< တရားသူကြီးမှတ်စာ 18 >
1 ၁ ထို ကာလ အခါ ဣသရေလ ရှင်ဘုရင် မ ရှိစဉ်၊ ဒန် အမျိုးသား တို့သည် အမွေခံ စရာမြေကို ရှာ ကြ၏။ ထို ကာလ တိုင်အောင် အခြားသော ဣသရေလ အမျိုး တို့တွင် ၊ အမွေခံ ထိုက်သည်အတိုင်းမ ခံရ သေး။
၁ထိုကာလအခါ ဣသရေလရှင်ဘုရင် မရှိစဉ်၊ ဒန်အမျိုးသားတို့သည် အမွေခံစရာမြေကို ရှာကြ၏။ ထိုကာလတိုင်အောင် အခြားသော ဣသရေလအမျိုးတို့တွင်၊ အမွေခံထိုက်သည် အတိုင်းမခံရသေး။
2 ၂ သို့ဖြစ်၍ ဒန် အမျိုးသား တို့သည် ပြည် ကို ကြည့်ရှု စူးစမ်း စေခြင်းငှါ မိမိ တို့ အမျိုးသား ခွန်အား ကြီးသော သူရဲ ငါး ယောက်တို့ကို သူတို့နေရာအရပ် ဇောရာ မြို့၊ ဧရှတောလ မြို့မှ စေလွှတ် လျက်၊ ပြည် ကို သွား ၍ စူးစမ်း ကြလော့ဟု မှာ လိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ် တောင် ၊ မိက္ခါ အိမ် သို့ ရောက် ပြီးလျှင် တည်းခို ၍နေကြ၏။
၂သို့ဖြစ်၍ ဒန်အမျိုးသားတို့သည် ပြည်ကို ကြည့်ရှုစူးစမ်းစေခြင်းငှါ မိမိတို့ အမျိုးသား ခွန်အားကြီး သော သူရဲငါးယောက်တို့ကို သူတို့နေရာအရပ် ဇောရာမြို့၊ ဧရှတောလမြို့မှ စေလွှတ်လျက်၊ ပြည်ကို သွား၍ စူးစမ်းကြလော့ဟု မှာလိုက်ကြသည်အတိုင်း၊ သူတို့သည် ဧဖရိမ်တောင်၊ မိက္ခာအိမ်သို့ ရောက် ပြီးလျှင် တည်းခို၍ နေကြ၏။
3 ၃ မိက္ခါ အိမ် ၌ ရှိစဉ်အခါ၊ လေဝိ လုလင် ၏ စကား သံကို မှတ်မိ ၍ ၊ သူ့နေရာသို့ ဝင် လျှင် ၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ဆိုင်သနည်း။ အဘယ်သို့ လုပ် ၍ နေသနည်းဟုမေးသော်၊
၃မိက္ခာအိမ်၌ ရှိစဉ်အခါ၊ လေဝိလုလင်၏ စကားသံကို မှတ်မိ၍၊ သူ့နေရာသို့ ဝင်လျှင်၊ သင်သည် ဤအရပ်သို့ အဘယ်ကြောင့် ရောက်သနည်း။ ဤသူနှင့် အဘယ်သို့ ဆိုင်သနည်း။ အဘယ်သို့ လုပ်၍ နေသနည်းဟု မေးသော်၊-
4 ၄ ထိုသူက၊ မိက္ခါ သည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ ကို ငှါး သဖြင့် ၊ ငါသည် သူ ၏ ယဇ်ပုရောဟိတ် လုပ် နေသည်ဟု ပြန် ပြော၏။
၄ထိုသူက၊ မိက္ခာသည် ဤမည်သောအမှု ဤမည်သော အရာကို ပေး၍ ငါ့ကို ငှါးသဖြင့်၊ ငါသည် သူ၏ ယဇ်ပုရောဟိတ် လုပ်နေသည်ဟု ပြန်ပြော၏။
5 ၅ သူတို့ကလည်း၊ အကျွန်ုပ် တို့သည် ယခု ခရီး သွား ရာတွင် အကြံ မြောက်မည် မမြောက်မည်ကို သိ မည်အကြောင်း ဘုရား သခင်ကို မေးမြန်း ပါလော့ဟု တောင်းပန် သည်အတိုင်း၊
၅သူတို့ကလည်း၊ အကျွန်ုပ်တို့သည် ယခု ခရီးသွားရာတွင် အကြံမြောက်မည် မမြောက်မည်ကို သိမည် အကြောင်း ဘုရားသခင်ကို မေးမြန်းပါလော့ဟု တောင်းပန်သည်အတိုင်း၊-
6 ၆ ယဇ် ပုရောဟိတ်က ငြိမ်ဝပ် စွာသွား ကြလော့။ သင် တို့သွား ရာလမ်း ကို ထာဝရဘုရား ကြည့်ရှုတော်မူသည်ဟု ပြန်ပြော ၏။
၆ယဇ်ပုရောဟိတ်က ငြိမ်ဝပ်စွာသွားကြလော့။ သင်တို့ သွားရာလမ်းကို ထာဝရဘုရား ကြည့်ရှုတော် မူသည်ဟု ပြန်ပြော၏။
7 ၇ ထိုလူ ငါး ယောက်တို့သည် ထွက် သွား၍ လဲရှ မြို့သို့ ရောက် သဖြင့် ၊ မြို့သား တို့သည် ဇိဒုန် အမျိုးသားတို့ သတိမရှိသကဲ့သို့ သတိ မရှိ၊ မ စိုးရိမ်ဘဲ ငြိမ်ဝပ် စွာ နေ ကြောင်းကို၎င်း၊ ဆုံးမ ပိုင်သော မင်း မ ရှိ ကြောင်းကို၎င်း၊ ဇိဒုန် အမျိုးသားတို့နှင့် ဝေး ၍ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်ကြောင်းကို၎င်းကြည့်ရှု ပြီးမှ၊
၇ထိုလူ ငါးယောက်တို့သည် ထွက်သွား၍ လဲရှမြို့သို့ ရောက်သဖြင့်၊ မြို့သားတို့သည် ဇိဒုန် အမျိုးသား တို့ သတိမရှိသကဲ့သို့ သတိမရှိ၊ မစိုးရိမ်ဘဲ ငြိမ်ဝပ်စွာ နေကြောင်းကို၎င်း၊ ဆုံးမပိုင်သော မင်းမရှိ ကြောင်းကို၎င်း၊ ဇိဒုန်အမျိုးသားတို့နှင့် ဝေး၍ အဘယ်သူနှင့်မျှ အမှုမဆိုင်ကြောင်းကို၎င်း ကြည့်ရှု ပြီးမှ၊-
8 ၈ အမျိုးသားချင်းရှိရာ ဇောရာ မြို့၊ ဧရှတောလ မြို့သို့ ပြန်လာ ၍ အမျိုးသား ချင်းတို့က၊ သင် တို့သည် အဘယ်သို့ ပြောကြမည်နည်းဟုမေး သော်၊
၈အမျိုးသားချင်းရှိရာ ဇောရာမြို့၊ ဧရှတောလမြို့သို့ ပြန်လာ၍ အမျိုးသားချင်းတို့က၊ သင်တို့သည် အဘယ်သို့ ပြောကြမည်နည်းဟု မေးသော်၊-
9 ၉ သူတို့က၊ ထ ၍ သွားတိုက် ကြကုန်အံ့။ ထိုပြည် သည် ကောင်းမွန် သော ပြည်ဖြစ်သည်ကို ငါတို့ မြင် ပြီ။ ငြိမ်ဝပ် စွာနေကြသေးသလော။ ထိုပြည် ကို သိမ်းယူ ဝင်စား ခြင်းငှါ မ ဖင့်နွှဲ ကြနှင့်။
၉သူတို့က၊ ထ၍ သွားတိုက်ကြကုန်အံ့၊ ထိုပြည်သည် ကောင်းမွန်သော ပြည်ဖြစ်သည်ကို ငါတို့ မြင်ပြီ။ ငြိမ်ဝပ်စွာ နေကြသေးသလော။ ထိုပြည်ကို သိမ်းယူဝင်စားခြင်းငှါ မဖင့်နွှဲကြနှင့်။
10 ၁၀ သွား လျှင် သတိ မရှိသောလူမျိုး နှင့် ကျယ်ဝန်း သော ပြည် ကို တွေ့ကြလိမ့်မည်။ ဘုရား သခင်သည် သင် တို့လက် ၌ အပ် တော်မူမည်။ ထို ပြည် ၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆို ကြ၏။
၁၀သွားလျှင် သတိမရှိသောလူမျိုးနျင့် ကျယ်ဝန်းသော ပြည်ကို တွေ့ကြလိမ့်မည်။ ဘုရားသခင်သည် သင်တို့လက်၌ အပ်တော်မူမည်။ ထိုပြည်၌ မြေကြီးဥစ္စာ စုံလင်လျက်ရှိသည်ဟု ပြောဆိုကြ၏။
11 ၁၁ ထိုအခါ ဇောရာ မြို့၊ ဧရှတောလ မြို့မှ ဒန် အမျိုးသား လူ ခြောက် ရာ တို့သည် စစ်တိုက် လက်နက် ပါ လျက် ချီ သွားကြ၏။
၁၁ထိုအခါ ဇောရာမြို့၊ ဧရှတောလမြို့မှ ဒန်အမျိုးသား လူခြောက်ရာတို့သည် စစ်တိုက်လက်နက် ပါလျက် ချီသွားကြ၏။
12 ၁၂ သွား ရာတွင်၊ ယုဒ ခရိုင် ကိရယတ်ယာရိမ် မြို့မှာ စားခန်းချ ကြ၏။ ထို အရပ် ကို ယနေ့ တိုင်အောင် ဒန် အမျိုးတပ်ဟူ၍တွင် သတည်း။ ကိရယတ်ယာရိမ် မြို့ နောက် မှာရှိ ၏။
၁၂သွားရာတွင်၊ ယုဒခရိုင် ကိရယတ်ယာရိမ်မြို့မှာ စားခန်းချကြ၏။ ထိုအရပ်ကို ယနေ့တိုင်အောင် ဒန်အမျိုးတပ်ဟူ၍ တွင်သတည်း။ ကိရယတ်ယာရိမ်မြို့ နောက်မှာရှိ၏။
13 ၁၃ ထို အရပ်မှ သွား ၍ ဧဖရိမ် တောင် ၌ မိက္ခါ အိမ် သို့ ရောက် ကြ၏။
၁၃ထိုအရပ်မှ သွား၍ ဧဖရိမ်တောင်၌ မိက္ခာအိမ်သို့ ရောက်ကြ၏။
14 ၁၄ ထိုအခါ လဲရှ မြို့ကို စူးစမ်း ခြင်းငှါ သွား သောသူ ငါး ယောက်တို့က၊ ဤ အိမ် တို့၌ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထုသောရုပ်တု ၊ သွန်းသောရုပ်တု ရှိ ကြောင်း ကို သိ သလော။ အဘယ်သို့ ပြု ရမည်ကို ဆင်ခြင် ကြလော့ဟု အမျိုးသား ချင်းတို့အား ဆို သော်၊
၁၄ထိုအခါ လဲရှမြို့ကို စူးစမ်းခြင်းငှါ သွားသော သူငါးယောက်တို့က၊ ဤအိမ်တို့၌ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တု၊ သွန်းသောရုပ်တုရှိကြောင်းကို သိသလော။ အဘယ်သို့ ပြုရမည်ကို ဆင်ခြင်ကြလော့ဟု အမျိုးသားချင်းတို့အားဆိုသော်၊-
15 ၁၅ သူတို့သည် ထို အရပ်သို့ လှည့် သွားသဖြင့် ၊ လေဝိ လုလင် နေရာ မိက္ခါ အိမ် သို့ ရောက် ၍ သူ့ ကို နှုတ်ဆက် ကြ၏။
၁၅သူတို့သည် ထိုအရပ်သို့ လှည့်သွားသဖြင့်၊ လေဝိလုလင်နေရာ မိက္ခာအိမ်သို့ရောက်၍ သူ့ကို နှုတ် ဆက်ကြ၏။
16 ၁၆ စစ်တိုက် လက်နက် ပါ သောဒန် အမျိုးသား ခြောက် ရာ တို့သည် တံခါး ဝ ၌ နေ ကြ၏။
၁၆စစ်တိုက်လက်နက်ပါသော ဒန်အမျိုးသား ခြောက်ရာတို့သည် တံခါးဝ၌ နေကြ၏။
17 ၁၇ လဲရှမြို့ကို စူးစမ်းသော လူ ငါး ယောက်တို့သည် မိက္ခါ အိမ် သို့ ဝင် ၍၊
၁၇လဲရှမြို့ကို စူးစမ်းသော လူငါးယောက်တို့သည် မိက္ခာအိမ်သို့ ဝင်၍၊
18 ၁၈ ထုသောရုပ်တု ၊ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ သွန်းသောရုပ်တု တို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူ ကြ၏။ ယဇ် ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြု ကြသနည်းဟုမေး သော်၊
၁၈ထုသောရုပ်တု၊ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ သွန်းသောရုပ်တုတို့ကို ယဇ်ပုရောဟိတ်ရှေ့မှာ ယူကြ၏။ ယဇ်ပုရောဟိတ်ကလည်း၊ အဘယ်သို့ ပြုကြသနည်းဟု မေးသော်၊-
19 ၁၉ သူတို့က တိတ်ဆိတ် စွာနေပါ။ ကိုယ်တော် နှုတ် ကို လက် နှင့်ပိတ် ၍ အကျွန်ုပ် တို့နှင့် ကြွ ပါ။ အကျွန်ုပ် တို့ အဘ လုပ် ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တ အိမ်ထောင် ၌ သာ ယဇ်ပုရောဟိတ် လုပ် ကောင်း သလော။ ဣသရေလ အမျိုး အနွှယ် တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ် ကောင်းသလောဟုဆို ကြသော်၊
၁၉သူတို့က တိတ်ဆိတ်စွာနေပါ။ ကိုယ်တော်နှုတ်ကို လက်နှင့်ပိတ်၍ အကျွန်ုပ်တို့နှင့် ကြွပါ။ အကျွန်ုပ်တို့ အဘလုပ်ပါ။ ယဇ်ပုရောဟိတ် လုပ်ပါ။ တအိမ်ထောင်၌သာ ယဇ်ပုရောဟိတ် လုပ်ကောင်းသလော။ ဣသရေလအမျိုးအနွှယ်တို့တွင် တမျိုးတနွယ် လုံး၌ ယဇ်ပုရောဟိတ် မလုပ်ကောင်းသလောဟု ဆိုကြသော်၊
20 ၂၀ ယဇ် ပုရောဟိတ်သည် ဝမ်းမြောက် ၍ သင်တိုင်း တော်၊ တေရပ်ရုပ်တု ၊ ထု သောရုပ်တုကို ယူ လျက် ၊ ထိုလူစု ထဲ သို့ ဝင် သွားလေ၏။
၂၀ယဇ်ပုရောဟိတ်သည် ဝမ်းမြောက်၍ သင်တိုင်းတော်၊ တေရပ်ရုပ်တု၊ ထုသောရုပ်တုကို ယူလျက်၊ ထိုလူစုထဲသို့ ဝင်သွားလေ၏။
21 ၂၁ ထိုသူတို့သည် သူငယ် များ၊ တိရစ္ဆာန် များ၊ ဝန်စလယ် များကို အဦး သွားစေသဖြင့် ကိုယ်တိုင်လိုက်လျက် လှည့် သွား ကြ၏။
၂၁ထိုသူတို့သည် သူငယ်များ၊ တိရစ္ဆာန်များ၊ ဝန်စလယ်များကို အဦးသွားစေသဖြင့် ကိုယ်တိုင် လိုက်လျက် လှည့်သွားကြ၏။
22 ၂၂ မိက္ခါ အိမ် နှင့် ဝေး သောအခါ၊ မိက္ခါ ၏ အိမ်နီးချင်းတို့သည် စည်းဝေး ၍ ၊ ဒန် အမျိုးသား တို့ကို မှီ အောင် လိုက်ကြ၏။
၂၂မိက္ခာအိမ်နှင့် ဝေးသောအခါ၊ မိက္ခာ၏ အိမ်နီးချင်းတို့သည် စည်းဝေး၍၊ ဒန်အမျိုးသားတို့ကို မှီ အောင် လိုက်ကြ၏။
23 ၂၃ ကြွေးကြော် သောအခါ ၊ ဒန် အမျိုးသား တို့သည် လှည့် ကြည့်လျက် သင် သည် အဘယ် အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခါ အား မေး သော်၊
၂၃ကြွေးကြော်သောအခါ၊ ဒန်အမျိုးသားတို့သည် လှည့်ကြည့်လျက် သင်သည် အဘယ်အခင်းရှိ၍ လူအပေါင်းတို့နှင့် လိုက်လာသနည်းဟု မိက္ခာအားမေးသော်၊-
24 ၂၄ မိက္ခါက၊ သင်တို့သည် ငါလုပ် သော ဘုရား တို့နှင့် ယဇ် ပုရောဟိတ်ကို ယူ သွား ကြသည်တကား။ ထိုအရာမှတပါး ငါ ၌ အဘယ် အရာရှိသေးသနည်း။ သို့သော်လည်းသင်တို့က၊ အဘယ် အခင်း ရှိသနည်း ဟု ငါ့ ကို မေး ကြသည်တကားဟု ဆို လေသော်၊
၂၄မိက္ခာက၊ သင်တို့သည် ငါလုပ်သော ဘုရားတို့နှင့် ယဇ်ပုရောဟိတ်ကို ယူသွားကြသည်တကား။ ထိုအရာမှတပါး ငါ၌ အဘယ်အရာရှိသနည်း။ သို့သော်လည်း သင်တို့က၊ အဘယ်အခင်း ရှိသနည်း ဟု ငါ့ကို မေးကြသည်တကားဟု ဆိုသော်၊-
25 ၂၅ ဒန် အမျိုးသား တို့က၊ ငါ တို့တွင် သင့် စကား ကို မ ကြား ပါစေနှင့်။ သို့မဟုတ် စိတ်ဆိုး သောသူ တို့သည် သင့် ကို တိုက် ၍ သင့် အသက် နှင့် သင့် အိမ်သား တို့ အသက် ဆုံး ကောင်းဆုံးလိမ့်မည်ဟု ဆို လျက် ခရီးသွား ကြ၏။
၂၅ဒန်အမျိုးသားတို့က၊ ငါတို့တွင် သင့်စကားကို မကြားပါစေနှင့်။ သို့မဟုတ် စိတ်ဆိုးသော သူတို့သည် သင့်ကို တိုက်၍ သင့်အသက်နှင့်သင့်အိမ်သားတို့ အသက်ဆုံးကောင်းဆုံးလိမ့်မည်ဟု ဆိုလျက် ခရီးသွားကြ၏။
26 ၂၆ မိက္ခါ သည် သူတို့ကို မိမိမနိုင်သည်ကိုသိ ၍ မိမိ အိမ် သို့ ပြန် သွားလေ၏။
၂၆မိက္ခာသည် သူတို့ကို မိမိမနိုင်သည်ကိုသိ၍ မိမိအိမ်သို့ ပြန်သွားလေ၏။
27 ၂၇ ဒန် အမျိုးသားတို့သည်၊ မိက္ခါ လုပ် သော အရာတို့နှင့် သူ ၌ နေ သောယဇ် ပုရောဟိတ်ကို ယူ သွား၍ ၊ သတိ မရှိ ငြိမ်ဝပ် စွာနေသောလဲရှ မြို့သားတို့ဆီသို့ ရောက် သဖြင့် ထား နှင့် လုပ်ကြံ ၍ မြို့ ကို မီးရှို့ ကြ၏။
၂၇ဒန်အမျိုးသားတို့သည်၊ မိက္ခာလုပ်သော အရာတို့နှင့် သူ၌နေသော ယဇ်ပုရောဟိတ်ကို ယူသွား၍၊ သတိမရှိ ငြိမ်ဝပ်စွာနေသော လဲရှမြို့သားတို့ဆီသို့ ရောက်သဖြင့် ထားနှင့်လုပ်ကြံ၍ မြို့ကို မီးရှို့ ကြ၏။
28 ၂၈ ဇိဒုန် မြို့နှင့် ဝေး သောကြောင့် ၎င်း ၊ အဘယ်သူ နှင့် မျှ အမှု မ ဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘ မြို့အနား မှာရှိသော ချိုင့် ၌ တည်၏။ ထိုအရပ် ၌ မြို့ သစ်ကိုတည် ၍ နေ ကြ၏။
၂၈ဇိဒုန်မြို့နှင့်ဝေးသောကြောင့်၎င်း၊ အဘယ်သူနှင့်မျှ အမှုမဆိုင်သောကြောင့်၎င်း၊ ကယ်နှုတ်သော သူမရှိ။ ထိုမြို့သည် ဗက်ရဟောဘမြို့အနားမှာရှိသော ချိုင့်၌ တည်၏။ ထိုအရပ်၌ မြို့သစ်ကိုတည်၍ နေကြ၏။
29 ၂၉ ထိုမြို့ကို သူ တို့အမျိုး၏ အဘ ဣသရေလ ၏ သား ဒန် အမည် ကို မှီသဖြင့် ဒန် မြို့ ဟူ၍တွင် ကြ၏။ ထိုမြို့ အမည် ဟောင်း ကား လဲရှ တည်း။
၂၉ထိုမြို့ကို သူတို့အမျိုး၏ အဘဣသရေလ၏ သားဒန်အမည်ကို မှီသဖြင့် ဒန်မြို့ဟူ၍ တွင်ကြ၏။ ထိုမြို့ အမည်ဟောင်းကား လဲရှတည်း။
30 ၃၀ ဒန် အမျိုးသား တို့သည် မိက္ခါထု သောရုပ်တုကို တည်ထောင် ၍ မနာရှေ သား ဂေရရှုံ ၏သား ယောနသန် နှင့် သူ ၏သား တို့သည် သေတ္တာ တော်ကို သိမ်း သွားသည့်နေ့ တိုင်အောင် ဒန် အမျိုး ၌ ယဇ်ပုရောဟိတ် လုပ် ကြ၏။
၃၀ဒန်အမျိုးသားတို့သည် မိက္ခာထုသောရုပ်တုကို တည်ထောင်၍ မနာရှေသား ဂေရရှုံ၏သား ယောနသန်နှင့် သူ၏သားတို့သည် သေတ္တာတော်ကို သိမ်းသွားသည့်နေ့တိုင်အောင် ဒန်အမျိုး၌ ယဇ်ပုရောဟိတ် လုပ်ကြ၏။
31 ၃၁ ဘုရား သခင်၏ အိမ် တော်သည် ရှိလော မြို့၌ ရှိ သည်ကာလ ပတ်လုံး ၊ မိက္ခါ သွန်း သော ရုပ်တု ကိုလည်း တည်ထောင် ကြ၏။
၃၁ဘုရားသခင်၏ အိမ်တော်သည် ရှိလောမြို့၌ ရှိသည်ကာလပတ်လုံး၊ မိက္ခာသွန်းသော ရုပ်တုကိုလည်း တည်ထောင်ကြ၏။