< ယေဇကျေလ 3 >
1 ၁ တဖန် ၊ အချင်းလူသား ၊ သင်တွေ့ သောအရာ ကို စား လော့။ ဤ စာလိပ် ကိုစားပြီးလျှင်၊ ဣသရေလ အမျိုးသား တို့ရှိရာသို့ သွား ၍ ဟောပြော လော့ဟု မိန့် တော်မူသည်အတိုင်း ၊
Akanambia, “Mwanadamu, kile ulichokikuta, kula. Kula hili gombo, kisha nenda kaongee na nyumba ya Israeli.”
2 ၂ ငါ သည်ပစပ် ကိုဖွင့် စဉ် ထို စာလိပ် ကို ခွံ့ တော်မူလျက် ၊
Basi nikafungua kinywa changu, na akanilisha hilo gombo.
3 ၃ အချင်းလူသား ၊ ငါ ပေး သော ဤ စာလိပ် ကို စား ၍ ဝမ်း ပြည့် စေလော့ဟု မိန့် တော်မူသည်အတိုင်း ၊ ငါသည် စား ၍ ပစပ် ၌ ပျားရည် ကဲ့သို့ ချို ၏။
Akanambia, “Mwana wa adamu, lisha tumbo lako na jaza tumbo lako kwa hili gombo ambalo nimekupa!” Basi nikalila, na lilikuwa tamu kama asali kwenye mdomo wangu.
4 ၄ တဖန် ၊ အချင်းလူသား ၊ ဣသရေလ အမျိုးသား တို့ ရှိရာသို့ သွား ၍ ငါ့ စကား ကို ဟောပြော လော့။
Kisha akanambia, “Mwana wa adamu, nenda kwenye nyumba ya Israeli na ongea maneno yangu kwao.
5 ၅ သင် မသိမကျွမ်း၊ နားလည်ခဲသော စကားကို ပြောတတ်သော လူမျိုး ရှိရာသို့ သင့်ကို ငါစေလွှတ်သည် မဟုတ်။ ဣသရေလ အမျိုး ရှိရာသို့ စေလွှတ် ၏။
Kwa kuwa hujatumwa kwa watu wenye maneno ya kushangaza au lugha ngumu, lakini kwa nyumba ya Israeli-
6 ၆ သင်မ သိ မကျွမ်း၊ နားလည် ခဲသောစကား၊ အလျှင်း နား မလည်နိုင်သော စကား ကို ပြောတတ်သော လူ အမျိုးမျိုး တို့ ရှိရာသို့ စေလွှတ်သည်မဟုတ်။ အကယ်၍ ထိုသို့ သောသူ တို့ ရှိရာသို့ စေလွှတ် လျှင်၊ သင့် စကားကို နားထောင် ကြလိမ့်မည်။
sio kwa taifa lenye nguvu ya maneno ya ajabu au lugha ngumu ambao maneno yao hutaweza kuyaelewa! Kama nikikutuma kwao, watakusikiliza.
7 ၇ ဣသရေလ အမျိုး တို့မူကား ၊ သင့် စကားကို နား မ ထောင်ကြ။ ငါ့ စကားကို ပင် နား မ ထောင်ကြ။ ဣသရေလ အမျိုးသား အပေါင်း တို့သည် ခိုင်မာ သော နဖူး နှင့် ခိုင်မာ သော နှလုံး ရှိကြ၏။
Lakini nyumba ya Israeli haitakuwa tayari kukusikiliza, kwa kuwa hawako tayari kunisikiliza mimi. Hivyo nyumba yote ya Israeli ni paji gumu na moyo mgumu.
8 ၈ သို့ရာတွင်၊ သူ တို့မျက်နှာ တဘက် ၌ သင် ၏ မျက်နှာ ကို၎င်း ၊ သူ တို့နဖူး တဘက် ၌ သင် ၏နဖူး ကို၎င်းငါခိုင်ခံ့ စေ ပြီ။
Kumbe nimeufanya uso wako kama kaidi kama nyuso zao na paji lako kuwa gumu kama mapaji yao.
9 ၉ သင် ၏နဖူး ကို ကျောက် ထက် မက၊ စိန် ထက် သာ၍ခိုင်မာ စေ ပြီ။ သူ တို့သည် ပုန်ကန် တတ်သော အမျိုး ဖြစ်၍ ၊ သင်သည်မ ကြောက် နှင့်။ သူ တို့မျက်နှာရည်ကြောင့် စိတ် မ ပျက်နှင့်ဟု မိန့်တော်မူ၏။
Nimekufanya paji lako kama almasi, gumu kuliko jiwe la kiberiti! Usiwaogope wala kufadhaika kwa nyuso zao, kwa kuwa ni nyumba ya uasi.”
10 ၁၀ တဖန် ၊ အချင်းလူသား ၊ သင့် အား ငါပြော လတံ့ သမျှ သော စကား တို့ကို နားထောင် ၍ နှလုံး သွင်း လော့။
Kisha akanambia, “Mwana wa adamu, maneno yote niliyokutangazia-yachukue kwenye moyo wako na wasikize kwa sikio lako!
11 ၁၁ သိမ်းသွား ခြင်းကို ခံရသောသင် ၏အမျိုးသား ချင်းတို့ရှိရာသို့ သွား ၍ ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ဟု၊ သူတို့နားထောင် သည်ဖြစ်စေ ၊ နား မထောင်သည်ဖြစ်စေ ၊ ဟောပြောလော့ဟု မိန့်တော်မူ၏။
Kisha nenda kwa watumwa, kwa watu wako, na uzungumze nao. Waambie, 'Hivi ndivyo Bwana Yahwe asemavyo; iwapo watasikia au hapana.”
12 ၁၂ ထိုအခါ ဝိညာဉ် တော်သည် ငါ့ ကိုချီ ၍ ၊ ထာဝရဘုရား ကျိန်းဝပ် တော်မူရာ အရပ်မှ ဘုန်း တော်သည် မင်္ဂလာ ရှိစေသတည်းဟု၊ ငါ့ နောက် ၌ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို ငါကြား ၏။
Kisha Roho akaniinua juu, na nikasikia nyuma yangu sauti yenye tetemeko la aridhi: “Ubarikiwe utukufu wa Yahwe kutoka mahali pake!”
13 ၁၃ တခု နှင့်တခုစပ်လျက်ရှိသောသတ္တဝါ တို့၏ အတောင် များမြည်သံ ကို၎င်း ၊ သူ တို့အနား မှာ ဘီး များ မြည်သံ ကို၎င်း၊ ကြီးစွာ သော လှုပ်ရှား ခြင်းအသံ ကို၎င်း ငါကြားရ၏။
Ilikuwa sauti ya mabawa ya viumbe hai vilipokuwa vikigusana kila kimoja, na sauti ya magurudumu ambayo yalikuwa pamoja na hivyo viumbe, na sauti ya tetemeko kubwa arithi.
14 ၁၄ ဝိညာဉ် တော်သည် ငါ့ ကိုချီသွား တော်မူ၍ ၊ ငါ သည်ခါး သောစိတ်၊ ပူပန် သောစိတ် နှင့်လိုက် ရ၏။ ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ လေးလံ စွာ တင် လျက်ရှိ၏။
Roho akaniinua juu na kunichukua, Nikaenda kwa uchungu katika hasira kali rohoni mwangu, kwa kuwa mkono wa Yahwe ulikuwa na nguvu ukigandamiza juu yangu!
15 ၁၅ သိမ်းသွား ခြင်းကိုခံရ၍ ၊ ခေဗာ မြစ် နား ၊ တေလဗိဗ ရွာမှာ နေရာ ကျသောသူတို့ ရှိရာသို့ ငါရောက် ၍ ၊ သူ တို့နေရာ အရပ်၌ ခုနစ် ရက် ပတ်လုံးမိန်းမောတွေဝေလျက်နေ၏။
Hivyo nikaenda kwa watumwa huko Tel Abibu waliokuwa wakiishi karibu na Kebari Kanali, na niliishi miongoni mwao huko kwa mda wa miaka saba, kushinda kabisa katika mshangao.
16 ၁၆ ခုနစ် ရက် လွန် မှ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍ ၊
Kisha ikatokea baada ya siku saba kwamba neno la Yahwe likanijia, likisema,
17 ၁၇ အချင်းလူသား ၊ သင့် ကိုဣသရေလ အမျိုး တွင် ကင်း စောင့်အရာ၌ ငါခန့်ထား သောကြောင့် ၊ ငါ သတိ ပေးသောစကား ကို နားထောင် ၍ သူ တို့အား ဆင့်ဆိုလော့။
“Mwana wa adamu, nimekufanya uwe mwangalizi kwa ajili ya nyumba ya Israeli, hivyo sikiliza neno kutoka kinywani mwangu, na uwapatie onyo langu.
18 ၁၈ သင်သည် အမှန်သေ လိမ့်မည်ဟု၊ လူဆိုး အား ငါ ပြော လျက် နှင့် သင်သည်သတိ မ ပေး၊ လူဆိုး ၏ အသက် ကို ချမ်းသာစေခြင်းငှါ ၊ လူဆိုး အား သတိ ပေးသောစကား ကို မ ပြော ဘဲနေလျှင် ထို လူဆိုး သည် မိမိ အပြစ် ၌ သေ လိမ့်မည်။ သူ ၏အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
Nitakaposema kwa waovu, 'Utakufa hakika' na usimuonye au kuzungumza onyo kwa waovu kuhusu matendo yao maovu hivyo anaweza kuishi-yule muovu atakufa kwa ajili ya dhambi yake, lakini nitaitaka damu yake kutoka kwenye mkono wako.
19 ၁၉ သို့မဟုတ် ၊ သင် သည် လူဆိုး ကို သတိ ပေးလျက် နှင့်သူ သည် မိမိ ပြုသော ဒုစရိုက် ကို ၎င်း ၊ မိမိ လိုက်သော အဓမ္မ လမ်း ကို ၎င်းမ ရှောင် ဘဲနေလျှင် ၊ မိမိ အပြစ် ၌ သေ လိမ့်မည်။ သင် မူကား ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီ။
Lakini kama ukimuonya muovo, na asiuache uovu wake au kutoka matendo yake maovu, kisha atakufa kwa dhambi yake, lakini utaokoa maisha yako mwenyewe.
20 ၂၀ တဖန်တုံ ၊ ဖြောင့်မတ် သောသူသည်ဖေါက်ပြန် ၍ ဒုစရိုက် ကိုပြု လျှင် ၎င်း ၊ ထိမိ ၍ လဲစရာအကြောင်းကို သူ့ ရှေ့ မှာငါထား လျှင် ၎င်း သူ သည် သေ လိမ့်မည်။ သင်သည်သတိ မ ပေးသောကြောင့် ၊ သူသည်မိမိ အပြစ် ၌ သေ လိမ့်မည်။ သူကျင့် ဘူးသော တရား ကို ပမာဏ မ ပြုရ။ သူ ၏ အသက် ကိုကား ၊ သင် ၌ ငါတောင်း မည်။
Kama mwenye haki ataicha haki yake na kutenda yasiyohaki, na nikaweka kizuizi mbele yake, atakufa. Kwasababu hukumuonya, atakufa katika dhambi yake, na sintokumbuka matendo ya haki aliyoyafanya, lakini nitaitaka damu yake kutoka kwenye mkono wako.
21 ၂၁ သို့မဟုတ် ၊ ဖြောင့်မတ် သောသူသည် ဒုစရိုက် ကို မ ပြုမည်အကြောင်း ၊ သင် သည်သတိ ပေး၍ သူ သည် ဒုစရိုက် ကို မ ပြုဘဲနေလျှင် ၊ သတိ ပေးသောကျေးဇူးကြောင့် စင်စစ်အသက် ချမ်းသာလိမ့်မည်။ သင် သည် လည်း ၊ ကိုယ် အသက် ဝိညာဉ်ကို ကယ်နှုတ် လေပြီဟု မိန့်တော်မူ၏။
Lakini kama ukimuonya mwenye mtu mwenye haki kuacha kufanya dhambi halafu akaacha kutenda dhambi, ataishi hakika tangu alipo unywa; na utakuwa umeokoa maisha yako mwenyewe.”
22 ၂၂ တဖန် ထာဝရဘုရား ၏လက် တော်သည် ငါ့ အပေါ် မှာ တင် ပြီးလျှင် ၊ သင်ထ ၍ လွင်ပြင် သို့ သွား လော့။ ထို အရပ်၌ ငါပြော မည်ဟု မိန့် တော်မူသည် အတိုင်း ၊
Hivyo mkono wa Yahwe ulikuwa juu yangu huko, akanambia, “Inuka! nenda uwandani, na nitaongea na wewe huko!”
23 ၂၃ ငါသည် ထ ၍ လွင်ပြင် သို့ သွား ၏။ ရောက်သောအခါ ခေဗာ မြစ် နား မှာ ငါမြင် ဘူးသော ထာဝရဘုရား ၏ ဘုန်း တော်သည် ရပ် တော်မူ၍ ၊ ငါသည် ပြပ်ဝပ်လျက် နေ၏။
Nikainuka na kwenda uwandani, na huko utukufu wa Yahwe ulisimama, kama utukufu ambao niliokuwa nimeuona karibu na Kebari Kanali; hivyo nikaanguka kifudifudi.
24 ၂၄ ဝိညာဉ် တော်သည် ငါ့ အထဲ သို့ဝင် ၍ မတ်တတ် နေစေလျက် ၊ သင်သွား လော့။ ကိုယ် အိမ် ၌ ပုန်းရှောင် ၍ နေလော့။
Roho akaja kwangu na kusimama juu ya miguu yangu; akaongea na mimi, na kunambia, “Nenda na jifungie mwenyewe kwenye nyumba yako,
25 ၂၅ အချင်းလူသား ၊ သင် သည်ကြိုး နှင့် ချည်နှောင် ခြင်းကိုခံ ၍ သူ တို့တွင် မ ထွက် ရ။
kwa sasa, mwana wa adamu, wataweka kamba juu yako na kukufunga ili usiweze kutoka nje miongoni mwao.
26 ၂၆ သင် သည် သူ တို့ကို မ ဆုံးမ ဘဲနေ စေခြင်းငှါ ၊ စကား အလျက် သင့် လျှာ ကိုအာခေါင် ၌ ကပ် စေမည်။ အကြောင်း မူကား၊ သူ တို့သည်ပုန်ကန် တတ်သောအမျိုး ဖြစ်ကြ၏။
Nitaufanya ulimi wako ugandamane na paa ya mdomo wako, ili kwamba uwe kimya, na hutaweza kuwakemea, kwa kuwa ni nyumba ya waasi.
27 ၂၇ သို့ရာတွင် ၊ သင့် အားငါ ပြော သောအခါ သင့် နှုတ် ကို ငါဖွင့် မည်။ သင်က၊ အရှင် ထာဝရဘုရား မိန့် တော်မူ၏ ဟု သူ တို့အား ဟောပြော ရမည်။ နားထောင် သောသူသည် နားထောင် စေ၊ နား မထောင်သောသူသည် နား မထောင်ဘဲနေစေ။ သူ တို့သည်ပုန်ကန် တတ်သော အမျိုး ဖြစ်ကြသည် ဟုမိန့်တော်မူ၏။
Lakini nitakapozungumza na wewe, nitafungua mdomo wako hivyo utawaambia, 'Hivi ndivyo Bwana Yahwe asemavyo.' Yeye asikiaye na asikie; yeye asiyesikia na asisikie, kwa kuwa wao ni nyumba ya kuasi!”