< ကမ္ဘာ​ဦး 37 >

1 ယာကုပ် သည် မိမိ အဘ တည်းခို ရာခါနာန် ပြည် ၌ နေ ၏။
וַיֵּשֶׁב יַעֲקֹב בְּאֶרֶץ מְגוּרֵי אָבִיו בְּאֶרֶץ כְּנָֽעַן׃
2 ယာကုပ် အမျိုးအနွယ်၏ အတ္ထုပ္ပတ္တိ များ ဟူမူကား ၊ ယောသပ် သည် အသက် တဆယ် ခုနစ် နှစ်ရှိ ၍၊ အစ်ကို တို့နှင့်အတူ သိုး ဆိတ်များကို ထိန်း လေ၏။ အဘ ၏မယား ဗိလဟာ နှင့် ဇိလပ ၏သား တို့နှင့်အတူ နေ၍၊ သူ တို့အပြစ် ကို အဘ အား ကြား ပြောတတ်၏။
אֵלֶּה ׀ תֹּלְדוֹת יַעֲקֹב יוֹסֵף בֶּן־שְׁבַֽע־עֶשְׂרֵה שָׁנָה הָיָה רֹעֶה אֶת־אֶחָיו בַּצֹּאן וְהוּא נַעַר אֶת־בְּנֵי בִלְהָה וְאֶת־בְּנֵי זִלְפָּה נְשֵׁי אָבִיו וַיָּבֵא יוֹסֵף אֶת־דִּבָּתָם רָעָה אֶל־אֲבִיהֶֽם׃
3 ဣသရေလ သည် အသက် ကြီးစဉ်အခါသား ယောသပ်ကို ရသောကြောင့် ၊ အခြားသော သား အပေါင်း တို့ကို ချစ် သည်ထက် ယောသပ် ကို သာ၍ချစ်၏။ အဆင်း အရောင်ထူးခြားသော အင်္ကျီ ကို ချုပ် ၍ ပေး၏။
וְיִשְׂרָאֵל אָהַב אֶת־יוֹסֵף מִכׇּל־בָּנָיו כִּֽי־בֶן־זְקֻנִים הוּא לוֹ וְעָשָׂה לוֹ כְּתֹנֶת פַּסִּֽים׃
4 အဘ သည် မိမိသားအပေါင်းတို့တွင်၊ ယောသပ် ကိုသာ၍ ချစ် ကြောင်းကို၊ အစ်ကို တို့သည် သိမြင် သောအခါ ၊ သူ့ ကိုမုန်း ၍ မေတ္တာ စကားကို သူ့ အား မ ပြော နိုင်ကြ။
וַיִּרְאוּ אֶחָיו כִּֽי־אֹתוֹ אָהַב אֲבִיהֶם מִכׇּל־אֶחָיו וַֽיִּשְׂנְאוּ אֹתוֹ וְלֹא יָכְלוּ דַּבְּרוֹ לְשָׁלֹֽם׃
5 ယောသပ် သည် အိပ်မက် ကို မြင် ၍ ၊ အစ်ကို တို့ အား ပြန်ပြော သဖြင့် ၊ သူတို့သည် သာ၍ မုန်း ကြ၏။
וַיַּחֲלֹם יוֹסֵף חֲלוֹם וַיַּגֵּד לְאֶחָיו וַיּוֹסִפוּ עוֹד שְׂנֹא אֹתֽוֹ׃
6 အိပ်မက်ကို အဘယ်သို့ပြန်ပြောသနည်းဟူမူကား၊ ကျွန်ုပ်မြင် ရသောအိပ်မက် ကို နားထောင် ကြပါ လော့။
וַיֹּאמֶר אֲלֵיהֶם שִׁמְעוּ־נָא הַחֲלוֹם הַזֶּה אֲשֶׁר חָלָֽמְתִּי׃
7 ကျွန်ုပ် တို့သည် လယ် ၌ ကောက်လှိုင်း ကို စည်း ၍ နေကြစဉ်တွင်၊ ကျွန်ုပ် ကောက်လှိုင်း သည် ထ ၍ မတ်တတ်နေသဖြင့်၊ သင် တို့၏ ကောက်လှိုင်း တို့သည် ဝိုင်း ၍ ရပ် လျက် ၊ ကျွန်ုပ် ကောက်လှိုင်း ကို ရှိခိုး ကြသည်ဟု ပြောဆို လေ၏။
וְהִנֵּה אֲנַחְנוּ מְאַלְּמִים אֲלֻמִּים בְּתוֹךְ הַשָּׂדֶה וְהִנֵּה קָמָה אֲלֻמָּתִי וְגַם־נִצָּבָה וְהִנֵּה תְסֻבֶּינָה אֲלֻמֹּתֵיכֶם וַתִּֽשְׁתַּחֲוֶיןָ לַאֲלֻמָּתִֽי׃
8 အစ်ကို တို့ကလည်း၊ သင်သည် ငါ တို့၌ မင်း ပြု ရလိမ့်မည်လော၊ ငါ တို့ကို အစိုး ရလိမ့်မည်လောဟု ပြန် ဆို ၍ ၊ သူ ၏အိပ်မက် နှင့် သူ ၏စကား အကြောင်း ကြောင့် သာ၍ မုန်း ကြ၏။
וַיֹּאמְרוּ לוֹ אֶחָיו הֲמָלֹךְ תִּמְלֹךְ עָלֵינוּ אִם־מָשׁוֹל תִּמְשֹׁל בָּנוּ וַיּוֹסִפוּ עוֹד שְׂנֹא אֹתוֹ עַל־חֲלֹמֹתָיו וְעַל־דְּבָרָֽיו׃
9 တဖန် အိပ်မက် ကိုမြင် ပြန်၍ အစ်ကို တို့အား ၊ အခြားသော အိပ်မက် ကို ကျွန်ုပ်မြင် ရပြီ။ နေ ၊ လ နှင့်တကွ ၊ ကြယ် ဆယ့် တလုံး တို့သည်၊ ကျွန်ုပ် ကို ရှိခိုး ကြ၏ဟု ကြားပြော လေ၏။
וַיַּחֲלֹם עוֹד חֲלוֹם אַחֵר וַיְסַפֵּר אֹתוֹ לְאֶחָיו וַיֹּאמֶר הִנֵּה חָלַמְתִּֽי חֲלוֹם עוֹד וְהִנֵּה הַשֶּׁמֶשׁ וְהַיָּרֵחַ וְאַחַד עָשָׂר כּֽוֹכָבִים מִֽשְׁתַּחֲוִים לִֽי׃
10 ၁၀ ထိုသို့အဘ နှင့် အစ်ကို တို့အား ကြားပြော သောအခါ ၊ အဘ က ၊ သင်မြင် သောအိပ်မက် သည် အဘယ်သို့ နည်း။ ငါ နှင့် သင် ၏အမိ ၊ သင် ၏ အစ်ကို တို့သည် သင့် ထံ သို့ စင်စစ် လာ ၍ ဦးညွှတ် ချရမည်လောဟူ၍၊ သူ့ ကို ဆုံးမ လေ၏။
וַיְסַפֵּר אֶל־אָבִיו וְאֶל־אֶחָיו וַיִּגְעַר־בּוֹ אָבִיו וַיֹּאמֶר לוֹ מָה הַחֲלוֹם הַזֶּה אֲשֶׁר חָלָמְתָּ הֲבוֹא נָבוֹא אֲנִי וְאִמְּךָ וְאַחֶיךָ לְהִשְׁתַּחֲוֺת לְךָ אָֽרְצָה׃
11 ၁၁ အစ်ကို တို့သည် သူ့ ကို ငြူစူ ကြ၏။ အဘ သည် ထိုအရာ ကို မှတ် လေ၏။
וַיְקַנְאוּ־בוֹ אֶחָיו וְאָבִיו שָׁמַר אֶת־הַדָּבָֽר׃
12 ၁၂ အစ်ကို တို့သည် အဘ ၏သိုး ဆိတ်များကို ရှေခင် မြို့မှာ ထိန်း ခြင်းငှါ သွား ကြ၏။
וַיֵּלְכוּ אֶחָיו לִרְעוֹת אֶת־צֹאן אֲבִיהֶם בִּשְׁכֶֽם׃
13 ၁၃ ဣသရေလ သည် ယောသပ် ကို ခေါ် ၍ ၊ သင် ၏ အစ်ကို တို့သည် သိုးဆိတ်များကို ရှေခင် မြို့မှာ ထိန်း ကြသည်မ ဟုတ်လော။ လာ ပါ။ သင့် ကို သူ တို့ရှိရာသို့ ငါ စေလွှတ် မည်ဟုခေါ်လျှင်၊ ကျွန်ုပ် ရှိ ပါသည်ဟုဆို သော်၊
וַיֹּאמֶר יִשְׂרָאֵל אֶל־יוֹסֵף הֲלוֹא אַחֶיךָ רֹעִים בִּשְׁכֶם לְכָה וְאֶשְׁלָחֲךָ אֲלֵיהֶם וַיֹּאמֶר לוֹ הִנֵּֽנִי׃
14 ၁၄ အဘ က သွား ပါ၊ အစ်ကို တို့သည် ချမ်းသာ သလော၊ သိုး ဆိတ်တို့လည်း ကောင်းမွန် စွာရှိသလောဟူ၍ကြည့်ရှု ပြီးလျှင် ၊ ငါ့ အားသိတင်း ကြားပြော ပါဟု မှာ လိုက်လျက်၊ ဟေဗြုန် ချိုင့် မှ စေလွှတ် သဖြင့် ၊ သူသည် ရှေခင် မြို့သို့ ရောက် လေ၏။
וַיֹּאמֶר לוֹ לֶךְ־נָא רְאֵה אֶת־שְׁלוֹם אַחֶיךָ וְאֶת־שְׁלוֹם הַצֹּאן וַהֲשִׁבֵנִי דָּבָר וַיִּשְׁלָחֵהוּ מֵעֵמֶק חֶבְרוֹן וַיָּבֹא שְׁכֶֽמָה׃
15 ၁၅ တော ၌ လှည့်လည် စဉ်တွင်၊ တစုံတယောက် သောသူနှင့် တွေ့ ၍ ထိုသူ က၊ သင်သည် ဘာ ကိုရှာ သနည်း ဟုမေး လျှင်၊
וַיִּמְצָאֵהוּ אִישׁ וְהִנֵּה תֹעֶה בַּשָּׂדֶה וַיִּשְׁאָלֵהוּ הָאִישׁ לֵאמֹר מַה־תְּבַקֵּֽשׁ׃
16 ၁၆ အစ်ကို များကို ရှာ ၏။ အဘယ် မှာထိန်း ကြသည် ကို ပြော ပါဟုဆိုသော်၊
וַיֹּאמֶר אֶת־אַחַי אָנֹכִי מְבַקֵּשׁ הַגִּֽידָה־נָּא לִי אֵיפֹה הֵם רֹעִֽים׃
17 ၁၇ ထိုသူ က၊ ဤ အရပ်မှ ထွက် သွားပြီ။ ဒေါသန် မြို့သို့ သွား ကြစို့ဟု သူတို့ပြော သံကို ကျွန်ုပ်ကြား ခဲ့ပြီဟုဆို ၏။ ယောသပ် သည်လည်း ၊ အစ်ကို တို့ကို လိုက် ရှာ၍ ဒေါသန် မြို့မှာ တွေ့ လေ၏။
וַיֹּאמֶר הָאִישׁ נָסְעוּ מִזֶּה כִּי שָׁמַעְתִּי אֹֽמְרִים נֵלְכָה דֹּתָיְנָה וַיֵּלֶךְ יוֹסֵף אַחַר אֶחָיו וַיִּמְצָאֵם בְּדֹתָֽן׃
18 ၁၈ အနီးသို့မ ရောက် မှီ အဝေး ၌ ရှိစဉ်ပင်၊ အစ်ကိုတို့ သည်မြင် လျှင် ၊ သတ် ခြင်းငှါ တိုင်ပင် လျက်၊
וַיִּרְאוּ אֹתוֹ מֵרָחֹק וּבְטֶרֶם יִקְרַב אֲלֵיהֶם וַיִּֽתְנַכְּלוּ אֹתוֹ לַהֲמִיתֽוֹ׃
19 ၁၉ ကြည့် လော့။ အိပ်မက် ဆရာ လာ ပြီ။
וַיֹּאמְרוּ אִישׁ אֶל־אָחִיו הִנֵּה בַּעַל הַחֲלֹמוֹת הַלָּזֶה בָּֽא׃
20 ၂၀ ကိုင်ကြ။ သူ့ ကိုသတ် ၍ တစုံတခု သောတွင်း ထဲ သို့ ချ ပစ်ကြစို့။ ဆိုး သောသားရဲ တစုံတခုကိုက်စား ပြီဟု ပြော ကြစို့။ ထိုသို့ပြုလျှင်၊ သူ ၏ အိပ်မက် တို့သည် အဘယ်သို့ နေရာ ကျမည်ကို ကြည့် ကြစို့ဟု အချင်းချင်းပြောဆိုကြ၏။
וְעַתָּה ׀ לְכוּ וְנַֽהַרְגֵהוּ וְנַשְׁלִכֵהוּ בְּאַחַד הַבֹּרוֹת וְאָמַרְנוּ חַיָּה רָעָה אֲכָלָתְהוּ וְנִרְאֶה מַה־יִּהְיוּ חֲלֹמֹתָֽיו׃
21 ၂၁ ထိုစကားကို ရုဗင် ကြား လျှင် ၊ သူ့ကို မ သတ် ဘဲ နေကြစို့ဟုဆို လျက် ၊ သူ တို့လက် မှ ယောသပ် ကို နှုတ် လေ၏။
וַיִּשְׁמַע רְאוּבֵן וַיַּצִּלֵהוּ מִיָּדָם וַיֹּאמֶר לֹא נַכֶּנּוּ נָֽפֶשׁ׃
22 ၂၂ တဖန် ရုဗင် က၊ သူ ၏အသွေး ကို မ သွန်း ကြနှင့်။ ကိုယ်လက် နှင့် မ ပြု ဘဲ၊ တော ၌ ဤ မည်သောတွင်း ထဲ သို့ ချ ကြစို့ဟု သူ တို့လက် မှ ယောသပ် ကို နှုတ် ယူ၍၊ အဘ ၌ တဖန် အပ် မည်အကြံရှိသည်နှင့်ဆို လေ၏။
וַיֹּאמֶר אֲלֵהֶם ׀ רְאוּבֵן אַל־תִּשְׁפְּכוּ־דָם הַשְׁלִיכוּ אֹתוֹ אֶל־הַבּוֹר הַזֶּה אֲשֶׁר בַּמִּדְבָּר וְיָד אַל־תִּשְׁלְחוּ־בוֹ לְמַעַן הַצִּיל אֹתוֹ מִיָּדָם לַהֲשִׁיבוֹ אֶל־אָבִֽיו׃
23 ၂၃ ယောသပ် သည် အစ်ကို တို့ထံ သို့ရောက် သောအခါ ၊ သူ ဝတ်သောအင်္ကျီ ၊ အဆင်း ထူးခြားသောအင်္ကျီ ကို ချွတ် ပြီးမှ၊
וַֽיְהִי כַּֽאֲשֶׁר־בָּא יוֹסֵף אֶל־אֶחָיו וַיַּפְשִׁיטוּ אֶת־יוֹסֵף אֶת־כֻּתׇּנְתּוֹ אֶת־כְּתֹנֶת הַפַּסִּים אֲשֶׁר עָלָֽיו׃
24 ၂၄ သူ့ ကိုကိုင် ယူ၍ တွင်း ထဲ သို့ ချ ကြ၏။ ထိုတွင်း ၌ ရေ မရှိ၊ သွေ့ခြောက် သောတွင်း ဖြစ်သတည်း။
וַיִּקָּחֻהוּ וַיַּשְׁלִכוּ אֹתוֹ הַבֹּרָה וְהַבּוֹר רֵק אֵין בּוֹ מָֽיִם׃
25 ၂၅ ထိုနောက် အစာ စား ခြင်းငှါ ထိုင် ကြစဉ် မြော် ကြည့် ၍ ၊ ဣရှမေလ အမျိုးသားအစုအဝေးသည် ဂိလဒ် ပြည်မှ လာ ၍ နံ့သာ မျိုး၊ ဗာလစံစေး ၊ မုရန်စေး များ ကို ကုလားအုပ် ပေါ်၌ တင် ဆောင်လျက်၊ အဲဂုတ္တု ပြည်သို့ ခရီးသွား ကြသည်ကို မြင် လျှင်၊
וַיֵּשְׁבוּ לֶֽאֱכׇל־לֶחֶם וַיִּשְׂאוּ עֵֽינֵיהֶם וַיִּרְאוּ וְהִנֵּה אֹרְחַת יִשְׁמְעֵאלִים בָּאָה מִגִּלְעָד וּגְמַלֵּיהֶם נֹֽשְׂאִים נְכֹאת וּצְרִי וָלֹט הוֹלְכִים לְהוֹרִיד מִצְרָֽיְמָה׃
26 ၂၆ ယုဒ က၊ ငါတို့သည် ညီ ကိုသတ် ၍ သေ ကြောင်းကို ဖွက် ထားလျှင် အဘယ် ကျေးဇူး ရှိသနည်း။
וַיֹּאמֶר יְהוּדָה אֶל־אֶחָיו מַה־בֶּצַע כִּי נַהֲרֹג אֶת־אָחִינוּ וְכִסִּינוּ אֶת־דָּמֽוֹ׃
27 ၂၇ ကိုင်ကြ။ ကိုယ်တိုင် မ ညှဉ်းဆဲဘဲ၊ ဣရှမေလ လူတို့အား ရောင်း လိုက်ကြစို့။ သူသည် တို့ ညီ ၊ တို့ အမျိုး ဖြစ်၏ဟု အစ်ကိုတို့အားဆိုသည်ရှိသော်၊ ညီအစ် ကိုတို့ သည် ဝန်ခံ ကြ၏။
לְכוּ וְנִמְכְּרֶנּוּ לַיִּשְׁמְעֵאלִים וְיָדֵנוּ אַל־תְּהִי־בוֹ כִּֽי־אָחִינוּ בְשָׂרֵנוּ הוּא וַֽיִּשְׁמְעוּ אֶחָֽיו׃
28 ၂၈ ထိုအခါ၊ မိဒျန် အမျိုးသား ကုန်သည် တို့သည် ခရီးသွား ကြစဉ်တွင် ၊ အစ်ကိုတို့သည် ယောသပ် ကို တွင်း ထဲက ဆွဲ တင် ပြီးလျင် ၊ ငွေ အကျပ်နှစ်ဆယ် အဘိုး နှင့် ဣရှမေလ လူတို့အား ရောင်း ၍၊ ထိုသူတို့သည် ယောသပ် ကိုအဲဂုတ္တု ပြည်သို့ ဆောင်သွား ကြ၏။
וַיַּֽעַבְרוּ אֲנָשִׁים מִדְיָנִים סֹֽחֲרִים וַֽיִּמְשְׁכוּ וַיַּֽעֲלוּ אֶת־יוֹסֵף מִן־הַבּוֹר וַיִּמְכְּרוּ אֶת־יוֹסֵף לַיִּשְׁמְעֵאלִים בְּעֶשְׂרִים כָּסֶף וַיָּבִיאוּ אֶת־יוֹסֵף מִצְרָֽיְמָה׃
29 ၂၉ ရုဗင် သည်လည်း တွင်း သို့ သွား ၍ ၊ တွင်း ထဲမှာ ယောသပ် မ ရှိသည်ကို မြင် လျင်၊ မိမိ အဝတ် ကို ဆွဲဆုတ် လျက်၊
וַיָּשׇׁב רְאוּבֵן אֶל־הַבּוֹר וְהִנֵּה אֵין־יוֹסֵף בַּבּוֹר וַיִּקְרַע אֶת־בְּגָדָֽיו׃
30 ၃၀ ညီ တို့ရှိရာသို့ သွား ၍ ၊ သူငယ် မ ရှိပါတကား။ ငါ သည် အဘယ်သို့ သွား ရပါ မည်နည်းဟု ဆို လေ၏။
וַיָּשׇׁב אֶל־אֶחָיו וַיֹּאמַר הַיֶּלֶד אֵינֶנּוּ וַאֲנִי אָנָה אֲנִי־בָֽא׃
31 ၃၁ သူတို့သည်လည်း၊ ယောသပ် အင်္ကျီ ကိုယူ ၍ ၊ ဆိတ် သငယ် ကိုသတ် ပြီးမှ ၊ အင်္ကျီ ကိုအသွေး ၌ နှစ် လေ၏။
וַיִּקְחוּ אֶת־כְּתֹנֶת יוֹסֵף וַֽיִּשְׁחֲטוּ שְׂעִיר עִזִּים וַיִּטְבְּלוּ אֶת־הַכֻּתֹּנֶת בַּדָּֽם׃
32 ၃၂ ထိုနောက်မှ ၊ အဆင်း ထူးခြားသော ထိုအင်္ကျီ ကို ပေး လိုက်၍၊ အချို့တို့သည် အဘ ထံ သို့ဆောင် ခဲ့လျက် ၊ ဤ အင်္ကျီကို အကျွန်ုပ်တို့ တွေ့ ပါပြီ။ သား ၏အင်္ကျီ ဟုတ် သည် မဟုတ်သည်ကို ကြည့် ပါဟုဆို လျှင်၊
וַֽיְשַׁלְּחוּ אֶת־כְּתֹנֶת הַפַּסִּים וַיָּבִיאוּ אֶל־אֲבִיהֶם וַיֹּאמְרוּ זֹאת מָצָאנוּ הַכֶּר־נָא הַכְּתֹנֶת בִּנְךָ הִוא אִם־לֹֽא׃
33 ၃၃ ထို အင်္ကျီကို အဘမှတ်မိ ၍ ၊ ငါ့ သား ၏ အင်္ကျီ မှန်၏။ သူ့ ကိုဆိုး သော သားရဲ ကိုက်စား ပြီ။ အကယ်၍ယောသပ် ကိုအပိုင်းပိုင်းကိုက်ဖြတ် ပါပြီတကားဟုဆို လျက်၊
וַיַּכִּירָהּ וַיֹּאמֶר כְּתֹנֶת בְּנִי חַיָּה רָעָה אֲכָלָתְהוּ טָרֹף טֹרַף יוֹסֵֽף׃
34 ၃၄ မိမိ အဝတ် ကို ဆွဲဆုတ် ၍ ၊ လျှော်တေ အဝတ်ကို ပတ်စည်း သဖြင့် ၊ အင်တန် ကာလပတ်လုံး၊ သား ကြောင့် စိတ် မသာ ညည်းတွားလျက် နေလေ၏။
וַיִּקְרַע יַעֲקֹב שִׂמְלֹתָיו וַיָּשֶׂם שַׂק בְּמׇתְנָיו וַיִּתְאַבֵּל עַל־בְּנוֹ יָמִים רַבִּֽים׃
35 ၃၅ သား သမီး အပေါင်း တို့သည်၊ အဘ ကို နှစ်သိမ့် စေခြင်းငှါ ကြိုးစားသော်လည်း ၊ သူသည် နှစ်သိမ့် စေသော စကားကို နား မထောင်ဘဲ၊ ငါ့ သား ရှိ ရာ မရဏာ နိုင်ငံသို့ စိတ် မသာညည်းတွားလျက် ဆင်းသက် တော့မည်ဟု ဆို လေ၏။ ထိုသို့ယောသပ်အဘသည် သား ကြောင့် ငိုကြွေး မြည်တမ်းလျက် နေလေ၏။ (Sheol h7585)
וַיָּקֻמוּ כׇל־בָּנָיו וְכׇל־בְּנֹתָיו לְנַחֲמוֹ וַיְמָאֵן לְהִתְנַחֵם וַיֹּאמֶר כִּֽי־אֵרֵד אֶל־בְּנִי אָבֵל שְׁאֹלָה וַיֵּבְךְּ אֹתוֹ אָבִֽיו׃ (Sheol h7585)
36 ၃၆ ယောသပ် ကိုကား၊ မိဒျန် လူတို့သည် အဲဂုတ္တု ပြည် သို့ ဆောင်သွား၍၊ ဖါရော ဘုရင်၏ အမတ် ဖြစ်သော ကိုယ်ရံတော် မှူး၊ ပေါတိဖါ ထံ မှာ ရောင်း ကြ၏။
וְהַמְּדָנִים מָכְרוּ אֹתוֹ אֶל־מִצְרָיִם לְפֽוֹטִיפַר סְרִיס פַּרְעֹה שַׂר הַטַּבָּחִֽים׃

< ကမ္ဘာ​ဦး 37 >