< ထွက်မြောက်ရာ 31 >

1 တဖန် ထာဝရဘုရား သည်၊ မောရှေ အား မိန့် တော်မူပြန်သည်ကား၊
တဖန် ထာဝရဘုရားသည်၊ မောရှေအား မိန့်တော်မူပြန်သည်ကား၊
2 နားထောင် လော့၊ ငါသည် ယုဒ အမျိုးသား ဟုရ ၏သား ဖြစ်သော ဥရိ ၏သား ဗေဇလေလ ကို အမည် ဖြင့် ခန့် ထား၏။
နားထောင်လော့၊ ငါသည် ယုဒအမျိုးသား ဟုရ၏သားဖြစ်သော ဥရိ၏သား ဗေဇလေလကို အမည်ဖြင့် ခန့်ထား၏။
3 သူသည် ရွှေ ငွေ ကြေးဝါ ကိုလုပ် သောအတတ် ၊ ကျောက် ကိုသွေး ၍စီ သောအတတ်၊ သစ်သား ကိုထုလုပ် သောအတတ်နှင့် အမျိုးမျိုး သောအလုပ် ကို ထူးဆန်းစွာလုပ် တတ်မည် အကြောင်း၊ ဉာဏ်ပညာ နှင့်တကွ သိပ္ပံအတတ် အမျိုးမျိုး တို့ကို ငါပေး၍ ဘုရားသခင် ၏ဝိညာဉ် တော်နှင့် ပြည့်စုံ စေ၏။
သူသည် ရွှေငွေကြေးဝါကို လုပ်သော အတတ်၊ ကျောက်ကို သွေး၍ စီသောအတတ်၊
4
သစ်သားကို ထုလုပ်သော အတတ်နှင့် အမျိုးမျိုးသော အလုပ်ကို ထူးဆန်းစွာ လုပ်တတ်မည်အကြောင်း၊
5
ဉာဏ်ပညာနှင့်တကွ သိပ္ပံအတတ်အမျိုးမျိုးတို့ကို ငါပေး၍ ဘုရားသခင်၏ ဝိညာဉ်တော်နှင့် ပြည့်စုံစေ၏။
6 သူနှင့်အတူ ဒန် အမျိုးသား အဟိသမက် ၏သား ၊ အဟောလျဘ ကိုလည်း ငါခန့် ထား၏။ ငါသည် သင့် အား မှာ ထားသမျှ တို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ် တတ်မည်အကြောင်း ၊ သူတို့နှလုံး ထဲသို့ ဉာဏ် ပညာကို ငါသွင်း ထားပြီ။
သူနှင့်အတူ ဒန်အမျိုးသား အဟိသမက်၏သား၊ အဟောလျဘကိုလည်း ငါခန့်ထား၏။ ငါသည် သင့်အား မှာထားသမျှတို့ကို လိမ္မာသောသူအပေါင်းတို့သည် လုပ်တတ်မည်အကြောင်း၊ သူတို့နှလုံးထဲသို့ ဉာဏ်ပညာကို ငါသွင်းထားပြီ။
7 ထိုသူတို့သည် ပရိသတ်စည်းဝေး ရာ တဲ တော်၊ သက်သေခံ ချက်သေတ္တာ ၊ သေတ္တာ အပေါ် မှာ တင်သော သေတ္တာအဖုံး ၊ တဲ တော်တန်ဆာ ရှိသမျှ ကို၎င်း၊
ထိုသူတို့သည် ပရိသတ်စည်းဝေးရာ တဲတော်၊ သက်သေခံချက်သေတ္တာ၊ သေတ္တာအပေါ်မှာ တင်သော သေတ္တာအဖုံး၊ တဲတော်တန်ဆာရှိသမျှကို၎င်း၊
8 စားပွဲ နှင့် စားပွဲတန်ဆာ ကို၎င်း ၊ စင်ကြယ် သော မီးခုံ နှင့် မီးခုံတန်ဆာ ရှိသမျှ ကို၎င်း၊ နံ့သာ ပေါင်း ရှို့သော ပလ္လင် ၊
စားပွဲနှင့် စားပွဲတန်ဆာကို၎င်း၊ စင်ကြယ်သော မီးခုံနှင့် မီးခုံတန်ဆာရှိသမျှကို၎င်း၊ နံ့သာပေါင်း ရှို့သော ပလ္လင်၊
9 မီးရှို့ ရာယဇ်ပူဇော်သော ပလ္လင် တန်ဆာ ရှိသမျှ ကို၎င်း၊
မီးရှို့ရာယဇ်ပူဇော်သော ပလ္လင်တန်ဆာရှိသမျှကို၎င်း၊
10 ၁၀ အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ် ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ် အာရုန် နှင့် သူ ၏သား ဝတ် ဘို့ သန့်ရှင်း သောအဝတ် ကို၎င်း၊
၁၀အမှုတော်ကို ထမ်းစရာအဝတ်၊ ယဇ်ပုရောဟိတ်အမှုကို ဆောင်သောအခါ၊ ယဇ်ပုရောဟိတ်အာရုန် နှင့် သူ၏သားဝတ်ဘို့ သန့်ရှင်းသောအဝတ်ကို၎င်း၊
11 ၁၁ လိမ်း စရာဆီ နှင့် သန့်ရှင်း ရာဌာန၌ သုံးဘို့ နံ့သာ ပေါင်းမွှေး ကို၎င်း၊ ငါမှာ ထားသမျှ အတိုင်း လုပ် ရကြမည် ဟု မိန့် တော်မူ၏။
၁၁လိမ်းစရာဆီနှင့် သန့်ရှင်းရာဌာန၌ သုံးဘို့ နံ့သာပေါင်းမွှေးကို၎င်း၊ ငါမှာထားသမျှအတိုင်း လုပ်ရကြ မည်ဟု မိန့်တော်မူ၏။
12 ၁၂ တဖန် ထာဝရဘုရား က၊ သင် သည် ဣသရေလ အမျိုးသား တို့အား ဆင့်ဆို ရမည်မှာ၊
၁၂တဖန်ထာဝရဘုရားက၊ သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊
13 ၁၃ ငါ သည် သင် တို့ကို သန့်ရှင်း စေသော ထာဝရဘုရား ဖြစ်ကြောင်းကို သင်တို့သိ စေခြင်းငှါ ၊ ငါနှင့်သင် တို့၏ သား စဉ်မြေးဆက် စပ်ကြား ၌ လက္ခဏာ သက်သေဖြစ်ဘို့ ရာ၊ ငါ့ ဥပုသ် နေ့ကို စင်စစ် စောင့် ရကြမည်။
၁၃ငါသည် သင်တို့ကို သန့်ရှင်းစေသော ထာဝရဘုရားဖြစ်ကြောင်းကို သင်တို့သိစေခြင်းငှါ၊ ငါနှင့်သင်တို့၏ သားစဉ်မြေးဆက် စပ်ကြား၌ လက္ခဏာသက်သေဖြစ်ဘို့ရာ၊ ငါ့ဥပုသ်နေ့ကို စင်စစ်စောင့်ရ ကြမည်။
14 ၁၄ ဥပုသ် နေ့သည် သင် တို့အား သန့်ရှင်း သောကြောင့် ထိုနေ့ကို စောင့် ရကြမည်။ ဥပုသ် နေ့ကို ဖျက် သောသူတိုင်း အသေခံ ရမည်။ ထိုနေ့ ၌ အလုပ်လုပ် သော သူမည်သည်ကား၊ မိမိ အမျိုး မှ ပယ်ရှင်း ခြင်းကိုခံ ရမည်။
၁၄ဥပုသ်နေ့သည် သင်တို့အား သန့်ရှင်းသောကြောင့် ထိုနေ့ကို စောင့်ရကြမည်။ ဥပုသ်နေ့ကို ဖျက်သောသူတိုင်း အသေခံရမည်။ ထိုနေ့၌ အလုပ်လုပ်သော သူမည်သည်ကား၊ မိမိအမျိုးမှ ပယ်ရှင်းခြင်းကို ခံရမည်။
15 ၁၅ ခြောက် ရက် ပတ်လုံးအလုပ် လုပ် ရမည်။ သတ္တမ နေ့ သည် ထာဝရဘုရား အား သန့်ရှင်း ၍ ငြိမ် ရသောဥပုသ် နေ့ဖြစ်၏။ ဥပုသ် နေ့ ၌ အလုပ် လုပ် သောသူမည်သည်ကား၊ ဧကန်အမှန် အသေ ခံရမည်။
၁၅ခြောက်ရက်ပတ်လုံး အလုပ်လုပ်ရမည်။ သတ္တမနေ့သည် ထာဝရဘုရားအား သန့်ရှင်း၍ ငြိမ်ရသော ဥပုသ်နေ့ဖြစ်၏။ ဥပုသ်နေ့၌ အလုပ်လုပ်သောသူမည်သည်ကား၊ ဧကန်အမှန် အသေခံရမည်။
16 ၁၆ သို့ဖြစ်၍ ဣသရေလ အမျိုးသား အစဉ် အဆက်တို့သည်၊ ထာဝရ ပဋိညာဉ် ဖြစ်စေခြင်းငှါ ၊ ဥပုသ် နေ့ရက်အစဉ်အတိုင်းဥပုသ် စောင့် ရကြမည်။
၁၆သို့ဖြစ်၍ ဣသရေလအမျိုးသားအစဉ်အဆက်တို့သည်၊ ထာဝရပဋိညာဉ် ဖြစ်စေခြင်းငှါ၊ ဥပုသ်နေ့ရက် အစဉ်အတိုင်း ဥပုသ်စောင့်ရကြမည်။
17 ၁၇ ထိုသို့ စောင့်လျှင်၊ ငါ နှင့် ဣသရေလ အမျိုးသား စပ်ကြား ၌ ထာဝရ လက္ခဏာ သက်သေဖြစ်လိမ့်မည်။ အကြောင်း မူကား၊ ထာဝရဘုရား သည် မိုဃ်းကောင်းကင် နှင့် မြေကြီး ကို၊ ခြောက် ရက် တွင် ဖန်ဆင်း ၍ ၊ သတ္တမ နေ့ရက် ၌ ငြိမ်ဝပ် စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
၁၇ထိုသို့ စောင့်လျှင်၊ ငါနှင့် ဣသရေလအမျိုးသားစပ်ကြား၌ ထာဝရလက္ခဏာသက်သေဖြစ်လိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရားသည် မိုဃ်းကောင်းကင်နှင့် မြေကြီးကို၊ ခြောက်ရက်တွင် ဖန်ဆင်း၍၊ သတ္တမနေ့ရက်၌ ငြိမ်ဝပ်စွာ နေလျက် အားဖြည့်တော်မူသည်ဟု မောရှေအား မိန့်တော်မူ၏။
18 ၁၈ ထိုသို့ ဘုရားသခင် သည် သိနာ တောင် ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး ၌၊ လက်ညှိုး တော်နှင့် အက္ခရာတင် သော သက်သေခံ ချက်၊ ကျောက် ပြား နှစ် ပြားကိုပေး တော်မူ၏။
၁၈ထိုသို့ ဘုရားသခင်သည် သိနာတောင်ပေါ်မှာ မောရှေနှင့် နှုတ်ဆက်တော်မူသည်အဆုံး၌၊ လက်ညှိုးတော်နှင့် အက္ခရာတင်သော သက်သေခံချက်၊ ကျောက်ပြားနှစ်ပြားကို ပေးတော်မူ၏။

< ထွက်မြောက်ရာ 31 >