< ယောဘ 9 >

1 ယောဘ ပြန် ၍ မြွက်ဆိုသည်ကား၊
ויען איוב ויאמר׃
2 မှန် ပါ၏။ ထို စကားမှန် ကြောင်းကိုငါသိ ၏။ သို့သော်လည်း ၊ လူ သည် ဘုရား သခင့်ရှေ့ တော်၌ အဘယ် သို့ ဖြောင့်မတ် ရာသို့ ရောက်နိုင်သနည်း။
אמנם ידעתי כי כן ומה יצדק אנוש עם אל׃
3 ဘုရားသခင် သည် အပြစ် တင်ခြင်းငှါ အလို တော်ရှိလျှင် ၊ လူ သည် အပြစ်တထောင် တွင် တခု မျှ မ ဖြေ နိုင်။
אם יחפץ לריב עמו לא יעננו אחת מני אלף׃
4 ဘုရားသခင် သည် ထူးဆန်း သော ဉာဏ် ၊ ကြီးစွာ သော တန်ခိုး နှင့် ပြည့်စုံ တော်မူသည် ဖြစ်၍၊ အဘယ် သူသည် အာဏာ တော်ကို ဆန် ၍အောင် နိုင်သနည်း။
חכם לבב ואמיץ כח מי הקשה אליו וישלם׃
5 ဘုရားသခင် သည် တောင် တို့ကို အမှတ် တမဲ့ရွှေ့ တော်မူ၏။ အမျက် ထွက်၍ မှောက်လှန် တော်မူ၏။
המעתיק הרים ולא ידעו אשר הפכם באפו׃
6 မြေကြီး ကိုရွေ့ စေခြင်းငှါ တွန်းတော်မူ၍၊ မြေ တိုင် တို့သည် တုန်လှုပ် ကြ၏။
המרגיז ארץ ממקומה ועמודיה יתפלצון׃
7 နေ ကို မှာ ထားတော်မူ၍ သူသည်မ ထွက် ရ။ ကြယ် တို့ကိုလည်း ကွယ် ထားတော်မူ၏။
האמר לחרס ולא יזרח ובעד כוכבים יחתם׃
8 မိုဃ်း ကောင်းကင် ကို ကိုယ်တော်တပါး တည်း ဖြန့် မိုးတော်မူ၏။ သမုဒ္ဒရာ လှိုင်း တံပိုးကို နင်း တော်မူ၏။
נטה שמים לבדו ודורך על במתי ים׃
9 အာရှ ကြယ်၊ ခသိလ ကြယ်၊ ခိမ ကြယ်စုမှစ၍တောင် မျက်နှာကြယ်တိုက် တို့ကို ဖန်ဆင်း တော်မူ၏။
עשה עש כסיל וכימה וחדרי תמן׃
10 ၁၀ စစ် ၍မ သိနိုင်အောင် အလွန်ကြီး သောအမှု၊ မ ရေတွက် နိုင်အောင်များ၍ အံ့ဘွယ် သောအမှုတို့ကို ပြု တော်မူ၏။
עשה גדלות עד אין חקר ונפלאות עד אין מספר׃
11 ၁၁ ငါ့ ရှေ့ မှာကြွ တော်မူ၍ ကိုယ်တော်ကိုငါမ မြင် ရ။ ရှောက် သွားတော်မူ၍ ကိုယ်တော် ကို ငါမ ရိပ်မိ ရ။
הן יעבר עלי ולא אראה ויחלף ולא אבין לו׃
12 ၁၂ သိမ်းယူ တော်မူသောအခါ အဘယ် သူသည် ဆီးတား နိုင်သနည်း။ ကိုယ်တော် သည်အဘယ် သို့ပြု သနည်းဟု အဘယ် သူဆို ဝံ့သနည်း။
הן יחתף מי ישיבנו מי יאמר אליו מה תעשה׃
13 ၁၃ ဘုရား သခင်သည် အမျက် ပြေ တော်မ မူလျှင်၊ မာန ကြီး၍ အားပေးသောသူတို့သည် ရှေ့တော်၌ နှိမ့်ချ ခြင်း ကိုခံရကြ၏။
אלוה לא ישיב אפו תחתו שחחו עזרי רהב׃
14 ၁၄ ထိုမျှမကငါ သည်အဘယ် သို့ပြန် လျှောက်ရအံ့နည်း။ ရှေ့တော်၌ အဘယ်သို့သောစကား ကို ရွေး ၍ လျှောက်ရအံ့နည်း။
אף כי אנכי אעננו אבחרה דברי עמו׃
15 ၁၅ ငါသည် ဖြောင့်မတ် သော်လည်း ပြန် ၍ မ လျှောက်ဝံ့ဘဲ၊ တရား မှုကို ဆုံးဖြတ် တော်မူ သော အရှင်ကို တောင်းပန် ရုံမျှသာပြုရ၏။
אשר אם צדקתי לא אענה למשפטי אתחנן׃
16 ၁၆ ငါခေါ် ၍ အရှင်သည်ထူး တော်မူသော်လည်း ၊ ငါ့ စကား ကို နားထောင် တော်မူမည်ဟု ငါမ ယုံ နိုင်။
אם קראתי ויענני לא אאמין כי יאזין קולי׃
17 ၁၇ အကြောင်းမူကား၊ မိုဃ်းသက် မုန်တိုင်းဖြင့် ငါ့ ကို ညှဉ်းဆဲ ၍၊ အကြောင်း မရှိဘဲငါ ၌ အနာ တို့ကို များပြား စေတော်မူ၏။
אשר בשערה ישופני והרבה פצעי חנם׃
18 ၁၈ ငါ့ ကို အသက် ရှူရသောအခွင့်မ ပေး။ ခါး စွာသော ဝေဒနာနှင့် ပြည့်စုံ စေတော်မူ၏။
לא יתנני השב רוחי כי ישבעני ממררים׃
19 ၁၉ တန်ခိုး ကိုအမှီပြုမည်ဆိုသော် ၊ ဘုရားသခင် သည် တန်ခိုးကြီး တော်မူ၏။ တရား ကိုအမှီပြုမည်ဆို ပြန်သော်၊ အဘယ် သူသည် ငါ့ ဘက်၌ သက်သေခံမည်နည်း။
אם לכח אמיץ הנה ואם למשפט מי יועידני׃
20 ၂၀ ကိုယ်အပြစ် ကို ပြေစေခြင်းငှါပြုလျှင် ၊ ကိုယ် စကား အားဖြင့်တရား ရှုံးလိမ့်မည်။ ငါ သည် စုံလင် ပြီဟု ဆိုပြန်လျှင် ၊ ငါ့ သဘောကောက်ကြောင်း ထင်ရှား လိမ့်မည်။
אם אצדק פי ירשיעני תם אני ויעקשני׃
21 ၂၁ တဖန်စုံလင် သော်လည်း၊ ကိုယ် စိတ် သဘောကို ကိုယ် မ သိ ရ။ ကိုယ် အသက် ကို ပမာဏ မပြုရ။
תם אני לא אדע נפשי אמאס חיי׃
22 ၂၂ ငါပြော အံ့သောစကားတချက် ဟူမူကား၊ ဘုရား သခင်သည် စုံလင် သောသူတို့ကို၎င်း ၊ ဆိုးညစ် သောသူတို့ ကို၎င်းဖျက်ဆီး တော်မူတတ်၏။
אחת היא על כן אמרתי תם ורשע הוא מכלה׃
23 ၂၃ ချက်ခြင်း ဘေး တစုံတခုရောက်သောအခါ ၊ အပြစ် မရှိ သော သူ ခံရသည် အကြောင်းကို ရယ် တော်မူ၏။
אם שוט ימית פתאם למסת נקים ילעג׃
24 ၂၄ မြေကြီး ကိုလူဆိုး တို့ လက် ၌ အပ် ၍၊ တရား သူကြီးတို့၏ မျက်နှာ ကို ဖျက် တော်မူ၏။ သို့မဟုတ် ထိုအမှုကို စီရင်သောသူကားအဘယ် သူနည်း။
ארץ נתנה ביד רשע פני שפטיה יכסה אם לא אפוא מי הוא׃
25 ၂၅ တမြို့မှတမြို့သို့ စာပို့ သောလုလင်ထက် ၊ ငါ့ နေ့ ရက် တို့သည် လျင်မြန် ၍၊ ကောင်ကျိုး ကိုမ ခံရ ဘဲ ပြေး တတ် ကြ၏။
וימי קלו מני רץ ברחו לא ראו טובה׃
26 ၂၆ လျင်မြန် သော သင်္ဘော ကဲ့သို့ ၎င်း၊ အကောင် ကို သုတ်လာ သောရွှေလင်းတ ကဲ့သို့ ၎င်း၊ လွန် သွားတတ်ကြ ၏။
חלפו עם אניות אבה כנשר יטוש עלי אכל׃
27 ၂၇ ငါသည်မြည်တမ်း သော စကားကိုဖြတ် ၍၊ ရွှင်လန်း သောမျက်နှာကိုဆောင်လျက်၊ ရဲရင့် ခြင်းသို့ ရောက်မည်ဟု ငါ ဆို သော်လည်း၊
אם אמרי אשכחה שיחי אעזבה פני ואבליגה׃
28 ၂၈ ငါ ခံရသောဒုက္ခ ဝေဒနာများ သောကြောင့်၊ ကြောက် သောသဘောရှိ၏။ အပြစ် လွှတ်စေဟု ငါ ၌စီရင်တော် မ မူကြောင်း ကို ငါသိ ၏။
יגרתי כל עצבתי ידעתי כי לא תנקני׃
29 ၂၉ ငါ သည် အပြစ် သင့်ရောက်သည်ဖြစ်၍၊ အဘယ်ကြောင့် အချည်းနှီး ကြိုးစား ရမည်နည်း။
אנכי ארשע למה זה הבל איגע׃
30 ၃၀ ငါ့ကိုယ်ကို မိုဃ်းပွင့် ရေ နှင့် ဆေး ၍၊ ငါ့ လက် ကို ရှင်းရှင်းစင်ကြယ် စေသော်လည်း၊
אם התרחצתי במו שלג והזכותי בבר כפי׃
31 ၃၁ ရွှံ့ ထဲ သို့ တွန်းချ တော်မူ၍၊ ငါ့ အဝတ် ပင် ငါ့ ကိုယ် ကိုရွံ လိမ့်မည်။
אז בשחת תטבלני ותעבוני שלמותי׃
32 ၃၂ ငါသည် ဘုရားသခင် ၏ စကားကို တ ဦး နှင့် တဦး တရား တွေ့နိုင် မည် အကြောင်း၊ ဘုရား သခင်သည် ငါ ကဲ့သို့ လူ ဖြစ်တော်မူသည်မ ဟုတ်။
כי לא איש כמני אעננו נבוא יחדו במשפט׃
33 ၃၃ ငါ တို့နှစ် ဦးကို ဆီးတား ပိုင်သော စပ်ကြား နေ အမှုစောင့် မ ရှိ။
לא יש בינינו מוכיח ישת ידו על שנינו׃
34 ၃၄ ငါ့ ကို ဒဏ်ခတ် တော်မမူပါစေနှင့်။ ပြု တော်မူ သောဘေး ကြောင့် ငါ မ ကြောက် ပါစေနှင့်။
יסר מעלי שבטו ואמתו אל תבעתני׃
35 ၃၅ သို့ဖြစ်လျှင် ၊ ငါသည်မ ကြောက် ဘဲပြော ရသော အခွင့်ရှိလိမ့်မည်။ ယခုမူကား ၊ ပြောရသောအခွင့်ကိုမ ရ။
אדברה ולא איראנו כי לא כן אנכי עמדי׃

< ယောဘ 9 >