< ဧသတာ 3 >
1 ၁ ထို နောက်မှရှင်ဘုရင် အာရွှေရု သည်အာဂတ် အမျိုး၊ ဟမ္မေဒါသ သား ဟာမန် ကို ချီးမြှောက် ၍၊ အထံတော်၌ ရှိသော မှူးမတ် အပေါင်း တို့ထက် သာ၍မြင့်မြတ် သော နေရာ ကို ပေး တော်မူ၏။
၁ကာလအနည်းငယ်ကြာသော်ဇေရဇ်မင်း သည်အာဂတ် မှဆင်းသက်သူ၊ ဟမ္မေဒါသ၏သားဟာမန် အားဝန်ကြီးချုပ်အဖြစ်ချီးမြှင့်တော်မူ၏။-
2 ၂ နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် အပေါင်း တို့သည်၊ အမိန့် တော်ရှိသည်အတိုင်း ဟာမန် ကို ဦးချ ရှိခိုးကြ၏။ မော်ဒကဲ မူကား ဦး မ ချ၊ ရှိ မ ခိုး။
၂မင်းကြီးသည်ဟာမန်အားဦးညွတ်ရှိခိုး ၍အရိုအသေပေးကြရန် အမှုတော်ထမ်း အရာရှိအပေါင်းတို့အားအမိန့်ထုတ်ပြန် တော်မူသည့်အတိုင်းလိုက်နာကြလေသည်။-
3 ၃ နန်းတော်တံခါး သို့ ရောက်သော ရှင်ဘုရင် ၏ ကျွန် တို့က၊ သင် သည် ရှင်ဘုရင် အမိန့် တော်ကို အဘယ်ကြောင့် ငြင်းဆန် သနည်းဟု နေ့တိုင်း မော်ဒကဲ အား မေးမြန်း သတိပေးသော်လည်း၊
၃မော်ဒကဲတစ်ဦးတည်းသာလျှင်မလိုက်နာ ဘဲနေ၏။ အခြားနန်းတွင်းအရာရှိများက သူ့အား``သင်သည်အဘယ်ကြောင့်ဘုရင့်အမိန့် တော်ကိုဖီဆန်ပါသနည်း'' ဟုမေးမြန်းကာ၊-
4 ၄ မော်ဒကဲက၊ ငါသည် ယုဒ လူဖြစ် သည်ဟု ပြန်ပြော ၍၊ သူ တို့ စကားကို နား မ ထောင်သောကြောင့် ၊ သူတို့ သည် မော်ဒကဲ စကား တည်မည် မတည်မည်ကို သိ လို သောငှါ ၊ ဟာမန် အား ကြားပြော ကြ၏။
၄အလျှော့ပေးရန်နေ့စဉ်နေ့တိုင်းတိုက်တွန်း ကြ၏။ သို့ရာတွင်မော်ဒကဲသည်နားမထောင် ဘဲ``ငါသည်ယုဒအမျိုးသားတစ်ဦးဖြစ် သဖြင့်ဟာမန်အားဦးမညွှတ်ရှိမခိုးနိုင် ပါ'' ဟုရှင်းပြလေသည်။ ထို့ကြောင့်ထိုသူ တို့သည်မော်ဒကဲ၏အပြုအမူကို ဟာမန် သည်းခံမည်မခံမည်ကိုသိလို၍ဟာမန် အားတိုင်ကြားကြ၏။-
5 ၅ ထိုသို့ မော်ဒကဲ သည် ဦး မ ချ၊ ရှိ မခိုးဘဲ နေ ကြောင်း ကို ဟာမန် သိမြင် သောအခါ ၊ အလွန်အမျက် ထွက် ၍ ၊
၅ဤသို့မော်ဒကဲဦးမညွှတ်ရှိမခိုးလို သည့်အကြောင်းကိုကြားသိရသောအခါ ဟာမန်သည်လွန်စွာအမျက်ထွက်လေသည်။-
6 ၆ သူတို့သည် မော်ဒကဲ အမျိုး ကို ဘော်ပြ သောကြောင့် ၊ မော်ဒကဲ တယောက် တည်းကို ကွပ်မျက် လျှင် ၊ စိတ်မပြေလောက်ဟု ဟာမန်သည် အောက်မေ့လျက်၊ မော်ဒကဲ အမျိုးသား ချင်းတည်းဟူသောအာရွှေရု နိုင်ငံ အရပ်ရပ် ၌ ရှိသော ယုဒ လူအပေါင်း တို့ကို ဖျက်ဆီး ခြင်းငှါ ရှာကြံ လေ၏။
၆မော်ဒကဲသည်ယုဒအမျိုးသားတစ်ဦး ဖြစ်ကြောင်းကိုလည်းသိရှိရသဖြင့် ဟာမန် သည်မော်ဒကဲတစ်ဦးတည်းကိုသာမဟုတ်၊ ပေရသိအင်ပါယာနိုင်ငံတော်အတွင်း ရှိ ရှိသမျှသောယုဒအမျိုးသားတို့ကိုပါ ကွပ်မျက်ရန်ကြံစည်လေသည်။
7 ၇ ထိုကြောင့်အာရွှေရု နန်းစံဆယ် နှစ် နှစ် ၊ နိသန် အမည်ရှိသောပဌမ လ တွင် ၊ နေ့ ရက်အစဉ်၊ လ အစဉ် အတိုင်းလိုက်၍၊ အာဒါ အမည် ရှိသောဒွါဒသမ လ တိုင်အောင်၊ ဟာမန် ရှေ့ မှာ ပုရ စာရေးတံ ချကြ၏။
၇ဇေရဇ်မင်းနန်းစံဆယ့်နှစ်နှစ်မြောက်၊ နိသန် ခေါ်ပထမလ၌ဟာမန်သည် မိမိ၏အကြံ အစည်ကိုအကောင်အထည်ဖော်ရန် သင့် လျော်မည့်နေ့ရက်ကိုပုရဟုခေါ်သော မဲ စနစ်ဖြင့်ရွေးချယ်စေရာအာဒါခေါ်ဒွါ ဒသမလ၊ ဆယ့်သုံးရက်နေ့ကိုရရှိလေ သည်။
8 ၈ တဖန် ဟာမန် သည် ရှင်ဘုရင် အာရွှေရု ထံ တော် သို့ဝင်၍၊ အခြားတပါး သော လူမျိုး အပေါင်း တို့နှင့် ကျင့် ရာ ထုံးတမ်းမ တူ၊ အရှင်မင်းကြီး စီရင် တော်မူချက်တို့ကို နား မ ထောင်၊ နိုင်ငံတော်အတွင်း၊ တိုင်းသူပြည်သားအမျိုးမျိုးတို့တွင် အရပ်ရပ်ကွဲပြားလျက်နေသောလူမျိုး တမျိုးရှိပါ၏။ ထိုအမျိုးကို အခွင့်ပေးတော်မူရာ၌ ကျေးဇူးတော်မရှိပါ။
၈ထို့ကြောင့်ဟာမန်သည်မင်းကြီးအား``အရှင် ၏အင်ပါယာနိုင်ငံတော်ပြည်နယ်တိုင်းမှာ ပင်ပျံ့နှံ့လျက်နေသည့်လူမျိုးတစ်မျိုးရှိ ပါသည်။ သူတို့၏ဋ္ဌလေ့ထုံးစံများသည် အခြားလူမျိုးတို့၏ဋ္ဌလေ့ထုံးစံများနှင့် မတူပါ။ သူတို့သည်နိုင်ငံတော်၏တရား ဥပဒေများကိုလည်းမလိုက်နာကြပါ။ သို့ဖြစ်၍သူတို့အားသည်းခံလျက်နေ ခြင်းအားဖြင့်အရှင့်၏အတွက်အကျိုး ရှိမည်မဟုတ်ပါ။-
9 ၉ ကိုယ်တော် သဘော တူလျှင် ထို အမျိုးကို ဖျက်ဆီး စေဟု အမိန့် ရှိတော်မူပါ။ ထိုအမှု ကို ဆောင်ရွက် သောသူတို့ သည် ဘဏ္ဍာ တော်တိုက်ထဲ သို့ ငွေ အခွက် တသိန်း ကို သွင်း စေခြင်းငှါ ၊ ကျွန်တော်အပ် ပေးပါမည် ဟု လျှောက်လေ၏။
၉အရှင်မင်းကြီးသဘောတူတော်မူပါလျှင် သူတို့အားကွပ်မျက်ရန်အမိန့်ထုတ်ပြန်တော် မူပါ။ အရှင်ဤသို့ပြုတော်မူမည်ဆိုပါလျှင် နိုင်ငံတော်အုပ်ချုပ်ရေးအတွက် အရှင့်ဘဏ္ဍာ တော်သို့ငွေသုံးရာခုနစ်ဆယ့်ငါးတန်ပေး သွင်းရန်ကျွန်တော်မျိုးတာဝန်ယူပါမည်'' ဟုလျှောက်၏။
10 ၁၀ ရှင်ဘုရင် ကလည်း ၊ ထိုငွေကို သင့်အားငါပေး၏။
၁၀ထိုအခါမင်းကြီးသည်မိမိ၏အမိန့်ကြေ ငြာချက်များကိုတရားဝင်ဖြစ်စေရန် တံဆိပ် ခတ်နှိပ်ရသည့်လက်စွပ်တော်ကိုချွတ်၍ယုဒ အမျိုးသားတို့၏ရန်သူ၊ အာဂတ်မှဆင်း သက်သူ၊ ဟမ္မေဒါသ၏သားဟာမန်အား ပေးအပ်လျက်၊-
11 ၁၁ ထိုလူမျိုး ကိုလည်း သင် သည် ပြု ချင်သမျှ ပြု ရသော အခွင့်ရှိစေခြင်းငှါ၊ သင် ၌ငါအပ် သည်ဟု လက်စွပ် တော်ကိုချွတ် ၍ ယုဒ အမျိုး၏ ရန်သူ ဖြစ်သော အာဂတ် အမျိုး ဟမ္မေဒါသ သား ဟာမန် အား ပေး တော်မူ၏။
၁၁``သင့်သဘောအတိုင်းပြုရန်ထိုလူမျိုးနှင့် သူတို့၏ငွေကိုသင့်လက်သို့ငါပေးအပ်၏'' ဟုမိန့်တော်မူ၏။
12 ၁၂ ထိုအခါ ပဌမ လ တဆယ် သုံး ရက် နေ့တွင် ၊ စာရေး တော်ကြီးတို့ကို ခေါ် ၍ ကိုယ်စားတော်မင်း ၊ အပြည်ပြည်အုပ်သော မြို့ဝန်၊ အရပ်ရပ်စီရင်သော သူကြီးတို့ကို ဟာမန် မှာ ထားသမျှ အတိုင်း ၊ လူ အမျိုးမျိုးပြောသော စကား အသီးအသီးအားဖြင့် ရှင်ဘုရင် အာရွှေရု ၏ အမိန့် တော်ကို စာကိုရေး ၍ ၊ ရှင်ဘုရင် ၏ လက်စွပ် တော်နှင့် တံဆိပ် ခတ်လေ၏။
၁၂ပထမလ၊ ဆယ့်သုံးရက်နေ့၌ဟာမန်သည် မင်းကြီး၏အတွင်းဝန်များကိုခေါ်၍ အမိန့် ကြေငြာချက်ရေးသားရန်နှုတ်တိုက်ချ၍ ပေးလေသည်။ ထိုနောက်ထိုအမိန့်ကိုအင် ပါယာနိုင်ငံတော်အတွင်းရှိလူအမျိုး မျိုးတို့၏ဘာသာစကားသို့ပြန်ဆိုရေး သားစေ၍အုပ်ချုပ်သူများ၊ ဘုရင်ခံများ နှင့်မင်းအရာရှိထံသို့ပေးပို့၏။ ထိုအမိန့် တော်ကိုဇေရဇ်မင်း၏နာမည်နှင့်ထုတ် ပြန်ကာ ဘုရင့်တံဆိပ်တော်ခတ်နှိပ်ထား လေသည်။-
13 ၁၃ အာဒါ အမည်ရှိသောဒွါဒသမ လ တဆယ် သုံး ရက် တ နေ့ ခြင်းတွင် ၊ ယုဒ လူအကြီး အငယ် မိန်းမ ကလေး ရှိ ရှိသမျှတို့ကို သတ်ဖြတ် သုတ်သင် ပယ်ရှင်း ၍ ၊ သူ တို့ဥစ္စာ ကို လုယူ သိမ်းရုံးစေ ခြင်းငှါ၊ အမိန့်တော် စာ ကို စာပို့ လုလင်တို့ဖြင့် နိုင်ငံ တော်အပြည် ပြည်သို့ ပေး လိုက် လေ၏။
၁၃စာပို့လုလင်တို့သည်ထိုအမိန့်တော်ကို အင်ပါယာနိုင်ငံတော်အတွင်းရှိပြည်နယ် ရှိသမျှသို့ယူဆောင်သွားကြ၏။ ထိုအမိန့် တော်တွင်``အာဒါလ၊ ဆယ့်သုံးရက်နေ့တစ်နေ့ တည်း၌ယုဒအမျိုးသားလူကြီးလူငယ် ယောကျာ်းမိန်းမရှိသမျှကိုမသနား၊ မ ညှာတာဘဲသတ်ဖြတ်ကာသူတို့၏ဥစ္စာ ပစ္စည်းများကိုလုယူစေ'' ဟုပါရှိ၏။-
14 ၁၄ ဤရွေ့ကား၊ လူ အမျိုးမျိုး တို့သည် ထို နေ့ ရက်တွင် အသင့် ရှိစေခြင်းငှါ ၊ အတိုင်း တိုင်းအပြည်ပြည်၌ ကြော်ငြာ ရ သော အမိန့်တော် စာ ချက်ဖြစ်သတည်း။
၁၄ယင်းသို့ဆောင်ရွက်ရန်အချိန်ကျလျှင် အသင့်ရှိနေကြစေရန် ထိုအမိန့်တော်ကို ပြည်နယ်တိုင်းတွင်ကြေငြာရန်ဖြစ်သည်။
15 ၁၅ ရှုရှန် နန်းတော် ၌ ထိုအမိန့်တော်စာ ကို ကြော်ငြာ ပြီးမှ၊ ရှင်ဘုရင် စီရင် သည်အတိုင်း ၊ စာပို့ လုလင်တို့သည် အလျင် အမြန်ပြေး သွားကြ၏။ ရှင်ဘုရင် နှင့် ဟာမန် သည် စပျစ်ရည်သောက် ပွဲ၌ ထိုင် ၍၊ ရှုရှန် မြို့ တော်သည် ဆင်းရဲ ခြင်းသို့ ရောက်သတည်း။
၁၅မင်းကြီး၏အမိန့်တော်အရရှုရှန်မြို့တော် တွင်ဤအမိန့်တော်ကိုထုတ်ပြန်ကြေငြာ ကြ၏။ ထိုနောက်စာပို့လုလင်တို့သည်ကြေ ငြာချက်ကိုပြည်နယ်များသို့ယူဆောင်သွား ကြ၏။ ရှုရှန်မြို့တော်တွင်မငြိမ်မသက်ဖြစ် နေချိန်၌မင်းကြီးနှင့်ဟာမန်တို့သည်ထိုင် လျက်စပျစ်ရည်သောက်နေကြလေသည်။