< ဟေရှာယ 10 >

1 ငတ်မွတ်သောသူတို့ ကို တရားရှုံးစေခြင်းငှါ၎င်း၊
Woe unto them that decree iniquitous decrees, and to the writers that prescribe oppression,
2 ငါ ၏လူမျိုး တွင် ဆင်းရဲ သားတို့၏ အခွင့် အရာကို ရုပ်သိမ်း ခြင်းငှါ ၎င်း၊ မုတ်ဆိုးမ တို့ကို ညှဉ်းဆဲ၍၊ မိဘ မရှိသောသူတို့၏ ဥစ္စာကိုလုယူ ခြင်းငှါ၎င်း၊ မတရား သဖြင့်စီရင် သောသူ၊ ကျပ်တည်း စွာသော မှတ်ချက် ကို မှတ်သား သော စာရေးတို့သည် အမင်္ဂလာ ရှိကြ၏။
to turn away the poor from judgment, and to take away the right from the afflicted of my people; that widows may be their prey, and that they may rob the fatherless!
3 ငါကြည့်ရှုစီရင် သည်ကာလ ၊ အဝေး က ရောက်လတံ့ သော ဖျက်ဆီး ခြင်းဖြစ်သည်ကာလ၌ ၊ သင်တို့သည် ချမ်းသာ ရအံသောငှါ ၊ အဘယ် သူထံ သို့ ပြေး ကြလိမ့်မည်နည်း။ သင် တို့စည်းစိမ် ဥစ္စာကို အဘယ်မှာ သို ထား ကြ လိမ့်မည်နည်း။
And what will ye do in the day of visitation, and in the sudden destruction [which] shall come from far? To whom will ye flee for help, and where will ye leave your glory?
4 ငါ့ကျေးဇူးကို မခံရသောသူတို့သည်၊ ချုပ်ထား လျက်ရှိသောသူတို့ အောက် မှာ ဦးချ ရကြလိမ့်မည်။ အသေသတ် ခြင်းကို ခံရသောသူတို့ အောက် မှာ လဲ ရကြ လိမ့်မည်။ သို့သော်လည်း၊ အမျက် တော်သည်မ ငြိမ်း ၊ လက် တော်သည်ဆန့် လျက်ရှိသေး၏။
They can but crouch under the prisoners, and they shall fall under the slain. For all this his anger is not turned away, and his hand is stretched out still.
5 အာရှုရိ လူသည်အမင်္ဂလာ ရှိ၏။ ငါ့ အမျက် ၏ လှံတံ ဖြစ်၏။ သူ ကိုင် သောတောင်ဝေး သည် ငါ ဒဏ် ပေး စရာဘို့ ဖြစ်၏။
Ah! the Assyrian! the rod of mine anger! and the staff in their hand is mine indignation.
6 အဓမ္မ လူမျိုး ရှိရာသို့ သူ့ ကိုငါစေလွှတ် မည်။ ငါ့ အမျက် ခံရာ လူစု ကို လုယူ ဖျက်ဆီး ၍၊ လမ်း ၌ ရွှံ့ ကိုကဲ့သို့ ကျော် နင်းစေခြင်းငှါ ၊ သူ့ ကိုငါမှာ ထားမည်။
I will send him against a hypocritical nation, and against the people of my wrath will I give him a charge; to take the spoil, and to seize the prey, and to tread them down like the mire of the streets.
7 သို့ သော်လည်း၊ သူသည်အခြားသောအကြံ၊ အခြားသော အလိုရှိ၏။ သူသည်ဖျက်ဆီး ၍ ၊ များစွာသောလူမျိုး တို့ကို ဖယ်ရှင်း ခြင်းငှါ အလိုရှိ၏။
But he meaneth not so, neither doth his heart think so; for it is in his heart to extirpate and cut off nations not a few.
8 သူသည် အဘယ်သို့ဆိုသနည်းဟူမူကား၊ ငါ ၏ မှုးမတ် တို့သည် မင်းကြီး ဖြစ်ကြသည်မဟုတ် လော။
For he saith, Are not my princes all kings?
9 ကာလနော မြို့သည် ခါခေမိတ် မြို့ကဲ့သို့ ၎င်း၊ ဟာမတ် မြို့သည် အာပဒ် မြို့ကဲ့သို့ ၎င်း၊ ရှမာရိ မြို့သည် ဒမာသက် မြို့ကဲ့သို့ ၎င်း ဖြစ်သည် မဟုတ် လော။
Is not Calno as Karkemish? Is not Hamath as Arpad? Is not Samaria as Damascus?
10 ၁၀ ရှမာရိ ရုပ်တုနှင့် ယေရုရှလင် ရုပ်တုထက် သာ၍မြတ် သော ရုပ်တု ဆင်းတု ကို ကိုးကွယ်သော တိုင်း နိုင်ငံများကို ငါ လု ယူသကဲ့သို့ ၎င်း၊
As my hand hath found the kingdoms of the idols, — and their graven images exceeded those of Jerusalem and Samaria,
11 ၁၁ ရှမာရိ မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု သကဲ့သို့ ၎င်း၊ ယေရုရှလင် မြို့နှင့် သူ ၏ ရုပ်တု တို့ကို ငါပြု မည် မဟုတ် လော ဟုဆို တတ်၏။
— shall I not, as I have done unto Samaria and her idols, so do to Jerusalem and her images?
12 ၁၂ သို့သော်လည်း၊ ထာဝရ ဘုရားသည် ဇိအုန် တောင် နှင့် ယေရုရှလင် မြို့၌ အမှုတော် ကို လက်စသတ် တော်မူပြီးမှ ၊ အာရှုရိ ရှင်ဘုရင် ၏ မာန ထောင်လွှားခြင်း၊ မော် သော မျက်နှာ နှင့် စော်ကား ခြင်းကို ငါကြည့်ရှု၍ စီရင် မည်။
And it shall come to pass, when the Lord hath performed his whole work upon mount Zion and upon Jerusalem, I will punish the fruit of the stoutness of heart of the king of Assyria, and the glory of his high looks.
13 ၁၃ ထိုမင်းက၊ ငါသည် ကိုယ် လက်ရုံး သတ္တိ နှင့် ကိုယ် ဉာဏ် အားဖြင့် ငါတတ် နိုင်၏။ ပညာ သတ္တိနှင့် ငါပြည့်စုံ၏။ လူမျိုး နေရာ အပိုင်းအခြားတို့ကို ငါရွှေ့ ပြီ။ သူ တို့၏ ဘဏ္ဍာ ကို လုယူ ပြီ။ ဘုရင် တို့ကို သူရဲ ကဲ့သို့ နှိမ့်ချ ပြီ။
For he saith, By the strength of my hand I have done [it], and by my wisdom, for I am intelligent; and I have removed the bounds of the peoples, and have robbed their treasures, and, like a valiant man, I have brought down them that sit [on thrones];
14 ၁၄ ငါ့ လက် သည် ငှက်သိုက် ကို တွေ့သကဲ့သို့ ၊ လူ တို့၏ဥစ္စာ ပစ္စည်းကို တွေ့ ပြီ။ စွန့်ပစ် သောငှက်ဥ တို့ကို သိမ်းယူ သကဲ့သို့ ၊ မြေကြီး တန်ဆာရှိသမျှ တို့ကိုငါ သိမ်းယူ ပြီ။ အဘယ်သူမျှအတောင် ကိုမ လှုပ် ၊ နှုတ် သီးကိုမဖွင့် ၊ မမြည် မတွန်ဟုဆို သည် ဖြစ်၍၊
and my hand hath found as a nest the riches of the peoples, and as one gathereth forsaken eggs, have I gathered all the earth; and there was none that moved the wing, or opened the mouth, or chirped.
15 ၁၅ ကြိမ်လုံး သည် ကိုင် သောသူကိုလှုပ် သကဲ့သို့ ၎င်း၊ တောင်ဝေး သည် မိမိသခင်ကိုချီ ကြွသကဲ့သို့ ၎င်း၊ ပုဆိန် သည် ခုတ် သောသူကို စော်ကား ရမည်လော။ လွှ သည် တိုက် သောသူကို ရန်ပြု၍ ထောင်လွှား ရမည်လော။
— Shall the axe boast itself against him that heweth therewith? shall the saw magnify itself against him that wieldeth it? As if the rod should wield them that lift it up; as if the staff should lift up [him who is] not wood!
16 ၁၆ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင်အရှင် ထာဝရဘုရား သည် ထိုမင်း ၏ ဆူဝ သောသူတို့၌ ပိန် ကျုံ့ ခြင်းကို သွင်းပေးတော်မူမည်။ သူ ၏ ဘုန်း အောက် ၌ လည်း မီး လောင် သကဲ့သို့ လောင်စေခြင်းငှါ ရှို့ တော်မူ မည်။
Therefore shall the Lord, Jehovah of hosts, send among his fat ones leanness, and under his glory he shall kindle a burning, like the burning of a fire:
17 ၁၇ ဣသရေလ အမျိုး၏အလင်း သည် မီး ဖြစ် တော်မူ မည်။ သန့်ရှင်း သော ဘုရားသည် မီးလျှံ ဖြစ်တော်မူမည်။ တနေ့ ခြင်းတွင် ၊ ထိုမင်း ၏ ဆူး ပင်အမျိုးမျိုးတို့ကို မီးရှို့၍၊ ကျွမ်း စေတော်မူမည်။
and the light of Israel shall be for a fire, and his Holy One for a flame; and it shall burn and devour his thorns and his briars in one day,
18 ၁၈ တော ၏ဘုန်း ကို၎င်း၊ အသီးအနှံထွက်သောလယ် ၏ ဘုန်းကို၎င်း၊ သူ၏ ကိုယ် ခန္ဓာနံ ဝိညာဉ်နှင့်တကွ ကုန် စေတော်မူသဖြင့်၊ ထိုမင်းသည် နာ သောသူကဲ့သို့ အားလျော့ လိမ့်မည်။
and it shall consume the glory of his forest, and of his fruitful field, both soul and body; and they shall be as when a sick man fainteth.
19 ၁၉ ကြွင်း သော တောပင် တို့ကို သူငယ် သည် စာရင်း ယူနိုင်အောင်၊ အနည်းငယ် မျှသာ ဖြစ် လိမ့်မည်။
And the remainder of the trees of his forest shall be few: yea, a child might write them.
20 ၂၀ ထိုအခါမှစ၍၊ ဘေးလွတ် လျက် ကြွင်း သော ဣသရေလ အမျိုးနှင့် ယာကုပ် အမျိုးသား တို့သည်၊ မိမိ တို့ ကို ညှဉ်းဆဲ သောသူ၌ နောက် တဖန်မ ကိုးစား ဘဲ၊ ဣသရေလ အမျိုး၏ သန့်ရှင်း သောအရှင် ထာဝရဘုရား ၌ အမှန်ကိုးစား ကြလိမ့်မည်။
And it shall come to pass in that day, [that] the remnant of Israel and such as are escaped of the house of Jacob shall no more again rely upon him that smote them; but they shall rely upon Jehovah, the Holy One of Israel, in truth.
21 ၂၁ ကြွင်း သောသူတည်းဟူသော၊ ယာကုပ် အမျိုး၌ ကြွင်း သောသူတို့သည် တန်ခိုးကြီး တော်မူသောဘုရား သခင့်ထံသို့ ပြန် လာကြလိမ့်မည်။
The remnant shall return, the remnant of Jacob, unto the mighty God.
22 ၂၂ အိုဣသရေလ အမျိုး ၊ သင်၏အမျိုးသားတို့သည် သမုဒ္ဒရာ သဲလုံး နှင့် အမျှ များသော်လည်း ၊ ကြွင်း သောသူတို့ သာလျှင် ပြန် လာကြလိမ့်မည်။ စီရင် ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်း ခြင်းသည် တရား သဖြင့် လွှမ်းမိုး ရ လိမ့်မည်။
For though thy people Israel be as the sand of the sea, [only] a remnant of them shall return: the consumption determined shall overflow in righteousness.
23 ၂၃ ကောင်းကင်ဗိုလ်ခြေ ရှင် ထာဝရဘုရား သည် မြေ တပြင်လုံး အလယ် ၌ စီရင် ဆုံးဖြတ်သော၊ သုတ်သင် ပယ်ရှားခြင်းကို ပြု တော်မူလိမ့်မည်။
For a consumption, and [one] determined, will the Lord, Jehovah of hosts, accomplish in the midst of all the land.
24 ၂၄ ထိုကြောင့်၊ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ဇိအုန် မြို့၌နေ သောငါ ၏လူမျိုး ၊ အာရှုရိ မင်းကြောင့် မ ကြောက် နှင့်။ သူ၏ ကြိမ်လုံး နှင့် သင့် ကိုရိုက် မည်။ အဲဂုတ္တု မင်း ပြု သည်နည်းတူ သူ ၏လှံတံ ကို သင် ၏အပေါ် မှာမိုး လိမ့်မည်။
Therefore thus saith the Lord, Jehovah of hosts: O my people that dwellest in Zion, be not afraid of the Assyrian; he shall smite thee with a rod, and shall lift up his staff against thee, after the manner of Egypt:
25 ၂၅ သို့သော်လည်း၊ ခဏ ကြာပြီးမှ သူ တို့သည်ပျက်စီး ခြင်းသို့ရောက်သောအားဖြင့် ၊ ငါ့အမျက် သည်ငြိမ်း ၍၊ ငါ့ စိတ်လည်းပြေလိမ့်မည်။
for yet a very little while, and the indignation shall be accomplished, and mine anger, in their destruction.
26 ၂၆ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား သည် ဩရဘ ကျောက် နား မှာ မိဒျန် အမျိုးသားတို့ကို ဒဏ်ခတ် သကဲ့သို့ ၎င်း၊ ပင်လယ် ကိုလှံတံ တော်နှင့် မိုး သကဲ့သို့၎င်း၊ ထိုမင်းအဘို့ ဘေးဥပဒ်ကို ပြင်ဆင်၍၊ အဲဂုတ္ထု လက်ထက်၌ကဲ့သို့ တဖန် လှံတံ တော်ကို ချီ တော်မူမည်။
And Jehovah of hosts will stir up a scourge against him, according to the slaughter of Midian at the rock of Oreb; and his rod [shall be] upon the sea, and he will lift it up after the manner of Egypt.
27 ၂၇ ထို ကာလ ၌ သူ ၏ဝန် ကို သင် ၏ပခုံး ပေါ် က ၎င်း၊ သူ ၏ထမ်းဘိုး ကိုသင် ၏လည်ပင်း ပေါ် က ၎င်း ချ ရ၏။ ဆူဝ ခြင်းကျေးဇူးကြောင့် ထမ်းဘိုး ပျက်စီး ရ၏။
And it shall come to pass in that day, [that] his burden shall be taken away from off thy shoulder, and his yoke from off thy neck; and the yoke shall be destroyed because of the anointing. ...
28 ၂၈ အာရပ် မြို့သို့ ရောက် လေပြီ။ မိဂရုန် မြို့တိုင်အောင် လွန် သွားပြီ။ မိတ်မတ် မြို့၌ လှည်း များကို ချ ထားပြီ။
He is come to Aiath, he hath passed through Migron; at Michmash he layeth up his baggage.
29 ၂၉ တောင်ကြားကို လွန် ကြပြီ။ ဂေဗ မြို့၌ စားခန်း ချ ကြပြီ။ ရာမ မြို့သည် ကြောက်လန့် လျက်ရှိ၏။ ရှောလု နေရာဂိဗာ မြို့သည် ပြေး ၏။
They are gone through the pass; they make their lodging at Geba: Ramah trembleth, Gibeah of Saul is fled.
30 ၃၀ အိုဂလ္လိမ် မြို့သမီး ၊ ကြွေးကြော် လော့။ အိုလဲရှ မြို့၊ နားထောင် လော့။ အာနသုတ် မြို့သည် အမင်္ဂလာ ရှိ၏။
Lift up thy voice, daughter of Gallim! Hearken, O Laish! — Poor Anathoth!
31 ၃၁ မာဒမေန မြို့သည် ပြောင်း သွားပြီ။ ဂေဗိပ် မြို့သား တို့သည် လွတ်အောင်ပြေး ကြ၏။
Madmenah is fugitive; the inhabitants of Gebim take to flight.
32 ၃၂ နောဘ မြို့၌ တရက်နေပြီးမှ၊ ဇိအုန် သတို့သမီး ၏ တောင် တည်းဟူသောယေရှုရှလင် တောင် ကိုရွယ်၍၊ မိမိ လက် ကို လှုပ် လိမ့်မည်။
Still a day of halting at Nob; he shaketh his hand [against] the mount of the daughter of Zion, the hill of Jerusalem. ...
33 ၃၃ ကောင်းကင်ဗိုလ်ခြေ သခင် အရှင် ထာဝရဘုရား သည် ကြောက်မက် ဘွယ်သော အခြင်းအရာနှင့် သစ်ပင်အထွဋ်ကို ပယ်ရှင်း တော်မူမည်။ အရပ် မြင့် သော အခက် တို့ကို ခုတ်လှဲ ၍ ၊ ကြီးမား သော အခက်တို့ကို နှိမ့်ချ တော်မူမည်။
Behold the Lord, Jehovah of hosts, shall lop the boughs with violence; and the high ones of stature shall be hewn down, and the haughty shall be brought low;
34 ၃၄ တော အုပ်ကို ပုဆိန် နှင့် ခုတ် ပယ်တော်မူ၍ ၊ လေဗနုန် တောသည် တန်ခိုး ကြီးသောသူ ၏လက်အားဖြင့်လဲ လျက်နေလိမ့်သတည်း။
and he shall make clearings in the thickets of the forest with iron; and Lebanon shall fall by a mighty one.

< ဟေရှာယ 10 >