< ယောဘ 30 >

1 ယခု မူကား ၊ ငါ့ ထက် အသက် ငယ် သောသူတို့ သည် ငါ့ ကို ကဲ့ရဲ့ တတ်ကြ၏။ သူ တို့အဘ များကို ငါသည် ရွံ့ရှာ ၍၊ ငါ့ သိုးစု ကိုစောင့်သော ခွေး တို့တွင် မျှနေရာမပေး။
But now they that are younger than I have me in derision, whose fathers I would have disdained to have set with the dogs of my flock.
2 သူ တို့သည် အစွမ်း သတ္တိကုန်ပြီးမှ၊ ငါ့ အမှုကို အဘယ်သို့ ဆောင်ရွက်နိုင်သနည်း။
Yea, whereto might the strength of their hands profit me, in whom old age was perished?
3 ဆင်းရဲ ငတ်မွတ် သောကြောင့်၊ သူတပါးများနှင့် မ ပေါင်းဘော်။ နက်နဲသောတော အရပ်နှင့် လူ ဆိတ်ညံရာအရပ် သို့ ပြေး ကြ၏။
For want and famine they were solitary; fleeing into the wilderness in former time desolate and waste.
4 စားစရာ ဘို့ ချုံဖုတ် နား မှာ မလွှမြက်ကိုရိတ်၍၊ ရသမ် မြစ် ကိုလည်း တူးကြ၏။
Who cut up mallows by the bushes, and juniper roots for their meat.
5 လူနေရာမှ နှင်ထုတ် ခြင်းကို ခံရ၍၊ သူခိုး ကိုလိုက် သကဲ့သို့ သူတပါးတို့သည်လိုက်၍ အော်ဟစ် ကြ၏။
They were driven forth from among men, ( they cried after them as after a thief; )
6 ကြောက်မက်ဘွယ်သော တောင်ကြား ၊ မြေ တွင်း ၊ ကျောက် ခေါင်း၌ နေ ကြ၏။
To dwell in the clifts of the valleys, in caves of the earth, and in the rocks.
7 ချုံဖုတ် အောက်မှာ မြည်တမ်း လျက်၊ ဆူးပင် အောက် မှာ စုဝေး လျက် နေကြ၏။
Among the bushes they brayed; under the nettles they were gathered together.
8 လူမိုက် သား ၊ လူယုတ်သား ဖြစ်၍၊ အရပ် ရပ်နှင်ထုတ် ခြင်းကိုခံရကြ၏။
They were children of fools, yea, children of base men: they were viler than the earth.
9 ယခု မူကား ၊ ငါသည်သူ တို့သီချင်း ဆိုရာ၊ ကဲ့ရဲ့ပုံခိုင်းရာ ဖြစ် ပါသည်တကား။
And now am I their song, yea, I am their byword.
10 ၁၀ ငါ့ ကို ရွံရှာ ၍ ဝေး စွာရှောင်တတ်ကြ၏။ ငါ့ မျက်နှာ ကို တံတွေး နှင့် မ ထွေးဘဲ မနေကြ။
They abhor me, they flee far from me, and spare not to spit in my face.
11 ၁၁ ဘုရားသခင်သည် ငါ့ ကိုလေးနှင့်ပစ်၍ ညှဉ်းဆဲ တော်မူသောကြောင့် ၊ သူတို့သည် ငါ့ ရှေ့ မှာ ဇက်ကြိုး ကို လွှတ် တတ်ကြ၏။
Because he hath loosed my cord, and afflicted me, they have also let loose the bridle before me.
12 ၁၂ သူငယ်တို့သည်ငါ့လက်ျာ ဘက်၌ ထ ၍၊ ငါ့ ခြေ ကို တွန်း ကြ၏။ ငါ့ ကို ဖျက်ဆီး ခြင်းငှါလမ်း ဖို့ ကြ၏။
Upon my right hand rise the youth; they push away my feet, and they raise up against me the ways of their destruction.
13 ၁၃ ငါ့ လမ်း ကို ဖျက် ၍ ငါ့ ကိုဖျက်ဆီး ခြင်းငှါကြိုးစားကြ၏။ သူတို့တွင် သတိပေး သောသူမ ရှိ။
They mar my path, they set forward my calamity, they have no helper.
14 ၁၄ ကျယ် သော တွင်းပေါက် ၌ ဝင်သကဲ့သို့ ၊ ငါ့ကို တိုက်၍ ဖြိုဖျက် ရာကို ခိုလှုံလျက်၊ ငါ့ထံသို့တဟုန်တည်း ပြေးလာကြ၏။
They came upon me as a wide breaking in of waters: in the desolation they rolled themselves upon me.
15 ၁၅ ကြောက်မက် ဘွယ်သော အရာတို့သည် ငါ့ အပေါ် သို့ရောက် ၍၊ လေ တိုက်သကဲ့သို့ ငါ့ ဘုန်း ကို လိုက် သဖြင့် ၊ ငါ့ စည်းစိမ် သည် မိုဃ်းတိမ် ကဲ့သို့ လွင့် ကုန်ပြီ။
Terrors are turned upon me: they pursue my soul as the wind: and my welfare passeth away as a cloud.
16 ၁၆ ယခု မူကား ၊ ငါ့ နှလုံး ကြေကွဲ ပြီ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုမှီ ပြီ။
And now my soul is poured out upon me; the days of affliction have taken hold upon me.
17 ၁၇ ညဉ့် အခါ ငါ့ အရိုး တို့သည် အလွန်ကိုက်ခဲ ၍၊ ငါ့ အကြော တို့သည် သက်သာ ခြင်းမ ရှိရကြ။
My bones are pierced in me in the night season: and my sinews take no rest.
18 ၁၈ ငါ့အနာသည် ပြင်းထန် သဖြင့် ၊ အဝတ် နှင့် ဖုံးလွှမ်းသကဲ့သို့၊ ငါ့ကို ဖုံးလွှမ်း၍ အင်္ကျီ လည်စွပ် ကဲ့သို့ ငါ့ ကိုစည်း လျက်နေ၏။
By the great force of my disease is my garment changed: it bindeth me about as the collar of my coat.
19 ၁၉ ငါ့ ကိုရွှံ့ ထဲသို့ တွန်းချ တော်မူသဖြင့် ၊ ငါသည် မြေမှုန့် နှင့် မီးဖိုပြာ ကဲ့သို့ ဖြစ် လေပြီ။
He hath cast me into the mire, and I am become like dust and ashes.
20 ၂၀ ကိုယ်တော် အား အကျွန်ုပ်အော်ဟစ် သော်လည်း ကြား တော်မ မူ။ အကျွန်ုပ်သည် မတ်တတ် နေသော်လည်း မှတ် တော်မမူ။
I cry unto thee, and thou dost not hear me: I stand up, and thou regardest me not.
21 ၂၁ အကျွန်ုပ် ကို ကြမ်းတမ်း စွာပြု၍၊ အားကြီး သော လက် တော်နှင့် ညှဉ်းဆဲ တော်မူ၏။
Thou art become cruel to me: with thy strong hand thou opposest thyself against me.
22 ၂၂ အကျွန်ုပ် ကို ချီသွား ၍ ၊ လေ ကိုစီး စေသဖြင့်၊ အကျွန်ုပ် ၏ ကိုယ် ခန္ဓါကို ဖြုတ် လွှင့်တော်မူ၏။
Thou liftest me up to the wind; thou causest me to ride upon it, and dissolvest my substance.
23 ၂၃ သေ ခြင်းသို့၎င်း ၊ အသက် ရှင်သောသူခပ်သိမ်း တို့ အဘို့ စီရင် သော နေရာ သို့၎င်း၊ အကျွန်ုပ် ကို ပို့ဆောင် တော်မူမည်ဟု အကျွန်ုပ်သိ ပါ၏။
For I know that thou wilt bring me to death, and to the house appointed for all living.
24 ၂၄ ဘုရားသခင်သည် လက် ဆန့် တော်မူသောအခါ ၊ တောင်းပန်သော်လည်းအချည်းနှီးဖြစ်၏။ ဖျက်ဆီး တော်မူ သောအခါ ၊ အော်ဟစ် သော်လည်းကျေးဇူးမရှိ။
Howbeit he will not stretch out his hand to the grave, though they cry in his destruction.
25 ၂၅ အမှု ရောက်သော သူအတွက် ငါငိုကြွေး ဘူးပြီ မ ဟုတ်လော။ ဆင်းရဲ သောသူအတွက် ငါ စိတ် နာကြဉ်းဘူး ပြီမဟုတ်လော။
Did not I weep for him that was in trouble? was not my soul grieved for the poor?
26 ၂၆ သို့သော်လည်း ၊ ငါသည် ကောင်းကျိုး ကိုမြော်လင့် သောအခါ ဘေး ရောက် လာ၏။ အလင်း ကို တောင့်တ သောအခါ မှောင်မိုက် ဖြစ် ၏။
When I looked for good, then evil came unto me: and when I waited for light, there came darkness.
27 ၂၇ ငါ့ အသည်း သည် ပူလောင် ၍ ငြိမ်း ခြင်းမ ရှိ။ ဒုက္ခ ဆင်းရဲခံရာကာလ သည် ငါ့ ကိုတွေ့ မိပြီ။
My bowels boiled, and rested not: the days of affliction prevented me.
28 ၂၈ နေ ရောင်ကွယ်၍ မှောင်မိုက် ၌ လှည့်လည် ရ၏။ ပရိသတ် အလယ် ၌ မတ်တတ် နေ၍ ကြွေးကြော် ရ၏။
I went mourning without the sun: I stood up, and I cried in the congregation.
29 ၂၉ မြေခွေး တို့နှင့်ညီအစ်ကို တော်၏။ ကုလားအုပ်ငှက် တို့နှင့် ပေါင်းဘော် ရ၏။
I am a brother to dragons, and a companion to owls.
30 ၃၀
My skin is black upon me, and my bones are burned with heat.
31 ၃၁ အဆင်းမည်း လျက် အရိုး ပူလောင် လျက်ရှိ၏။ ငါ့ စောင်း သည် ညည်းတွား သောအသံ၊ ငါ့ ပုလွေ သည် ငိုကြွေး သောအသံ ကို သာပေးတတ်၏။
My harp also is turned to mourning, and my organ into the voice of them that weep.

< ယောဘ 30 >