< တရားသူကြီးမှတ်စာ 2 >
1 ၁ ထာဝရဘုရား ၏ တမန် တော်သည်၊ ဂိလဂါလ မြို့မှ ဗောခိမ် မြို့သို့ လာ ၍ ၊ သင် တို့ဘိုးဘေး တို့အား ငါကျိန်ဆို သော ပြည် သို့ အဲဂုတ္တု ပြည်မှ သင် တို့ကို ငါဆောင် ခဲ့ပြီ။ သင် တို့နှင့် ငါ ဖွဲ့သော ပဋိညာဉ် ကို ငါမ ဖျက် အစဉ်အမြဲ စောင့် မည်။
၁ထာဝရဘုရား၏ကောင်းကင်တမန်သည် ဂိလဂါလမြို့မှဗောခိမ်မြို့သို့သွား၍ ဣသရေလအမျိုးသားတို့အား``ငါသည် သင်တို့ကိုအီဂျစ်ပြည်မှထုတ်ဆောင်ပြီးလျှင် သင်တို့ဘိုးဘေးတို့အားငါကတိပြုခဲ့သည့် ပြည်သို့ပို့ဆောင်ပေးခဲ့၏။ ငါသည်သင်တို့နှင့် ပြုသည့်ပဋိညာဉ်ကိုအဘယ်အခါ၌မျှ ဖျက်လိမ့်မည်မဟုတ်။-
2 ၂ သင် တို့သည် ဤ ပြည် သားတို့နှင့် မိဿဟာယ မ ဖွဲ့ ရ။ သူ တို့ ယဇ်ပလ္လင် တို့ကို လှဲ ချရမည်ဟု ငါဆိုသော်လည်း ၊ သင်တို့သည် ငါ့ စကား ကို နား မ ထောင်ကြ။ အဘယ်ကြောင့် ဤသို့ ပြု ကြသနည်း။
၂သင်တို့သည်ဤပြည်တွင်နေထိုင်သူတို့နှင့် အဘယ်သို့မျှပဋိညာဉ်မပြုရ။ ထိုသူ တို့၏ယဇ်ပလ္လင်များကိုဖြိုချရကြမည် ဟုသင်တို့အားငါမိန့်မှာခဲ့၏။ သို့ရာတွင် သင်တို့သည်ငါ၏အမိန့်ကိုမနာခံကြ။ အဘယ်ကြောင့်ဤသို့ပြုဘိသနည်း။-
3 ၃ တဖန် ငါဆို သည်ကား၊ ဤပြည်သားတို့ကို သင် တို့ရှေ့ မှ ငါမ နှင်ထုတ်။ သူတို့သည် သင် တို့တစ်ဘက် ၌ မုဆိုးလုပ် လျက်၊ သူ တို့ဘုရား တို့သည်လည်း သင် တို့၌ ကျော့ကွင်း ဖြစ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
၃သို့ဖြစ်၍သင်တို့ရှေ့သို့ချီတက်ကြသော အခါ ငါသည်ဤသူတို့ကိုထွက်ပြေးစေလိမ့် မည်မဟုတ်ဟု သင်တို့အားယခုငါဆို၏။ သူ တို့သည်သင်တို့၏ရန်သူများဖြစ်ကြလိမ့် မည်။ သင်တို့အတွက်သူတို့၏ဘုရားများ သည်ထောင်ချောက်သဖွယ်ဖြစ်လိမ့်မည်'' ဟုမြွက်ဆိုလေသည်။-
4 ၄ ထာဝရဘုရား ၏ တမန် တော်သည် ဣသရေလ အမျိုးသားအပေါင်း တို့အား ဤ သို့မိန့် တော်မူသောအခါ ၊ လူ များတို့သည် အသံ ကို လွှင့် ၍ ငိုကြွေး ကြ၏။
၄ဤသို့ကောင်းကင်တမန်မြွက်ဆိုပြီးသော အခါ၌ ဣသရေလအမျိုးသားအပေါင်း တို့သည်ငိုကြွေးကြကုန်၏။-
5 ၅ ထို အရပ် ကို ဗောခိမ် အမည် ဖြင့် မှည့် ၍ ထာဝရဘုရား အား ယဇ်ပူဇော် ကြ၏။
၅ထို့ကြောင့်ဤအရပ်ကိုဗောခိမ်မြို့ဟုခေါ်ဝေါ် သမုတ်သတည်း။ သူတို့သည်ထိုအရပ်တွင် ထာဝရဘုရားအားယဇ်ပူဇော်ကြ၏။
6 ၆ အထက်က ယောရှု သည် လူ များတို့ကို လွှတ် လိုက်သောအခါ ၊ ဣသရေလ အမျိုးသားတို့သည် အသီးအသီး မိမိ တို့အမွေခံ ရာမြေ ကို သိမ်းယူ ခြင်းငှါ သွား ကြ၏။
၆ယောရှုသည်ဣသရေလအမျိုးသားတို့ အား လူတိုင်းပင်မိမိတို့ဝေစုကျရာမြေ ယာကိုသိမ်းယူရန်ထွက်သွားစေ၏။-
7 ၇ ယောရှု လက်ထက် ကာလပတ်လုံး ၊ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ကို ဝတ်ပြု ကြ၏။ ထာဝရဘုရား သည် ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု ကြီး အလုံးစုံ တို့ကို သိမြင် ၍၊ ယောရှု မရှိသောနောက် အသက် ရှင်သေးသော အသက်ကြီး သူတို့လက်ထက် ၌လည်း ထာဝရဘုရားကို ဝတ်ပြုကြ၏။
၇ယောရှုအသက်ရှင်လျက်ရှိနေသမျှကာလ ပတ်လုံးဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားကိုးကွယ်ကြ၏။ ယောရှု ကွယ်လွန်ပြီးသည့်နောက်၌ပင်လျှင်ဣသရေလ အမျိုးသားတို့အတွက်ထာဝရဘုရားပြု တော်မူသောကြီးမြတ်သည့်အမှုတော်တို့ကို မိမိတို့ကိုယ်တိုင်တွေ့မြင်ခဲ့ရသူခေါင်း ဆောင်များအသက်ရှင်လျက်ရှိနေသမျှ ကာလပတ်လုံး လူတို့သည်ဆက်လက်၍ ထာဝရဘုရားအားကိုးကွယ်ကြသေး၏။-
8 ၈ ထာဝရဘုရား ၏ကျွန် ၊ နုန် ၏သား ယောရှု သည် အသက်တရာ တဆယ် ရှိသော်အနိစ္စရောက် လေ၏။
၈ထာဝရဘုရား၏အစေခံ၊ နုန်၏သား ယောရှုသည်အသက်တစ်ရာ့တစ်ဆယ်ရှိ သော်ကွယ်လွန်လေသည်။-
9 ၉ ဧဖရိမ် တောင် ပေါ်၊ ဂါရှ ကုန်း မြောက် မှာ ရှိသောသူ ၏အမွေခံ ရာ တိမန မြေ ၌ သင်္ဂြိုဟ် ကြ၏။
၉သူ၏အလောင်းကိုဂါရှာကုန်းမြောက်ဘက်၊ ဧဖရိမ်တောင်ကုန်းဒေသရှိတိမနတ်ဿေရ မြို့၊ သူပိုင်မြေတွင်သင်္ဂြိုဟ်ကြ၏။-
10 ၁၀ ယောရှုလက်ထက်ကာလ၌ ဖြစ်သောသူအပေါင်း တို့သည်လည်း ၊ ဘိုးဘေး တို့ စုဝေး ရာသို့ ရောက်ကြ ၏။ ထာဝရဘုရား ကို၎င်း၊ ဣသရေလ အမျိုးအဘို့ ပြု တော်မူသောအမှု တို့ကို၎င်း မ သိ သော နောင် ကာလ အမျိုးသားတို့သည် ပေါ် လာကြ၏။
၁၀ယောရှု၏ခေတ်ကလူအပေါင်းတို့သည်ကွယ် လွန်သွားကြသဖြင့် နောက်တစ်ခေတ်လူတို့သည် ထာဝရဘုရားကိုလည်းကောင်း၊ ဣသရေလ လူမျိုးအတွက်ကိုယ်တော်ပြုမူခဲ့သောအမှု တော်တို့ကိုလည်းကောင်းမေ့လျော့၍သွား ကြကုန်၏။
11 ၁၁ ထိုကာလအခါ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရား ရှေ့ တော်၌ ဒုစရိုက် ကို ပြု ၍ ဗာလ ဘုရားတို့ကို ဝတ်ပြု ကြ၏။
၁၁ထိုအခါ၌ဣသရေလအမျိုးသားတို့သည် ထာဝရဘုရားအားပြစ်မှားကာဗာလ ဘုရားများကိုကိုးကွယ်ကြလေသည်။-
12 ၁၂ အဲဂုတ္တု ပြည် မှ သူ တို့ကို ဆောင် ခဲ့တော်မူသောဘိုးဘေး တို့၏ ဘုရား သခင်ထာဝရဘုရား ကို စွန့် ၍ ၊ ပတ်ဝန်းကျင် ၌ရှိသောလူမျိုး တို့၏ ဘုရား တပါး တို့နောက် သို့ လိုက် လျက် ဦးညွှတ် သဖြင့် ထာဝရဘုရား အမျက် တော်ကို ထွက်စေကြ၏။
၁၂သူတို့သည်မိမိတို့ဘိုးဘေးများ၏ဘုရားသခင်၊ မိမိတို့ကိုအီဂျစ်ပြည်မှထုတ်ဆောင် ခဲ့တော်မူသောဘုရားသခင်ထာဝရဘုရား အား ကိုးကွယ်မှုမပြုကြတော့ဘဲမိမိတို့ ပတ်ဝန်းကျင်မှ လူတို့ကိုးကွယ်သောဘုရား များကိုကိုးကွယ်ကြလေသည်။ သူတို့သည် ထိုဘုရားများရှေ့တွင်ဦးညွှတ်ကြသဖြင့် ထာဝရဘုရားအမျက်တော်ကိုထွက်စေ ကြလေသည်။-
13 ၁၃ ထာဝရဘုရား ကို စွန့် ၍ ဗာလ ဘုရား၊ အာရှတရက် ဘုရားတို့ကို ဝတ်ပြု ကြသောကြောင့်၊
၁၃သူတို့သည်ထာဝရဘုရားအားကိုးကွယ်မှု ကိုစွန့်၍ ဗာလဘုရားများနှင့်အာရှတရက် ဘုရားများကိုရှိခိုးကြ၏။-
14 ၁၄ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ လုယူ သောသူတို့ လက် သို့ အပ် ၍ ၊ ပတ်ဝန်းကျင် သော ရန်သူ တို့၌ ရောင်း တော်မူသဖြင့်၊ ရန်သူ တို့ ရှေ့ မှာ သူတို့သည် တဖန် မ ရပ် နိုင် ကြ။
၁၄သို့ဖြစ်၍ထာဝရဘုရားသည်ဣသရေလ အမျိုးသားတို့ကိုပြင်းစွာအမျက်ထွက်တော် မူသဖြင့် ရန်သူတို့ကိုသူတို့အားလုယက် တိုက်ခိုက်ရန်အခွင့်ပြုတော်မူ၏။ ကိုယ်တော် သည်ပတ်ဝန်းကျင်ရှိရန်သူတို့ကို ဣသရေလ အမျိုးသားတို့အားနှိမ်နင်းအောင်မြင်ခွင့် ပေးတော်မူသဖြင့် ဣသရေလအမျိုးသား တို့သည်မိမိတို့ကိုယ်ကိုကာကွယ်နိုင်စွမ်း မရှိကြတော့ချေ။-
15 ၁၅ သူတို့သည် ထွက် သွားလေရာရာ၌ ထာဝရဘုရား မိန့် မြွက်ကျိန်ဆို တော်မူသည်အတိုင်း ၊ လက် တော် အဆီးအတားနှင့် တွေ့၍ အလွန် ဆင်းရဲခြင်းသို့ ရောက်ကြ၏။
၁၅သူတို့တိုက်ပွဲဝင်သည့်အခါတိုင်းကိုယ်တော် သည် မိမိမိန့်မြွက်တော်မူခဲ့သည်အတိုင်းသူ တို့အားအရေးနိမ့်စေတော်မူသဖြင့် သူ တို့သည်အတိဒုက္ခရောက်ရကြလေသည်။
16 ၁၆ သို့ရာတွင် လုယူ သောသူတို့ လက် မှ ကယ်လွှတ် သော တရားသူကြီး တို့ကို ထာဝရဘုရား ပေါ်ထွန်း စေတော်မူ၏။
၁၆ထိုအခါထာဝရဘုရားသည်သူတို့အား လုယက်တိုက်ခိုက်သူတို့၏လက်မှကယ်ဆယ် မည့်ခေါင်းဆောင်များကိုပေါ်ထွန်းစေတော် မူ၏။-
17 ၁၇ ထိုတရားသူကြီး တို့ စကားကိုလည်း သူတို့သည် နား မ ထောင်၊ အခြား တပါးသော ဘုရား တို့နှင့် မှားယွင်း ၍ ဦးညွှတ် ကြ၏။ ဘိုးဘေး တို့သည် ထာဝရ ဘုရား၏ ပညတ် တော်တို့ကို ကျင့် ၍ လိုက် သော လမ်း မှ သူတို့သည် အလျင်အမြန် လွဲ သွားသဖြင့်၊ ဘိုးဘေးကျင့်သည်အတိုင်း မ ကျင့် ကြ။
၁၇သို့ရာတွင်ဣသရေလအမျိုးသားတို့ကမူ ထိုခေါင်းဆောင်တို့၏စကားကိုနားမထောင် ကြ။ ဣသရေလအမျိုးသားတို့သည်ထာဝရ ဘုရားအား သစ္စာဖောက်၍အခြားဘုရားများ ကိုကိုးကွယ်ကြ၏။ သူတို့သည်ထာဝရဘုရား ၏ပညတ်တော်တို့ကိုဘိုးဘေးများစောင့်ထိန်း ခဲ့ကြသကဲ့သို့မစောင့်ထိန်းကြတော့ပေ။-
18 ၁၈ ထာဝရဘုရား သည် တရားသူကြီး ကို ပေါ်ထွန်း စေသောအခါ သူ နှင့်အတူ ရှိ ၍ ၊ သူ့ လက်ထက် ပတ်လုံး ဣသရေလ လူတို့ကို ရန်သူ ၏လက် မှ ကယ်လွှတ် တော်မူ၏။ အကြောင်းမူကား ၊ သူတို့သည် နှောင့်ရှက် ညှဉ်းဆဲ ခြင်းကို ခံရ၍ မြည်တမ်း ကြသောအခါ ထာဝရဘုရား သည် နောင်တရ တော်မူ၏။
၁၈ထာဝရဘုရားသည်ဣသရေလအမျိုး သားခေါင်းဆောင်တစ်ဦးကိုပေါ်ထွန်းစေသည့် အခါတိုင်း ထိုသူအသက်ရှင်သမျှကာလ ပတ်လုံးသူ့ကိုကူမတော်မူ၍ သူတို့ကိုရန် သူတို့လက်မှကယ်ဆယ်တော်မူသည်။ သူတို့ သည်ဆင်းရဲဒုက္ခနှင့်ညှင်းပန်းနှိပ်စက်ခြင်း ကိုခံရ၍ညည်းညူကြသောအခါထာဝရ ဘုရားသည်သူတို့အားကရုဏာတော်ကို ပြတော်မူပေသည်။-
19 ၁၉ တရားသူကြီး သေ သောနောက်၊ သူတို့သည် တဖန် ဘိုးဘေး ထက် သာ၍ဆိုး သဖြင့်၊ အခြား တပါးသော ဘုရား တို့နောက် သို့ လိုက် လျက် ဝတ်ပြု ၍ ဦးညွှတ် ကြ၏။ မိမိ တို့ အကျင့် ဓလေ့နှင့် ကြမ်းတမ်း သော လမ်း ကို မ စွန့် မပယ်ကြ။
၁၉သို့ရာတွင်သူတို့သည်မိမိတို့၏ခေါင်းဆောင် ကွယ်လွန်သွားသောအခါ၌မူ ဒုံရင်းသို့ပြန် လည်ဆိုက်ရောက်ကြလျက် ယခင်လူမျိုးဆက် မှလူတို့ထက်ပင်ပိုမိုဆိုးရွားစွာပြုမူကျင့် ကြံတတ်ကြ၏။ အခြားဘုရားများကိုကိုး ကွယ်ကာ မိမိတို့၏ဆိုးညစ်သည့်လမ်းစဉ်ကို လိုက်မြဲလိုက်ကြကုန်သည်။-
20 ၂၀ ထာဝရဘုရား သည် ဣသရေလ အမျိုး၌ ပြင်းစွာအမျက်ထွက် လျက်၊ ဤ လူ တို့သည် ငါ့ စကား ကို နား မ ထောင်။ သူ တို့ ဘိုးဘေး တို့နှင့် ငါဖွဲ့ သော ပဋိညာဉ် ကို ဖျက် သောကြောင့်၊
၂၀ထိုအခါထာဝရဘုရားသည်ဣသရေလ လူမျိုးအား လွန်စွာအမျက်ထွက်တော်မူ၍``ဤ လူမျိုးသည်ငါ့စကားကိုနားမထောင်။ စောင့် ထိန်းရန်အတွက်သူတို့၏ဘိုးဘေးများအား ငါပေးအပ်ခဲ့သည့်ပဋိညာဉ်ကိုချိုးဖောက် ကြ၏။-
21 ၂၁ ယောရှု သေ သောနောက် ကျန် ကြွင်းရစ်သော လူမျိုး တစုံတမျိုးကို သူ တို့ရှေ့ မှ နောက်တဖန် ငါ မ နှင်ထုတ်။
၂၁ထို့ကြောင့်ယောရှုကွယ်လွန်စဉ်အခါကပင် ဤပြည်တွင်ကျန်ရှိနေသေးသည့်အဘယ် လူမျိုးကိုမျှငါနှင်ထုတ်တော့မည်မဟုတ်။-
22 ၂၂ သူ တို့ ဘိုးဘေး တို့သည် ထာဝရဘုရား ၏လမ်း တော်သို့ လိုက် ခြင်းငှါစောင့်ရှောက် သကဲ့သို့ သူတို့သည် စောင့်ရှောက် မည်လော၊ မ စောင့်ရှောက်လောဟု ကျန်သေးသော လူမျိုးအားဖြင့်ဣသရေလ အမျိုးကို ငါစုံစမ်း မည်ဟု မိန့် တော်မူသည်နှင့်အညီ၊
၂၂ဤဣသရေလအမျိုးသားတို့သည် ငါ၏ လမ်းစဉ်ကိုသူတို့ဘိုးဘေးများလိုက်လျှောက် ခဲ့ကြသကဲ့သို့ လိုက်လျှောက်မည်မလိုက်လျှောက် မည်ကိုသိရှိစေရန် ငါသည်ဤပြည်ရှိလူမျိုး တို့ကိုအသုံးပြုမည်'' ဟုမိန့်တော်မူ၏။-
23 ၂၃ ထို လူမျိုး ကို ယောရှု လက် ၌ မ အပ် အလျင်အမြန် မ နှင်ထုတ် ဘဲ နေ တော်မူ၏။
၂၃သို့ဖြစ်၍ထာဝရဘုရားသည်ထိုလူမျိုး တို့အား ထိုပြည်၌ပင်ဆက်လက်နေထိုင်ခွင့်ပြု တော်မူ၏။ ကိုယ်တော်သည်ယောရှုအားထိုသူ တို့အပေါ်၌အောင်ပွဲခံခွင့်ပေးတော်မမူ။ ယောရှုကွယ်လွန်ပြီးသောအခါ၌လည်းသူ တို့အားအဆောတလျင်နှင်ထုတ်ခြင်းကို ပြုတော်မမူ။