< ယောရှု 14 >
1 ၁ ခါနာန် ပြည် ၌ လည်း ယဇ်ပုရောဟိတ် ဧလာဇာ ၊ နုန် ၏သား ယောရှု အစရှိသော ဣသရေလ အမျိုး အနွယ်တို့၌ မင်း ဖြစ်သောသူတို့သည် အမွေ ဝေဖန်၍ ဣသရေလ အမျိုးသားတို့သည် အမွေ ခံရကြ၏။
၁ယော်ဒန်မြစ်အနောက်ဘက်ရှိခါနာန်ပြည် ကို ဣသရေလအမျိုးသားတို့အားခွဲဝေ ပေးပုံကိုဖော်ပြပေအံ့။ ယဇ်ပုရောဟိတ် ဧလာဇာ၊ နုန်၏သားယောရှုနှင့်ဣသရေလ အနွယ်များ၏မိသားစုခေါင်းဆောင်တို့က ဣသရေလအမျိုးသားတို့အားထိုပြည် ကိုခွဲဝေပေးကြ၏။-
2 ၂ ထာဝရဘုရား သည် မောရှေ အားဖြင့် မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလအမျိုး ကိုး မျိုးနှင့် တဝက် တို့သည် စာရေးတံ ပြု၍ အမွေ ခံရကြ၏။
၂ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည့်အတိုင်း ယော်ဒန်မြစ်အနောက် ဘက်ရှိနယ်မြေကိုဣသရေလအနွယ်ကိုး နွယ်နှင့်အနွယ်တစ်ဝက်တို့အားမဲချ ၍ခွဲဝေပေးလေသည်။-
3 ၃ မောရှေ သည် ဣသရေလအမျိုး နှစ် မျိုးနှင့် တဝက် တို့အား၊ ယော်ဒန် မြစ်အရှေ့ ဘက်၌ အမွေ ပေး နှင့်ပြီ။ လေဝိ သားတို့အား အခြားသောအမျိုးနှင့်ရော၍ အမွေ မ ပေး။
၃မောရှေသည်ယော်ဒန်မြစ်အရှေ့ဘက်ရှိ နယ်မြေကိုဣသရေလအနွယ်နှစ်နွယ်နှင့် အနွယ်တစ်ဝက်တို့အားခွဲဝေပေးခဲ့ပြီး ဖြစ်သည်။ (ယောသပ်၏အဆက်အနွယ်တို့ ကိုမနာရှေအနွယ်နှင့်ဧဖရိမ်အနွယ်ဟူ ၍နှစ်စုခွဲထားသည်။) မောရှေသည်လေဝိ အနွယ်အားနယ်မြေဝေစုမပေးခဲ့ချေ။ သို့ရာတွင်သူတို့အားနေထိုင်ရန်မြို့များ နှင့်တကွတိရစ္ဆာန်စားကျက်များကိုခွဲဝေ ပေးခဲ့သည်။-
4 ၄ ယောသပ် အမျိုးသား တို့သည် မနာရှေ အမျိုး ၊ ဧဖရိမ် အမျိုးနှစ် မျိုးဖြစ် ၍ ၊ လေဝိ သားတို့နေ စရာ မြို့ ၊ သူ တို့ တိရစ္ဆာန် နှင့် ဥစ္စာ ကို ထားစရာမြို့နယ် မှတပါး အခြားသောမြေ ကို မ ပေး။
၄
5 ၅ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသားတို့သည် ပြု ၍ မြေ ကို ဝေဖန် ကြ၏။
၅ထာဝရဘုရားသည်မောရှေအားမိန့်မှာ တော်မူသည်အတိုင်း ဣသရေလအမျိုး သားတို့သည်နယ်မြေကိုခွဲဝေကြလေ သည်။
6 ၆ ထိုအခါ ယုဒ အမျိုးသား တို့သည်၊ ဂိလဂါလ မြို့၌ ယောရှု ထံ သို့လာ ၍ ၊ ကေနက် အမျိုးယေဖုန္နာ ၏သား ကာလက် က၊ ထာဝရဘုရား သည် ကာဒေရှဗာနာ အရပ်၌ ကိုယ်တော် နှင့် အကျွန်ုပ် ကို ရည်ဆောင် ၍၊ ဘုရား သခင်၏လူ မောရှေ အား မိန့် တော်မူသော စကား ကို ကိုယ်တော် သိ ပါ၏။
၆တစ်နေ့သ၌ယုဒအနွယ်ဝင်အချို့တို့သည် ဂိလဂါလမြို့တွင်ရှိသော ယောရှုထံသို့ရောက် ရှိလာကြလေသည်။ သူတို့အနက်မှကေနက် အမျိုးယေဖုန္နာ၏သားကာလက်ကယောရှု အား``ကာဒေရှဗာနာအရပ်တွင်ထာဝရ ဘုရားသည် မိမိ၏အစေခံမောရှေအား ကိုယ်တော်နှင့်အကျွန်ုပ်ကိုရည်ဆောင်၍မိန့် တော်မူသောစကားကိုကိုယ်တော်သတိရ ပါလိမ့်မည်။-
7 ၇ ဤပြည် ကို စူးစမ်း စေခြင်းငှါ ဘုရား သခင်၏ ကျွန် မောရှေ သည် အကျွန်ုပ် ကို ကာဒေရှဗာနာ အရပ်မှ စေလွှတ် သောအခါ ၊ အကျွန်ုပ် သည် အသက် လေးဆယ် ရှိပါ၏။ အကျွန်ုပ်သည် ကိုယ် စိတ် ထင်သည်အတိုင်း ပြန်ကြား လျှောက်ထားပါ၏။
၇ထာဝရဘုရား၏အစေခံမောရှေသည် ကျွန်ုပ်အား ဤပြည်ကိုထောက်လှမ်းရန်ကာဒေရှ ဗာနာအရပ်မှစေလွှတ်စဉ်အခါက အကျွန်ုပ် သည်အသက်လေးဆယ်ရှိပါ၏။ အကျွန်ုပ် သည်ဟုတ်တိုင်းမှန်ရာကိုပြန်ကြားအစီ ရင်ခံခဲ့ပါသည်။-
8 ၈ အကျွန်ုပ် နှင့်အတူ သွား သော ညီအစ်ကို တို့သည်၊ လူ များစိတ်ပျက် စရာကို ပြုသော်လည်း ၊ အကျွန်ုပ် သည် အကျွန်ုပ် ၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်ပါ၏။
၈အကျွန်ုပ်နှင့်အတူသွားရောက်ခဲ့သူတို့မှာ မူကား လူတို့ကြောက်ရွံ့ထိတ်လန့်စေရန်ပြန် ကြားအစီရင်ခံခဲ့ကြပါသည်။ သို့ရာတွင် အကျွန်ုပ်သည်အကျွန်ုပ်၏ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုတစ် သဝေမတိမ်းလိုက်လျှောက်သဖြင့်၊-
9 ၉ ထို နေ့ ရက်၌ မောရှေ က၊ သင်သည် ငါ ၏ဘုရား သခင် ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ အကယ်၍သင်နင်း ပြီးသောမြေ သည် အစဉ် အဆက် သင် ၏အမွေ၊ သင် ၏ သား မြေးတို့၏အမွေ ဖြစ် ရလိမ့်မည်ဟု ကျိန်ဆို လေ၏။
၉မောရှေက`သင်နင်းသောမြေကိုသင်နှင့်သင် ၏သားသမီးများအား နယ်မြေဝေစုအ ဖြစ်မုချရရှိစေမည်' ဟုကတိပေးခဲ့ ပါသည်။-
10 ၁၀ ဣသရေလ အမျိုးသည် တော ၌ လှည့်လည် စဉ် အခါ၊ ထာဝရဘုရား သည် ထိုသို့ မောရှေ အား မိန့် တော်မူသောနေ့မှစ၍ ယခုတိုင်အောင်အမိန့် တော်ရှိသည်အတိုင်း ၊ အနှစ် လေး ဆယ်ငါး နှစ်ပတ်လုံးအကျွန်ုပ် အသက် ကို ရှင်စေတော်မူသဖြင့် ၊ ယနေ့ မှာ အကျွန်ုပ် သည် အသက် ရှစ် ဆယ်ငါး နှစ်ရှိပါပြီ။
၁၀ထာဝရဘုရားသည်မောရှေအားထိုသို့ မိန့်တော်မူခဲ့သည်မှာလေးဆယ့်ငါးနှစ်ရှိ ပါပြီ။ ထိုစဉ်အခါကဣသရေလအမျိုး သားတို့သည် တောကန္တာရကိုဖြတ်ကျော် လျက်ရှိကြပါ၏။ ထာဝရဘုရားသည် ကတိတော်အတိုင်း အကျွန်ုပ်အားယနေ့ တိုင်အောင်အသက်ရှင်လျက်ရှိစေတော် မူပါ၏။ ယခုအကျွန်ုပ်သည်အသက်ရှစ် ဆယ်ငါးနှစ်ရှိပါပြီ။-
11 ၁၁ သို့ရာတွင် မောရှေ စေလွှတ် သောနေ့ ၌ ခွန်အား ရှိသကဲ့သို့ ယနေ့၌ ရှိပါ၏။ ထိုအခါ ထွက် ဝင် ခြင်းအမှု၊ စစ်တိုက် ခြင်းအမှုကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်း နိုင်သကဲ့သို့ ယခုလည်း တတ်စွမ်း နိုင်ပါ၏။
၁၁သို့ရာတွင်မောရှေကအကျွန်ုပ်အားဤပြည် ကိုထောက်လှမ်းရန်စေလွှတ်သည့်အချိန်မှာ ကဲ့သို့ ယခုအချိန်လည်းအကျွန်ုပ်သန်မာ လျက်ရှိပါ၏။ အကျွန်ုပ်သည်စစ်မှုထမ်းရန် သော်လည်းကောင်း၊ အခြားတာဝန်ထမ်း ဆောင်ရန်သော်လည်းကောင်းခွန်အားရှိ ပါသေးသည်။-
12 ၁၂ သို့ဖြစ်၍ ထို နေ့ ၌ ထာဝရဘုရား မိန့် တော်မူသော ဤ တောင် ကို အကျွန်ုပ် အား ပေး ပါ။ ဤတောင်ပေါ်မှာ အာနက လူရှိကြောင်း ကို၎င်း၊ ကြီးမား ခိုင်ခံ့ သော မြို့ တို့နှင့် ပြည့်စုံကြောင်းကို၎င်း၊ ထို နေ့ ၌ ကိုယ်တော် သည် ကြား ရပြီ။ သို့ရာတွင် ထာဝရဘုရား သည် အကျွန်ုပ် နှင့်အတူ ရှိတော်မူလျှင်၊ အမိန့် တော်ရှိသည်အတိုင်း ထိုသူ တို့ကို နှင်ထုတ် ခြင်းငှါအကျွန်ုပ်တတ်စွမ်းနိုင်ပါသည်ဟု လျှောက် ဆို၏။
၁၂ထို့ကြောင့်အကျွန်ုပ်နှင့်အပေါင်းအဖော် တို့သတင်းပြန်ကြားအစီရင်ခံသောနေ့ ၌ ထာဝရဘုရားကပေးမည်ဟုကတိ ထားတော်မူသောဤတောင်ကုန်းဒေသ ကိုအကျွန်ုပ်အားပေးပါ။ ထိုဒေသတွင် ကိုယ်ခန္ဓာထွားကြိုင်းသောအာနကအမျိုး သားများသည် ခိုင်ခံ့သောမြို့ရိုးများအတွင်း နေထိုင်ကြောင်းကိုအကျွန်ုပ်တို့အစီရင်ခံခဲ့ ကြပါသည်။ သို့သော်လည်းထာဝရဘုရား သည်အကျွန်ုပ်နှင့်အတူရှိတော်မူလျှင် ကတိတော်အတိုင်းအကျွန်ုသည်ထိုသူ တို့ကိုတိုက်ခိုက်နှင်ထုတ်နိုင်ပါလိမ့်မည်'' ဟုတောင်းဆိုလေ၏။
13 ၁၃ ထိုအခါ ယောရှု သည် ကောင်းကြီး ပေး၏။ ဟေဗြုန် ပြည်ကိုလည်း ၊ ယေဖုန္နာ ၏သား ကာလက် အမွေခံ စရာဘို့ အပ် ပေးလေ၏။
၁၃ထိုအခါယောရှုသည်ယေဖုန္နာ၏သား ကာလက်အား ကောင်းချီးပေး၍ဟေဗြုန် မြို့ကိုဝေစုအဖြစ်ခွဲဝေပေးလေ၏။-
14 ၁၄ သို့ဖြစ်၍ ကေနက် အမျိုး ယေဖုန္နာ ၏သား ကာလက် သည်၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား နောက် တော်သို့ လုံးလုံး လိုက်သောကြောင့် ၊ ဟေဗြုန် ပြည်သည် ယနေ့ တိုင်အောင် ကာလက်၏အမွေ မြေဖြစ် သတည်း။
၁၄ကေနက်အမျိုးယေဖုန္နာ၏သားကာလက် သည် ဣသရေလအမျိုးသားတို့၏ဘုရားသခင်ထာဝရဘုရား၏အမိန့်တော်ကို တစ်သဝေမတိမ်းလိုက်လျှောက်သဖြင့် သူ ၏အဆက်အနွယ်တို့သည်ဟေဗြုန်မြို့ကို ယနေ့တိုင်အောင်ပိုင်ဆိုင်ကြ၏။-
15 ၁၅ ဟေဗြုန် မြို့သည် အထက် က ကိရယသာဘ အမည် ရှိ၏။ အာဗသည် အာနက အမျိုးသားတို့တွင် လူကြီး ဖြစ်၏။ ထိုအခါ တပြည် လုံးစစ် ငြိမ်း လေ၏။
၁၅ဟေဗြုန်မြို့၏နာမည်ဟောင်းမှာအာဘမြို့ ဖြစ်သတည်း။ (အာဘသည်အာနကအမျိုး သားတို့၏ခေါင်းဆောင်ကြီးဖြစ်၏။) ထိုနောက်တိုင်းပြည်တွင်ငြိမ်းချမ်းသာယာ လျက်ရှိသတည်း။