား၍ ဘုရားသခင် ၏ရှေ့တော်၌ညနေချမ်းအချိန်တိုင်အောင် ထိုင်လျက်၊-
3 ၃ အိုဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ချို့တဲ့ ရသောအမှု သည် အဘယ်ကြောင့် ဖြစ် ရပါသနည်းဟု လျှောက် ဆိုကြ၏။
၃``အို ဣသရေလလူမျိုး၏ဘုရားသခင် ထာဝရဘုရား၊ အဘယ်ကြောင့်ဤသို့ဖြစ် ရပါသနည်း။ ဗင်္ယာမိန်အနွယ်သည်ဣသ ရေလလူမျိုးမှအဘယ်ကြောင့်ပျောက်ကွယ် ရပါတော့မည်နည်း'' ဟုပြင်းပြစွာဟစ် အော်ငိုကြွေးလျှောက်ထားကြ၏။
4 ၄ နက်ဖြန် နံနက်စောစောလူ များတို့သည် ထ ပြီးလျှင် ၊ ယဇ် ပလ္လင်ကိုတည် ၍ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကို ပူဇော် ကြ၏။
၄နောက်တစ်နေ့နံနက်စောစော၌လူတို့သည် ထ၍ ထိုအရပ်တွင်ယဇ်ပလ္လင်တစ်ခုကိုတည် ဆောက်ကာ မိတ်သဟာယယဇ်နှင့်မီးရှို့ရာ ယဇ်တို့ကိုပူဇော်ကြ၏။-
5 ၅ ဣသရေလ အမျိုးသား တို့ကလည်း ၊ ဣသရေလ အမျိုး အနွယ်အပေါင်း တို့တွင် အဘယ်သူ သည် ပရိသတ် အပေါင်းနှင့်အတူထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသနည်းဟုမေး ကြ၏။ အကြောင်း မူကား၊ မိဇပါ မြို့ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲနေသောသူ သည် ဧကန်အမှန် အသေ သတ်ခြင်းကိုခံစေဟု ကြီးစွာ သော ကျိန်ဆို ခြင်းကိုပြု နှင့်ကြပြီ။
၅သူတို့က``ဣသရေလလူမျိုးအနွယ်အပေါင်း တို့အနက်မိဇပါမြို့ရှိ ထာဝရဘုရား၏ ရှေ့တော်သို့မလာမရောက်ဘဲနေခဲ့သည့်လူ စုရှိပါသလော'' ဟုမေးမြန်းကြ၏။ (အဘယ် ကြောင့်ဆိုသော်မိဇပါမြို့ထာဝရဘုရား ထံတော်သို့မလာမရောက်ဘဲနေသောသူ သည်သေဒဏ်ခံစေဟုကျိန်ဆိုကတိပြု ခဲ့ကြသောကြောင့်ဖြစ်၏။-)
6 ၆ ဣသရေလ အမျိုးသား တို့သည်လည်း ၊ ညီ ဗင်္ယာမိန် အတွက် နောင်တရ လျက် ၊ ဣသရေလ အမျိုး အနွယ်တို့တွင် ယနေ့ တမျိုး ဆုံး ပြီ။
၆ဣသရေလအမျိုးသားတို့သည်မိမိတို့ ၏ညီများဖြစ်သော ဗင်္ယာမိန်အနွယ်ဝင်တို့ အတွက်ဝမ်းနည်းကြေကွဲလျက်``ယနေ့ပင် လျှင်ဣသရေလအမျိုးအနွယ်အပေါင်း တို့အနက်တစ်နွယ်ကိုဆုံးရှုံးရလေပြီ။-
7 ၇ ငါ တို့သည် ကိုယ် သမီး ကို သူ တို့အား မ ပေးစား ရမည်အကြောင်း ၊ ထာဝရဘုရား ကို တိုင်တည်၍ ကျိန်ဆို သောကြောင့် ၊ ကျန် ကြွင်းသောသူတို့အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
၇ကျန်ရှိနေသေးသောဗင်္ယာမိန်အမျိုးသား တို့အတွက်မယားများရရှိနိုင်ရန် ငါတို့ အဘယ်သို့ပြုကြရပါမည်နည်း။ ငါတို့ သမီးများကိုသူတို့နှင့်ထိမ်းမြားခြင်းမပြု ဟုထာဝရဘုရားကိုတိုင်တည်၍ငါတို့ သစ္စာဆိုပြီးလေပြီ'' ဟုဆိုကြ၏။
8 ၈ ဣသရေလ အမျိုး အနွယ်တို့တွင် အဘယ်သူ သည် မိဇပါ မြို့ ထာဝရဘုရား ထံ တော်သို့ မ လာ ဘဲ နေသနည်းဟူ၍၎င်း မေးမြန်း လျှင် ၊ ဂိလဒ် ပြည်ယာဗက်မြို့သားတယောက် မျှ စုဝေး ရာ တပ် သို့ မ ရောက် မလာကြောင်းကို သိ ကြ၏။
၈မိဇပါမြို့၌စုရုံးရာသို့ဣသရေလ အမျိုးအနွယ်များထဲမှ မလာမရောက် သောလူစုရှိပါသလောဟုစုံစမ်းကြ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှမည် သူတစ်ဦးတစ်ယောက်မျှမလာမရောက် ကြောင်းကိုသိရှိရကြလေသည်။-
9 ၉ လူ များတို့ကို ရေတွက် သောအခါ ၊ ဂိလဒ် ပြည်ယာဗက်မြို့သား တယောက် မျှ မပါ။
၉တပ်မတော်မှနာမည်ခေါ်စာရင်းကောက်ယူ သောအခါ ဂိလဒ်ပြည်ယာဗက်မြို့မှလူ တစ်စုံတစ်ယောက်မျှမပါဝင်ပေ။-
10 ၁၀ ထိုအခါ စုဝေး သောသူတို့သည် စစ်သူရဲ တသောင်း နှစ်ထောင်တို့ကို စေလွှတ် လျက် ၊ သင်တို့သည် သွား ၍ ဂိလဒ် ပြည် ယာဗက်မြို့သား ယောက်ျား မိန်းမ သူငယ် တို့ကို ထား နှင့် လုပ်ကြံ ကြလော့။
၁၀မိဇပါမြို့၌စုဝေးသောသူအပေါင်းတို့ က၊ မိမိတို့တွင်ရဲစွမ်းသတ္တိအရှိဆုံးလူ တစ်သောင်းနှစ်ထောင်အား``သင်တို့သွား၍ အမျိုးသမီးများနှင့်ကလေးများအပါ အဝင်ယာဗတ်မြို့သားအပေါင်းတို့အား သုတ်သင်ပစ်ကြလော့။ ယောကျာ်းနှင့်အပျို စင်မဟုတ်သောအမျိုးသမီးမှန်သမျှ ကိုသတ်ဖြတ်ပစ်ကြရမည်'' ဟုအမိန့် ပေးစေလွှတ်လိုက်လေသည်။-
11 ၁၁ သို့ဆိုသော်၊ ယောက်ျား အပေါင်း ကို၎င်း ၊ ယောက်ျား နှင့်ဆက်ဆံ သော မိန်းမ အပေါင်း ကို၎င်း၊ ရှင်းရှင်းပယ်ရှား ကြလော့ဟု မှာ ထားသည်အတိုင်း၊
၁၁
12 ၁၂ စစ်သူရဲတို့သည် ဂိလဒ် ပြည် ယာဗက်မြို့သား တို့တွင် ၊ ယောက်ျား နှင့် မ ဆက်ဆံ သေးသော ကညာ မိန်းမ အပျိုလေး ရာ တို့ကို တွေ့ ၍ ခါနာန် ပြည် ၌ တပ် ချရာ၊ ရှိလော မြို့သို့ ဆောင် ခဲ့ကြ၏။
၁၂ထိုသူတို့သည်ယာဗက်မြို့သားများအနက် အပျိုစင်လေးရာကိုတွေ့ရှိသဖြင့် သူတို့ အားရှိလောမြို့တပ်စခန်းသို့ခေါ်ဆောင် ခဲ့ကြ၏။ ရှိလောမြို့သည်ခါနာန်ပြည်တွင် ရှိသတည်း။
13 ၁၃ တဖန် စုဝေး သော သူအပေါင်း တို့သည်၊ ရိမ္မုန် ကျောက် ၌ နေသော ဗင်္ယာမိန်လူ တို့ကို နှုတ်ဆက် ၍ အသင့်အတင့် ခေါ် ခြင်းငှါ လူတို့ကို စေလွှတ် ကြ၏။
၁၃ထိုနောက်စုဝေးသောသူအပေါင်းတို့က ရိမ္မုန် ကျောက်ရှိဗင်္ယာမိန်အမျိုးသားတို့ထံသို့ စစ်ပြေငြိမ်းရန် ကမ်းလှမ်းချက်သတင်းကို ပေးပို့လိုက်ကြ၏။-
14 ၁၄ ထိုအခါ ဗင်္ယာမိန် လူတို့သည် လာ ပြန်၍ ၊ ဣသရေလလူတို့သည် အရှင် ချန်ထားသော ဂိလဒ် ပြည် ယာဗက်မြို့သူ မိန်းမ တို့နှင့် ပေးစား ကြ၏။ သို့သော်လည်း မိန်းမတို့သည် မ လောက် မကြေ။
၁၄ဗင်္ယာမိန်အမျိုးသားတို့သည်ပြန်လာကြ သောအခါ အခြားဣသရေလအမျိုးတို့ ကမိမိတို့မသတ်ဘဲထားသည့် ယာဗက်မြို့ သူအမျိုးသမီးတို့ကိုပေးအပ်လိုက်လေ သည်။ သို့ရာတွင်ထိုအမျိုးသမီးအရေ အတွက်မှာထိုသူတို့အတွက်လုံလောက် မှုမရှိချေ။
15 ၁၅ ထိုသို့ ထာဝရဘုရား သည် ဣသရေလ အမျိုး အနွယ်တို့တွင် ပြိုပျက် ရာကို ပြု တော်မူသောကြောင့် ၊ ဣသရေလလူ တို့သည် ဗင်္ယာမိန် အတွက် နောင်တရ ကြ၏။
၁၅ထာဝရဘုရားသည်ဣသရေလအမျိုး အနွယ်တို့၏စည်းလုံးမှုကိုပျက်ပြားစေ တော်မူပြီဖြစ်၍ လူတို့သည်ဗင်္ယာမိန်အမျိုး သားများအတွက်ဝမ်းနည်းကြလေသည်။-
16 ၁၆ စုဝေးရာ ပရိသတ် အသက်ကြီး သူတို့ကလည်း ၊ ဗင်္ယာမိန် အမျိုးထဲက မိန်းမ တို့ကို ပယ်ရှင်း သောကြောင့် ၊ ကျန် ကြွင်းသောသူတို့ အဘို့ မိန်းမ တို့ကို အဘယ်သို့ ရ နိုင်သနည်းဟူ၍၎င်း၊
၁၆သို့ဖြစ်၍ခေါင်းဆောင်တို့က``ဗင်္ယာမိန်အနွယ် ဝင်အမျိုးသမီးများမရှိကြတော့ပေ။ ကျန် ရှိနေသေးသည့်အမျိုးသားများအတွက် အဘယ်သို့လျှင် မယားများကိုငါတို့ရှာ ဖွေပေးရပါမည်နည်း။-
17 ၁၇ ဣသရေလ အမျိုး တို့တွင် တမျိုးကို မ ပျောက် စေခြင်းငှါ သေ ဘေးမှ လွှတ်သော ဗင်္ယာမိန် လူတို့ အမွေခံ စရာမြေရှိရမည်။
၁၇ဣသရေလတစ်ဆယ့်နှစ်မျိုးရှိသည့် အနက်တစ်မျိုးပျောက်ကွယ်၍မသွား စေအပ်။-
18 ၁၈ သို့သော်လည်းအကြင်သူသည် ဗင်္ယာမိန် လူ၌ သမီးကို ပေးစား ၏။ ထိုသူသည် ကျိန် အပ်သောသူဖြစ်စေဟုဣသရေလ လူ တို့သည် ကျိန်ဆို ခြင်းကို ပြုသောကြောင့် ငါ တို့သည် ကိုယ် သမီး တို့ကို မ ပေးစား ရ ဟူ၍၎င်း၊
၁၈သို့ရာတွင်ငါတို့သည်မိမိတို့၏သမီးများ နှင့်သူတို့အားထိမ်းမြားစုံဖက်ခွင့်လည်းမ ပြုနိုင်။ အဘယ်ကြောင့်ဆိုသော်ယင်းသို့စုံဖက် ရန်ခွင့်ပြုသူသည် ငါတို့၏ကျိန်စာသင့်မည် ဖြစ်သောကြောင့်တည်း'' ဟုဆွေးနွေးတိုင်ပင် ကြလေသည်။
19 ၁၉ ဗေသလ မြို့ မြောက် ဘက်၊ ဗေသလ မြို့မှ ရှေခင် မြို့သို့ သွား သောလမ်း အရှေ့ ဘက်၊ လေဗောန မြို့တောင် ဘက်၊ ရှိလော မြို့နယ်တွင် ထာဝရဘုရား အဘို့ နှစ် စဉ်ပွဲ ခံတတ်သည်ဟူ၍၎င်း၊ တိုင်ပင်ကြသည်နှင့်အညီ
၁၉ထိုနောက်သူတို့သည်ရှိလောမြို့၌နှစ်စဉ် ကျင်းပမြဲဖြစ်သော ထာဝရဘုရား၏ပွဲ တော်ကျရောက်တော့မည်ကိုသတိရကြ ၏။ (ရှိလောမြို့သည်ဗေသလမြို့၏မြောက် ဘက်၊ လေဗောနမြို့၏တောင်ဘက်၊ ဗေသလ မြို့မှရှေခင်မြို့သို့သွားသောလမ်းအရှေ့ ဘက်၌တည်ရှိသတည်း။-)
20 ၂၀ ဗင်္ယာမိန် လူ တို့ကို ခေါ် ၍ သင်တို့သည် သွား ကြလော့။ စပျစ် ဥယျာဉ်တို့၌ ချောင်းမြောင်း လျက်နေကြလော့။ ရှိလော မြို့သမီး တို့သည် ပွဲခံအံ့သောငှါ က လျက်လာ ကြသောအခါ၊
၂၀သူတို့ကဗင်္ယာမိန်အမျိုးသားတို့အား``သင် တို့သည်စပျစ်ဥယျာဉ်များသို့သွား၍ ပုန်း အောင်း၍၊-
21 ၂၁ စပျစ် ဥယျာဉ်ထဲက ထွက် ပြီးလျှင် ၊ ထိုမြို့သမီး တို့ကို အသီးအသီး ကိုယ် မယား ဖြစ်စေဘို့ ဘမ်းဆီး ၍ ဗင်္ယာမိန် ပြည် သို့ ဆောင် သွားကြလော့။
၂၁စောင့်ဆိုင်းနေကြလော့။ ရှိလောမြို့သူတို့သည် ပွဲခံအံ့သောငှာကခုန်လျက်လာကြလိမ့် မည်။ ထိုအခါစပျစ်ဥယျာဉ်များမှထွက်၍ သင်တို့နှင့်အိမ်ထောင်ဖက်ပြုရန်နှစ်သက် ရာအမျိုးသမီးကိုဗင်္ယာမိန်ပြည်သို့ဖမ်း ဆီးခေါ်ဆောင်သွားကြလော့။-
22 ၂၂ သူ တို့အဘ နှင့်မောင် တို့သည် ငါ တို့ထံ သို့လာ ၍ အမှု လုပ်သောအခါ ၊ ငါတို့က ငါ တို့မျက်နှာကို ထောက်၍ သူ တို့ကို သနား ကြပါ။ စစ်တိုက် ရာတွင် သူ တို့ အသီးအသီးဆိုင်သော မယား တို့ကို သူတို့ အဘို့ ငါတို့သည် မ ချန် မထားမိပါ။ သင်တို့၌ အပြစ် ရောက်စေခြင်းငှါ ယခုပေးစား ကြသည် မ ဟုတ်ဟု သူ တို့အား ပြန်ပြော မည်ဟု မှာ ထားကြသည်အတိုင်း၊
၂၂အကယ်၍သူတို့၏ဖခင်များသို့မဟုတ် မောင်များကလာရောက်ကန့်ကွက်လျှင် သင် တို့သည်သူတို့အား`ထိုအမျိုးသမီးတို့ကို ငါတို့အားသိမ်းပိုက်ခွင့်ပြုပါ။ အဘယ်ကြောင့် ဆိုသော်ငါတို့သည်သင်တို့အားတိုက်ခိုက်၍ သူတို့ကိုသိမ်းယူခြင်းမဟုတ်သောကြောင့် ဖြစ်ပါသည်။ ထိုမှတစ်ပါးသူတို့ကိုငါတို့ အားပေးစားသူမှာသင်တို့မဟုတ်သဖြင့် သင်တို့သည်မိမိတို့၏ကတိသစ္စာကိုချိုး ဖောက်ရာမရောက်ပါ' ဟုပြန်ပြောကြ လော့'' ဟူ၍မှာထားကြ၏။
23 ၂၃ ဗင်္ယာမိန် လူ တို့သည်ပြု ၍ ပွဲခံလျက်က သော မိန်းမတို့ကို ကိုယ် အရေအတွက် အတိုင်း မယားဖြစ်ဘို့ရာ ဘမ်းဆီး ၍ ယူ သွားကြ၏။ ကိုယ် အမွေခံ ရာမြေသို့ ပြန် ရောက်ပြီးလျှင် ၊ မြို့ တို့ကို အသစ် ပြင်ဆင်၍ နေ ကြ၏။
၂၃ဗင်္ယာမိန်အမျိုးသားတို့သည်လည်းယင်းသို့ မှာထားသည့်အတိုင်းပြု၍ ကခုန်လျက်လာ ကြသောအမျိုးသမီးတို့အား ကိုယ်စီကိုယ် ငှရွေးယူဖမ်းဆီးခေါ်ဆောင်၍မိမိတို့နယ် မြေသို့ပြန်ပြီးလျှင်မိမိတို့၏မြို့များကို ပြန်လည်ထူထောင်ကာနေထိုင်ကြလေ၏။-
24 ၂၄ ထိုအခါ ဣသရေလ လူ အပေါင်းတို့သည်လည်း ကိုယ် အမျိုး ၊ ကိုယ် အဆွေ နေရာ ကိုယ် အမွေခံ ရာမြေ သို့ ပြန် သွားကြ၏။
၂၄တစ်ချိန်တည်းမှာပင်အခြားဣသရေလ အမျိုးသားတို့သည် မိမိတို့၏အမျိုးအနွယ်၊ အိမ်ထောင်စုနှင့်အိုးအိမ်ရှိရာအရပ်အသီး သီးသို့ပြန်လည်ထွက်ခွာသွားကြကုန်၏။
25 ၂၅ ထို ကာလ ၌ ဣသရေလ ရှင်ဘုရင် မ ရှိ၊ လူ တိုင်း မိမိ စိတ်အလို ရှိသည်အတိုင်း ပြု သတည်း။
၂၅ထိုခေတ်အခါကဣသရေလလူမျိုးတွင် ရှင်ဘုရင်မရှိသေးချေ။ လူတိုင်းပင်မိမိ အလိုရှိသည်အတိုင်းပြုသတည်း။ တရားသူကြီးမှတ်စာပြီး၏။