< ထွက်မြောက်ရာ 39 >
1 ၁ သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ၊ ဝတ် ရသောအဝတ် ကို၎င်း၊ အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ကို၎င်း၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်နှင့် လုပ် လေ၏။
၁သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရမည့် ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ခန့် ညားထည်ဝါသောအဝတ်တန်ဆာများကို သူတို့သည် အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးဖြင့်ချုပ်ကြ၏။ ထာဝရဘုရား ကမောရှေအားမိန့်တော်မူသည့်အတိုင်း အာရုန်အတွက်ယဇ်ပုရောဟိတ်တို့၏ အဝတ်တန်ဆာများကိုချုပ်ကြ၏။
2 ၂ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့် ယဇ်ပုရောဟိတ်သင်တိုင်း ကို လုပ်ရာတွင်၊
၂ယဇ်ပုရောဟိတ်သင်တိုင်းကိုပိတ်ချော၊ အပြာ ရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေးနှင့်ရွှေ ချည်တို့ဖြင့်ရက်လုပ်၏။-
3 ၃ ရွှေ ကို အပြား ခတ် ၍ ရွှေ ကြိုးကို လှီး ပြီးမှ၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့ကို ထူးဆန်း စွာ အပြောက်ထိုးလေ၏။
၃အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး၊ ပိတ်ချောတို့တွင်အပြားခတ်ထားသောရွှေ မှလှီးသောရွှေကြိုးများဖြင့်ရက်လုပ်ထား၏။-
4 ၄ သိုင်းကြိုး နှစ်ပင်ကို လုပ် ၍ သင်တိုင်းအပေါ်နားချင်းတွဲမိ စေခြင်းငှာ ၊ တဘက် တချက်ကို ဆွဲချုပ် လေ၏။
၄သင်တိုင်းကိုချည်ထားရန်ပခုံးသိုင်းကြိုးနှစ် ချောင်းကိုတပ်ထား၏။-
5 ၅ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ သင်တိုင်း အပေါ် နား၌ ထူးဆန်းသော ရင်စည်း ကိုလည်း သင်တိုင်း ကိုယ်ကဲ့သို့ ရွှေ နှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော တို့နှင့်၎င်း လုပ် လေ၏။
၅ထာဝရဘုရားကမောရှေအားမိန့်တော်မူသည့် အတိုင်း၊ ကျွမ်းကျင်စွာရက်လုပ်သောခါးပန်း ကို၊ အလားတူပစ္စည်းနှင့်ရက်လုပ်၍ သင်တိုင်း နှင့်တစ်သားတည်းဖြစ်စေကြ၏။-
6 ၆ ရှဟံ ကျောက် နှစ်လုံးကို သွေး ၍ တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့ဣသရေလ အမျိုး ၏ နာမ တို့ကို အက္ခရာတင် ပြီးမှ၊ ရွှေ ကျောက်အိုး ၌ ထည့် လေ၏။
၆သူတို့သည်မဟူရာကျောက်များကိုသွေး၍ ရွှေပန်းထည်၌ထည့်ပြီးလျှင်၊ ယာကုပ်၏ သားတစ်ဆယ့်နှစ်ယောက်တို့၏နာမည်များ ကိုကျောက်များပေါ်တွင်ထွင်းထားလေသည်။-
7 ၇ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့ကို အောက်မေ့ ဘို့ရာ ၊ ထိုကျောက် နှစ်လုံးကို သင်တိုင်း သိုင်းကြိုး အပေါ် မှာ တပ် လေ၏။
၇ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ဣသရေလအမျိုးတစ်ဆယ့် နှစ်မျိုးတို့ကိုကိုယ်စားပြုရန်၊ ထိုကျောက် များကိုပခုံးသိုင်းကြိုးများပေါ်တွင်တပ် ဆင်ထားကြ၏။
8 ၈ ရွှေနှင့်၎င်း၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော နှင့်၎င်း၊ သင်တိုင်း ကို လုပ် သည်နည်းတူ ၊ ရင်ဖုံး ကို ထူးဆန်း စွာ လုပ် လေ၏။
၈သူတို့သည်ရင်ဖုံးကိုသင်တိုင်းချုပ်သည့်ပစ္စည်း များနှင့်ချုပ်၍ အလားတူပန်းထိုးထားကြ သည်။-
9 ၉ ရင်ဖုံး နှစ်ထပ်ခေါက် လျက်၊ အလျား တထွာ ၊ အနံ တထွာ ၊ စတုရန်း လေးထောင့်ဖြစ်၏။
၉ရင်ဖုံးသည်နှစ်ထပ်ခေါက်လျက်အလျား၊ အနံ မှာကိုးလက်မစီရှိသည်။-
10 ၁၀ ထိုရင်ဖုံး ၌ ကျောက် မြတ်ကို လေး တန်း စီ လေ၏။ ပဌမ အတန်း ကား ကျောက်နီ ၊ ဥဿဖရား ၊ ပတ္တမြား။
၁၀သူတို့သည်ထိုရင်ဖုံးပေါ်တွင်ကျောက်မျက် လေးတန်းတပ်ဆင်ထား၏။ ပထမအတန်း တွင်ပတ္တမြား၊ ဥဿဖယား၊ ကျောက်နီ၊-
11 ၁၁ ဒုတိယ အတန်း ကား မြ ၊ နီလာ ၊ စိန်။
၁၁ဒုတိယအတန်းတွင်မြ၊ နီလာ၊ စိန်၊
12 ၁၂ တတိယ အတန်း ကား ဝှါကိန္တု ၊ မဟူရာ ၊ ဂေါမိတ်။
၁၂တတိယအတန်းတွင်ကျောက်စိမ်း၊ မဟူရာ၊ ဂေါ်မိတ်၊
13 ၁၃ စတုတ္ထ အတန်း ကား မျက်ရွဲ ၊ ကြောင် ၊ နဂါးသွဲ့ ဖြစ်၍၊ အသီးအသီး တို့ကို ရွှေ အိုး ၌ စီ လေ၏။
၁၃စတုတ္ထအတန်းတွင်မျက်ရွဲ၊ ကြောင်နှင့်နဂါး သွဲ့ကျောက်တို့ကို ရွှေပန်းထည်များ၌ထည့် သွင်းထား၏။-
14 ၁၄ ဣသရေလ အမျိုး တဆယ် နှစ် မျိုးရှိသည်အတိုင်း တံဆိပ် ပေါ်မှာ အက္ခရာတင် သကဲ့သို့၊ ထိုကျောက် တို့၌ ထိုတဆယ် နှစ်ပါး သော နာမည် အသီးအသီးတို့ကို တင်လျက် ကျောက်တလုံးလျှင် နာမည် တပါးစီ ပါ၏။
၁၄ကျောက်မျက်တစ်လုံးပေါ်တွင်နာမည်တစ်ခု ကျစီဖြင့်၊ ကျောက်မျက်တစ်ဆယ့်နှစ်လုံးပေါ် တွင်ဣသရေလတစ်ဆယ့်နှစ်မျိုးကိုကိုယ်စား ပြုရန်၊ ယာကုပ်၏သားတစ်ဆယ့်နှစ်ယောက် တို့၏နာမည်များကိုထွင်းထားလေသည်။-
15 ၁၅ ရင်ဖုံး အပေါ်ထောင့် နှစ် ခု၌ ၊ ရွှေနှစ် ကွင်း ကို၎င်း၊ ရွှေကျောက်အိုး နှစ်လုံးကို၎င်းကျစ် သော ရွှေ ကြိုး နှစ် ပင်ကို၎င်းလုပ် ပြီးမှ ၊ ထိုရွှေ ကွင်း ၌ တပ် ၍ သင်တိုင်း သိုင်းကြိုး အပေါ်မှာရှိသော ကျောက်အိုးတို့၌ တွဲ လေ၏။
၁၅သူတို့သည်ရင်ဖုံးအတွက်ရွှေကြိုးလိမ် များကိုပြုလုပ်၏။-
၁၆ရွှေပန်းထည်နှစ်ခုနှင့်ရွှေကွင်းနှစ်ကွင်းကို လုပ်၍၊ ရွှေကွင်းနှစ်ကွင်းကိုရင်ဖုံးအထက် ထောင့်များတွင်တပ်ဆင်ကြ၏။-
၁၇ရွှေကြိုးလိမ်နှစ်ပင်ကိုရင်ဖုံးထောင့်ရှိကွင်း ၌တပ်၍၊-
၁၈အခြားအဖျားနှစ်ခုကိုရွှေပန်းထည်နှစ်ခု တွင်ချည်နှောင်ထား၏။ ဤနည်းအားဖြင့်ရွှေ ကြိုးလိမ်များသည်၊ သင်တိုင်း၏ပခုံးသိုင်း ကြိုးများအရှေ့ပိုင်းတွင်တပ်ထားလျက် ရှိလေ၏။-
19 ၁၉ တဖန် ရွှေ နှစ် ကွင်း ကို လုပ် ၍ သင်တိုင်း အောက်နား မှာ ရှိသော ရင်ဖုံး အောက်ထောင့် နှစ် ခု၌ တပ် လေ၏။
၁၉သူတို့သည်နောက်ထပ်ရွှေကွင်းကိုပြုလုပ်၍၊ သင်တိုင်းနှင့်ကပ်လျက်ရှိသောရင်ဖုံးအောက် ထောင့်အတွင်းနားတွင်တပ်ထား၏။-
20 ၂၀ အခြားသောရွှေ နှစ် ကွင်း ကိုလည်း လုပ် ၍ သင်တိုင်း အရှေ့ ဘက်အောက် နား နှင့် ထူးဆန်းသော ရင်စည်း အပေါ် နားဆက်မှီ ရာတွင် သင်တိုင်းကို တဘက်တချက်၌ တပ် လေ၏။
၂၀သူတို့သည်ရွှေကွင်းနှစ်ကွင်းကိုထပ်မံပြု လုပ်၍၊ လှပစွာရက်ထားသောရင်စည်း အထက်၊ သင်တိုင်း၏ပခုံးကြိုးနှစ်ခုအရှေ့ အနားပတ်အနီးတွင်တပ်ထား၏။-
21 ၂၁ ရင်ဖုံး ရွှေနှစ်ကွင်း ကို၊ သင်တိုင်း ရွှေနှစ်ကွင်း နှင့် တွဲ၍၊ ပြာ သောကြိုး ဖြင့် ပြီးစေ၏။ ထိုသို့ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ ရင်ဖုံး သည် ထူးဆန်းသော ရင်စည်း အပေါ်မှာ ဆွဲ ၍ သင်တိုင်း နှင့် မ ကွာ ဘဲ
၂၁ထာဝရဘုရားကမောရှေအားမိန့်တော် မူသည့်အတိုင်း၊ ရင်ဖုံးမှကွင်းများကိုသင် တိုင်းမှကွင်းများနှင့်ကြိုးပြာဖြင့်ချည် ထားသဖြင့်၊ ရင်ဖုံးသည်လျှောမကျဘဲ ရင်စည်းထက်တွင်တည်မြဲနေ၏။
22 ၂၂ ထိုမှတပါး ၊ ပြာ သောအထည်ကို ရက် ပြီးမှ၊ သင်တိုင်း နှင့်ဆိုင်သော ဝတ်လုံ ကို ထိုအထည်နှင့်သာ လုပ် လေ၏။
၂၂သူတို့သည်သင်တိုင်းအပေါ်တွင်ဝတ်ရသော ဝတ်ရုံတစ်ခုလုံးကို သိုးမွေးအပြာဖြင့်ရက် လုပ်ကြ၏။-
23 ၂၃ ဝတ်လုံ ၌ လည်စွပ်ပါ၍ လည်စွပ် ကို မ စုတ် စေခြင်းငှာ၊ သံချပ်လည်စွပ် ကွပ်သကဲ့သို့ ကွပ်လေ၏။
၂၃ထိုဝတ်ရုံ၏လည်စွပ်ကိုမစုတ်မပြဲစေရန် ရက်ထည်ဖြင့်အနားကွပ်ထားသည်။-
24 ၂၄ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချောနှင့်လုပ် သော သလဲ သီးများကို၎င်း၊
၂၄ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း ဝတ်ရုံ၏အောက်နားပတ်လည် တွင်ပိတ်ချော၊ အပြာရောင်၊ ခရမ်းရောင်၊ အနီ ရောင်သိုးမွေးသလဲသီးလုံးများနှင့်ရွှေ ဆည်းလည်းများကိုတစ်လုံးကျော်စီတပ် ဆင်ထားသည်။
25 ၂၅ ရွှေ စင် ဆည်းလည်း များကို၎င်း၊ ဝတ်လုံ အောက်စွန်းနားပတ်လည် ၌ ၊
၂၅
26 ၂၆ သလဲ သီးတလုံး၊ ဆည်းလည်း တလုံးစီခြားလျက် အစဉ်အတိုင်းဆွဲထားသဖြင့်၊ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ၊ အမှုတော်ကို ဆောင် ရသောဝတ်လုံ ကို လုပ် ၍ပြီးလေ၏။
၂၆
27 ၂၇ တဖန် ထာဝရဘုရားသည် မောရှေအား မှာထားတော်မူသည်အတိုင်း၊ အာရုန် နှင့် သူ ၏သား တို့အဘို့ ရက် သော ပိတ်ချော အင်္ကျီ များကို၎င်း၊
၂၇သူတို့သည်အာရုန်နှင့်သူ၏သားများအတွက် အတွင်းခံအင်္ကျီ၊-
28 ၂၈ ပိတ်ချော ဗေါင်း ကို၎င်း၊ တင့်တယ်သောပိတ်ချော ဦးထုပ် များကို၎င်း ၊ ပိတ်ချော ပေါင်းဘီ များကို၎င်း ၊
၂၈ခေါင်းပေါင်း၊ ဦးထုပ်၊ ပိတ်ချောဘောင်းဘီ၊
29 ၂၉ ချယ်လှယ် သော ပိတ်ချော၊ အထည်ပြာ ၊ အထည်မောင်း ၊ အထည်နီ ဖြင့်ပြီး သော ခါးပန်း ကို၎င်းလုပ် လေ၏။
၂၉အပြာရောင်၊ ခရမ်းရောင်၊ အနီရောင်သိုးမွေး ဖြင့်ပန်းထိုးထားသော ပိတ်ချောခါးပန်းစ သည်တို့ကို ထာဝရဘုရားကမောရှေအား မိန့်တော်မူသည့်အတိုင်းချုပ်လုပ်ကြ၏။-
30 ၃၀ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ သန့်ရှင်း သော သင်းကျစ် ပြားကိုလည်း ရွှေ စင် နှင့်လုပ်၍ တံဆိပ် ပေါ်မှာ အက္ခရာတင်သကဲ့သို့၊ ထာဝရဘုရား အား သန့်ရှင်း ခြင်းဟု အက္ခရာတင် ၍၊
၃၀သူတို့သည် ``ထာဝရဘုရားအားဆက်ကပ် ထားသည်'' ဟူသောကမ္ပည်းစာတမ်းထွင်း ထားသည်ရွှေနဖူးစည်းကိုပြုလုပ်ကြ၏။-
31 ၃၁ ပြာ သောကြိုး နှင့် ဗေါင်း အပေါ် နား၌ ချည် ထားလေ၏။
၃၁ထာဝရဘုရားကမောရှေအားမိန့်တော်မူ သည့်အတိုင်း၊ ထိုနဖူးစည်းကိုခေါင်းပေါင်း အပေါ်တွင်ကြိုးပြာဖြင့်ချည်ထားကြ၏။
32 ၃၂ ထိုသို့ မောရှေ အား ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ ဣသရေလ အမျိုးသား တို့သည် ပြု ၍ ပရိသတ်စည်းဝေး ရာ တဲ တော်အလုပ် ရှိသမျှ ကို ပြီးစီး ကြ၏။
၃၂နောက်ဆုံး၌ထာဝရဘုရားစံတော်မူရာ တဲတော်ဆိုင်ရာလုပ်ငန်းအားလုံးပြီးစီး လေ၏။ ထာဝရဘုရားကမောရှေအား မိန့်တော်မူသမျှတို့ကို ဣသရေလ အမျိုးသားတို့သည်ဆောင်ရွက်ကြ၏။-
33 ၃၃ ထိုအခါ ဣသရေလအမျိုးသားတို့သည်၊ တဲ တော်နှင့် အပေါ်တဲ မှစ၍ ၊ ရွှေချောင်း ၊ ပျဉ်ပြား ၊ ကန့်လန့်ကျင် ၊ တိုင် ၊ ခြေစွပ် တည်းဟူသောတဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
၃၃သူတို့သည်တဲတော်မှစ၍တဲတော်နှင့်ဆိုင် သောပစ္စည်းအားလုံး၊ ချိတ်များ၊ ဘောင်ခွေများ၊ ကန့်လန့်ကျင်များ၊ တိုင်များနှင့်အောက်ခံခုံ များကိုလည်းကောင်း၊-
34 ၃၄ အနီ ဆိုးသော သိုး ရေ အမိုး ၊ တဟာရှ သားရေ အမိုး ၊ ကွယ်ကာ ရာအတွင်းကုလားကာ ကို၎င်း၊
၃၄အနီရောင်ဆိုးသိုးထီးသားရေအမိုး၊ သားရေချောအမိုးကာရန်ကန့်လန့်ကာ၊-
35 ၃၅ သက်သေခံ ချက်သေတ္တာ နှင့် သူ ၏ထမ်းဘိုး ၊ သူ၏အဖုံး ကို၎င်း၊
၃၅ကျောက်ပြားများပါရှိသည့်ပဋိညာဉ် သေတ္တာတော်၊ ပဋိညာဉ်သေတ္တာတော်၏ ထမ်းပိုးနှင့်အဖုံးတို့ကိုလည်းကောင်း၊-
36 ၃၆ စားပွဲ မှစ၍စားပွဲတန်ဆာ နှင့် ရှေ့ တော်မုန့် ကို၎င်း၊
၃၆စားပွဲမှစ၍စားပွဲဆိုင်ရာပစ္စည်းအားလုံး နှင့် ထာဝရဘုရားအားဆက်သရန်မုန့်ကို လည်းကောင်း၊-
37 ၃၇ စင်ကြယ် သော မီးခုံ မှစ၍၊ ပြင်ဆင်ရသောမီးခွက် များ၊ မီးခုံ တန်ဆာ ရှိသမျှ နှင့် မီးထွန်း စရာ ဆီ ကို၎င်း၊
၃၇ရွှေဆီမီးတိုင်မှစ၍မီးခွက်များ၊ ဆီမီးတိုင် နှင့်ဆိုင်သောပစ္စည်းအားလုံးနှင့်မီးခွက်များ အတွက်ဆီကိုလည်းကောင်း၊-
38 ၃၈ ရွှေ ယဇ်ပလ္လင် ၊ လိမ်း ရန်ဆီ ၊ မီးရှို့ရာနံ့သာ ပေါင်းမွှေး ၊ တဲ တော်တံခါး ဝ ကာစရာ ကုလားကာ ကို၎င်း၊
၃၈ရွှေယဇ်ပလ္လင်၊ ဘိသိက်ဆီ၊ နံ့သာပေါင်းနှင့် တဲတော်တံခါးဝအတွက်ကန့်လန့်ကာ ကိုလည်းကောင်း၊-
39 ၃၉ ကြေးဝါ ယဇ် ပလ္လင်၊ ကြေးဝါ ဆန်ခါ ၊ ပလ္လင် ထမ်းဘိုး အစရှိ သော တန်ဆာ ရှိသမျှ ကို၎င်း၊ အင်တုံ နှင့် သူ ၏ခြေထောက် ကို၎င်း၊
၃၉ကြေးဝါယဇ်ပလ္လင်၊ ကြေးဝါဆန်ခါ၊ ပလ္လင်ထမ်း ပိုး၊ ပလ္လင်နှင့်ဆိုင်သောပစ္စည်းအားလုံးတို့ကို လည်းကောင်း၊ ရွှေအင်တုံနှင့်အောက်ခုံကိုလည်း ကောင်း၊-
40 ၄၀ ဝင်း ကုလားကာ ၊ ဝင်း တိုင် ၊ ခြေစွပ် ၊ ဝင်း တံခါး ဝကာစရာ ကုလားကာ ကြိုး များ၊ တံသင် များကို၎င်း၊ တဲ တော်အတွင်း၌ အမှုတော်ကို ဆောင် စရာတန်ဆာ၊ ပရိသတ်စည်းဝေး ရာ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
၄၀တဲတော်ဝင်းအတွက်ကန့်လန့်ကာများ၊ တိုင် များနှင့်အောက်ခြေခံများ၊ တဲတော်ဝင်း တံခါးဝအတွက်ကန့်လန့်ကာနှင့်ကြိုးများ၊ တဲတော်ကြက်ဆူးများကိုလည်းကောင်း၊ ထာဝရဘုရားစံတော်မူရာတဲတော် အတွင်းဆောင်ရွက်ခြင်းဆိုင်ရာပစ္စည်းရှိ သမျှကိုလည်းကောင်း၊-
41 ၄၁ သန့်ရှင်း ရာဌာန၌ အမှုတော်ကို ဆောင် သောအခါ ဝတ် ရသောအဝတ် ၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် ဝတ်ဘို့ သန့်ရှင်း သော အဝတ် ၊ သူ ၏သား ဝတ်ရသောအဝတ် ကို၎င်း၊
၄၁သန့်ရှင်းရာဌာနတော်တွင်အမှုတော်ဆောင် ရာ၌ ယဇ်ပုရောဟိတ်များဝတ်ဆင်ရန်ထည် ဝါသောအဝတ်တန်ဆာများ၊ အာရုန်နှင့် သားများဝတ်ဆင်ရန်သန့်ရှင်းသောအဝတ် တန်ဆာများကိုလည်းကောင်း၊ မောရှေထံသို့ ယူဆောင်ခဲ့ကြ၏။-
42 ၄၂ ထာဝရဘုရား သည် မောရှေ အား မှာ ထားတော်မူသည်အတိုင်း ပြီးစီးအောင် လုပ် ပြီးမှမောရှေထံသို့ ဆောင်ခဲ့ကြ၏။
၄၂ဣသရေလအမျိုးသားတို့သည်၊ ထာဝရ ဘုရားက မောရှေအားမိန့်တော်မူသမျှ တို့ကိုလုပ်ဆောင်ပြီးစီးကြ၏။-
43 ၄၃ ထာဝရဘုရား မှာ ထားတော်မူသည်အတိုင်း ၊ အလုပ် ရှိသမျှ ကို ပြီးစီးစေခြင်းငှါ၊ လုပ် ကြောင်းကို မောရှေ သိမြင် သောအခါ ၊ သူ တို့ကို ကောင်းကြီး ပေးလေ၏။
၄၃မောရှေသည်သူတို့လုပ်ပြီးသမျှကိုစစ် ဆေး၍၊ ထာဝရဘုရားမိန့်တော်မူသည့် အတိုင်းလုပ်ဆောင်ကြကြောင်းတွေ့မြင်ရ၏။ ထို့ကြောင့်မောရှေသည်သူတို့အားကောင်းချီး ပေးလေ၏။