< ယောဘ 33 >

1 သို့ဖြစ်၍အို ယောဘ ၊ ငါ မြွက်ဆို သောစကား အလုံးစုံ တို့ကို နားထောင် နာယူ ပါလော့။
Howbeit, Job, I pray thee, hear my speech, and hearken to all my words.
2 ငါသည် ယခု နှုတ် ကိုဖွင့် ၍ လျှာ နှင့်မြွက်ဆို သောအခါ၊
Behold now, I have opened my mouth, my tongue hath spoken in my mouth.
3 ငါ သဘော ဖြောင့် သည်နှင့်အညီငါ့ စကား ဖြောင့်လိမ့်မည်။ ငါ့ နှုတ် သည်ရှင်းလင်း သော ပညာ စကား ကို မြွက်ဆို လိမ့်မည်။
My words shall utter the uprightness of my heart; and that which my lips know they shall speak sincerely.
4 ဘုရား သခင်၏ဝိညာဉ် တော်သည် ငါ့ ကို ဖန်ဆင်း တော်မူပြီ။ အနန္တ တန်ခိုးရှင်၏ အသက် တော် သည် ငါ့ ကို အသက် ရှင်စေတော်မူပြီ။
The spirit of God hath made me, and the breath of the Almighty given me life.
5 သင်သည်တတ်နိုင် လျှင် ငါ့ ကို ပြန် ပြောလော့။ ကိုယ် စကားကို ပြင်ဆင် လော့။ ကြိုးစား လော့။
If thou canst, answer thou me, set thy words in order before me, stand forth.
6 ဘုရား သခင့်ရှေ့ မှာ ငါ သည်သင် နှင့်တူ ၏။ ငါ သည်လည်း မြေမှုန့် ဖြင့် ဖန်ဆင်း တော်မူရာဖြစ်၏။
Behold, I am toward God even as thou art; I also am formed out of the clay.
7 သင် သည် ကြောက်ရွံ့ ရမည်အကြောင်းငါ ၌ ကြောက်မက် ဘွယ်သော အရာမ ရှိ။ သင့် အပေါ် မှာ ငါ သည် လေးသောလက် ကိုမတင်။
Behold, my terror shall not make thee afraid, neither shall my pressure be heavy upon thee.
8 အကယ် စင်စစ်သင့်စကား သံ ကို ငါကြား သည် အတိုင်း သင်မြွက်ဆို သောစကားဟူမူကား၊
Surely thou hast spoken in my hearing, and I have heard the voice of thy words;
9 ငါ သည် စင်ကြယ် သောသဘောရှိ၏။ ပြစ်မှား ခြင်းကို မ ပြုတတ်။ ငါ ၌အပြစ် မ ရှိ။ သန့်ရှင်း ခြင်းရှိ၏။
'I am clean, without transgression, I am innocent, neither is there iniquity in me;
10 ၁၀ ဘုရားသခင်သည် ငါ ၌ အပြစ်တင်ခွင့်ကို ရှာ တော်မူ၏။ ငါ့ ကို ရန်သူ ကဲ့သို့ မှတ် တော်မူ၏။
Behold, He findeth occasions against me, He counteth me for His enemy;
11 ၁၁ ငါ့ ကို ထိတ်ခတ် တော်မူ၏။ ငါ ထွက်ရာလမ်း ရှိသမျှ တို့ ကို စောင့် တော်မူ၏ဟု ဆိုမိပြီ။
He putteth my feet in the stocks, He marketh all my paths.'
12 ၁၂ ထိုသို့ ဆိုသော်မှား ပြီ။ ငါပြန် ပြောသောစကားဟူမူကား၊ အကယ် စင်စစ်ဘုရား သခင်သည် လူ ထက် ကြီးမြတ် တော်မူ၏။
Behold, I answer thee: In this thou art not right, that God is too great for man;
13 ၁၃ ဘုရားသခင်နှင့်အဘယ်ကြောင့် ဆန့်ကျင် ဘက် ပြုသနည်း။ ပြုတော်မူသောအမှု တို့၏အကြောင်း ကို ပြတော်မ မူ။
Why hast thou striven against Him? seeing that He will not answer any of his words.
14 ၁၄ ဘုရား သခင်သည် တကြိမ် မိန့်မြွက် တော်မူ၏။ လူမ ရိပ်မိ လျှင် နှစ် ကြိမ်တိုင်အောင် မိန့်မြွက်တော်မူ၏။
For God speaketh in one way, yea in two, though man perceiveth it not.
15 ၁၅ လူ သည်အိပ်ရာ ပေါ် မှာငိုက် လျက် အိပ်ပျော် လျက်နေသောအခါ အိပ်မက် မြင်၍၊ ညဉ့် ရူပါရုံ ကို ခံရသောအားဖြင့်၊
In a dream, in a vision of the night, when deep sleep falleth upon men, in slumberings upon the bed;
16 ၁၆ ဘုရားသခင်သည် လူ ၏နား ကို ဖွင့် ၍ ဆုံးမ ပေးတော်မူတတ်၏။
Then He openeth the ears of men, and by their chastisement sealeth the decree,
17 ၁၇ ထိုသို့လူ သည် မိမိအကြံ ကိုစွန့် စေ ခြင်းငှါ၎င်း ၊ မာန် မာနနှင့် ကင်းလွတ် စေခြင်းငှါ၎င်း ပြုတော်မူ၏။
That men may put away their purpose, and that He may hide pride from man;
18 ၁၈ သူ ၏အသက် ကို သင်္ချိုင်းတွင်း မှ ကွယ်ကာ ၍ ၊ ထား ဘေးဖြင့် မသေစေခြင်းငှါ စောင့်မ တော်မူ၏။
That He may keep back his soul from the pit, and his life from perishing by the sword.
19 ၁၉ လူသည် အိပ်ရာ ပေါ် မှာနာ ခြင်းဝေဒနာကို ခံရ၍၊ အရိုး ရှိသမျှ တို့သည် ပြင်းထန် စွာ ကိုက်ခဲသဖြင့်၊
He is chastened also with pain upon his bed, and all his bones grow stiff;
20 ၂၀ မုန့် နှင့်မြိန် သော ခဲဘွယ် စားဘွယ်တို့ကို သူ ၏ စိတ် ဝိညာဉ်သည် ရွံ့ရှာ ၏။
So that his life maketh him to abhor bread, and his soul dainty food.
21 ၂၁ အသားအရေ ပိန် လျော့ ကွယ်ပျောက်၍၊ မ ထင်ရှား ဘူးသော အရိုး တို့လည်း ပေါ် ကြ၏။
His flesh is consumed away, that it cannot be seen; and his bones corrode to unsightliness.
22 ၂၂ အသက် ဝိညာဉ် သည် သင်္ချိုင်း တွင်းနားသို့ ၎င်း၊ ဖျက်ဆီး သော တမန်လက်သို့ ၎င်း ရောက် လုပြီ။
Yea, his soul draweth near unto the pit, and his life to the destroyers.
23 ၂၃ သို့ရာတွင်လူ တို့အား တရား လမ်းကို ပြ စေ ခြင်းငှါ၊ တ ထောင် တွင် အထွဋ်ဖြစ်၍၊ တရား စကားကို ပြန်တတ် သော တမန် ရှိ လျှင်၊
If there be for him an angel, an intercessor, one among a thousand, to vouch for a man's uprightness;
24 ၂၄ ဘုရားသခင်က၊ သင်္ချိုင်း တွင်းထဲသို့ထိုသူ ကို မဆင်း စေဘဲ ကယ်တင် လော့။ ရွေး ရာအကြောင်းကို ငါတွေ့ ပြီဟု ကရုဏာ စိတ်ရှိ၍ မိန့် တော်မူသောအားဖြင့်၊
Then He is gracious unto him, and saith: 'Deliver him from going down to the pit, I have found a ransom.'
25 ၂၅ ထိုသူသည် သူငယ် ထက် အသားအရေ နုထွား ၍ ပျို သောအသက်နှင့်တဖန် ပြည့်စုံလိမ့်မည်။
His flesh is tenderer than a child's; he returneth to the days of his youth;
26 ၂၆ ဘုရား သခင်ကို ဆုတောင်း ၍ကျေးဇူး တော်ကိုခံရသဖြင့် ၊ ဝမ်းမြောက် သောစိတ်နှင့် မျက်နှာ တော်ကို ဖူးမြင် ရလိမ့်မည်။ ဖြောင့်မတ် ခြင်းအကျိုးကို လူ တို့အား ဘုရားသခင်ပေးတော်မူတတ်၏။
He prayeth unto God, and He is favourable unto him; so that he seeth His face with joy; and He restoreth unto man his righteousness.
27 ၂၇ သူကလည်း ၊ ငါသည် ပြစ်မှား ပါပြီ။ မှန် သော တရားကိုမှောက် ပါပြီ။ သို့သော်လည်း ကိုယ် ခံထိုက်သော အပြစ်ကိုမ ခံရ ဘဲ၊
He cometh before men, and saith: 'I have sinned, and perverted that which was right, and it profited me not.'
28 ၂၈ သင်္ချိုင်း တွင်းထဲ သို့ ငါ့ ကိုမဆင်း စေဘဲ ကယ်တင် တော်မူသဖြင့် ၊ ငါ့ အသက် သည် မှောင်မိုက်နှင့် လွတ် လျက်ရှိ၏ဟု လူ တို့တွင် သီချင်းဆိုရလိမ့်မည်။
So He redeemeth his soul from going into the pit, and his life beholdeth the light.
29 ၂၉ ထိုသို့ ဘုရား သခင်သည် လူ တို့၌ ရံခါရံခါစီရင် တော်မူသဖြင့်၊
Lo, all these things doth God work, twice, yea thrice, with a man,
30 ၃၀ သင်္ချိုင်း တွင်းမှ နှုတ် ယူ၍၊ အသက် ရှင်သောသူတို့ ၏အလင်း နှင့် လင်း စေတော်မူ၏။
To bring back his soul from the pit, that he may be enlightened with the light of the living.
31 ၃၁ အိုယောဘ ၊ ငါ့ စကားကို သတိနှင့်နားထောင် လော့။ တိတ်ဆိတ် စွာနေလော့။ ငါ ပြော ပါမည်။
Mark well, O Job, hearken unto me; hold thy peace, and I will speak.
32 ၃၂ သို့သော်လည်းပြော စရာရှိ လျှင် ပြန် ပြောလော့။ သင့် ကို အပြစ် လွတ်စေခြင်းငှါ၊ ငါအလိုရှိ သောကြောင့် စကားပြော လော့။
If thou hast any thing to say, answer me; speak, for I desire to justify thee.
33 ၃၃ ပြောစရာမ ရှိလျှင် ၊ တိတ်ဆိတ် စွာနေ၍ ငါ့ စကားကို နားထောင် လော့။ ပညာ ကိုငါသွန်သင် ပါမည် ဟု မြွက်ဆို၏။
If not, hearken thou unto me; hold thy peace, and I will teach thee wisdom.

< ယောဘ 33 >