< ဟေရှာယ 21 >
1 ၁ ရေ လွှမ်းမိုးသော တော နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ တောင် လေမုန်တိုင်း တိုက်သကဲ့သို့ ကြောက်မက် ဘွယ်သော ပြည် ၊ တော ကြီးမှ လာ ၏။
၁ဤဗျာဒိတ်တော်သည်ဗာဗုလုန်နှင့်သက်ဆိုင် သောဗျာဒိတ်တော်ဖြစ်၏။ သဲကန္တာရကိုဖြတ်ကျော်၍တိုက်ခတ်လာ သောလေဗွေကဲ့သို့ ဘေးအန္တရာယ်ဆိုးတစ်ခု သည်ကြောက်မက်ဖွယ်ကောင်းသည့်တိုင်းပြည် တစ်ပြည်မှသက်ရောက်လာလိမ့်မည်။-
2 ၂ ကြောက်မက် ဘွယ်သော ရူပါရုံ ကို ငါ မြင် ရ၏။ လုယူ တတ်သောသူသည် လုယူ ၏။ ဖျက်ဆီး တတ်သောသူသည် ဖျက်ဆီး ၏။ ဧလံ ပြည်သားတို့၊ တက် သွားကြလော့။ မေဒိ ပြည်သားတို့၊ မြို့ကိုဝိုင်း ထားကြလော့။ ထိုမြို့ကြောင့်၊ သူတပါးညည်းတွား ခြင်းရှိသမျှ ကို ငါငြိမ်း စေ၏။
၂ရက်စက်ကြမ်းကြုတ်မှုများ၊ သစ္စာဖောက်မှု နှင့်သုတ်သင်ဖျက်ဆီးမှုတို့ကိုဗျာဒိတ် ရူပါရုံတွင်ငါမြင်ရပြီ။ အို ဧလံတပ်မတော်သားတို့၊ တိုက်ခိုက်ကြ လော့။ အို မေဒိတပ်မတော်သားတို့၊ မြို့များ ကိုဝိုင်းရံထားကြလော့။ ဘုရားသခင်သည် ဗာဗုလုန်မြို့သားတို့ပေးသည့်ဆင်းရဲဒုက္ခ ကိုချုပ်ငြိမ်းစေတော်မူလိမ့်မည်။
3 ၃ ထို့ကြောင့် ၊ ငါသည် ခါးနာလှ၏။ သားဘွား သော မိန်းမခံရသကဲ့သို့ ဝေဒနာကိုခံ ရ၏။ နားမကြား နိုင် အောင် ပြင်းထန်စွာခံရ ၏။ မျက်စိမမြင် နိုင်အောင် မှိုင်တွေ လျက်ရှိ၏။
၃ဗျာဒိတ်ရူပါရုံတွင်မြင်ရကြားရသောအမှု အရာများကြောင့် ငါသည်သားဖွားသည့်အမျိုး သမီးသဖွယ်ထိတ်လန့်၍ဝေဒနာခံရ၏။-
4 ၄ ငါ့ စိတ် နှလုံးသည် မူး လျက်ရှိ၏။ ကြောက်မက် ဘွယ်သော အရာဖြင့် ငါ သည်ထိတ်လန့် လျက်ရှိ၏။ ငါ ပျော်မွေ့ သောညဉ့် ကိုဘေး နှင့် ပြည့်စုံ စေတော်မူ၏။
၄ငါ၏ဦးခေါင်းသည်ချာချာလည်လျက်ငါ သည်ကြောက်စိတ်ဖြင့်တုန်လှုပ်၍နေ၏။ ငါ သည်ညဥ့်ဦးယံကိုတမ်းတလျက်နေခဲ့၏။ သို့ရာတွင်ထိုအချိန်သည် ငါ့အားထိတ်လန့် မှုကိုဖြစ်စေသည်မှတစ်ပါးအဘယ်သို့ မျှမပြု။
5 ၅ စားပွဲ ကိုပြင် ပြီ။ ကင်းစောင့် ကို ထား ပြီ။ စား သောက် လျက်နေကြ၏။ အိုမင်း များတို့၊ ထ ကြ၊ လွှား ကို ဆီ လောင်းကြ။
၅ဗျာဒိတ်ရူပါရုံတွင်ညစာစားပွဲကြီးတစ် ခုအသင့်ပြင်ဆင်ထားသည်ကိုငါမြင်ရ၏။ ဧည့်သည်တို့ထိုင်ရန်အတွက်ကော်ဇောများ ကိုခင်းထားလေသည်။ သူတို့သည်စားသောက် လျက်နေကြစဉ်``တပ်မှူးတို့၊ သင်တို့၏ဒိုင်းလွှား များကိုအသင့်ပြင်ကြလော့'' ဟူသောအမိန့် တော်တစ်ရပ်ရုတ်တရက်ထွက်ပေါ်၍လာ၏။
6 ၆ အကြောင်း မူကား၊ ဘုရား ရှင်က၊ သင်သွား ၍ ကင်းစောင့် ကိုထား လော့။ မြင် သည့်အတိုင်း ပြော စေလော့ ဟု ငါ့ အား မိန့် တော်မူ၏။
၆ထိုနောက်ထာဝရဘုရားကငါ့အား``သင် သွား၍ကင်းစောင့်တစ်ဦးကိုချထားပြီး လျှင် သူတွေ့မြင်ရသည့်အရာများကို အစီရင်ခံရန်မှာကြားလော့။-
7 ၇ ကင်းစောင့်သည်လည်း၊ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း တပ် တတပ်၊ မြည်း တပ် တတပ်၊ ကုလားအုပ် တပ် တတပ်ကို မြင် ၍ ၊ သတိနှင့် စေ့စေ့ကြည့်ရှုနားထောင် ပြီးလျှင်၊
၇အကယ်၍နှစ်ယောက်တစ်တွဲနှစ်ယောက်တစ်တွဲ မြင်းစီးသူရဲများလာသည်ကိုလည်းကောင်း၊ မြည်းများကုလားအုတ်များကိုစီး၍လူတို့ လာကြသည်ကိုလည်းကောင်းမြင်လျှင် ထိုသူ တို့အားသတိထား၍ကြည့်ရန်ကင်းစောင့်ကို မှာကြားထားလော့'' ဟုမိန့်တော်မူပါ၏။
8 ၈ သခင် ၊ ကျွန်တော် သည် နေ့အချိန်၌ ကင်းမျှော်စင် ပေါ် မှာ အစဉ် ရပ် ၍၊ တညဉ့် လုံး၌လည်း ကင်း စောင့် လျက်နေပါ၏။
၈ကင်းစောင့်က``အရှင်၊ အကျွန်ုပ်သည်ဤမျှော်စင် ပေါ်တွင်ရပ်၍ နေ့ရောညပါကင်းစောင့်လျက် နေပါ၏'' ဟုအော်၍ပြောကြားစဉ်၊
9 ၉ ယခု မှာ နှစ်စီးစီ နှစ်စီးစီ ချီလာ သော မြင်း စီးသူရဲ တပ် ကို မြင် ပါသည်ဟု ခြင်္သေ့ ကဲ့သို့ကြွေးကြော် ၏။ သူ ကလည်း၊ ဗာဗုလုန် မြို့ပြိုလဲ ပြီ၊ ပြိုလဲ ပြီ၊ သူ ၏ဘုရား ရုပ်တု ဆင်းတုရှိသမျှ တို့သည် မြေ ပေါ် မှာ ကျိုးပဲ့ လျက် ရှိကြ ပါသည်ဟု ထပ်၍ဆို လေ၏။
၉မြင်းစီးသူရဲတို့သည်နှစ်ယောက်တစ်တွဲနှစ် ယောက်တစ်တွဲရုတ်တရက်ပေါ်လာကြ၏။ ထို ကြောင့်ကင်းစောင့်က``ဗာဗုလုန်မြို့ကျဆုံး သွားလေပြီ။ သူတို့ကိုးကွယ်သည့်ရုပ်တုမှန် သမျှသည်လည်းမြေပေါ်တွင်ကျိုးပဲ့ကြေမွ လျက်နေပါ၏'' ဟုသတင်းပေးပို့လိုက်၏။
10 ၁၀ ငါ နင်း နယ်၍ ငါ့ တလင်း ပြင်မှ ထွက်သောစပါး၊ ကောင်းကင်ဗိုလ်ခြေ အရှင် ထာဝရဘုရား ၊ ဣသရေလ အမျိုး၏ ဘုရား သခင် မိန့်တော်မူသည်ကို ငါကြား ရသည် အတိုင်း ၊ သင် တို့အား ငါဆင့်ဆို သတည်း။
၁၀ငါ၏အမျိုးသားတို့၊ သင်တို့သည်ဂျုံနှံ သဖွယ်အနင်းအနယ်ခံခဲ့ရကြ၏။ သို့ရာ တွင်ငါသည်ဣသရေလအမျိုးသားတို့၏ ဘုရားသခင်၊ အနန္တတန်ခိုးရှင်ထာဝရ ဘုရားထံတော်မှကြားရသည့်သတင်းကို ယခုသင်တို့အားကြေညာပြီးလေပြီ။
11 ၁၁ ဒုမာ ပြည်နှင့်ဆိုင်သော ဗျာဒိတ် တော်ကား၊ အိုကင်းစောင့် ၊ ညဉ့် အမှုကား အဘယ်သို့ နည်း။ အိုကင်းစောင့် ၊ ညဉ့် အမှုကား အဘယ်သို့ နည်းဟု စိရ တောင် ပေါ်က ငါ့ ကို ဟစ် ခေါ်လေ၏။
၁၁ဤဗျာဒိတ်တော်သည်ဧဒုံပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ ဧဒုံပြည်မှလူတစ်ယောက်ကငါအား``အို ကင်းစောင့်၊ ညဥ့်ယံကုန်ဆုံးရန်အဘယ်မျှ ကြာပါဦးမည်နည်း။ အဘယ်အခါ၌ကုန် ဆုံးမည်ကိုငါ့အားပြောပါလော့'' ဟုအော် ဟစ်မေးမြန်း၏။
12 ၁၂ ကင်းစောင့် ကလည်း၊ နံနက် သည်လာ ၏။ ညဉ့် လည်း လာ၏။ သင်တို့သည် မေးမြန်း လိုလျှင် မေးမြန်း ကြ။ ပြန် သွားကြ။ တဖန် လာကြဟု ဆို လေ၏။
၁၂ငါကလည်း``မိုးသောက်ယံရောက်တော့မည်၊ သို့ရာတွင်ညဥ့်ယံပြန်လည်ကျရောက်လာ လိမ့်မည်။ သင်ထပ်မံမေးမြန်းလိုလျှင်နောက် တစ်ဖန်လာ၍မေးမြန်းလော့'' ဟုဖြေကြား လိုက်၏။
13 ၁၃ အာရပ် ပြည်နှင့် ဆိုင် သော ဗျာဒိတ် တော်ကား၊ ခရီးသွားသော ဒေဒန် လူစု တို့၊ သင်တို့သည် အာရပ် တော မှာ ညဉ့်ကို လွန် စေရကြမည်။
၁၃ဤဗျာဒိတ်တော်ကားအာရပ်ပြည်နှင့်သက် ဆိုင်သောဗျာဒိတ်တော်ဖြစ်၏။ သစ်ပင်မပေါက်သည့်အာရပ်နယ်မြေ၌၊ ကုန် စည်လှည်းရထားများကိုစခန်းချတတ် သည့်အချင်းဒေဒန်အမျိုးသားတို့၊-
14 ၁၄ တေမ ပြည် သား တို့၊ ရေ ငတ်သောသူ အဘို့ ရေ ကို ယူ ခဲ့ကြ၏။ ပြေး သောသူကို မုန့် နှင့် ဆီး ၍ ကြိုကြ၏။
၁၄သင်တို့ထံသို့လာရောက်ကြသည့်ရေငတ် သူတို့အားရေကိုပေးကြလော့။ အချင်း တေမပြည်သူတို့၊ စစ်ပြေးဒုက္ခသည်တို့ အားအစားအစာများကိုပေးကြလော့။-
15 ၁၅ အကြောင်း မူကား၊ သူတို့သည် ထား ဘေး မှ ၎င်း၊ ထုတ် သောထား ၊ တင် သောလေး ၊ အလွန်ခက် သော စစ်မှုမှ ၎င်း ပြေး ကြ၏။
၁၅လူတို့သည်မိမိတို့အားခုတ်ရန်အသင့် ရှိသည့်ဋ္ဌားများ၏ဘေးမှလည်းကောင်း၊ ပစ်ရန်အသင့်ရှိသည့်လေးမြားတို့၏ဘေး မှလည်းကောင်း၊ စစ်ဘေးအန္တရာယ်ဟူသမျှမှ လည်းကောင်းလွတ်မြောက်ရန်ထွက်ပြေးလျက် ရှိကြ၏။
16 ၁၆ ထာဝရ ဘုရားသည် ငါ့ အား မိန့် တော်မူသည် ကား ၊ အခစား သောသူရေတွက်သည်အတိုင်း ၊ တနှစ် တွင် ကေဒါ မြို့၏ ဘုန်း အသရေရှိသမျှ ကွယ်ပျောက် ၍၊
၁၆ထိုနောက်ထာဝရဘုရားကငါ့အား``တစ်နှစ် တိတိကြာသောအခါ ကေဒါလူမျိုးစု၏ ဘုန်းအသရေသည်လုံးဝကွယ်ပျောက်သွား လိမ့်မည်။-
17 ၁၇ ကျန် ကြွင်းသော ကေဒါ အမျိုးသား ၊ လေး စွဲသူရဲ တို့သည် အလွန် နည်း ကြလိမ့်မည်ဟု၊ ဣသရေလ အမျိုး ၏ ဘုရား သခင်ထာဝရဘုရား မိန့် တော်မူ၏။
၁၇ထိုလူမျိုးစုတွင်ရဲစွမ်းသတ္တိအရှိဆုံးဖြစ် သောလေးသည်တော်တို့သည်လည်း အနည်း ငယ်မျှသာလျှင်ကျန်ရှိပေတော့မည်။ ဤကား ဣသရေလအမျိုးသားတို့၏ဘုရားသခင်၊ ငါထာဝရဘုရားမြွက်ဟသည့်စကားပင် ဖြစ်၏'' ဟုမိန့်တော်မူပါ၏။