< ယေဇကျေလ 45 >
1 ၁ သင်တို့သည် မြေ ကို အမွေခံ ခြင်းငှါစာရေးတံချ ၍ ပိုင်းခြားသောအခါ ၊ သန့်ရှင်း သောမြေ တကွက်ကို ထာဝရဘုရား အား ပူဇော် ရကြမည်။ ထိုအကွက်သည် အလျား ကျူလုံးအပြန်နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိရမည်။ နယ်နိမိတ် ရှိသမျှ သည်လည်း သန့်ရှင်း ရမည်။
၁ဣသရေလအနွယ်အပေါင်းတို့အားမြေယာ ကိုခွဲဝေပေးပြီးနောက် ထာဝရဘုရားအဖို့ မြေတစ်ကွက်ကိုမြင့်မြတ်သန့်ရှင်းသောနယ် မြေအဖြစ်သီးသန့်ထားရမည်။ ယင်းသည် အလျားရှစ်မိုင်၊ အနံခြောက်မိုင်ရှိရမည်။ ထိုနယ်မြေတစ်ခုလုံးသည်မြင့်မြတ်သန့် ရှင်းလိမ့်မည်။-
2 ၂ ထိုမြေကွက်အလယ်၌ အလျားအတောင်ငါး ရာ ၊ အနံလည်း အတောင်ငါး ရာ ရှိသော စတုရန်း အကွက် သည် သန့်ရှင်း ရာဌာနဘို့ ဖြစ် ရမည်။ ထိုအကွက် ပတ်လည် ၌ သန့်ရှင်းသော နယ် လည်းအတောင် ငါးဆယ် ရှိရမည်။
၂ဗိမာန်တော်အတွက်စတုရန်းရှစ်ရာလေး ဆယ်ပေရှိသောမြေကွက်ပါဝင်ရမည်။ ထို မြေကွက်ပတ်လည်တွင်အနံရှစ်ဆယ့်လေး ပေရှိသောမြေလပ်ရှိရမည်။-
3 ၃ ထိုသို့အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ကိုတိုင်း ပြီးမှ အလွန် သန့်ရှင်းသောအရပ်နှင့် သန့်ရှင်း သောဌာနတည်ရာ ဖြစ် ရမည်။
၃အလွန်သန့်ရှင်းမြင့်မြတ်သည့်ဌာနတည်း ဟူသောဗိမာန်တော်တည်ရှိမည်။-
4 ၄ ထိုသန့်ရှင်း သောမြေ သည် ထာဝရဘုရား ၏ အမှုတော်ကို ဆောင် ခြင်းငှါ အထံတော်သို့ချဉ်းကပ် ၍၊ သန့်ရှင်း ရာဌာန၏ အမှု စောင့်၊ ယဇ်ပုရောဟိတ် တို့အဘို့ ဖြစ်ရမည်။ သူ တို့ အိမ် ဆောက်စရာနှင့် သန့်ရှင်း ရာဌာနတည်စရာဘို့ သန့်ရှင်း သော မြေဖြစ် ရမည်။
၄ဗိမာန်တော်တွင်ထာဝရဘုရား၏ထံတော် သို့ချဉ်းကပ်၍ အမှုတော်ကိုထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အတွက်သီးသန့်ထားရာ သန့်ရှင်းမြင့်မြတ်သည့်ဌာနပါရှိ၍ သူတို့ နေထိုင်ရန်အိမ်များရှိရာအပိုင်းနှင့်ဗိမာန် တော်တည်ရှိရာအပိုင်းပါရှိလိမ့်မည်။-
5 ၅ အလျား နှစ်သောင်း ငါးထောင်၊ အနံ တသောင်း ရှိသောအကွက်သည် အိမ် တော်အမှု စောင့်လေဝိ လူတို့ နေရာအခန်း နှစ်ဆယ် တည်ဆောက်စရာဘို့ ဖြစ် ရမည်။
၅ကျန်မြေကွက်တစ်ဝက်တွင်ဗိမာန်တော် ဝေယျာဝစ္စကိုဆောင်ရွက်ရသူလေဝိအနွယ် ဝင်တို့အတွက်မြို့များတည်ဆောက်ရန်ဖြစ် ရမည်။
6 ၆ မြို့ တော်နှင့်ဆိုင်သောမြေသည် သန့်ရှင်း သော အရပ်တဘက်တချက် ၌ အလျားတသောင်း ငါးထောင်၊ အနံ ငါး ထောင် ရှိ၍၊ ဣသရေလ အမျိုးသား အပေါင်း တို့ အဘို့ ဖြစ် ရမည်။
၆မြို့တစ်မြို့တည်ရန်အတွက်အလျားရှစ်မိုင်၊ အနံရှစ်မိုင်ရှိသောမြေယာကိုလည်းဖယ် ထားရမည်။ ထိုမြေယာသည်သန့်ရှင်းမြင့် မြတ်သည့်နယ်မြေနှင့်ကပ်လျက်နေပြီးလျှင် ဣသရေလအမျိုးသားတို့နေထိုင်ရန် အတွက်ဖြစ်ရမည်။
7 ၇ သန့်ရှင်း သောမြေကွက် နှင့် မြို့ တော် နယ်နိမိတ်အနောက် ဘက်တရှောက်လုံးတပိုင်း၊ အရှေ့ ဘက် တရှောက်လုံးတပိုင်းသည် မင်းသား အဘို့ ဖြစ်ရမည်။
၇နန်းစံနေဆဲမင်းသားအတွက်မြေယာတစ် ကွက်ကိုလည်းဖယ်ထားရမည်။ ယင်းသည်သန့် ရှင်းမြင့်မြတ်သည့်နယ်မြေ၏အနောက်ဘက် နယ်နိမိတ်မှအနောက်ဘက်သို့လားသော်မြေ ထဲပင်လယ်အထိ၊ အရှေ့ဘက်သို့လားသော် တိုင်းပြည်၏အရှေ့နယ်နိမိတ်အထိဖြစ်ရ မည်။ ယင်း၏အလျားသည်ဣသရေလအမျိုး နွယ်တစ်နွယ်အတွက်သတ်မှတ်ထားသည့်နယ် မြေ၏အလျားအတိုင်းဖြစ်ရမည်။-
8 ၈ ငါ ၏မင်းသား တို့သည် နောက် တဖန် ငါ ၏လူ တို့ ကို မ ညှဉ်းဆဲ မည်အကြောင်း၊ ထိုမြေသည် ဣသရေလ ပြည်၌ မင်းသားပိုင် သော မြေ ဖြစ် ရမည်။ ကြွင်းသော မြေ ကို ဣသရေလ အမျိုးအနွယ် အသီးအသီးတို့အား ပေးဝေ ရမည်။
၈ဤနယ်မြေသည်နန်းစံနေဆဲဖြစ်သောမင်း သား၏ဝေစုဖြစ်စေရမည်။ သို့မှသာလျှင် သူသည်ပြည်သူတို့အားနှိပ်စက်ကလူမပြု တော့ဘဲဣသရေလအနွယ်အသီးသီးတို့ အားကြွင်းကျန်သည့်မြေယာများကိုပိုင် ဆိုင်ခွင့်ပေးလိမ့်မည်။
9 ၉ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ အိုဣသရေလ မင်းသား တို့၊ ရောင့်ရဲ သောစိတ် ရှိကြလော့။ အနိုင်အထက်ပြု ခြင်း၊ လုယူ ခြင်းအမှုတို့ကို ပယ်ရှား ၍ ၊ တရား သောအမှု ၊ ဟုတ်မှန် သော အမှုတို့ကို ပြု ကြလော့။ နောက်တဖန်ငါ ၏ လူ တို့ကို မ ညှဉ်းဆဲ မနှိပ်စက်ကြနှင့်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၉အရှင်ထာဝရဘုရားက``အချင်းဣသရေလ မင်းသားတို့၊ သင်တို့အပြစ်ကူးလွန်လျက် နေသည်မှာကြာလေပြီ။ သင်တို့၏အကြမ်း ဖက်မှုနှင့်နှိပ်စက်ကလူပြုမှုတို့ကိုရပ်စဲ ကြလော့။ မှန်ရာတရားမျှတရာတို့ကိုပြု ကျင့်ကြလော့။ သင်တို့သည်ငါ၏လူမျိုးတော် အားတိုင်းပြည်မှနောက်ထပ်ဘယ်အခါ၌မျှ မနှင်မထုတ်ရကြ။ ဤကားသင်တို့အား ငါအရှင်ထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။
10 ၁၀ မှန် သောချိန်ခွင် ၊ မှန် သောဧဖါ ၊ မှန် သော ဗတ် တို့ကို သုံး ရကြမည်။
၁၀``လူတိုင်းပင်အလေးမှန်တင်းမှန်ကိုအသုံး ပြုရကြမည်။
11 ၁၁ ဧဖါ နှင့် ဗတ် သည် အညီအမျှ ရှိ ရမည်။ နှစ်ပါးသည် ဟောမဲ ကို အမှီပြု၍၊ ဧဖါ သည်တဟောမဲ တွင် ဆယ်စုတစု ၊ ဗတ် သည်လည်း တဟောမဲ တွင် ဆယ်စုတစု ရှိ ရမည်။
၁၁``ကုန်ခြောက်ကိုခြင်တွယ်သည့်ဧဖာသည် အရည်ကိုခြင်တွယ်သည့်ဗတ်နှင့်တူညီရမည်။ ဟောမဲကိုအမှီပြု၍ခြင်တွယ်ရသည်။ တစ်ဟောမဲတွင်တစ်ဆယ်ဧဖာသို့မဟုတ် တစ်ဆယ်ဗက်ရှိသတည်း။
12 ၁၂ ဂေရာ နှစ်ဆယ် ကိုတကျပ် ၊ အကျပ် ခြောက်ဆယ် ကို တမာနေ ရှိ ရမည်။
၁၂``သင်တို့၏အလေးများသည်အောက်ပါ အတိုင်းဖြစ်ရမည်။ နှစ်ဆယ်ဂေရာသည်တစ်ကျပ်၊ခြောက်ဆယ်ကျပ် သည်တစ်မာနေဖြစ်၏။
13 ၁၃ ချီးမြှောက် ရာ ပူဇော်သက္ကာပြုသောအခါ၊ ဂျုံ ဆန်ဖြစ်စေ၊ မုယော ဆန်ဖြစ်စေ၊ တဟောမဲတွင်တဩမဲ ကို ပူဇော် ရမည်။
၁၃``သင်တို့သည်ပူဇော်သကာများဆက်သရာ တွင်အောက်ပါအခြေခံမူကိုအသုံးပြုရ ကြမည်။ ဂျုံဆန်သို့မဟုတ်မုယောဆန်ကို ပေးလှူသောအခါသင်တို့ရိတ်သိမ်း၍ရ ရှိသည့် ဂျုံဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊မုယော ဆန်ပမာဏ၏ခြောက်ဆယ်ပုံတစ်ပုံ၊သံလွင် ဆီကိုသင်တို့၏သံလွင်ပင်များမှထွက်ရှိ သမျှ၏တစ်ရာပုံတစ်ပုံကိုပေးလှူရမည်။ (ယင်းကိုဗတ်ဖြင့်ချိန်တွယ်ရမည်။ ဆယ်ဗတ် လျှင်တစ်ဟောမဲ၊ သို့မဟုတ်တစ်ကောရရှိ၏။) ဣသရေလပြည်၊ ရေများသောစားကျက် များမှ သိုးအကောင်နှစ်ရာလျှင်တစ်ကောင် ကျပူဇော်ရမည်။ ``သင်တို့၏အပြစ်များမှဖြေလွှတ်ကြစေ ရန်ဘောဇဉ်ပူဇော်သကာများမီးရှို့ရာယဇ် နှင့်မိတ်သဟာယအတွက်တိရစ္ဆာန်များကို ယူဆောင်လာရမည်။ ဤကားငါအရှင် ထာဝရဘုရား၏အမိန့်တော်ဖြစ်၏။
14 ၁၄ ဆီ နှင့်ဆိုင်သော ပညတ် ဟူမူကား၊ တ ကောရတွင် ဗတ် ဆယ်စုတစု ကို ပူဇော်ရမည်။ တဟောမဲ သည် ဆယ် ဗတ် ဖြစ်သောကြောင့် တကောရသည်ဆယ် ဗတ် ဖြစ်သတည်း။
၁၄
15 ၁၅ သူ တို့အပြစ် ကို ဖြေခြင်းငှါ ဣသရေလ ကျက်စား ရာ၊ ရေများသော အရပ်၌ရှိသောသိုး နှစ်ရာ တွင် သိုးသငယ် တကောင် ကို ဘော်ဇဉ် ပူဇော်သက္ကာနှင့်တကွ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်တို့ကိုပူဇော်ရကြမည်ဟု အရှင် ထာဝရဘုရား မိန့် တော်မူ၏။
၁၅
16 ၁၆ ထိုချီးမြှောက် ရာပူဇော်သက္ကာကို ပြည်သူ ပြည်သားအပေါင်း တို့သည် ဣသရေလ မင်းသား အား ဆက် ရကြမည်။
၁၆``ပြည်သူအပေါင်းတို့သည်ဤပူဇော်သကာ များကိုနန်းစံနေဆဲမင်းသားထံသို့ယူ ဆောင်သွားရကြမည်။-
17 ၁၇ မင်းသားသည်လည်းပွဲသဘင် နေ့၊ လဆန်း နေ့၊ ဥပုသ် နေ့၊ ဣသရေလ အမျိုး ပရိသတ် စည်းဝေးသော နေ့ရက်အစဉ်အတိုင်းမီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ သွန်းလောင်း ရာ ပူဇော်သက္ကာတို့ကို ပူဇော် ရမည်။ ဣသရေလ အမျိုး ၏အပြစ် ကို ဖြေခြင်းငှါ အပြစ် ဖြေရာ ယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ မီးရှို့ ရာယဇ်၊ မိဿဟာယ ယဇ်ကိုလည်း ပူဇော် ရမည်။
၁၇လဆန်းနေ့၊ ဥပုသ်နေ့နှင့်အခြားပွဲနေ့တို့၌ ဣသရေလအမျိုးသားတစ်ရပ်လုံးအတွက် မီးရှို့ရာယဇ်အတွက်တိရစ္ဆာန်များ၊ ဘောဇဉ် ပူဇော်သကာများနှင့်စပျစ်ရည်ပူဇော် သကာများကိုနန်းစံနေဆဲမင်းသားသည် ဆက်သရသောတာဝန်ရှိသည်။ သူသည် ဣသရေလအမျိုးသားတို့အပြစ်များ ပြေစေခြင်းငှာအပြစ်ဖြေရာယဇ်၊ ဘောဇဉ် ပူဇော်သကာ၊ မီးရှို့ရာယဇ်နှင့်မိတ်သဟာယဇ် တို့အတွက်စီမံရမည်'' ဟုမိန့်တော်မူ၏။
18 ၁၈ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ပဌမ လ တ ရက်နေ့တွင် ၊ အပြစ် မပါ၊ အသက်ပျို သော နွားထီး တကောင်ကိုယူ ၍ သန့်ရှင်း ရာဌာနကို စင်ကြယ် စေရမည်။
၁၈အရှင်ထာဝရဘုရားကငါ့အား``သင်သည် ပထမလ၊ လဆန်းတစ်ရက်နေ့၌ဗိမာန်တော် ကိုသန့်စင်စေရန်အတွက် အပြစ်အနာအဆာ ကင်းသည့်နွားထီးတစ်ကောင်ကိုယဇ်ပူဇော် ရမည်။-
19 ၁၉ ယဇ်ပုရောဟိတ် သည် အပြစ် ဖြေရာ ယဇ်ကောင်အသွေး အချို့ကို ယူ ၍ အိမ် တော်တိုင် ၌ ၎င်း ၊ ယဇ်ပလ္လင် အောက်ထစ် လေး ထောင့် ၌ ၎င်း ၊ အတွင်း တန်တိုင်း တံခါး တိုင် ၌ ၎င်း ထည့် ရမည်။
၁၉ယဇ်ပုရောဟိတ်သည်အပြစ်ဖြေရာယဇ် ကောင်၏သွေးအနည်းငယ်ကိုယူ၍ ဗိမာန် တော်တံခါးတိုင်များ၊ ယဇ်ပလ္လင်၏ထောင့် လေးထောင့်နှင့် တံတိုင်းအတွင်းရှိဝင်းသို့ ဝင်ရာတံခါးတိုင်များကိုသုတ်ရမည်။-
20 ၂၀ ထိုမှတပါး ၊ မှားယွင်း သောသူနှင့် မိုက် သောသူ အတွက် ခုနှစ် ရက်နေ့တွင်၊ ထိုနည်းတူ ပူဇော် ၍၊ အိမ် တော်အတွက် အပြစ် ဖြေရာမင်္ဂလာကို ပြုရမည်။
၂၀မည်သူမဆိုအမှုမဲ့အမှတ်မဲ့သော်လည်း ကောင်း၊ မသိနားမလည်သဖြင့်သော်လည်း ကောင်းအပြစ်ကူးလွန်မိခဲ့လျှင်ထိုသူ အပြစ်ဖြေရန်အတွက်ထိုလဆန်းခုနစ် ရက်နေ့၌ဤနည်းအတိုင်းပင်ပြုရမည်။ ဤ နည်းအားဖြင့်သင်သည်ဗိမာန်တော်ကိုသန့် စင်စွာထားရှိရမည်။
21 ၂၁ ပဌမ လ တဆယ် လေး ရက် နေ့တွင် ၊ ပသခါ ပွဲ ကို ခံ ရမည်။ ခုနစ် ရက် ပတ်လုံးပွဲခံစဉ်တွင်တဆေးမဲ့ မုန့်ကိုသာ စား ရမည်။
၂၁ပထမလ၊ လဆန်းတစ်ဆယ့်လေးရက်နေ့ ၌ပသခါပွဲတော်ကိုစတင်ကျင်းပရမည်။ လူတိုင်းပင်တဆေးမဲ့မုန့်ကိုခုနစ်ရက်တိုင် တိုင်စားရကြမည်။-
22 ၂၂ ထို နေ့ ၌ မင်းသား သည် ကိုယ် ဘို့ ၎င်း ၊ ပြည်သူ ပြည်သားအပေါင်း တို့ဘို့ ၎င်း၊ နွားထီး တကောင်ကို အပြစ် ဖြေရာ ယဇ်ပူဇော် ရမည်။
၂၂ပွဲတော်ပထမနေ့၌နန်းစံနေဆဲမင်းသား သည်မိမိ၏အတွက်နှင့်လူအပေါင်းတို့ အတွက်အပြစ်ဖြေရာယဇ်အဖြစ်နွားထီး တစ်ကောင်ကိုပူဇော်ရမည်။-
23 ၂၃ ပွဲ နေ့ခုနစ် ရက် ပတ်လုံးထာဝရဘုရား အား မီးရှို့ ရာယဇ်ကို နွားထီး ခုနစ် ကောင်၊ အပြစ် မပါသော သိုးထီး ခုနစ် ကောင်ကို၎င်း၊ အပြစ် ဖြေရာ ယဇ်ဘို့ဆိတ်သငယ် တကောင်ကို၎င်းနေ့ တိုင်းပူဇော် ရမည်။
၂၃သူသည်ခုနစ်ရက်ပတ်လုံးနေ့စဉ်နေ့တိုင်း ထာဝရဘုရားအားအပြစ်အနာဆာကင်း သည့်နွားထီးခုနစ်ကောင်နှင့်သိုးထီးခုနစ် ကောင်ကိုမီးရှို့ရာယဇ်အဖြစ်ဖြင့်လည်းကောင်း၊ ဆိတ်ထီးတစ်ကောင်ကိုအပြစ်ဖြေရာယဇ် အဖြစ်ဖြင့်လည်းကောင်းပူဇော်ရမည်။-
24 ၂၄ နွား ဖြစ်စေ၊ သိုး ဖြစ်စေ၊ တကောင်တကောင်နှင့် ပါရသော ဘောဇဉ် ပူဇော်သက္ကာဘို့ မုန့်ညက်တဧဖါ ၊ ဆီ တဟိန် ကို ပြင်ဆင် ရမည်။
၂၄ယဇ်ပူဇော်သောနွားထီးတစ်ကောင်နှင့်သိုးထီး တစ်ကောင်လျှင်မုန့်ညက်တင်းဝက်၊ သံလွင်ဆီ တစ်ပိဿာငါးဆယ်သားကိုလည်းပူဇော်ရ မည်။
25 ၂၅ သတ္တမ လ တဆယ် ငါး ရက် နေ့တွင် ၊ ပွဲ ခံ၍ ယခင် အပြစ် ဖြေရာ ယဇ်၊ မီးရှို့ ရာယဇ်၊ ဘောဇဉ် ပူဇော်သက္ကာ၊ ဆီ ပူဇော်သက္ကာပြုသည်အတိုင်း ခုနစ် ရက် ပတ်လုံးပြု ရမည်။
၂၅``သတ္တမလ၊ လဆန်းဆယ့်ငါးရက်နေ့၌အစ ပြုသောသကေနေပွဲတော်အတွက်မင်းသား သည်ပွဲတော်ရက်ခုနစ်ရက်တိုင်တိုင်နေ့စဉ် အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ မုန့်ညက်နှင့် သံလွင်ဆီပူဇော်သကာတို့ကိုယခင်ကနည်း အတိုင်းပူဇော်ရမည်'' ဟုမိန့်တော်မူ၏။