< ယေရမိ 49 >

1 အမ္မုန် အမျိုးသား တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဣသရေလ ၌ သား မ ရှိ သလော ။ အမွေခံ မ ရှိသလော။ မိလကုံ ဘုရားသည် ဂဒ် ပြည်ကို အဘယ်ကြောင့် သိမ်းယူ သနည်း။ သူ့ တပည့် တို့သည် ဂဒ်မြို့ တို့၌အဘယ်ကြောင့်နေ ကြသနည်း။
암몬 자손에 대한 말씀이라 여호와께서 이같이 말씀하시되 이스라엘이 무자하냐 상속자가 없느냐 말감이 갓을 점령하며 그 백성이 그 성읍들에 거함은 어찜이뇨
2 ထိုကြောင့် ၊ ထာဝရဘုရား မိန့် တော်မူသည်ကား၊ အမ္မုန် အမျိုးသား တို့ နေရာရဗ္ဗာ မြို့၌ စစ်တိုက် ခြင်းအသံ ကို ငါကြား စေသောအချိန် ရောက် လိမ့်မည်။ ထိုမြို့သည် ပျက်စီး ရာပုံ ဖြစ် ၍၊ သူ ၏သမီး တို့သည်လည်း မီးရှို့ ခြင်းကိုခံရကြလိမ့်မည်။ ထိုအခါဣသရေလအမျိုး၏နေရာကို၊ သိမ်းယူ သောသူတို့ ၏ နေရာကို၊ ဣသရေလ သည် တဖန်သိမ်းယူ ရလိမ့်မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
그러므로 나 여호와가 말하노라 보라, 날이 이르리니 내가 전쟁 소리에 암몬 자손의 랍바에 들리게 할 것이라 랍바는 거친 무더기가 되겠고 그 촌락들은 불에 탈 것이며 그 때에 이스라엘은 자기를 점령하였던 자를 점령하리라 여호와의 말이니라
3 အို ဟေရှဘုန် မြို့၊ ညည်းတွား မြည်တမ်းလော့။ အာဣ မြို့ပျက်စီး ပြီ။ အိုရဗ္ဗာ မြို့သမီး တို့၊ ငိုကြွေး ကြလော့။ လျှော်တေ အဝတ်ကိုဝတ် ၍ မြည်တမ်း လျက် ၊ ခြံ နား မှာ တောင်မြောက်ပြေး ကြလော့။ အကြောင်း မူကား၊ မိလကုံ ဘုရားသည်သူ ၏ယဇ် ပုရောဟိတ်၊ သူ ၏မင်း များနှင့်တကွ သိမ်းသွား ခြင်းကိုခံရ၏။
헤스본아! 애곡할지어다 아이가 황폐하였도다 너희 랍바의 딸들아! 부르짖을지어다 굵은 베를 감고 애통하며 울타리 가운데서 앞 뒤로 달릴지어다 말감과 그 제사장들과 그 방백들이 다 사로 잡혀 가리로다
4 ငါ့ ထံသို့ အဘယ် ရန်သူရောက် လိမ့်မည်နည်းဟု အောက်မေ့လျက်၊ မိမိ စည်းစိမ် ၌ ကိုးစား လျက် ဖောက်ပြန် သောသတို့သမီး ၊ သင်သည် ချိုင့် တို့၌ အဘယ်ကြောင့် ဝါကြွား သနည်း။ သင် ၏ချိုင့် သည် အသွေးစီး ရာ ဖြစ်လိမ့်မည် ။
타락한 딸아! 어찌하여 골짜기 곧 네 흐르는 골짜기로 자랑하느냐 네가 어찌하여 재물을 의뢰하여 말하기를 누가 내게 오리요 하느냐
5 ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ သင့် ပတ်လည် ၌နေသောသူအပေါင်း တို့ကြောင့် ကြောက်လန့် သော အကြောင်းကို သင် ၌ ငါ ဖြစ် စေမည်။ သင်တို့အသီးအသီး ရှိသမျှသည် နှင်ထုတ် ခြင်းကို အတည့်အလင်းခံရကြမည်။ ကွဲပြား သောသူတို့ကို စုဝေး စေသော သူလည်းမ ရှိရ။
주 만군의 여호와가 말하노라 보라, 내가 두려움을 네 사방에서 네게 오게 하리니 너희 각 사람이 쫓겨서 바로 나갈 것이요 도망하는 자들을 모을 자가 없으리라
6 သို့သော်လည်း ၊ သိမ်းသွား ခြင်းကိုခံရသောအမ္မုန် အမျိုးသား တို့ကို နောက် တဖန်ငါဆောင် ခဲ့ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
그러나 그 후에 내가 암몬 자손의 포로로 돌아오게 하리라 여호와의 말이니라 하시니라
7 ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား သည် ဧဒုံ ပြည်ကို ရည်မှတ် ၍ မိန့် တော်မူသည်ကား၊ တေမန် ပြည်၌ ပညာ ကုန် သလော။ ပညာ သတိရှိသောသူတို့သည် အကြံ မပေးနိုင်သလော။ သူ တို့ဉာဏ် သည် ဆုံး သလော။
에돔에 대한 말씀이라 만군의 여호와께서 이같이 말씀하시되 데만에 다시는 지혜가 없게 되었느냐 명철한 자에게 모략이 끊어졌느냐 그들의 지혜가 없어졌느냐
8 အိုဒေဒန် မြို့သူ မြို့သားတို့၊ ဆုတ် ၍ ပြေးသွား ကြလော့ ။ နက်နဲ သောအရပ်၌ နေ ကြလော့။ ဧသော တွေ့ရသော ဘေး ၊ ဆုံးမ ခြင်းကိုခံရသောအချိန် ကို ငါရောက် စေမည်။
드단 거민아! 돌이켜 도망할지어다 깊은데 숨을지어다 내가 에서의 재난을 그에게 임하게 하여 그를 벌할 때가 이르게 하리로다
9 စပျစ်သီးကိုဆွတ် သောသူတို့သည် သင် ရှိရာသို့ လာ လျှင် ၊ သူတပါးလိုက်၍ ဆွတ် စရာဘို့ ကျန်ကြွင်း စေကြလိမ့်မည်မ ဟုတ်လော။ ညဉ့် အခါ သူခိုး လာလျှင် ၊ စိတ်ပြေလောက်အောင်သာ လုယူ ကြလိမ့်မည်မဟုတ်လော။
포도를 거두는 자들이 네게 이르면 약간의 열매도 남기지 아니하겠고 밤에 도적이 오면 그 욕심이 차기까지 멸하느니라
10 ၁၀ ဧသော ၏အဝတ်ကို ငါ ချွတ် မည်။ သူသည် ပုန်း ၍မ နေနိုင် အောင် သူ ကွယ် သောနေရာအရပ်တို့ကို ငါလှန် မည်။ သူ ၏အမျိုးအနွယ် ၊ ညီအစ်ကို ၊ အိမ်နီးချင်း တို့သည် ပျက်စီး ၍၊ သူ့ ကိုယ်တိုင်လည်း ပျောက် ရလိမ့်မည်။
대저 내가 에서로 적신이 되게 하여 그 비밀한 곳들이 드러나게 하였나니 그가 그 몸을 숨길 수 없을 것이라 그 자손과 형제와 이웃이 멸망하였은즉 그가 없어졌느니라
11 ၁၁ သင် ၌မိဘ မရှိသောသူငယ်တို့ကို ထား ခဲ့လော့။ ငါ စောင့်မ မည်။ သင် ၏ မုတ်ဆိုးမ တို့သည် ငါ့ ကိုခိုလှုံ ကြစေ။
네 고아들을 남겨 두라 내가 그들을 살려 두리라 네 과부들은 나를 의지할 것이니라
12 ၁၂ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ခွက် ဖလား ကို မ သောက် ထိုက် သောသူ တို့ သည် အကယ်၍သောက် ကြသည် မှန်လျှင်၊ သင်သည်အပြစ် ကို မခံဘဲ ရှင်းရှင်းလွတ် ရမည်လော။ မ လွတ် ဘဲမနေရ။ စင်စစ် သောက် ရမည်။
나 여호와가 이같이 말하노라 보라, 이 잔을 마시지 않을 자도 마시지 않지 못하겠거늘 네가 형벌을 온전히 면하겠느냐 면하지 못하고 반드시 마시리라
13 ၁၃ ဗောဇရ ပြည်သည်အံ့ဩ ရာ၊ ကဲ့ရဲ့ ရာ၊ လူဆိတ်ညံ ရာ၊ ကျိန်ဆဲ ရာဖြစ် ရလိမ့်မည်။ သူ ၏ မြို့ အလုံးစုံ တို့သည်လည်း၊ အစဉ် သုတ်သင် ပယ်ရှင်းရာဖြစ် ရကြ လိမ့်မည်ဟု၊ ငါသည်ကိုယ် ကို တိုင်တည်၍ကျိန်ဆို ပြီဟု၊ ထာဝရဘုရား မိန့် တော်မူ၏။
나 여호와가 말하노라 내가 나로 맹세하노니 보스라가 놀램과 저줏거리가 될 것이요 그 모든 성읍이 영영히 황폐하리라
14 ၁၄ ထာဝရဘုရား ကြွေးကြော် တော်မူသံကို ငါကြား ၏။ သင်တို့သည် စည်းဝေး ၍၊ ဧဒုံပြည်ကို တိုက် ခြင်းငှါစစ်ချီ ၍လာ ကြလော့ဟု တပါးအမျိုးသား တို့ထံသို့ သံတမန် ကို စေလွှတ် တော်မူပြီ။
내가 여호와에게서부터 오는 소식을 들었노라 사자를 열방 중에 보내어 이르시되 너희는 모여와서 그를 치며 일어나서 싸우라 하시도다
15 ၁၅ တပါးအမျိုးသား တို့တွင် သင် သည် ယုတ်မာ မည်အကြောင်းနှင့်၊ လူ တို့တွင် အသရေ ရှုတ်ချခြင်းကိုခံရမည်အကြောင်းငါပြု မည်။
여호와께서 가라사대 내가 너를 열방 중에 작게 하였고 사람들 중에 멸시를 받게 하였느니라
16 ၁၆ ကျောက် ကြား တို့၌ နေ ၍တောင် ထိပ် ကို ခိုလှုံ သောသူဖြစ် သောကြောင့်၊ သင် ၏ကြောက်မက် ဘွယ်သော အခြင်းအရာ၊ သင် ၏မာန သည် သင့် ကိုလှည့်စား ပြီ။ သင်သည် ရွှေလင်းတ ကဲ့သို့ မြင့် သောအရပ်၌ အသိုက် ကို လုပ်သော်လည်း ၊ ထို အရပ်မှ သင့် ကို ငါနှိမ့်ချ မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
바위 틈에 거하며 산꼭대기를 점령한 자여, 스스로 두려운 자인 줄로 여김과 네 마음의 교만이 너를 속였도다 네가 독수리같이 보금자리를 높이 지었을지라도 내가 거기서 너를 끌어 내리리라 여호와의 말이니라
17 ၁၇ ဧဒုံ ပြည်သည် အံ့ဩ ရာဖြစ် ၍၊ ရှောက်သွား သော သူတိုင်း အံ့ဩ ကြလိမ့်မည်။ သူ ခံရသောဘေးဥပဒ် အပေါင်း တို့ကြောင့် ကဲ့ရဲ့ သံကို ပြုကြလိမ့်မည်။
에돔이 놀라운 것이 되리니 그리로 지나는 자마다 놀라며 그 모든 재앙을 인하여 비웃으리로다
18 ၁၈ သောဒုံ မြို့နှင့် ဂေါမောရ မြို့မှစ၍နီးစပ် သောမြို့ တို့၏ ပျက်စီး ခြင်းကဲ့သို့ ဖြစ်၍၊ ဧဒုံပြည်၌ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက်မျှ နေရာ မ ကျရဟု ထာဝရဘုရား မိန့် တော်မူ၏။
나 여호와가 말하노라 소돔과 고모라와 그 이웃 성읍들의 멸망된 것같이 거기 거하는 사람이 없으며 그 중에 우거할 아무 인자가 없으리라
19 ၁၉ ခြင်္သေ့ သည် ယော်ဒန် မြစ်၏ ဂုဏ် အသရေမှ တက် သကဲ့သို့ ၊ ရန်သူသည် ကျောက် နှင့်ပြည့်စုံသော နေရာ သို့ တက်သောအခါ၊ နေသောသူသည် ချက်ခြင်းပြေး မည်အကြောင်းကို ငါပြုမည်။ ရွေးချယ် သော သူကိုလည်း၊ ဧဒုံပြည်အပေါ် မှာ ငါခန့်ထား မည်။ ငါ နှင့် အဘယ်သူ တူသနည်း။ ငါ့ အချိန်ကို အဘယ်သူ ချိန်းချက် မည်နည်း။ အဘယ်မည် သော သိုးထိန်း သည် ငါ့ ရှေ့ မှာ ရပ် နိုင်သနည်း။
보라, 사자가 요단의 수풀에서 올라 오는 것같이 그가 와서 견고한 처소를 칠 것이라 내가 즉시 그들을 거기서 쫓아내고 택한 자를 내가 그 위에 세우리니 나와 같은 자 누구며 나로 더불어 다툴 자 누구며 내 앞에 설 목자가 누구뇨
20 ၂၀ သို့ဖြစ်၍ ၊ ထာဝရဘုရား သည် ဧဒုံ ပြည်တဘက် ၌ ကြံစည် တော်မူသော အကြံ ၊ တေမန် ပြည်သား တို့ တဘက် ၌ ကြံစည် တော်မူသော အကြံအစည် တို့ကို နားထောင် ကြလော့။ အကယ် စင်စစ်ရန်သူသည်၊ အား မရှိ သောထိုသိုး တို့ကို လုယက် လိမ့်မည်။ အကယ် စင်စစ်သူ တို့ရှိရာသို့လာ၍၊ ကျက်စား ရာအရပ်တို့ကို ဖျက်ဆီး လိမ့်မည်။
그런즉 에돔에 대한 나 여호와의 도모와 데만 거민에 대하여 경영한 나 여호와의 뜻을 들으라 양떼의 어린 것들을 그들이 반드시 끌어가고 그 처소로 황무케 하리니
21 ၂၁ သူ တို့ပြိုလဲ သော အသံ ကြောင့် မြေကြီး လှုပ်ရှား ၏။ သူတို့အော်ဟစ် သော အသံ ကို ဧဒုံ ပင်လယ် တိုင်အောင် ကြား ရ၏။
그 넘어지는 소리에 땅이 진동하며 그 부르짖는 소리는 홍해에 들리리라
22 ၂၂ ရန်သူသည် တက် ၍ ရွေလင်းတ ကဲ့သို့ ပျံ လျက် ၊ ဗောဇရ မြို့ကို အတောင် တို့နှင့် ဖြန့်မိုး လိမ့်မည်။ ထို နေ့ ၌ ဧဒုံ ပြည်သားသူရဲ တို့၏ စိတ် နှလုံးသည်၊ သားဘွားခြင်း ဝေဒနာ ကိုခံရသောမိန်းမ ၏စိတ် နှလုံးကဲ့သို့ ဖြစ် လိမ့်မည်။
보라, 원수가 독수리같이 날아와서 그 날개를 보스라 위에 펴는 그 날에 에돔 용사의 마음이 구로하는 여인 같으리라
23 ၂၃ ဒမာသက် မြို့ကို ရည်မှတ် သော စကားဟူမူကား ၊ ဟာမတ် မြို့နှင့် အာပဒ် မြို့တို့သည် မကောင်း သော သိတင်း ကိုကြား သောကြောင့် ၊ အရှက်ကွဲ ၍စိတ်ပျက် လျက်ရှိကြ၏။ ပင်လယ် တိုင်အောင်စိုးရိမ် စရာရှိသောကြောင့် ၊ ငြိမ်ဝပ် ခြင်းသို့မ ရောက်နိုင် ။
다메섹에 대한 말씀이라 하맛과 아르밧이 수치를 당하리니 이는 흉한 소문을 듣고 낙담함이라 바닷가에 슬픔이 있고 평안이 없도다
24 ၂၄ ဒမာသက် မြို့သည် အားလျော့ ပြီ။ ပြေး အံ့သောငှါ ကိုယ်ကိုလှည့် ပြီ။ တုန်လှုပ် လျက်နေ၏။ ဒုက္ခ ဆင်းရဲကို၎င်း၊ သားဘွား သောမိန်းမခံရသကဲ့သို့ ၊ ပြင်းစွာသော ဝေဒနာ ကို၎င်း ခံရ ၏။
다메섹이 피곤하여 몸을 돌이켜 달아나려 하니 떨림이 그를 움켰고 해산하는 여인같이 고통과 슬픔이 그를 잡았도다
25 ၂၅ အသရေ ရှိသောမြို့ ၊ ငါ ဝမ်းမြောက် စရာမြို့ သည် အဘယ်ကြောင့် မ ကျန်ကြွင်း ရသနည်း။
찬송의 성읍, 나의 즐거운 성읍이 어찌 버린 것이 되지 않겠느냐?
26 ၂၆ သို့ဖြစ်၍ ၊ ထိုမြို့သားလုလင် တို့သည် လမ်းမ တို့၌ လဲ ၍၊ ထို နေ့ တွင် စစ်သူရဲ အပေါင်း တို့သည် ဆုံးရှုံး ကြ လိမ့်မည်။
나 만군의 여호와가 말하노라 그런즉 그 날에 그의 청년들은 그 거리에 엎드러지겠고 모든 군사는 멸절될 것이며
27 ၂၇ ငါသည်လည်း၊ ဒမာသက် မြို့ရိုး ကို မီး ရှို့ ၍ ၊ ဗင်္ဟာဒဒ် ၏ နန်းတော် တို့ကို လောင် စေမည်ဟု၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူ၏။
내가 다메섹의 성벽에 불을 놓으리니 벤하닷의 궁전이 살라지리라
28 ၂၈ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ လုပ်ကြံ သော ကေဒါ ပြည်နှင့် ဟာဇော် နိုင်ငံ တို့ကို ရည်မှတ် ၍ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ကေဒါ ပြည်သို့ သွား ၍၊ အရှေ့ မျက်နှာအရပ်သား တို့ကို လုယူ ကြလော့။
바벨론 왕 느부갓네살에게 공격된 바 게달과 하솔 나라들에 대한 말씀이라 여호와께서 이같이 말씀하시되 너희는 일어나 게달로 올라가서 동방 자손들을 멸하라
29 ၂၉ သူ တို့တဲ များနှင့် သိုးစု များကို၎င်း၊ ကုလားကာ များ၊ အသုံးအဆောင် များ၊ ကုလားအုပ် များကို၎င်းသိမ်း ၍ ယူသွား ရကြမည်။ သူတို့ပတ်လည် ၌ ကြောက်လန့် စရာ အကြောင်းကို ကြွေးကြော် ရကြမည်။
너희는 그 장막과 양떼를 취하며 휘장과 모든 기구와 약대를 빼앗아다가 소유를 삼고 그들을 향하여 외치기를 두려움이 사방에 있다 할지니라
30 ၃၀ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဟာဇော် ပြည်သား တို့၊ ဝေးစွာ ပြေးသွား ကြလော့။ နက်နဲ သော အရပ်တို့၌ နေ ကြလော့။ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ သည် သင် တို့ကိုရည်ဆောင်၍ စီရင် မည်ဟု သင် တို့တဘက် ၌ ကြံစည် သောအကြံအစည် ရှိ၏။
나 여호와가 말하노라 하솔 거민아! 도망하라 멀리 가서 깊은데 거하라 이는 바벨론 왕 느부갓네살이 너를 칠 모략과 너를 칠 계책을 정하였음이니라
31 ၃၁ ထာဝရဘုရား မိန့် တော်မူသည်ကား၊ ထ ကြလော့။ ငြိမ်ဝပ် စွာနေ ၍ စိုးရိမ် စရာမရှိသောလူမျိုး ၊ မြို့တံခါး နှင့်ကန့်လန့်ကျင် ကို မ သုံးတတ်၊ အပေါင်းအဘော်မရှိ၊ တခြားစီ နေ တတ်သောလူမျိုးနေရာသို့ သွား ကြလော့။
나 여호와가 말하노라 너는 일어나 저 평안하고 염려없이 거하는 백성 곧 성문이나 문빗장이 없이 홀로 거하는 국민을 치라
32 ၃၂ သူ တို့ကုလားအုပ် အစရှိသော တိရစ္ဆာန် အပေါင်း တို့သည် လုယူ ရာဖြစ် ကြလိမ့်မည်။ ပါးမုန်း ကိုရိတ် တတ် သော လူမျိုးကိုအရပ်ရပ် သို့ ငါကွဲပြား စေမည်။ အရပ်ရပ် တို့မှ သူ တို့၌ ဘေးဥပဒ် ကိုငါရောက် စေမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
그들의 약대들은 노략되겠고 그 많은 가축은 탈취를 당할 것이라 내가 그 머리털을 모지게 깍는 자들을 사면에 흩고 그 재난을 각 방에서 오게 하리라 여호와의 말이니라
33 ၃၃ ဟာဇော် ပြည်သည် မြေခွေး နေရာ ၊ လူဆိတ်ညံ ရာ အစဉ် ဖြစ် ၍ ၊ အဘယ်သူမျှမ နေ ရ။ လူ သား တစုံတယောက် မျှနေရာ မ ကျရ။
하솔은 시랑의 거처가 되어 영원히 황무하리니 거기 거하는 사람이나 그 중에 우거하는 아무 인자가 없게 되리라
34 ၃၄ ယုဒ ရှင်ဘုရင် ဇေဒကိ မင်းနန်းစံ စ က၊ ဧလံ ပြည် ကို ရည်မှတ် သော ထာဝရဘုရား ၏ နှုတ်ကပတ် တော် သည် ပရောဖက် ယေရမိ သို့ ရောက်လာ ၍၊
유다 왕 시드기야의 즉위한지 오래지 아니하여서 엘람에 대한 여호와의 말씀이 선지자 예레미야에게 임하니라 가라사대
35 ၃၅ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဧလံ ၏လေး တည်းဟူသောသူ ၏ အစွမ်း သတ္တိအထွဋ် အမြတ်ကို ငါ ချိုး မည်။
나 만군의 여호와가 이같이 말하노라 보라, 내가 엘람의 힘의 으뜸되는 활을 꺽을 것이요
36 ၃၆ အရပ်လေး မျက်နှာတို့က လေ လေး မျိုးကို ဧလံ ပြည်သို့ ငါဆောင်ခဲ့ မည်။ ထို လေ တို့ရှေ့မှာ ပြည်သားများကို ငါလွှင့် မည်။ ထိုသို့နှင်ထုတ် သော ဧလံ ပြည်သားမ ရောက် သော တိုင်း နိုင်ငံတခုမျှမ ရှိ ရ။
하늘의 사방에서부터 사방 바람을 엘람에 이르게 하여 그들을 사방으로 흩으리니 엘람에서 쫓겨난 자의 이르지 아니하는 나라가 없으리라
37 ၃၇ ဧလံ ပြည်သားတို့ကို ရန်သူ တို့ရှေ့ မှာ၎င်း ၊ သူ တို့ အသက် ကိုရှာ သော လူတို့ရှေ့ မှာ၎င်း ၊ ငါကြောက်လန့် စေ၍၊ ပြင်းစွာ သော ငါ ၏အမျက် တည်းဟူသောဘေးဥပဒ် ကိုသူ တို့အပေါ် သို့ ရောက် စေမည်။ သူ တို့ကို မ ဖျက်ဆီး မှီတိုင်အောင်သူ တို့နောက် သို့ ထား ကို လွှတ်လိုက် မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
나 여호와가 말하노라 내가 엘람으로 그 원수의 앞, 그 생명을 찾는 자의 앞에서 놀라게 할 것이며 내가 재앙 곧 나의 진노를 그 위에 내릴 것이며 내가 또 그 뒤로 칼을 보내어 그를 진멸하기까지 할 것이라
38 ၃၈ ဧလံ ပြည်၌ ငါ ၏ပလ္လင် ကို တည် ထား၍ ၊ ရှင်ဘုရင် နှင့် မင်းသား တို့ကို သုတ်သင်ပယ်ရှင်း မည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
내가 나의 위를 엘람에 베풀고 왕과 족장들을 그 곳에서 멸하리라 여호와의 말이니라
39 ၃၉ သို့ရာတွင် ၊ သိမ်းသွား ခြင်းကိုခံရသောဧလံ အမျိုးသားတို့ကို နောင် ကာလ၌ ငါဆောင်ခဲ့ ဦးမည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
그러나 끝날에 이르러는 내가 엘람의 포로를 돌아오게 하리라 여호와의 말이니라

< ယေရမိ 49 >