< ယေဇကျေလ 17 >
1 ၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ ရောက်လာ၍၊
2 ၂ အချင်းလူသား ၊ သင်သည်ဣသရေလ အမျိုး အား စကားထာ ဝှက်၍ ပုံ ပြောလျက် ၊
၂အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ ပုံပြောလျက်၊
3 ၃ ထာဝရဘုရား မိန့် တော်မူသောစကားကို ဆင့်ဆို ရမည်မှာ ၊ ထူးခြားသော အဆင်း အရောင်၊ များပြားသော အမွေး နှင့်ပြည့်စုံ ၍၊ ရှည်လျား ကြီးမား သော အတောင် ရှိသောရွှေလင်းတ ကြီး သည် လေဗနုန် တောင် သို့ လာ ၍၊ အာရဇ် ပင်၏အဖျား ကိုကိုင် လျက် ၊
၃ထာဝရဘုရားမိန့်တော်မူသော စကားကို ဆင့်ဆိုရမည်မှာ၊ ထူးခြားသော အဆင်းအရောင်၊ များပြား သော အမွေးနှင့်ပြည့်စုံ၍၊ ရှည်လျားကြီးမားသော အတောင်ရှိသောရွှေလင်းတကြီးသည် လေဗနုန်တောင် သို့လာ၍၊ အာရဇ်ပင်၏အဖျားကိုကိုင်လျက်၊
4 ၄ အမြင့်ဆုံး သော အညွန့် တို့ကို ချိုး ဆိတ်၍ ကုန်သွယ် ရာပြည် သို့ ချီဆောင် ပြီးလျှင်၊ ကုန်သည် မြို့ ၌ စိုက် လေ၏။
၄အမြင့်ဆုံးသော အညွန့်တို့ကို ချိုးဆိတ်၍ ကုန်သွယ်ရာပြည်သို့ ချီဆောင်ပြီးလျှင်၊ ကုန်သည်မြို့၌ စိုက်လေ၏။
5 ၅ မျိုးစေ့ ကို လည်း ယူ ၍ ရေ များ ရာလယ်ကွက် ၌ ပျိုး လျက် ၊ မိုဃ်းမခ ပင်ကဲ့သို့ထား လေ၏။
၅မျိုးစေ့ကိုလည်းယူ၍ ရေများရာလယ်ကွက်၌ ပျိုးလျက်၊ မိုဃ်းမခပင်ကဲ့သို့ ထားလေ၏။
6 ၆ အရပ် နိမ့် လျက်ရှည်လျား စွာနွယ်သော စပျစ် နွယ်ပင်ပေါက် ၍ ၊ မိမိ အခက် အလက်တို့ကို ရွှေ လင်းတရှိရာ သို့ ညွှတ် လျက် ၊ သူ့ အောက် သို့ အမြစ် ထိုး သဖြင့် ၊ အကိုင်း အခက် အလက်အညွန့်တို့နှင့် ပြည့်စုံ သော စပျစ် နွယ်ပင် ဖြစ် လေ၏။
၆အရပ်နိမ့်လျက်ရှည်လျားစွာနွယ်သော စပျစ် နွယ်ပင်ပေါက်၍၊ မိမိ အခက်အလက်တို့ကို ရွှေလင်းတရှိရာ သို့ ညွှတ်လျက်၊ သူ့အောက်သို့ အမြစ်ထိုးသဖြင့်၊ အကိုင်း အခက် အလက်အညွှန့်တို့နှင့် ပြည့်စုံသော စပျစ်နွယ်ပင် ဖြစ်လေ၏။
7 ၇ အမွေး ထူထပ် ၍ ကြီးစွာ သော အတောင် ရှိသောရွှေလင်းတ ကြီး တကောင် ရှိ ၏။ စပျစ် ပင်သည်မိမိ စိုက် ရာ ချောင်းမြောင်း နား မှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေ ကိုရအံ့သောငှါ သူ ရှိရာသို့ အမြစ် သွယ်ဝိုက် ၍ အကိုင်း လည်း ထိုး လေ၏။
၇အမွေးထူထပ်၍ ကြီးစွာသော အတောင်ရှိသော ရွှေလင်းတကြီးတကောင်ရှိ၏။ စပျစ်ပင်သည်မိမိစိုက်ရာ ချောင်းမြောင်းနားမှာ ထိုရွှေလင်းတ၏ကျေးဇူးကြောင့်၊ ရေကိုရအံ့သောငှါ သူရှိရာသို့အမြစ်သွယ်ဝိုက်၍ အကိုင်း လည်း ထိုးလေ၏။
8 ၈ အခက် အလက်နှင့် ပြည့်စုံ ၍ အသီး ကိုသီး သဖြင့် ၊ သန်မြန် သော စပျစ် နွယ်ပင်ဖြစ် စေခြင်းငှါ ရေ များ ရာအရပ် ၊ မြေကောင်း သောလယ်ကွက် ၌ ထို အပင်ကို စိုက် လေပြီ။
၈အခက်အလက်နှင့်ပြည့်စုံ၍ အသီးကိုသီးသဖြင့်၊ သန်မြန်သော စပျစ်နွယ်ပင်ဖြစ်စေခြင်းငှါ ရေများရာ အရပ်၊ မြေကောင်းသောလယ်ကွက်၌ ထိုအပင်ကို စိုက်လေပြီ။
9 ၉ သို့ဖြစ်၍၊ အရှင် ထာဝရ ဘုရား၏ အမိန့် တော်ကို ဆင့်ဆို ရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်း စေခြင်းငှါအမြစ် ကို နှုတ် ၍ အသီး ကိုဆွတ် ရမည် မ ဟုတ်လော ။ ပေါက် လေ သမျှသော အရွက် တို့သည် ညှိုးနွမ်း ရကြလိမ့်မည်။ အမြစ် နှင့်တကွ သုတ်သင်ပယ်ရှင်းခြင်း အမှုကိုပြီးစေခြင်းငှါကြီး သော တန်ခိုး ၊ များပြား သော အလုံး အရင်းကို အလိုမ ရှိ။
၉သို့ဖြစ်၍၊ အရှင်ထာဝရဘုရား၏ အမိန့်တော်ကို ဆင့်ဆိုရမည်မှာ၊ ထိုအပင်သည် ကောင်းစားရမည်လော။ ညှိုးနွမ်းစေခြင်းငှါ အမြစ်ကို နှုတ်၍ အသီးကိုဆွတ်ရမည် မဟုတ်လော။ ပေါက်လေသမျှသော အရွက်တို့သည် ညှိုးနွမ်းရကြလိမ့်မည်။ အမြစ်နှင့် တကွသုတ်သင်ပယ်ရှင်း ခြင်း အမှုကိုပြီးစေခြင်းငှါကြီးသော တန်ခိုး၊ များပြားသော အလုံးအရင်းကို အလိုမရှိ။
10 ၁၀ စိုက် လျက်ရှိ၍ ကောင်းစား ရမည်လော ။ အရှေ့ လေတိုက် သောအခါ အကုန်အစင် ညှိုးနွမ်းရမည် မ ဟုတ်လော ။ ကြီးပွါး သော လယ်ကွက် ၌ ညှိုးနွမ်း ရ လိမ့်မည်ဟု မိန့်တော်မူ၏။
၁၀စိုက်လျက်ရှိ၍ ကောင်းစားရာမည်လော။ အရှေ့လေတိုက်သောအခါ အကုန်အစင်ညှိုးနွမ်းရမည် မဟုတ်လော။ ကြီးပွါးသော လယ်ကွက်၌ ညှိုးနွမ်းရ လိမ့်မည်ဟု မိန့်တော်မူ၏။
11 ၁၁ တဖန် ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ငါ့ ဆီသို့ ရောက် လာ၍၊
၁၁တဖန်ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ငါ့ဆီသို့ရောက်လာ၍၊
12 ၁၂ ပုန်ကန် တတ်သော အမျိုး အား သင်ပြော ရမည်မှာ၊ ဤ စကားအဘယ်သို့ ဆိုလို သည်ကို နားလည် ကြ သလော ။ ဗာဗုလုန် ရှင် ဘုရင်သည် ယေရုရှလင် မြို့သို့ ရောက် ၍ ၊ ယေရုရှလင် ရှင်ဘုရင် နှင့် မှူး တော် မတ်တော် တို့ကို ဗာဗုလုန် မြို့သို့ သိမ်းသွား ပြီ။
၁၂ပုန်ကန်တတ်သော အမျိုးအား သင်ပြောရ မည်မှာ၊ ဤစကားအဘယ်သို့ဆိုလိုသည်ကို နားလည်ကြ သလော။ ဗာဗုလုန်ရှင်ဘုရင်သည် ယေရုရှလင်မြို့သို့ ရောက်၍၊ ယေရုရှလင်ရှင်ဘုရင်နှင့်မှူးတော် မတ်တော် တို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားပြီ။
13 ၁၃ ဆွေ တော်မျိုးတော်ထဲက တယောက်ကိုယူ ၍ ပဋိညာဉ် ဖွဲ့ လျက် သစ္စာ တိုက် လေပြီ။
၁၃ဆွေတော်မျိုးတော်ထဲက တယောက်ကိုယူ၍ ပဋိညာဉ်ဖွဲ့လျက် သစ္စာတိုက်လေပြီ။
14 ၁၄ ထိုနိုင်ငံ သည် ယုတ်ညံ့ ၍ နောက်တဖန်မ ထ မကြွ ဘဲ၊ သစ္စာ တော်ကို စောင့် သောအားဖြင့် သာ တည် စေခြင်းငှါ ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွား ပြီ။
၁၄ထိုနိုင်ငံသည် ယုတ်ညံ့၍နောက်တဖန်မထမကြွ ဘဲ၊ သစ္စာတော်ကို စောင့်သောအားဖြင့်သာ တည်စေခြင်း ငှါ၊ အားကြီးသောနိုင်ငံသားတို့ကိုလည်း သိမ်းသွားပြီ။
15 ၁၅ သို့ရာတွင် ၊ မြင်း များ၊ လူ များ တို့ကို တောင်းခြင်းငှါ သံတမန် ကို အဲဂုတ္တု ပြည်သို့ စေလွတ် ၍ ပုန်ကန် လေပြီ။ ထိုသို့ ပြု သောသူသည် ကောင်းစား ရမည်လော ။ ဘေး လွတ်ရမည်လော ။ သစ္စာ ဖျက် ပြီး မှလွတ် ရမည်လော။
၁၅သို့ရာတွင်၊ မြင်းများ၊ လူများတို့ကို တောင်းခြင်း ငှါ သံတမန်ကို အဲဂုတ္တုပြည်သို့စေလွတ်၍ ပုန်ကန်လေပြီ။ ထိုသို့ပြုသောသူသည် ကောင်းစားရမည်လော။ ဘေး လွတ်ရမည်လော။ သစ္စာဖျက်ပြီးမှလွတ်ရမည်လော။
16 ၁၆ အရှင် ထာဝရဘုရား မိန့် တော်မူသည်ကား၊ ငါ အသက်ရှင် သည်အတိုင်း၊ အကယ် စင်စစ်ရှင် ဘုရင်အရာ၌ ခန့်ထားသော ရှင်ဘုရင် ၏သစ္စာ ကို မ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် သောကြောင့် ၊ ထိုရှင် ဘုရင်နေရာ ဗာဗုလုန် မြို့အလယ် ၌ သေ ရလိမ့်မည်။
၁၆အရှင်ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါအသက်ရှင်သည်အတိုင်း၊ အကယ်စင်စစ် ရှင်ဘုရင် အရာ၌ ခန့်ထားသော ရှင်ဘုရင်၏သစ္စာကို မရိုမသေ ပြု၍ ပဋိညာဉ်ကိုဖျက်သောကြောင့်၊ ထိုရှင်ဘုရင်နေရာ ဗာဗုလုန်မြို့အလယ်၌သေရလိမ့်မည်။
17 ၁၇ ဖာရော ဘုရင်သည်လည်း လူ များ တို့ကို သတ် ခြင်းငှါ ၊ အားကြီး သော ဗိုလ် ပါအလုံးအရင်းများနှင့်အတူ မြေရိုး တို့ကိုဖို့ ၍ ရဲတိုက် တို့ကို ဆောက် သော်လည်း ၊ သူ့အဘို့စစ်တိုက် ၍ မနိုင်ရာ။
၁၇ဖာရောဘုရင်သည်လည်း လူများတို့ကို သတ် ခြင်းငှါ၊ အားကြီးသော ဗိုလ်ပါအလုံးအရင်းများနှင့်အတူ မြေရိုးတို့ကိုဖို့၍ ရဲတိုက်တို့ကို ဆောက်သော်လည်း၊ သူ့အဘို့စစ်တိုက်၍ မနိုင်ရာ။
18 ၁၈ အကြောင်း မူကား၊ ယေရုရှလင် မင်းသည် လက် ချင်းရိုက် ပြီးမှ၊ သစ္စာ တော်ကိုမ ရိုမသေပြု၍ ပဋိညာဉ် ကိုဖျက် လျက် ၊ ဤ အမှုအလုံးစုံ တို့ကို ပြု သောကြောင့် ဘေးမှမ လွတ် ရ။
၁၈အကြောင်းမူကား၊ ယေရုရှလင်မင်းသည် လက်ချင်းရိုက်ပြီးမှ၊ သစ္စာတော်ကိုမရိုမသေပြု၍ ပဋိညာဉ်ကိုဖျက်လျက်၊ ဤအမှုအလုံးစုံတို့ကို ပြုသော ကြောင့် ဘေးမှမလွတ်ရ။
19 ၁၉ ထိုကြောင့် ၊ အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ ငါ အသက် ရှင်သည်အတိုင်း အကယ်စင်စစ်ငါ ၏သစ္စာ ကို မ ရိုမသေပြု၍ ငါ ၏ပဋိညာဉ် ကို ဖျက် သော အပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
၁၉ထိုကြောင့်၊ အရှင်ထာဝရဘုရား မိန့်တော်မူ သည်ကား၊ ငါအသက်ရှင်သည်အတိုင်း အကယ်စင်စစ် ငါ၏သစ္စာကို မရိုမသေပြု၍ ငါ၏ပဋိညာဉ်ကို ဖျက်သောအပြစ် ကို သူ၏ခေါင်းပေါ်သို့ ငါသက်ရောက်စေမည်။
20 ၂၀ ငါ သည် ပိုက်ကွန် နှင့် အုပ် ၍ ၊ ငါ ၏ကျော့ကွင်း နှင့် ကျော့ ပြီးလျှင် ၊ ဗာဗုလုန် မြို့သို့ ဆောင် သွားမည်။ ငါ့ ကို ပြစ်မှား သောအပြစ် ကြောင့် ထို မြို့ ၌ ငါစစ်ကြော စီရင် မည်။
၂၀ငါသည် ပိုက်ကွန်နှင့်အုပ်၍၊ ငါ၏ကျော့ကွင်းနှင့် ကျော့ပြီးလျှင်၊ ဗာဗုလုန်မြို့သို့ဆောင်သွားမည်။ ငါ့ကို ပြစ်မှားသောအပြစ်ကြောင့် ထိုမြို့၌ ငါစစ်ကြောစီရင် မည်။
21 ၂၁ သူ့ ထံမှပြေး သော သူများနှင့် သူရဲ များအပေါင်း တို့သည် ထား ဖြင့် ဆုံး ခြင်းသို့ရောက်၍ ၊ ကျန်ကြွင်း သောသူတို့ သည် အရပ်ရပ် သို့ ကွဲပြား ကြလိမ့်မည်။ ငါ ထာဝရ ဘုရား မိန့် တော်မူသည် ကို သင်တို့သိရ ကြလိမ့်မည်ဟု မိန့်တော်မူ၏။
၂၁သူ့ထံမှပြေးသော သူများနှင့်သူရဲများအပေါင်း တို့သည် ထားဖြင့် ဆုံးခြင်းသို့ရောက်၍၊ ကျန်ကြွင်းသော သူတို့သည် အရပ်ရပ်သို့ ကွဲပြားကြလိမ့်မည်။ ငါထာဝရ ဘုရားမိန့်တော်မူသည်ကို သင်တို့ သိရကြလိမ့်မည်ဟု မိန့်တော်မူ၏။
22 ၂၂ တဖန် အရှင် ထာဝရဘုရား မိန့် တော်မူသည် ကား ၊ မြင့် သော အာရဇ် ပင်၌ အမြင့်ဆုံး သော အညွန့် ကို ငါ ယူ ၍ စိုက် မည်။ အညွန့်ဖျားတို့တွင် နု သော အညွန့်ကိုဆိတ် ၍ ၊ မြင့်မြတ် သော တောင် ပေါ် မှာ ငါ စိုက်ပျိုး မည်။
၂၂တဖန် အရှင်ထာဝရဘုရား မိန့်တော်မူသည် ကား၊ မြင့်သော အာရဇ်ပင်၌ အမြင့်ဆုံးသော အညွန့် ကို ငါယူ၍စိုက်မည်။ အညွန့်ဖျားတို့တွင် နုသော အညွန့်ကိုဆိတ်၍၊ မြင့်မြတ်သော တောင်ပေါ်မှာ ငါစိုက် ပျိုးမည်။
23 ၂၃ အမြင့်ဆုံး သော ဣသရေလ တောင် ပေါ် မှာ ငါ စိုက်ပျိုး ပြီးမှ ၊ အခက် အလက်နှင့်ပြည့်စုံ ၍ အသီး ကို သီး သဖြင့် ၊ ကောင်းမွန် သော စပျစ် နွယ်ပင်ဖြစ် လိမ့်မည်။ ထိုအပင်အောက်၌၎င်း ၊ အခက် အလက်အရိပ် ၌ ၎င်း ၊ ငှက် မျိုးအပေါင်း တို့သည် နေရာ ကျကြလိမ့်မည်။
၂၃အမြင့်ဆုံးသော ဣသရေလတောင်ပေါ်မှာ ငါ စိုက်ပျိုးပြီးမှ၊ အခက်အလက်နှင့်ပြည့်စုံ၍ အသီးကို သီးသဖြင့်၊ ကောင်းမွန်သော စပျစ်နွယ်ပင်ဖြစ်လိမ့်မည်။ ထိုအပင်အောက်၌၎င်း၊ အခက်အလက်အရိပ်၌၎င်း၊ ငှက်မျိုးအပေါင်းတို့သည် နေရာကျကြလိမ့်မည်။
24 ၂၄ ငါ ထာဝရဘုရား သည်မြင့် သော အပင် ကိုနှိမ့် ၍ ၊ နိမ့် သောအပင် ကိုချီးမြှောက် ကြောင်း၊ စိမ်းလန်း သော အပင် ကို သွေ့ခြောက် စေ၍ ၊ သွေ့ ခြောက်သောအပင် ကို စိမ်းလန်း စေကြောင်းများကို၊ တော သစ်ပင် ရှိသမျှ တို့သည် သိရ ကြလိမ့်မည်။ ငါ ထာဝရဘုရား သည် စကား တော် ရှိသည်အတိုင်း ပြု မည်ဟုမိန့်တော်မူ၏။
၂၄ငါထာဝရဘုရားသည်မြင့်သော အပင်ကိုနှိမ့်၍၊ နိမ့်သောအပင်ကိုချီးမြှောက်ကြောင်း၊ စိမ်းလန်းသော အပင်ကို သွေ့ခြောက်စေ၍၊ သွေ့ခြောက်သောအပင်ကို စိမ်းလန်းစေကြောင်းများကို၊ တောသစ်ပင်ရှိသမျှတို့သည် သိရကြလိမ့်မည်။ ငါထာဝရဘုရားသည် စကားတော် ရှိသည်အတိုင်း ပြုမည်ဟုမိန့်တော်မူ၏။