< တရားဟောရာ 15 >
1 ၁ ခုနစ် နှစ် တခါ လွှတ် ခြင်းကို ပြု ရမည်။
၁``ခုနစ်နှစ်လျှင်တစ်ကြိမ်မြီရှင်တို့သည် မြီစား တို့ထံမှရရှိရန်ရှိသောအကြွေးရှိသမျှ ကို သင်ပုန်းချေပယ်ပစ်ရမည်။-
2 ၂ လွှတ် ခြင်းတရား ဟူမူကား ၊ ကိုယ် နှင့်စပ်ဆိုင် သောသူအား ဥစ္စာကို ချေးငှားသော ကြွေးရှင် မည်သည်ကား၊ ထို ကြွေး ကို လွှတ် ရမည်။ ထာဝရဘုရား လွှတ် ခြင်းကာလဖြစ်သောကြောင့် ၊ ထိုကြွေးကို အိမ်နီးချင်း၊ ညီအစ်ကို ချင်း၌ မ တောင်း ရ။
၂အကြွေးများကိုသင်ပုန်းချေပယ်ဖျက်နည်း ကားဤသို့တည်း။ ဣသရေလအမျိုးသားချင်း တစ်ဦးအားငွေချေးထားသူသည် ထိုအကြွေး ကိုသင်ပုန်းချေပယ်ဖျက်ရမည်။ ထာဝရဘုရား ကိုယ်တော်တိုင်သင်ပုန်းချေပယ်ဖျက်ကြောင်း ကြေညာပြီးဖြစ်သောကြောင့် အကြွေးကို ပြန်၍မတောင်းရ။-
3 ၃ တကျွန်း တနိုင်ငံသား၌ တောင်း ရသောအခွင့် ရှိ၏။ ညီအစ်ကို ၌ ရှိ သောကိုယ် ဥစ္စာ ကို မတောင်းဘဲ လွှတ် ရမည်။
၃လူမျိုးခြားများထံမှအကြွေးကိုတောင်းယူ နိုင်သော်လည်း ကိုယ်အမျိုးသားချင်းထံမှ အကြွေးကိုမူကားမတောင်းရ။''
4 ၄ သင် ၌ ဆင်းရဲသား မ ရှိ စေခြင်းငှာ ၊ ထိုသို့ပြုရ မည်။ သင် ၏ဘုရားသခင် ထာဝရဘုရား သည် အမွေခံ ဘို့ ရာအပိုင် ပေး တော်မူသော ပြည် ၌ သင့် ကို အလွန် ကောင်းကြီး ပေးတော်မူမည်။
၄``သင်တို့၏ဘုရားသခင်ထာဝရဘုရား သည် သင်တို့အားပေးသနားသောပြည်တွင် သင်တို့အားကောင်းချီးပေးတော်မူမည်။ သင် တို့အားငါယနေ့ပညတ်သမျှတို့ကိုစောင့် ထိန်း၍ ထာဝရဘုရား၏အမိန့်တော်ကို နာခံလျှင် သင်တို့လူမျိုးတွင်မည်သူမျှ မဆင်းရဲရ။-
5 ၅ ယနေ့ ငါ မှာ ထားသမျှ သော ဤ ပညတ် တို့ကို ကျင့် မည်အကြောင်း စောင့်ရှောက် ခြင်းငှာ ၊ သင် ၏ဘုရားသခင် ထာဝရဘုရား ၏ စကား တော်ကို စေ့စေ့နားထောင် လော့။
၅
6 ၆ သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ ဂတိတော် ရှိသည်အတိုင်း ကောင်းကြီး ပေးတော်မူသဖြင့် ၊ သင် သည် လူမျိုး များတို့အား ချေးငှား ရသောအခွင့်ရှိ လိမ့်မည်။ သူတို့သည် သင့် အား ချေးငှား သော အခွင့်မ ရှိရ။ သင်သည် လူမျိုး များတို့ကို အစိုး ပိုင်ရလိမ့်မည်။ သူတို့ သည် သင့် ကို အစိုး မ ပိုင်ရကြ။
၆ထာဝရဘုရားသည်ကတိတော်ရှိသည့် အတိုင်း သင်တို့အားကောင်းချီးပေးတော်မူ သဖြင့် သင်တို့သည်လူမျိုးများစွာတို့အား ငွေချေးရလိမ့်မည်။ သင်တို့ကမူကားသူတို့ ထံမှချေးငှားခြင်းပြုရမည်မဟုတ်။ သင်တို့ သည်လူမျိုးများစွာတို့ကိုအုပ်စိုးရလိမ့် မည်။ မည်သည့်လူမျိုးကမျှသင်တို့ကို မအုပ်စိုးရ။''
7 ၇ သင် ၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် တွင် ၊ မြို့ တစုံတမြို့၌ ဆင်းရဲ သော ညီအစ်ကို ချင်း ရှိ လျှင် ၊ ထိုဆင်းရဲ သော ညီအစ်ကို ၌ သင် သည် သနားသောစိတ် ကို မ ချုပ်တည်း ရ။ လက် ကိုလည်း မ ပိတ် ရ။
၇``သင်တို့၏ဘုရားသခင်ထာဝရဘုရား ပေး သနားတော်မူသောပြည်ရှိမြို့ရွာများတွင် ဆင်းရဲနွမ်းပါးသောဣသရေလအမျိုး သားရှိလျှင် တစ်ကိုယ်ကောင်းစိတ်ရှိပြီး ထိုသူအားမစရန်မတွန့်တိုနှင့်။-
8 ၈ သင် ၏လက် ကို သူ့ အဘို့ ကျယ်ကျယ်ဖွင့် ၍ ၊ သူ ၏ ဆင်းရဲ ပျောက်လောက် အောင် ချေးငှား ရမည်။
၈စေတနာထား၍သူလိုသမျှကိုချေးငှား လော့။-
9 ၉ သင့် စိတ် နှလုံး၌ ဆိုးညစ် သော သဘော ရှိ ၍ ၊ သတ္တမ နှစ် တည်းဟူသောလွှတ်ရာနှစ်နီးပြီဟု အောက်မေ့လျက်၊ ထိုဆင်းရဲသော ညီအစ်ကိုကို မနာလိုသောစိတ်ရှိ ၍၊ ဘာမျှမပေးဘဲနေလျှင် သူ သည်ထာဝရဘုရား အား အော်ဟစ် သဖြင့် ၊ သင် ၌ အပြစ် မ ရောက် မည်အကြောင်း သတိ ပြုလော့။
၉အကြွေးကိုသင်ပုန်းချေပယ်ဖျက်ရမည့်နှစ် နီးလာသဖြင့် ထိုသူအားမချေးငှားဘဲ မနေနှင့်။ သင်၌ထိုကဲ့သို့တွန့်တိုသောစိတ် မဝင်စေရ။ သင်သည်သူ့အားမချေးငှားလျှင် သူသည်ထာဝရဘုရားထံတိုင်တန်းသဖြင့် သင် သည်အပြစ်ကူးလွန်ရာရောက်လိမ့်မည်။-
10 ၁၀ အကယ်စင်စစ်သူ့ အား ပေး ရမည်။ ပေး သောအခါ နှမြော သောစိတ်မ ရှိရ။ အကြောင်း မူကား၊ ထို ဒါန ကြောင့် သင် ၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် ပြု လေရာရာ ၊ လုပ်ဆောင် လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
၁၀ထိုသူအားတွန့်တိုသောစိတ်မရှိဘဲစေတနာ ဖြင့်ပေးကမ်းလော့။ ထိုအခါ၌ထာဝရဘုရား သည်သင်ပြုသမျှကိုကောင်းချီးပေးတော် မူလိမ့်မည်။-
11 ၁၁ သင့်နေရာပြည် ၌ ဆင်းရဲသား မ ပြတ် ရ။ ထို့ကြောင့် ၊ သင့် ပြည် ၌ ဆင်းရဲ ငတ်မွတ်သော ညီအစ်ကို ချင်းတို့အား သင် ၏လက် ကို ကျယ်ကျယ်ဖွင့် ရမည်အကြောင်း ငါ မှာ ထား၏။
၁၁သင်တို့တွင်ဆင်းရဲနွမ်းပါးသောဣသရေလ အမျိုးသားများအမြဲရှိနေမည်။ ထို့ကြောင့် သူတို့အား ရက်ရောစွာပေးကမ်းရန်ငါပညတ် ၏။''
12 ၁၂ သင် ၏ညီအစ်ကို ချင်း၊ ဟေဗြဲ အမျိုးယောက်ျား မိန်းမ သည် သင် ၌ ကျွန် ဖြစ်၍ ၊ ခြောက် နှစ် အစေခံ ပြီးမှ ၊ သတ္တမ နှစ် ရောက် လျှင် လွှတ် ရမည်။
၁၂``ဣသရေလအမျိုးသားသို့မဟုတ်အမျိုး သမီးတစ်ဦးဦးသည် သင့်ထံ၌ခြောက်နှစ် ကျွန်ခံပြီး၍သတ္တမနှစ်သို့ရောက်သောအခါ သူ့အားကျွန်ဘဝမှလွတ်ခွင့်ပေးရ မည်။-
13 ၁၃ လွှတ် သောအခါ ၊ လက်ချည်း မ လွှတ် ဘဲ၊
၁၃သူ့ကိုလွတ်ခွင့်ပေးသောအခါ လက်ချည်း သက်သက်မသွားစေရ။-
14 ၁၄ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ကောင်းကြီး ပေးတော်မူသည်အတိုင်း ၊ သင် ၏သိုးစု ၊ ကောက်နယ် တလင်း၊ စပျစ်သီး နယ်ရာကျင်းထဲက များစွာပေး ရမည်။
၁၄ထာဝရဘုရားကောင်းချီးပေးသဖြင့် သင်တို့ ၌သိုး၊ စပါး၊ စပျစ်ရည်ကြွယ်ဝချမ်းသာသည့် အတိုင်း ယင်းပစ္စည်းမှသူ့အားရက်ရောစွာပေး ကမ်းလော့။-
15 ၁၅ သင်သည် အဲဂုတ္တု ပြည် ၌ ကျွန် ခံ ခဲ့ဘူးကြောင်းကို ၎င်း ၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ကို ရွေးနှုတ် တော်မူကြောင်း ကို၎င်း၊ အောက်မေ့ ရမည်။ ထိုကြောင့် ဤ ပညတ် ကို ယနေ့ ငါ ထား ၏။
၁၅သင်တို့သည်အီဂျစ်ပြည်တွင်ကျွန်ခံရာမှ သင် တို့၏ဘုရားသခင်ထာဝရဘုရားသည် သင် တို့အားလွတ်မြောက်စေခဲ့ကြောင်းကိုသတိ ရကြလော့။ ထိုအကြောင်းကြောင့် ငါသည် ယခုဤပညတ်ကိုသင်တို့အားပေး၏။''
16 ၁၆ သို့ရာတွင် ကျွန်က၊ ကျွန်တော်သည် မ ထွက် မသွားလိုပါ။ ကိုယ်တော်နှင့် ကိုယ်တော် အိမ်သူ အိမ်သားတို့ကို ချစ် ပါ၏။ နေ၍ပျော် ပါ၏ ဟုဆို လျှင်၊
၁၆``သို့ရာတွင်ကျွန်သည် သင်နှင့်သင်၏မိသားစု ကိုခင်မင်၍ပျော်ပိုက်နေသဖြင့် အိမ်မှထွက် မသွားလိုပါဟုဆိုလျှင်၊-
17 ၁၇ သင်သည် စူး ကိုယူ ၍ တံခါး ၌ ကျွန် ၏နားရွက် ကို ဖောက် ပြီးမှ ၊ သူသည် အစဉ်အမြဲ ကျွန် ခံ ရမည်။ ထိုအတူ ကျွန် မ၌ လည်း ပြု ရမည်။
၁၇သူ့ကိုအိမ်တံခါးသို့ခေါ်ဆောင်ပြီးနောက် သူ ၏နားကိုစူးဖြင့်ဖောက်ရမည်။ ထိုအခါသူ သည်သင်ထံ၌ရာသက်ပန်ကျွန်ခံရမည်။ ကျွန်မိန်းမကိုလည်းထိုနည်းတူပြုရမည်။-
18 ၁၈ သင် ၏ကျွန် ကို လွှတ် သောအခါ ခက် သည်ဟူ၍မ ထင် ရ။ အကြောင်း မူကား၊ ခြောက် နှစ် ပတ်လုံးအစေခံ သဖြင့် ၊ သူငှား ဆောင်ရွက် သောအမှု နှစ်ဆ ကို သူသည်ဆောင်ရွက်လေပြီ။ သင် ၏ဘုရားသခင် ထာဝရဘုရား သည်လည်း သင်ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
၁၈သင်သည်ကျွန်တစ်ယောက်ကိုလွတ်ခွင့်ပေး ရာ၌ စိတ်အနှောင့်အယှက်မဖြစ်စေနှင့်။ စင်စစ်သူသည်အစေခံငှားခထက်ဝက် မျှဖြင့် ခြောက်နှစ်ပတ်လုံးသင့်ထံ၌ကျွန်ခံခဲ့လေပြီ။ ယင်းသို့ပြုလျှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားသည် သင်တို့ဆောင်ရွက် သမျှကိုကောင်းချီးပေးတော်မူမည်။''
19 ၁၉ သင် ၏သိုး နွားတို့တွင် အဦး ဘွား သော အထီး ရှိသမျှ တို့ ကို သင် ၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း စေရမည်။ အဦး ဘွားသောနွား ၊ အဦး ဘွားသော သိုး ကို မ သုံးဆောင် ရ။
၁၉``သင်တို့၏နွားနှင့်သိုးသားဦးပေါက်အထီး ဟူသမျှကို သင်တို့၏ဘုရားသခင်ထာဝရ ဘုရားအတွက်သီးသန့်ထားရမည်။ နွားသား ဦးပေါက်များကိုမခိုင်းစေရ။ သိုးသားဦး ပေါက်များကိုလည်းအမွေးမညှပ်ရ။-
20 ၂၀ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ သင် ၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ထိုသိုးနွားတို့ကို နှစ် စဉ်မပြတ် အိမ်သူ အိမ်သားတို့နှင့်တကွ ကိုယ်တိုင် စား ရမည်။
၂၀နှစ်စဉ်သင်နှင့်သင်၏မိသားစုတို့သည် ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနတွင်ထာဝရ ဘုရား၏ရှေ့တော်၌ ထိုနွားဦးပေါက်နှင့် သိုးဦးပေါက်တို့၏အသားကိုစားရမည်။-
21 ၂၁ ထို သိုးနွားတို့၌ ခြေဆွံ့ ၊ မျက်စိကန်း အစ ရှိသော အင်္ဂါချို့တဲ့ခြင်းအပြစ် ၊ အခြားသောအပြစ် တစုံတခု ရှိ လျှင် ၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား ယဇ် မ ပူဇော်ရ။
၂၁ထိုနွားနှင့်သိုးတို့တွင်ခြေဆွံ့ခြင်း၊ မျက်စိကန်း ခြင်း၊ သို့မဟုတ်အခြားသောအနာအဆာ တစ်ခုခုရှိလျှင် သင်၏ဘုရားသခင်ထာဝရ ဘုရားအားမပူဇော်ရ။-
22 ၂၂ သင့် နေရာ အရပ်၌ စား ရမည်။ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့ သည် အတူ စားရကြမည်။
၂၂ထိုကဲ့သို့သောတိရစ္ဆာန်များ၏အသားကို သင် တို့၏မြို့ရွာများတွင်စားနိုင်သည်။ သင်တို့တွင် ဘာသာရေးထုံးနည်းအရသန့်စင်သူ၊ မသန့် စင်သူအပေါင်းတို့သည်သမင်သား၊ ဒရယ် သားကိုစားသည့်နည်းတူထိုတိရစ္ဆာန်တို့၏ အသားကိုစားနိုင်သည်။-
23 ၂၃ သို့ရာတွင် အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာသွန်ရမည်။
၂၃သွေးကိုမူကားမစားရ။ ရေကိုသွန်သကဲ့ သို့သွေးကိုမြေပေါ်မှာသွန်ရမည်။''