< ယေရမိ 1 >
1 ၁ ယုဒ ရှင်ဘုရင် အာမုန် သား ယောရှိ မင်းနန်းစံ ဆယ်သုံး နှစ် တွင် ၎င်း၊ ယုဒ ရှင်ဘုရင် ယောရှိ သား ယောယကိမ် လက်ထက် ၌ ၎င်း ၊
၁ဤကျမ်းစာတွင် ယေရမိမြွက်ဟပြောဆို ချက်တို့ကိုဖော်ပြထားလေသည်။ သူသည် ဗင်္ယာမိန်နယ်မြေ၊ အာနသုတ်မြို့ရှိယဇ်ပုရော ဟိတ်တစ်ပါးဖြစ်သူဟိလခိ၏သားဖြစ် သည်။-
2 ၂ ယုဒ ရှင်ဘုရင် ယောရှိ သား ဇေဒကိ မင်းနန်းစံဆယ်တ နှစ် စေ့ ၍ ပဉ္စမ လ တွင် ၊ ယေရုရှလင် မြို့သားတို့ကိုသိမ်းသွား ချုပ်ထားသည်တိုင်အောင်၊
၂ယောရှိ၏သားယုဒဘုရင်အာမုန် နန်းစံ တစ်ဆယ့်သုံးနှစ်မြောက်၌ ထာဝရဘုရား သည်ယေရမိကိုဗျာဒိတ်ပေးတော်မူ၏။-
3 ၃ ထာဝရဘုရား ၏ဗျာဒိတ် တော်ကိုခံရ သော ဗင်္ယာမိန် ပြည် ၊ အာနသုတ် မြို့နေဟိလခိ သား ယဇ်ပုရောဟိတ် ယေရမိ စကား မှာ၊
၃ထာဝရဘုရားသည်ယောရှိ၏သားယောယ ကိမ်မင်းလက်ထက်၌လည်း သူ့ကိုတစ်ဖန်ဗျာ ဒိတ်ပေးတော်မူပြန်၏။ ထိုနောက်ကိုယ်တော်သည် ယောရှိ၏သားဇေဒကိနန်းစံတစ်ဆယ့်တစ် နှစ်မြောက်၊ ပဉ္စမလ၌ယေရုရှလင်မြို့သား တို့ပြည်နှင်ဒဏ်သင့်ချိန်တိုင်အောင် အကြိမ် ပေါင်းများစွာသူ့အားဗျာဒိတ်တော်များ ကိုပေးတော်မူလေသည်။
4 ၄ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍ မိန့် တော်မူသည်ကား၊
၄ထာဝရဘုရားက``ငါသည်သင့်အားဇီဝ အသက်ကိုမပေးမီရွေးချယ်၍သင်မမွေး ဖွားမီကပင် သီးသန့်သတ်မှတ်ကာလူမျိုး တကာတို့၏ပရောဖက်အဖြစ်ခန့်ထား ခဲ့၏'' ဟုငါ့ကိုမိန့်တော်မူသောအခါ၊
5 ၅ သင့်ကိုအမိဝမ်း ထဲ ၌ငါမဖန်ဆင်း မှီ သင့် ကို ငါသိ ပြီ။ မ ဘွား မှီကပင် သင့် ကို ငါသန့်ရှင်း စေ၍၊ လူ အမျိုးမျိုးတို့အဘို့ ၊ ပရောဖက် အရာ၌ ခန့် ထားပြီဟု မိန့်တော်မူ၏။
၅
6 ၆ ငါကလည်း၊ အို အရှင် ထာဝရဘုရား ၊ အကျွန်ုပ် သည် မ ဟော မပြောတတ်ပါ။ သူငယ် ဖြစ်ပါ၏ဟု လျှောက် လျှင် ၊
၆ငါက``အရှင်ထာဝရဘုရား၊ ကျွန်တော်မျိုး သည်အသက်အရွယ်ငယ်လွန်းသည်ဖြစ်၍ အဘယ်သို့ဟောပြောရမည်ကိုမသိပါ'' ဟုလျှောက်ထား၏။
7 ၇ ထာဝရဘုရား ကလည်း ၊ အကျွန်ုပ် သည် သူငယ် ဖြစ်ပါ၏ဟု မ ပြော နှင့်။ အကြင် သူရှိရာသို့ သင့် ကို ငါ စေလွှတ် ၏၊ ထိုသူရှိရာသို့ သင်သွား ရမည်။ အကြင် စကားကို ငါမှာ ထား၏၊ ထို စကားကို သင် ဆင့်ဆို ရမည်။
၇သို့ရာတွင် ထာဝရဘုရားက``သင်သည် အသက်အရွယ်ငယ်လွန်းသည်ဟုမဆိုနှင့်။ ငါစေလွှတ်သည့်သူထံသို့သင်သွား၍ ငါ မိန့်မှာတော်မူသမျှကိုပြန်ကြားလော့။-
8 ၈ သူ တို့ကိုမ ကြောက် နှင့်။ သင့် ကို ကယ်နှုတ် ခြင်းငှါ သင် နှင့် အတူငါ ရှိသည်ဟု မိန့် တော်မူပြီးမှ၊
၈ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
9 ၉ လက် တော်ကိုဆန့် ၍ ငါ့ နှုတ် ကိုတို့ တော်မူလျက် ၊ သင် ၏နှုတ် ၌ ငါ့ စကား ကို ငါသွင်း ထားပြီ။
၉ထိုနောက်ထာဝရဘုရားသည် လက်တော်ကို ဆန့်တော်မူ၍ ငါ၏နှုတ်ကိုတို့တော်မူပြီး လျှင်``နားထောင်လော့၊ သင်ပြောဆိုရမည့်ဗျာ ဒိတ်စကားကို ယခုပင်သင့်အားငါပေး၏။
10 ၁၀ ကြည့်ရှု လော့။ သင်သည်နှုတ်ပယ်ဖြိုချ ဖျက်ဆီး မှောက် လှဲရသောအခွင့်၊ တည် ဆောက်စိုက်ပျိုး ရသောအခွင့်နှင့် သင့်ကို လူ အမျိုးမျိုးတို့၏ တိုင်း နိုင်ငံများ အပေါ် မှာ ယနေ့ ငါခန့် ထားပြီဟု မိန့် တော်မူ၏။
၁၀လူမျိုးတကာနှင့်နိုင်ငံတကာကိုဆွဲနုတ် ဖြိုချ၊ ဖျက်ဆီးဖြုတ်ချ၊ တည်ဆောက်စိုက်ပျိုး နိုင်သောအာဏာကိုယနေ့သင့်အားငါ ပေးပြီ'' ဟုမိန့်တော်မူ၏။
11 ၁၁ တဖန် ထာဝရဘုရား ၏နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် ၍၊ ယေရမိ ၊ သင် သည်အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါ က၊ အကျွန်ုပ်သည် ဗာတံ ကိုင်း ကို မြင် ပါ၏ဟု လျှောက် သော် ၊
၁၁ထာဝရဘုရားက``ယေရမိ၊ သင်အဘယ် အရာကိုမြင်သနည်း'' ဟုမေးတော်မူလျှင်၊ ငါကလည်း``ဗာတံကိုင်းကိုမြင်ပါသည်'' ဟုပြန်လည်လျှောက်ထား၏။
12 ၁၂ ထာဝရဘုရား က၊ သင်သည်မှန်ကန် စွာမြင်ပြီ။ အကြောင်းမူကား၊ ငါ့ စကား ကို ပြည့်စုံ စေခြင်းငှါ ၊ ငါ စောင့် နေမည်ဟု မိန့် တော်မူ၏။
၁၂ထိုအခါထာဝရဘုရားက``သင်ပြောသည် အတိုင်းမှန်ပေ၏။ ငါသည်လည်းငါ့စကား အကောင်အထည်ဖော်သည်ကိုစောင့်ကြည့် လျက်နေ၏'' ဟုမိန့်တော်မူ၏။
13 ၁၃ တဖန်ထာဝရ ဘုရား၏ နှုတ်ကပတ် တော်သည် ဒုတိယ အကြိမ် ငါ့ ဆီသို့ ရောက် ၍ ၊ သင် သည် အဘယ် အရာကို မြင် သနည်းဟုမေး တော်မူလျှင် ငါက၊ အကျွန်ုပ် သည် ဆူပွက် သော အိုး ကင်းကို မြင် ပါ၏။ မြောက် ဘက်သို့ မျက်နှာ ပြုလျက်ရှိပါ၏ဟု လျှောက် လျှင်၊
၁၃ထိုနောက်ထာဝရဘုရားသည် ငါ့အားမိန့်တော် မူပြန်၏။ ကိုယ်တော်က``သင်သည်အခြားအဘယ် အရာကိုမြင်သေးသနည်း'' ဟုမေးတော်မူ လျှင်၊ ငါက``မြောက်အရပ်တွင် ဆူပွက်နေသောအိုး ကင်းကိုမြင်ပါသည်။ ထိုအိုးကင်းသည်တောင် ဘက်သို့စောင်း၍ မှောက်တော့မည်ကဲ့သို့ရှိ ပါ၏'' ဟုပြန်လည်လျှောက်ထား၏။
14 ၁၄ ထာဝရဘုရား က၊ မြောက် မျက်နှာဘက်က ဘေးဥပဒ် သည်၊ ဤပြည် သား တို့အပေါ် သို့ ထွက်လာလိမ့်မည်။
၁၄ကိုယ်တော်သည်ငါ့အား``ဤပြည်တွင် နေထိုင် သူအပေါင်းတို့အပေါ်သို့ မြောက်အရပ်မှ ဘေးအန္တရာယ်ဆိုက်ရောက်လာလိမ့်မည်။-
15 ၁၅ အကြောင်း မူကား၊ မြောက် တိုင်း နိုင်ငံသား အမျိုးမျိုး အပေါင်းတို့ကို ငါ ခေါ် ၍၊ သူတို့သည် လာ ပြီးလျှင် ၊ ယေရုရှလင် မြို့တံခါး ဝ များတို့၌၎င်း ၊ မြို့ရိုး ပတ်ဝန်းကျင် အရပ်ရပ် တို့၌၎င်း ၊ ယုဒ မြို့ ရွာအလုံးစုံ တို့၌ ၎င်း မိမိ တို့ ရာဇပလ္လင် များကို အသီးအသီး တည် ထားကြလိမ့်မည်။
၁၅ငါသည်မြောက်အရပ်ရှိလူမျိုးတကာကို ခေါ်ယူလျက်နေ၏'' ဟုထာဝရဘုရားမိန့် တော်မူ၏။ သူတို့၏ဘုရင်များသည်လာ၍ မိမိတို့ရာဇပလ္လင်ကို ယေရုရှလင်မြို့ပတ် လည်နှင့်မြို့တံခါးများအနီး၌လည်း ကောင်း၊ ယုဒမြို့တို့၏ပတ်ဝန်းကျင်၌လည်း ကောင်းတည်ထားကြလိမ့်မည်။-
16 ၁၆ ပြည်သူပြည်သားတို့သည် ငါ့ ကိုစွန့် သောအပြစ်၊ အခြားသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ သော အပြစ်၊ မိမိ တို့လက် ဖြင့် လုပ် သော အရာကို ကိုးကွယ် သောအပြစ် ရှိသမျှ တို့ကြောင့် ၊ သူ တို့ကို ငါ စစ်ကြော ၍၊ အပြစ်နှင့်အလျောက်စီရင် မည်။
၁၆ဤနည်းအားဖြင့်ငါသည်အပြစ်ကူးလွန် သူများ၊ ငါ့ကိုစွန့်ပစ်သူများ၊ အခြားဘုရား တို့အားနံ့သာပေါင်းဖြင့်မီးရှို့ပူဇော်သူ များနှင့် မိမိတို့သွန်းလုပ်သည့်ရုပ်တုများ ကိုဝတ်ပြုကိုးကွယ်သူတို့အားအပြစ် ပေးတော်မူမည်။-
17 ၁၇ သို့ဖြစ်၍သင် သည် ခါးပန်း ကို စည်း ၍ ထ လော့။ ငါ မှာ ထားသမျှ ကို သူ တို့အား ဟော ပြောလော့။ သူ တို့ ရှေ့ မှာ သင့် ကို ငါအရှက်မခွဲရမည်အကြောင်းသူ တို့ကို မ ကြောက် နှင့်။
၁၇သင်သည်ရဲဝံ့စွာသွား၍ထိုသူတို့အား ငါမိန့် မှာတော်မူသမျှကိုပြောကြားလော့။ သူတို့ ကိုမကြောက်နှင့်။ အကယ်၍သင်သည်သူတို့ ကိုကြောက်လျက်နေပါမူ ငါသည်သင့်အား သူတို့ရှေ့တွင်ပို၍ပင်ကြောက်လန့်လာစေ လိမ့်မည်။
18 ၁၈ ကြည့်ရှု လော့။ ယုဒ ရှင်ဘုရင် ၊ မင်းသား ၊ ယဇ်ပုရောဟိတ် ၊ ပြည်သူ ပြည်သားတည်းဟူသောတနိုင်ငံ လုံး တစ်ဘက် ၌၊ ခိုင်ခံ့ သော မြို့ ၊ သံ တိုင် ၊ ကြေးဝါ ထရံ အရာ၌ သင့် ကို ယနေ့ ငါခန့် ထား၏။
၁၈ယေရမိ၊ နားထောင်လော့။ ဤနိုင်ငံရှိလူအပေါင်း တို့ဖြစ်သည့်ယုဒဘုရင်များ၊ မှူးမတ်များ၊ ယဇ် ပုရောဟိတ်များနှင့်ပြည်သူများသည် သင့်ကို အတိုက်အခံပြုကြလိမ့်မည်။ သို့ရာတွင်သူ တို့ကိုခုခံနိုင်စွမ်းရှိအောင် သင့်ကိုယနေ့ငါ ပြုမည်။ သင်သည်ခံတပ်မြို့ကဲ့သို့လည်းကောင်း၊ သံတိုင်နှင့်ကြေးဝါနံရံကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။ ငါသည်သင်နှင့်အတူရှိ၍သင့် ကိုကွယ်ကာစောင့်ရှောက်မည်။ သို့ဖြစ်၍သူတို့ သည်သင့်အားနှိမ်နင်းနိုင်ကြလိမ့်မည်မဟုတ်။ ဤကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
19 ၁၉ သူတို့သည် သင့် ကို စစ်တိုက် ၍ မ နိုင် ရကြ။ သင့် ကို ကယ်နှုတ် ခြင်းငှါ ၊ သင် နှင့် အတူငါ ရှိသည်ဟု ထာဝရဘုရား မိန့် တော်မူ၏။
၁၉