< ထွက်မြောက်ရာ 26 >

1 တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်ဖြင့် ပြီး သော ခေရုဗိမ် အရုပ်နှင့် ချယ် လှယ်သော၊ ပိတ် ချောကုလားကာ ဆယ် ထည်ဖြင့် တဲ တော်ကို လုပ် ရမည်။
တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်ဖြင့် ပြီးသော ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော၊ ပိတ်ချောကုလားကာဆယ်ထည်ဖြင့် တဲတော်ကို လုပ်ရမည်။
2 ကုလားကာ သည် အလျား နှစ်ဆယ် ရှစ် တောင်၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ချင်း အလျား အနံ တူ ရမည်။
ကုလားကာသည် အလျားနှစ်ဆယ်ရှစ်တောင်၊ အနံလေးတောင်ရှိ၍၊ ကုလားကာချင်း အလျားအနံ တူရမည်။
3 ကုလားကာ ငါး ထည်စီ တစပ်တည်းချုပ် ရမည်။
ကုလားကာငါးထည်စီ တစပ်တည်းချုပ်ရမည်။
4 ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ ကွင်း များကို ပြာ သောအထည်နှင့် လုပ် ရမည်။ အခြား သော ကုလားကာပြင်ဘက်မှာ၊ ကုလားကာ နား ချင်း ဆက်မှီရာ၌ လည်း ထိုအတူ လုပ် ရမည်။
ကုလားကာတထည်ပြင်ဘက်မှာ၊ ကုလားကာနားချင်းဆက်မှီရာ၌ ကွင်းများကို ပြာသောအထည်နှင့် လုပ်ရမည်။ အခြားသော ကုလားကာ ပြင်ဘက်မှာ၊ ကုလားကာနားချင်း ဆက်မှီရာ၌လည်း ထိုအတူလုပ်ရမည်။
5 ကုလားကာ တထည်၌ ကွင်း ငါးဆယ် ကို၎င်း၊ အခြား သောကုလားကာ အနား ဆက်မှီရာ၌ ကွင်း ငါးဆယ် ကို ၎င်း၊ ကွင်း ချင်း ဆိုင် မိအောင် လုပ် ရမည်။
ကုလားကာတထည်၌ ကွင်းငါးဆယ်ကို၎င်း၊ အခြားသောကုလားကာ အနားဆက်မှီရာ၌ ကွင်းငါးဆယ် ကို၎င်း၊ ကွင်းချင်းဆိုင်မိအောင် လုပ်ရမည်။
6 ရွှေ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ထိုရွှေချောင်း ဖြင့် ကုလားကာ များကို ပူးတွဲ သဖြင့် ၊ တဲ တော် တဆောင် တည်း ဖြစ် ရမည်။
ရွှေချောင်းငါးဆယ်ကိုလည်း လုပ်၍၊ ထိုရွှေချောင်းဖြင့် ကုလားကာများကို ပူးတွဲသဖြင့်၊ တဲတော် တဆောင်တည်း ဖြစ်ရမည်။
7 တဲ တော်ဖုံးအုပ် ဘို့ အခြားသော ကုလားကာ ဆယ် တ ထည်ကို ဆိတ် မွေးနှင့် လုပ် ရမည်။
တဲတော်ဖုံးအုပ်ဘို့ အခြားသော ကုလားကာဆယ်တထည်ကို ဆိတ်မွေးနှင့် လုပ်ရမည်။
8 ကုလားကာ သည် အလျား အတောင် သုံးဆယ် ၊ အနံ လေး တောင် ရှိ၍၊ ကုလားကာ ဆယ် တ ထည်တို့သည် အလျား အနံချင်း တူ ရမည်။
ကုလားကာသည် အလျားအတောင်သုံးဆယ်၊ အနံလေးတောင်ရှိ၍၊ ကုလားကာ ဆယ်တထည်တို့သည် အလျားအနံချင်းတူရမည်။
9 ကုလားကာ ငါး ထည် တစပ် ၊ ခြောက် ထည် တစပ် တည်း ချုပ် ၍ ၊ ဆဌမ ကုလားကာ ကို တဲ တော်ဦး ၌ ခေါက် ထားရမည်။
ကုလားကာငါးထည် တစပ်၊ ခြောက်ထည် တစပ်တည်း ချုပ်၍၊ ဆဌမကုလားကာကို တဲတော်ဦး၌ ခေါက်ထားရမည်။
10 ၁၀ ကုလားကာများ ဆက် မှီရာ ၌၊ ပြင် ဘက်ကနေသောကုလားကာ တထည် အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်း၊ ဆက် မှီသော အခြား ကုလားကာ အနား မှာ ၊ ကွင်း ငါးဆယ် ကို၎င်းလုပ် ရမည်။
၁၀ကုလားကာများ ဆက်မှီရာ၌၊ ပြင်ဘက်ကနေသော ကုလားကာတထည်အနားမှာ၊ ကွင်းငါးဆယ်ကို ၎င်း၊ ဆက်မှီသော အခြားကုလားကာအနားမှာ၊ ကွင်းငါးဆယ်ကို၎င်း လုပ်ရမည်။
11 ၁၁ ကြေးဝါ ချောင်း ငါးဆယ် ကိုလည်း လုပ် ၍ ၊ ကွင်း တို့၌ လျှို ပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲ သဖြင့် ၊ တဲ တဆောင် တည်း ဖြစ် ရမည်။
၁၁ကြေးဝါချောင်း ငါးဆယ်ကိုလည်း လုပ်၍၊ ကွင်းတို့၌ လျှိုပြီးလျှင်၊ အပေါ်တဲတပိုင်းနှင့် တပိုင်း ပူးတွဲသဖြင့်၊ တဲတဆောင်တည်း ဖြစ်ရမည်။
12 ၁၂ ထိုအပေါ်တဲ ၌ ပို သော ကုလားကာ တဝက် ကိုကား၊ တဲ တော်နောက်ဖေး မှာ တွဲလွဲ ဆွဲ ထားရမည်။
၁၂ထိုအပေါ်တဲ၌ ပိုသော ကုလားကာ တဝက်ကိုကား၊ တဲတော်နောက်ဖေးမှာ တွဲလွဲဆွဲထားရမည်။
13 ၁၃ အပေါ်တဲ၌ ပို သော ကုလားကာ အလျား နှစ်တောင်တွင်၊ တဲ တော်ဖုံးအုပ် ဘို့ တဘက်တချက် တတောင် စီ တွဲလွဲဆွဲ ထားရမည်။
၁၃အပေါ်တဲ၌ပိုသော ကုလားကာ အလျားနှစ်တောင်တွင်၊ တဲတော်ဖုံးအုပ်ဘို့ တဘက်တချက် တတောင်စီ တွဲလွဲဆွဲထားရမည်။
14 ၁၄ အပေါ်တဲ ဖုံးအုပ် ဘို့ အနီ ဆိုးသောသိုး ရေ ကို၎င်း၊ ထိုသိုးရေအပေါ် ၌ တဟာရှ သားရေ ကို၎င်း လုပ် ရမည်။
၁၄အပေါ်တဲဖုံးအုပ်ဘို့ အနီးဆုံးသောသိုးရေကို၎င်း၊ ထိုသိုးရေအပေါ်၌ တဟာရှသားရေကို၎င်း လုပ်ရမည်။
15 ၁၅ တဲ တော်ကာရန် ထောင် ထားရသောအကာရှ ပျဉ်ပြားတို့ကိုလည်း လုပ် ရမည်။
၁၅တဲတော်ကာရန်ထောင်ထားရသော အကာရှပျဉ်ပြားတို့ကိုလည်း လုပ်ရမည်။
16 ၁၆ ပျဉ်ပြား သည် အလျား ဆယ် တောင် ၊ အနံ တတောင် ထွာ ရှိရမည်။
၁၆ပျဉ်ပြားသည် အလျားဆယ်တောင်၊ အနံတတောင်ထွာ ရှိရမည်။
17 ၁၇ ထိုပျဉ်ပြား ရှိသမျှ တို့၌ ခြေထောက် နှစ် ခုစီ တတန်း တည်းရှိစေခြင်းငှာ လုပ် ရမည်။
၁၇ထိုပျဉ်ပြားရှိသမျှတို့၌ ခြေထောက်နှစ်ခုစီ တတန်းတည်းရှိစေခြင်းငှာ လုပ်ရမည်။
18 ၁၈ တဲ တော်တောင် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ကို လုပ် ရမည်။
၁၈တဲတော်တောင်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ကို လုပ်ရမည်။
19 ၁၉ ထိုပျဉ်ပြား နှစ်ဆယ် တွင် ၊ တပြားတပြားအောက် ၌ ခြေထောက် နှစ် ခုစီ စွပ်စရာဘို့ ငွေ ခြေစွပ် လေးဆယ် ကို လုပ် ရမည်။
၁၉ထိုပျဉ်ပြားနှစ်ဆယ်တွင်၊ တပြားတပြားအောက်၌ ခြေထောက်နှစ်ခုစီစွပ်စရာဘို့ ငွေခြေစွပ် လေးဆယ်ကို လုပ်ရမည်။
20 ၂၀ ထိုအတူ တဲ တော်မြောက် ဘက် ၌ ကာရန်ပျဉ်ပြား နှစ်ဆယ် ရှိရမည်။
၂၀ထိုအတူ တဲတော်မြောက်ဘက်၌ ကာရန်ပျဉ်ပြား နှစ်ဆယ်ရှိရမည်။
21 ၂၁ ထိုပျဉ်ပြား ၌ လည်း ငွေ ခြေစွပ် လေးဆယ် ၊ တပြားနှစ် ခုစီ ရှိရမည်။
၂၁ထိုပျဉ်ပြား၌လည်း ငွေခြေစွပ်လေးဆယ်၊ တပြားနှစ်ခုစီရှိရမည်။
22 ၂၂ တဲ တော်အနောက် ဘက်၌ ကာရန် ပျဉ်ပြား ခြောက် ပြားကို၎င်း၊
၂၂တဲတော်အနောက်ဘက်၌ ကာရန် ပျဉ်ပြားခြောက်ပြားကို၎င်း၊
23 ၂၃ ထောင့် တဘက် တချက်၌ ကာရန် ပျဉ်ပြား နှစ် ပြားကို၎င်းလုပ် ရမည်။
၂၃ထောင့်တဘက်တချက်၌ ကာရန် ပျဉ်ပြားနှစ်ပြားကို၎င်း လုပ်ရမည်။
24 ၂၄ အထက် ၌ ၎င်း ၊ အောက် ၌၎င်း၊ ကွင်း ကိုတပ်၍ စေ့စပ်လျက် ထောင့် နှစ်ခုကို ပြီး စေရမည်။
၂၄အထက်၌၎င်း၊ အောက်၌၎င်း၊ ကွင်းကိုတပ်၍ စေ့စပ်လျက် ထောင့်နှစ်ခုကို ပြီးစေရမည်။
25 ၂၅ ပျဉ်ပြား ရှစ် ပြား၊ ငွေ ခြေစွပ် ဆယ် ခြောက် ခု၊ တပြားနှစ် ခုစီ ရှိ ရမည်။
၂၅ပျဉ်ပြားရှစ်ပြား၊ ငွေခြေစွပ်ဆယ်ခြောက်ခု၊ တပြားနှစ်ခုစီ ရှိရမည်။
26 ၂၆ တဲတော်၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ အကာရှ သား ကန့်လန့်ကျင် တို့ကို တဘက် ငါး ချောင်းစီ လုပ် ရမည်။
၂၆တဲတော်၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ အကာရှသား ကန့်လန့်ကျင်တို့ကို တဘက်ငါးချောင်းစီ လုပ်ရမည်။
27 ၂၇ တဲ တော်နောက် ဖေး၌ ကာရသော ပျဉ်ပြား ကို လျှိုစရာဘို့ ကန့်လန့်ကျင် ငါး ချောင်းကိုလည်း လုပ်ရမည်။
၂၇တဲတော်နောက်ဖေး၌ ကာရသော ပျဉ်ပြားကို လျှိုစရာဘို့ ကန့်လန့်ကျင်ငါးချောင်းကိုလည်း လုပ်ရမည်။
28 ၂၈ အလယ် ကန့်လန့်ကျင် ကို၊ ထောင့်တဘက် တချက်၌ ဆုံး စေရမည်။
၂၈အလယ်ကန့်လန့်ကျင်ကို၊ ထောင့်တဘက်တချက်၌ ဆုံးစေရမည်။
29 ၂၉ ပျဉ်ပြား တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။ ကန့်လန့်ကျင် လျှို ဘို့ ရာ ရွှေ ကွင်း ကိုလည်း လုပ် ၍ ၊ ကန့်လန့်ကျင် တို့ကို ရွှေ နှင့်မွမ်းမံ ရမည်။
၂၉ပျဉ်ပြားတို့ကို ရွှေနှင့်မွမ်းမံရမည်။ ကန့်လန့်ကျင်လျှိုဘို့ရာ ရွှေကွင်းကိုလည်း လုပ်၍၊ ကန့်လန့်ကျင်တို့ကို ရွှေနှင့်မွမ်းမံရမည်။
30 ၃၀ တောင် ပေါ် မှာ သင့်အားပြ သော ပုံ နှင့်အညီ ၊ တဲ တော်ကို တည်ဆောက် ရမည်။
၃၀တောင်ပေါ်မှာ သင့်အားပြသောပုံနှင့်အညီ၊ တဲတော်ကို တည်ဆောက်ရမည်။
31 ၃၁ တနည်းကား၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့်ပြီး ၍၊ ခေရုဗိမ် အရုပ်နှင့် ချယ်လှယ် သော ကုလားကာ တထည်ကို ချုပ် ရမည်။
၃၁တနည်းကား၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့်ပြီး၍၊ ခေရုဗိမ်အရုပ်နှင့် ချယ်လှယ်သော ကုလားကာတထည်ကို ချုပ်ရမည်။
32 ၃၂ ရွှေ ချ သော အကာရှ သား တိုင် လေး တိုင်အပေါ် မှာ၊ ထိုကုလားကာ ကို ဆွဲ ထားရမည်။ ထိုတိုင် တို့သည် ရွှေ တံစို့ နှင့်၎င်း၊ ငွေ ခြေစွပ် လေး ခုနှင့်၎င်း ပြည့်စုံရမည်။
၃၂ရွှေချသော အကာရှသား တိုင်လေးတိုင်အပေါ်မှာ၊ ထိုကုလားကာကို ဆွဲထားရမည်။ ထိုတိုင်တို့သည် ရွှေတံစို့နှင့်၎င်း၊ ငွေခြေစွပ်လေးခုနှင့်၎င်း ပြည့်စုံရမည်။
33 ၃၃ သက်သေခံ ချက်ထားသော သေတ္တာ ကို၊ ကုလားကာ အတွင်း သို့ သွင်း စရာဘို့ ထိုကုလားကာ ကို ရွှေချောင်း ဖြင့် ဆွဲကာ ၍ ၊ ဟဂျာ အရပ်၊ ဟဂျာဟဂျုံ အရပ် နှစ်ပါးစပ်ကြား ၌ အပိုင်း အခြား ဖြစ်ရမည်။
၃၃သက်သေခံချက်ထားသော သေတ္တာကို၊ ကုလားကာအတွင်းသို့ သွင်းစရာဘို့ ထိုကုလားကာကို ရွှေချောင်းဖြင့် ဆွဲကာ၍၊ ဟဂျာအရပ်၊ ဟဂျာဟဂျုံအရပ် နှစ်ပါးစပ်ကြား၌ အပိုင်းအခြား ဖြစ်ရမည်။
34 ၃၄ ဟဂျာဟဂျုံ အရပ်၌ သက်သေခံ ချက်သေတ္တာ အပေါ် မှာ၊ သေတ္တာအဖုံး ကို တင် ထားရမည်။
၃၄ဟဂျာဟဂျုံ အရပ်၌ သက်သေခံချက်သေတ္တာအပေါ်မှာ၊ သေတ္တာအဖုံးကို တင်ထားရမည်။
35 ၃၅ ကုလားကာ ပြင် မှာ စားပွဲ ကို ထားရမည်။ တဲ တော်တောင် ဘက်နား မှာ မီးခုံ ကို၎င်း ၊ မြောက် ဘက်နား မှာ စားပွဲ ကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထား ရမည်။
၃၅ကုလားကာပြင်မှာ စားပွဲကို ထားရမည်။ တဲတောင်တောင်ဘက်နားမှာ မီးခုံကို၎င်း၊ မြောက်ဘက်နားမှာ စားပွဲကို၎င်း၊ တဘက်နှင့်တဘက် ဆိုင်မိအောင် ထားရမည်။
36 ၃၆ တဲ တော်တံခါးဝ ၌ ကာရန်၊ ပြာ သောအထည်၊ မောင်း သောအထည်၊ နီ သောအထည်၊ ပိတ်ချော ဖြင့် ပြီး ၍၊ ချယ်လှယ် သော ကုလားကာ တထည်ကို လုပ် ရမည်။
၃၆တဲတော်တံခါးဝ၌ ကာရန်၊ ပြာသောအထည်၊ မောင်းသောအထည်၊ နီသောအထည်၊ ပိတ်ချောဖြင့် ပြီး၍၊ ချယ်လှယ်သော ကုလားကာတထည်ကို လုပ်ရမည်။
37 ၃၇ ထိုကုလားကာ ဘို့ ရွှေ တံစို့ နှင့်ပြည့်စုံသော အကာရှ တိုင် ငါး တိုင်ကို လုပ် ၍ ရွှေနှင့်မွမ်းမံ ရမည်။ ကြေးဝါ ခြေစွပ် ငါး ခုကိုလည်း သွန်း ရမည်။
၃၇ထိုကုလားကာဘိုပ ရွှေတံစို့နှင့်ပြည့်စုံသော အကာရှတိုင်ငါးတိုင်ကို လုပ်၍ ရွှေနှင့်မွမ်းမံရမည်။ ကြေးဝါခြေစွပ်ငါးခုကိုလည်း သွန်းရမည်။

< ထွက်မြောက်ရာ 26 >