< ဒေသနာ 1 >

1 ဒါဝိဒ် ၏သား တော်၊ ဓမ္မဒေသနာဆရာ ဖြစ်သော ယေရုရှလင် မင်းကြီး ၏စကား ဟူမူကား၊
דברי קהלת בן דוד מלך בירושלם׃
2 အနတ္တ သက်သက်၊ အနတ္တ သက်သက်၊ ခပ်သိမ်း သောအရာတို့သည် အနတ္တ ဖြစ်ကြ၏။
הבל הבלים אמר קהלת הבל הבלים הכל הבל׃
3 လူသည် နေ အောက် မှာ ကြိုးစား အားထုတ်သမျှ တို့ ၌ အဘယ် အကျိုး ရှိသနည်း။
מה יתרון לאדם בכל עמלו שיעמל תחת השמש׃
4 လူ တဆက်လွန် သွား၏။ တဆက် ပေါ် လာ၏။ မြေကြီး မူကား အစဉ် အမြဲတည် ၏။
דור הלך ודור בא והארץ לעולם עמדת׃
5 နေ လည်းထွက် လျက် ဝင် လျက် ၊ ထွက် ရာအရပ် သို့ တဖန် ပြေးလျက်၊ တောင် လမ်းသို့ လိုက် ၍ ၊ တဖန် မြောက် လမ်းသို့ ပြန် လည်တတ်၏။
וזרח השמש ובא השמש ואל מקומו שואף זורח הוא שם׃
6 လေ သည်လည်း အစဉ်လည် သွား၍၊ လည်ပြီး သောအရပ် သို့ တဖန်ပြန်၍လည် ပြန်တတ်၏။
הולך אל דרום וסובב אל צפון סובב סבב הולך הרוח ועל סביבתיו שב הרוח׃
7 ခပ်သိမ်း သော မြစ် တို့သည် ပင်လယ် ထဲသို့ ရောက် ကြ၏။ သို့သော်လည်း ၊ ပင်လယ် သည် မ ပြည့် တတ်။ မြစ် ရေသည် စီး ထွက်ရာအရပ် သို့ တဖန်ပြန် သွား တတ်၏။
כל הנחלים הלכים אל הים והים איננו מלא אל מקום שהנחלים הלכים שם הם שבים ללכת׃
8 ခပ်သိမ်း သော အရာ တို့သည် လူ မ ပြော နိုင် အောင် ပင်ပန်း ခြင်းနှင့် ယှဉ်ကြ၏။ မျက်စိ သည် မြင် ၍ မ ကုန် တတ်။ နား သည်လည်း ကြား ၍ မ ဝ တတ်။
כל הדברים יגעים לא יוכל איש לדבר לא תשבע עין לראות ולא תמלא אזן משמע׃
9 ဖြစ် ဘူးသော အရာ သည် ဖြစ် လတံ့သောအရာ နှင့်တူ၏။ ယခုပြု သော အမှု သည် ပြု လတံ့သော အမှု နှင့်တူ၏။ နေ အောက်မှာ အသစ် သောအမှုအရာမ ရှိ။
מה שהיה הוא שיהיה ומה שנעשה הוא שיעשה ואין כל חדש תחת השמש׃
10 ၁၀ ကြည့် ပါ။ အသစ် ဖြစ်၏ဟုဆို ရသော အမှုအရာ တစုံတခုရှိ သလော။ ထို အမှုအရာသည် ငါ တို့အရင် ၊ ရှေး ကာလ၌ ဖြစ် ဘူးပြီ။
יש דבר שיאמר ראה זה חדש הוא כבר היה לעלמים אשר היה מלפננו׃
11 ၁၁ ရှေး ဖြစ်ဘူးသော အမှုအရာတို့ကို မေ့လျော့ တတ်၏။ နောက် ဖြစ် လတံ့သောအမှုအရာတို့ကိုလည်း၊ ထိုအမှုအရာနောက် ၌ ဖြစ် လတံ့သောသူတို့ သည် မေ့လျော့ကြလိမ့်မည်။
אין זכרון לראשנים וגם לאחרנים שיהיו לא יהיה להם זכרון עם שיהיו לאחרנה׃
12 ၁၂ ငါ ဓမ္မဒေသနာဆရာ သည်၊ ယေရုရှလင် မြို့၌ ဣသရေလ ရှင်ဘုရင် ဖြစ် စဉ်တွင်၊
אני קהלת הייתי מלך על ישראל בירושלם׃
13 ၁၃ မိုဃ်း ကောင်းကင်အောက် ၌ ပြု သမျှ တို့ကို ဉာဏ် ပညာ အားဖြင့် ၊ ရှာဖွေ စစ်ဆေးခြင်းငှါ နှလုံး ထား ၏။ လူ သား တို့ ကျင်လည် ရာဘို့ ထို ပင်ပန်း စေသောအမှု ကို ဘုရား သခင် ပေး တော်မူပြီ။
ונתתי את לבי לדרוש ולתור בחכמה על כל אשר נעשה תחת השמים הוא ענין רע נתן אלהים לבני האדם לענות בו׃
14 ၁၄ နေ အောက် မှာ ပြု လေသမျှ သော အမှု အရာ တို့ကို ငါမြင် ပြီ။ အလုံးစုံ တို့သည် အနတ္တ အမှု၊ လေ ကို ကျက်စား သော အမှုဖြစ်ကြ၏။
ראיתי את כל המעשים שנעשו תחת השמש והנה הכל הבל ורעות רוח׃
15 ၁၅ ကောက် သောအရာကို မ ဖြောင့် စေနိုင်။ ချို့တဲ့ သောအရာကို မ ရေတွက် ရာ။
מעות לא יוכל לתקן וחסרון לא יוכל להמנות׃
16 ၁၆ ငါ သည် ကိုယ် စိတ် နှလုံးထဲမှာ ပြောဆို သည် ကား၊ ငါ သည်ငါ့ အရင် ၊ ယေရုရှလင် မြို့၌ ဖြစ် ဘူးသောသူ အပေါင်း တို့ထက် ကြီးမြင့် ၍ ပညာ ရှိ ၏။ အကယ်စင်စစ်ငါ့ စိတ် နှလုံးသည် ပညာ အတတ်များကို အထူးသဖြင့် လေ့ကျက် ၏။
דברתי אני עם לבי לאמר אני הנה הגדלתי והוספתי חכמה על כל אשר היה לפני על ירושלם ולבי ראה הרבה חכמה ודעת׃
17 ၁၇ ပညာ တရားကို၎င်း ၊ လျှပ်ပေါ် ခြင်းနှင့် မိုက်မဲ ခြင်းတို့ကို၎င်းပိုင်းခြား ၍ သိ အံ့သောငှါ ငါ သည်နှလုံး ထား ၏။ ထို အမှုသည်လည်း ၊ လေ ကို ကျက်စားသောအမှု ဖြစ်သည်ကို ရိပ်မိ ၏။
ואתנה לבי לדעת חכמה ודעת הוללות ושכלות ידעתי שגם זה הוא רעיון רוח׃
18 ၁၈ အကြောင်း မူကား၊ ပညာ များ လျှင် ၊ ငြိုငြင် စရာ အကြောင်းများ ၏။ သိပ္ပံ အတတ် တိုးပွား သောသူသည် ဝမ်းနည်း ခြင်း တိုးပွား တတ်၏။
כי ברב חכמה רב כעס ויוסיף דעת יוסיף מכאוב׃

< ဒေသနာ 1 >