< ယောရှု 17 >

1 ယောသပ် ၏သားဦး မနာရှေ အမျိုးသား တို့သည် စာရေးတံ ပြု ၍ အမွေခံရသောမြေဟူမူကား၊ မနာရှေ ၏သား တည်းဟူသော ဂိလဒ် ၏အဘ မာခိရ သည် စစ်သူရဲ ဖြစ် ၍ ၊ ဂိလဒ် ပြည်နှင့် ဗာရှန် ပြည်ကိုရ ၏။
There was also a lot for the tribe of Manasseh; for he was the firstborn of Joseph; to wit, for Machir the firstborn of Manasseh, the father of Gilead: because he was a man of war, therefore he had Gilead and Bashan.
2 ယောသပ် ၏သား မနာရှေ ၏သား ယောက်ျား အခြားတည်းဟူသော အဗျေဇာ သား ၊ ဟေလက် သား ၊ အသရေလ သား ၊ ရှေခင် သား ၊ ဟေဖာ သား ၊ ရှမိဒ သား တို့သည် အဆွေ အမျိုးအလိုက် စာရေးတံပြု၍ရကြသေး၏။
There was also a lot for the rest of the children of Manasseh by their families; for the children of Abiezer, and for the children of Helek, and for the children of Asriel, and for the children of Shechem, and for the children of Hepher, and for the children of Shemida: these were the male children of Manasseh the son of Joseph by their families.
3 သို့ရာတွင် မနာရှေ ၊ မာခိရ ၊ ဂိလဒ် ၊ ဟေဖါ တို့မှ ဆင်းသက်သော ဇလောဖဒ် ၌ သား ယောက်ျားမ ရှိ ၊ သမီး သက်သက်သာ ရှိ၏။ သူ ၏သမီး တို့အမည် ကား၊ မာလာ ၊ နောအာ ၊ ဟောဂလာ ၊ မိလကာ ၊ တိရဇာ တည်း။
But Zelophehad, the son of Hepher, the son of Gilead, the son of Machir, the son of Manasseh, had no sons, but daughters: and these are the names of his daughters, Mahlah, and Noah, Hoglah, Milcah, and Tirzah.
4 ထိုမိန်းမတို့သည် ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု ၊ မင်း များရှေ့ သို့ ချဉ်းကပ် ၍ အကျွန်ုပ် တို့ပေါက်ဘော် နှင့်အတူအမွေ ခံရသောအခွင့်ကို အကျွန်ုပ် တို့အား ပေး စေခြင်းငှါ ထာဝရဘုရား သည် မောရှေ ကို မှာ ထားတော်မူပြီဟု လျှောက် ၍ ၊ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း သူ တို့အဘ ၏ညီအစ်ကို တို့နှင့်အတူ အမွေ ခံရသောအခွင့်ကိုပေး ၏။
And they came near before Eleazar the priest, and before Joshua the son of Nun, and before the princes, saying, Yhwh commanded Moses to give us an inheritance among our brethren. Therefore according to the commandment of Yhwh he gave them an inheritance among the brethren of their father.
5 ထိုသို့ မနာရှေ ၏သမီး တို့သည် သား တို့နှင့်အတူ အမွေ ကိုခံရ ၍ ၊ မနာရှေ ၏သား အချို့ တို့သည် ဂိလဒ် ပြည် ကိုရ သောကြောင့်၊
And there fell ten portions to Manasseh, beside the land of Gilead and Bashan, which were on the other side Jordan;
6 ယော်ဒန် မြစ်အရှေ့ ဘက် ဂိလဒ် ပြည် နှင့် ဗာရှန် ပြည်မှတပါး ၊ မနာရှေ အမျိုးသည်ဆယ်ဘို့ ကိုရ သေး၏။
Because the daughters of Manasseh had an inheritance among his sons: and the rest of Manasseh’s sons had the land of Gilead.
7 မနာရှေ ခရိုင်အပိုင်း အခြားသည် အာရှာ ခရိုင်မှ ရှေခင် မြို့ရှေ့ တွင်ရှိသော မိတ်မေသ မြို့သို့ သွား၍ လက်ျာ ဘက်၌ အင်တာပွါ မြို့သို့ လိုက် လေ၏။
And the coast of Manasseh was from Asher to Michmethah, that lieth before Shechem; and the border went along on the right hand unto the inhabitants of En–tappuah.
8 တာပွါ မြို့နယ် ကို မနာရှေ ပိုင်သော်လည်း ၊ မနာရှေ ခရိုင် စွန်းမှာ ရှိသော တာပွါ မြို့ကို ဧဖရိမ် သား တို့သည် ပိုင်ကြ၏။
Now Manasseh had the land of Tappuah: but Tappuah on the border of Manasseh belonged to the children of Ephraim;
9 တဖန် အပိုင်း အခြားသည် ကာန မြစ် တောင် ဘက်သို့ လိုက် ၍၊ မနာရှေ မြို့ တို့တွင် ဧဖရိမ် မြို့အချို့ ပါသော်လည်း ၊ မြစ် မြောက် ဘက်မြေသည် မနာရှေ မြေ ဖြစ် ၍ ပင်လယ် ၌ ဆုံး လေ၏။
And the coast descended unto the river Kanah, southward of the river: these cities of Ephraim are among the cities of Manasseh: the coast of Manasseh also was on the north side of the river, and the outgoings of it were at the sea:
10 ၁၀ တောင် ဘက်၌ ဧဖရိမ် မြေ၊ မြောက် ဘက်၌ မနာရှေ မြေဖြစ်လျက်၊ ပင်လယ် ကန့် ကွက်၍ မြောက် ဘက်၌ အာရှာ ခရိုင်၊ အရှေ့ ဘက်၌ ဣသခါ ခရိုင်ရှိ ၏။
Southward it was Ephraim’s, and northward it was Manasseh’s, and the sea is his border; and they met together in Asher on the north, and in Issachar on the east.
11 ၁၁ ထိုခရိုင်၌ မနာရှေ အမျိုးရသောပြည် သုံး ပြည်ဟူမူကား ၊ ဗက်ရှန် မြို့နှင့် သူ့ မြို့ ရွာများ၊ ဣဗလံ မြို့နှင့် သူ့ မြို့ ရွာများ၊ ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ အင်္ဒေါရ မြို့နှင့် သူ့ မြို့ ရွာများ၊ တာနက် မြို့နှင့် သူ့ မြို့ ရွာများ၊ မေဂိဒ္ဒေါ မြို့နှင့် သူ့ မြို့ ရွာများတို့ကို ရသေး၏။
And Manasseh had in Issachar and in Asher Beth–shean and her towns, and Ibleam and her towns, and the inhabitants of Dor and her towns, and the inhabitants of Endor and her towns, and the inhabitants of Taanach and her towns, and the inhabitants of Megiddo and her towns, even three countries.
12 ၁၂ သို့ရာတွင် မနာရှေ အမျိုးသား တို့သည် ထို မြို့ တို့ကို မ သိမ်း မယူနိုင် ဘဲ၊ ခါနနိ လူတို့သည် ထို အရပ် ၌ အနိုင် နေ ကြ၏။
Yet the children of Manasseh could not drive out the inhabitants of those cities; but the Canaanites would dwell in that land.
13 ၁၃ ဣသရေလ လူတို့သည် အားတိုးပွား သောအခါ ၊ ထိုခါနနိ လူတို့ကို အကုန်အစင်မ နှင်ထုတ် ဘဲ အခွန် ပေး စေကြ၏။
Yet it came to pass, when the children of Israel were waxen strong, that they put the Canaanites to tribute; but did not utterly drive them out.
14 ၁၄ ယောသပ် အမျိုးသား တို့ကလည်း ၊ အကျွန်ုပ် တို့သည် ထာဝရဘုရား ပေးတော်မူသောကောင်းကြီး မင်္ဂလာကိုခံရသဖြင့် အမျိုး ကြီး ဖြစ်၍၊ ကိုယ်တော်သည် တ ဘို့ တ ခရိုင် တည်းကိုသာ အဘယ်ကြောင့် ပေး ပါသနည်းဟု ယောရှု အား မေး လျှောက်ကြသော်၊
And the children of Joseph spake unto Joshua, saying, Why hast thou given me but one lot and one portion to inherit, seeing I am a great people, forasmuch as Yhwh hath blessed me hitherto?
15 ၁၅ ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ဧဖရိမ် တောင် ကျဉ်းမြောင်း လျှင် ၊ တော အရပ်သို့ သွား ၍ ဖေရဇိ ပြည် ၊ ရေဖိမ် ပြည်၌ ခုတ် လှဲကြလော့ဟု ပြန်ပြော ၏။
And Joshua answered them, If thou be a great people, then get thee up to the wood country, and cut down for thyself there in the land of the Perizzites and of the giants, if mount Ephraim be too narrow for thee.
16 ၁၆ ယောသပ် အမျိုးသား တို့ကလည်း ၊ ဧဖရိမ်တောင် သည် အကျွန်ုပ် တို့အဘို့ မ လောက် ပါ။ ချိုင့် အရပ် ဗက်ရှန် မြို့ ရွာတို့၌ ၎င်း ၊ ယေဇရေလ ချိုင့် ၌ ၎င်း နေ သောခါနနိ လူ အပေါင်း တို့သည် သံ ရထား နှင့် ပြည့်စုံပါသည်ဟု လျှောက် ပြန်လျှင်၊
And the children of Joseph said, The hill is not enough for us: and all the Canaanites that dwell in the land of the valley have chariots of iron, both they who are of Beth–shean and her towns, and they who are of the valley of Jezreel.
17 ၁၇ ယောရှု က၊ သင် တို့သည် အမျိုး ကြီး ဖြစ်၍ ခွန်အား ကြီး သောကြောင့်၊ တ ဘို့ တည်းကိုသာ မ ယူရ။
And Joshua spake unto the house of Joseph, even to Ephraim and to Manasseh, saying, Thou art a great people, and hast great power: thou shalt not have one lot only:
18 ၁၈ တောင် သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ သစ်ပင် များလျှင် ခုတ် လှဲရမည်။ ထွက် ရာလမ်းတို့သည်လည်း သင် တို့အဘို့ ဖြစ် လိမ့်မည်။ ခါနနိ လူတို့သည် ခွန်အား ကြီး၍ သံ ရထား နှင့်ပြည့်စုံသော်လည်း ၊ သူတို့ကို နှင်ထုတ် ကြလိမ့်မည်ဟု ဧဖရိမ် အမျိုး၊ မနာရှေ အမျိုးတည်းဟူသောယောသပ် အမျိုးသား တို့အား ပြော ဆို၏။
But the mountain shall be thine; for it is a wood, and thou shalt cut it down: and the outgoings of it shall be thine: for thou shalt drive out the Canaanites, though they have iron chariots, and though they be strong.

< ယောရှု 17 >