< ဟေရှာယ 16 >

1 မြေ ရှင် ထံသို့သိုးသငယ် ကိုပေး လိုက်ကြလော့။ သေလ မြို့မှ တော တရှောက်လုံး၊ ဇိအုန် သတို့သမီး ၏ တောင် သို့ ပေးလိုက်ကြလော့။
သဲ​ကန္တာ​ရ​ရှိ​သေ​လ​မြို့​မှ​မော​ဘ​အ​မျိုး​သား တို့​သည် ဇိ​အုန်​တောင်​၏​သ​မီး​ထံ​သို့​သိုး​တစ် ကောင်​ကို​လက်​ဆောင်​ပဏ္ဏာ​အ​ဖြစ်​ပေး​ပို့​လိုက် ကြ​၏။-
2 မိမိအသိုက် ကို စွန့်ပစ် ၍ လည် ရသောငှက် ကဲ့သို့ ၊ မောဘ သမီး တို့သည် အာနုန် မြစ်ကူး ရာကမ်းနားမှာ ရှိ ကြလိမ့်မည်။
သူ​တို့​သည်​အာ​နုန်​မြစ်​ကမ်း​ပေါ်​တွင်​စောင့် ဆိုင်း​လျက်​နေ​စဉ် အ​သိုက်​ကို​စွန့်​ခွာ​ခဲ့​ရ​သည့် ငှက်​များ​ကဲ့​သို့ ခြေ​ဦး​တည့်​ရာ​ခေါက်​တုံ့ ခေါက်​ပြန်​သွား​လာ​လျက်​နေ​ကြ​၏။
3 အကြံ ပေး လော့။ တရား သဖြင့် စီရင် လော့။ မွန်းတည့် အလင်းထဲ ၌ ညဉ့် ကဲ့သို့ သင် ၏အရိပ် ကို ဖြစ် စေလော့။ နှင်ထုတ် သောသူတို့ကို ဝှက် ထားလော့။ ပြေး သောသူတို့ ကို မ ပြ နှင့်။
သူ​တို့​က​ယု​ဒ​ပြည်​သူ​တို့​အား``ငါ​တို့​ကို အ​ကြံ​ပေး​ကြ​ပါ။ ငါ​တို့​သည်​စစ်​ပြေး​ဒုက္ခ သည်​များ​ဖြစ်​ပါ​၏။ မွန်း​တည့်​ချိန်​၌​အေး​မြ သော​သစ်​ပင်​၏​အ​ရိပ်​ကဲ့​သို့ သင်​တို့​သည်​ငါ တို့​အား​အ​ကာ​အ​ကွယ်​ပေး​ကြ​ပါ။ အ​ဘယ် သူ​မျှ​ရှာ​၍​မ​တွေ့​စေ​ရန်​ငါ​တို့​အား​ဝှက် ထား​ကြ​ပါ။-
4 မောဘ ပြည်မှ နှင်ထုတ် သောသူတို့ သည် သင် နှင့်အတူ နေ ကြစေလော့။ ဖျက်ဆီး သောသူ၏ လက်မှ လွတ် စေခြင်းငှါ သူ တို့ကိုစောင့်မလော့။ သင့်ကို ညှဉ်းဆဲ သောသူမရှိ။ ဖျက်ဆီး သောသူ ပြတ် လေ၏။ နှိပ် နင်းသောသူတို့ ကို မြေ ပေါ်က ပယ်ရှင်း လေပြီ။
သင်​တို့​၏​ပြည်​တွင်​နေ​ခွင့်​ပြု​ကြ​ပါ။ ငါ​တို့ ကို​သုတ်​သင်​ဖျက်​ဆီး​လို​သူ​တို့​၏​ဘေး​မှ ကာ​ကွယ်​စောင့်​ရှောက်​ကြ​ပါ'' ဟု​မော​ဘ ပြည်​သူ​တို့​ပြော​ကြား​ကြ​၏။ (ဖိ​နှိပ်​ချုပ်​ချယ်​မှု​နှင့်​သုတ်​သင်​ဖျက်​ဆီး​မှု တို့​သည်​ပ​ပျောက်​၍​သွား​လိမ့်​မည်။ တိုင်း​ပြည် ကို​ပျက်​ပြုန်း​စေ​သော​သူ​တို့​သည်​လည်း​ရှိ ကြ​တော့​မည်​မ​ဟုတ်။-
5 ရာဇ ပလ္လင်သည်လည်း ၊ ကရုဏာ ၌ တည် လိမ့်မည်။ သစ္စာနှင့်ပြည့်စုံ၍၊ ပလ္လင် တော်ပေါ် မှာ ထိုင် တော်မူ သောသူသည် ဖြောင့်မတ် စွာ စစ်ကြော ၍ ၊ တရား မှုကို အလျင် အမြန်ဆုံးဖြတ်တော်မူလျက်၊ ဒါဝိဒ် မင်း၏ တဲ တော်၌ တရား စီရင်တော်မူလိမ့်မည်။
ထို​အ​ခါ​ဒါ​ဝိဒ်​၏​သား​မြေး​တစ်​ဦး​တည်း နန်း​တက်​၍​ပြည်​သူ​တို့​အား​သစ္စာ၊ မေတ္တာ​နှင့် အုပ်​စိုး​လိမ့်​မည်။ သူ​သည်​မှန်​ရာ​ကို​ပြု​ရန် လက်​နှေး​လိမ့်​မည်​မ​ဟုတ်။ တ​ရား​သ​ဖြင့် စီ​ရင်​ဆုံး​ဖြတ်​ပေး​လိမ့်​မည်။)
6 မောဘ ၏ မာန ကို ငါတို့သည်ကြား သိကြ၏။ အလွန်ကြီး သော မာန ဖြစ်၏။ ထောင်လွှား စော်ကား ခြင်း၊ ဒေါသ အမျက်ထွက်ခြင်းရှိ၍၊ အချည်းနှီးသက်သက်ဝါကြွား သော စကားကိုပြောတတ်၏။
ယု​ဒ​ပြည်​သူ​တို့​က``မော​ဘ​ပြည်​သူ​တို့​သည် အ​ဘယ်​မျှ​မာန်​မာ​န​ကြီး​ကြ​ကြောင်း​ကို​ငါ တို့​ကြား​ရကြ​လေ​ပြီ။ သူ​တို့​သည်​မောက်​မာ ထောင်​လွှား​လျက်​မိ​မိ​တို့​ကိုယ်​ကို​အ​ထင်​ကြီး လျက်​နေ​ခဲ့​ကြ​သော်​လည်း သူ​တို့​ဝါ​ကြွား​မှု များ​သည်​အ​ချည်း​နှီး​သာ​ဖြစ်​ကြောင်း​ကို ငါ​တို့​သိ​ပါ​၏'' ဟု​ဆို​ကြ​၏။
7 ထို့ကြောင့်၊ မောဘ သည် မိမိအတွက် ညည်းတွား မြည်တမ်းရလိမ့်မည်။ ပြည်သားရှိသမျှ တို့သည် ညည်းတွား မြည်တမ်းကြလိမ့်မည်။ ကိရဟရက် မြို့ပျက် သည်အတွက် သင်တို့သည်ညည်းတွား ကြလိမ့်မည်။ ထိုမြို့သည် ဒဏ်ခတ်ခြင်းကို အလွန်ခံရ၏။
မော​ဘ​ပြည်​သူ​တို့​သည်​မိ​မိ​တို့​ခံ​ရ​သည့် ဆင်း​ရဲ​ဒုက္ခ​များ​အ​တွက်​ငို​ယို​ကြ​လိမ့်​မည်။ ကိ​ရ​ဟ​ရက်​မြို့​တွင်​မိ​မိ​တို့​စား​ခဲ့​ရ​ဖူး သည့်​ကောင်း​သော​အ​စား​အ​စာ​များ​ကို ပြန်​လည်​သ​တိ​ရ​သော​အ​ခါ​သူ​တို့​အား လုံး​ပင်​ငို​ယို​ကြ​လိမ့်​မည်။ စိတ်​ပျက်​အား ငယ်​လျက်​နေ​ကြ​လိမ့်​မည်။-
8 ဟေရှဘုန် လယ်ပြင် တို့သည် သွေ့ခြောက် ကြ ၏။ စိဗမာ စပျစ် နွယ်ပင် အညွန့်များကိုလည်း တပါး အမျိုးသား မင်း တို့သည် ချိုး ကြပြီ။ ထိုအညွန့် တို့သည် အထက်က ယာဇာ မြို့တိုင်အောင် ရောက် ၍၊ တော ၌လည် တတ်ကြ၏။ အလက် တို့သည် ရှည်လျား ၍၊ ပင်လယ် ကိုလွန် ကြ၏။
ဟေ​ရှ​ဘုန်​မြို့​အ​နီး​ရှိ​လယ်​ယာ​များ​နှင့်​စိ ဗ​မာ​စ​ပျစ်​ဥ​ယျာဉ်​များ​သည်​ပျက်​ပြုန်း​၍ သွား​ကြ​၏။ လူ​မျိုး​ခြား​မင်း​အ​ပေါင်း​တို့​သည် ထို​စ​ပျစ်​ဥ​ယျာဉ်​တို့​မှ​ထွက်​သော​စ​ပျစ်​ရည် များ​ဖြင့်​မူး​ယစ်​နေ​ခဲ့​ကြ​ဖူး​၏။ အ​ခါ​တစ် ပါး​က​စ​ပျစ်​နွယ်​များ​သည် အ​ရှေ့​ဘက်​သို့ ယာ​ဇာ​မြို့​နှင့်​သဲ​ကန္တာ​ရ​တိုင်​အောင်​လည်း ကောင်း၊ အ​နောက်​ဘက်​သို့​ပင်​လယ်​သေ​တစ် ဘက်​ကမ်း​တိုင်​အောင်​လည်း​ကောင်း​ရောက်​ရှိ ခဲ့​ကြ​၏။-
9 ထို့ကြောင့် ၊ ယာဇာ မြို့အတွက်မျက်ရည် ကျသကဲ့သို့ ၊ စိဗမာ စပျစ် နွယ်ပင်အတွက် ငါသည်မျက်ရည် ကျမည်။ အိုဟေရှဘုန် မြို့နှင့် ဧလာလေ မြို့၊ ငါ သည် မျက်ရည် ကျလျက် သင့် ကိုရေလောင်း မည်။ အကြောင်း မူကား၊ သင် ၏သစ်သီးနှင့် စပါးနှံတို့သည် စစ်တိုက်သံနှင့် တွေ့ကြုံကြပြီ။
ယ​ခု​အ​ခါ​ငါ​သည်​ယာ​ဇာ​မြို့​အ​တွက်​ငို ယို​မိ​သ​ကဲ့​သို့ စိ​ဗ​မာ​စ​ပျစ်​ပင်​များ​အ​တွက် လည်း​ငို​ယို​မိ​ပါ​၏။ လူ​တို့​ဝမ်း​မြောက်​စွာ​စု သိမ်း​ရန်​အ​သီး​အ​နှံ​များ​မ​ရှိ​တော့​သ​ဖြင့် ငါ​သည်​ဟေ​ရှ​ဘုန်​မြို့​နှင့်​ဧ​လာ​လေ​မြို့ တို့​အ​တွက်​မျက်​ရည်​ကျ​ပါ​၏။-
10 ၁၀ ဝပြော သောလယ်ပြင်ထဲမှာ ဝမ်းမြောက် ရွှင်လန်း ခြင်း ပြတ် လေပြီ။ စပျစ် ဥယျာဉ်၌ သီချင်း မ ဆိုရကြ။ မ ကြွေးကြော် ရကြ။ စပျစ်သီး နယ်ရာကျင်း၌ စပျစ်သီးကိုနင်း သောသူလည်း မ နင်း ရ။ ကြွေးကြော် သော အသံ ကိုလည်းငါ ပြတ် စေပြီ။
၁၀ယ​ခု​အ​ခါ​မြေ​သြ​ဇာ​ကောင်း​သည့်​လယ်​များ တွင် ဝမ်း​မြောက်​ရွှင်​လန်း​သူ​မ​ရှိ။ စ​ပျစ်​ဥ​ယျာဉ် များ​၌​ကြွေး​ကြော်​သီ​ဆို​သူ​မ​ရှိ။ စ​ပျစ်​သီး များ​ကို​နယ်​၍​စ​ပျစ်​ရည်​လုပ်​သူ​လည်း​မ​ရှိ တော့​ပေ။ ပျော်​ရွှင်​စွာ​ကြွေး​ကြော်​မှု​များ​သည် ဆိတ်​သုဉ်း​ခဲ့​လေ​ပြီ။-
11 ၁၁ ထို့ကြောင့် ၊ ငါ့ ဝမ်း သည် မောဘ ပြည်အတွက် ၊ ငါ့ အအူ သည် ကိရဟရက် မြို့အတွက် ၊ စောင်း ကဲ့သို့ မြည် ရ လိမ့်မည်။
၁၁ငါ​သည်​မော​ဘ​ပြည်​အ​တွက်​စိတ်​ညှိုး​ငယ် လျက်၊ ကိ​ရ​ဟ​ရက်​မြို့​အ​တွက်​ဝမ်း​နည်း လျက်​ညည်း​ညူ​မိ​ပါ​၏။-
12 ၁၂ ထိုအခါ မောဘ သည် မိမိမြင့် သောအရပ်၌ မိမိကို ပင်ပန်း စေခြင်း၊ ပဌနာ ပြုအံ့သောငှါ မိမိ သန့်ရှင်း ရာ ဌာနသို့ ဝင် ခြင်းအရာသည် ထင်ရှား သော်လည်း ၊ အကြံ မ မြောက်နိုင်ရာ။
၁၂မော​ဘ​ပြည်​သူ​တို့​သည်​ဆု​တောင်း​ပတ္ထ​နာ ပြု​ရန်​အ​ပင်​ပန်း​ခံ​ကာ​ရုပ်​တု​ကိုး​ကွယ်​ရာ ဌာ​န​များ​နှင့် ဝတ်​ကျောင်း​များ​သို့​သွား​ရောက် ကြ​သော်​လည်း​အ​ဘယ်​သို့​မျှ​အ​ကျိုး​ရှိ လိမ့်​မည်​မ​ဟုတ်။
13 ၁၃ ထိုသို့ ထာဝရဘုရား သည် မောဘ ၏ အကြောင်း စကား ကို အထက်က မိန့် တော်မူ၏။
၁၃ဤ​ဗျာ​ဒိတ်​တော်​ကား​မော​ဘ​ပြည်​နှင့်​ပတ် သက်​၍​စော​စော​ပိုင်း​က ထာ​ဝ​ရ​ဘု​ရား​ပေး တော်​မူ​ခဲ့​သော​ဗျာ​ဒိတ်​တော်​ဖြစ်​ပေ​သည်။-
14 ၁၄ ယခုတဖန် မိန့် တော်မူသည်ကား၊ အခစား သောသူရေတွက် သည်အတိုင်း၊ သုံး နှစ် လွန်မှ၊ မောဘ ပြည်၏ ဘုန်း အသရေသည် မိမိအလုံး အရင်းနှင့်တကွ ရှုတ်ချ ခြင်းသို့ ရောက်ရမည်။ ကျန် ကြွင်းသောသူတို့သည် အလွန်နည်း ၍၊ ခွန်အား ကုန်ရကြလိမ့်မည်ဟု မိန့်တော်မူ၏။
၁၄ယ​ခု​အ​ခါ​ထာ​ဝ​ရ​ဘု​ရား​က``သုံး​နှစ်​တိ တိ​ရှိ​သော​အ​ခါ မော​ဘ​ပြည်​၏​စည်း​စိမ်​ဥစ္စာ များ​သည်​ကွယ်​ပျောက်​သွား​လိမ့်​မည်။ မြောက် မြား​စွာ​သော​ပြည်​သူ​တို့​အ​နက်​မှ​လူ အ​နည်း​ငယ်​သာ​လျှင် အ​သက်​မ​သေ​ဘဲ ကျန်​ရှိ​လိမ့်​မည်။ သူ​တို့​သည်​လည်း​အား​အင် ချည့်​နဲ့​၍​နေ​လိမ့်​မည်'' ဟု​မိန့်​တော်​မူ​၏။

< ဟေရှာယ 16 >