< တရားဟောရာ 14 >
1 ၁ သင် တို့သည် သင် တို့ဘုရားသခင် ထာဝရဘုရား ၏ သား ဖြစ်ကြ၏။ သေ သောသူအတွက် အသားကို မ ခုတ် မရှရ။ မျက်မှောင် ကြား မှာ အမွေးကို မ ရိတ် ရ။
၁``သင်တို့သည်သင်တို့ဘုရားသခင်ထာဝရ ဘုရား၏လူမျိုးတော်ဖြစ်သောကြောင့် သေဆုံး သူအတွက်ဝမ်းနည်းကြေကွဲကြသောအခါ ကိုယ်ခန္ဓာကိုကွဲရှပွန်းပဲ့စေခြင်း၊ ဆံဦး စွန်းကိုရိတ်ခြင်းမပြုရ။-
2 ၂ သင် တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အဘို့ ၊ သန့်ရှင်း သောလူမျိုး ဖြစ်ကြ၏။ ထာဝရဘုရား သည် မြေကြီး ပေါ် မှာရှိသမျှ သော လူမျိုး ထက်၊ ကိုယ်တော် ပိုင် ထိုက်သော အမျိုး ဖြစ် စေခြင်းငှာ သင် တို့ကို ရွေးချယ် တော်မူပြီ။
၂ထာဝရဘုရားသည်ကမ္ဘာပေါ်ရှိလူမျိုး အပေါင်းတို့အနက် သင်တို့အားမိမိ၏လူမျိုး တော်အဖြစ်ရွေးကောက်တော်မူသည်ဖြစ်သော ကြောင့် သင်တို့ကိုသင်တို့၏ဘုရားသခင် ထာဝရဘုရားပိုင်တော်မူ၏။''
3 ၃ စက်ဆုပ် ရွံ့ရှာဘွယ်သော အရာ ကို သင်တို့မ စား ရ။
၃``ထာဝရဘုရားကမသန့်ဟုသတ်မှတ်သော တိရစ္ဆာန်ဟူသမျှ၏အသားကိုမစားရ။-
4 ၄ စား ရသော တိရစ္ဆာန် ဟူမူကား ၊ နွား ၊ သိုး ၊ ဆိတ် ၊
၄သင်တို့စားနိုင်သောတိရစ္ဆာန်များသည်ကား နွား၊ သိုး၊ ဆိတ်၊-
5 ၅ သမင် ၊ ဒရယ် ၊ ဆတ် ၊ ဂျီ ၊ ဒိရှုန် ၊ စိုင် ၊ ဇမေရ အစရှိသော၊
၅သမင်၊ သိုးရိုင်း၊ တောဆိတ်၊ ဒရယ်အစရှိသော၊-
6 ၆ ခွါ ကွဲပြား ၍ စားမြုံ့ ပြန်သော သား များကို စား ရသောအခွင့်ရှိ၏။
၆ခွာကွဲ၍စားမြုံ့ပြန်တတ်သောတိရစ္ဆာန်များ ဖြစ်၏။-
7 ၇ သို့သော်လည်း စားမြုံ့ ပြန်သောသား၊ ခွာ ကွဲပြား သော သားတို့တွင် မ စား ရသောသားဟူမူကား ၊ ကုလားအုပ် ၊ အာရနဘက် ၊ ရှာဖန် တို့သည် စားမြုံ့ ပြန်သော်လည်း ၊ ခွာ မ ကွဲပြား သောကြောင့် သင် တို့၌ မ စင်ကြယ်။
၇ခွာလည်းမကွဲ၊ စားမြုံ့လည်းမပြန်သောတိရစ္ဆာန် များကိုမစားရ။ ကုလားအုတ်၊ ယုန်၊ ခွေးတူဝက်တူ တို့၏အသားကိုမစားရ။ ဤတိရစ္ဆာန်တို့သည် စားမြုံ့ပြန်တတ်သော်လည်း ခွာမကွဲသဖြင့် မသန့်သောတိရစ္ဆာန်များဟူ၍မှတ်ရမည်။-
8 ၈ ဝက် သည် ခွာ ကွဲပြား သော်လည်း ၊ စားမြုံ့ မ ပြန် သောကြောင့် ၊ သင် တို့၌ မ စင်ကြယ်။ အသား ကို မ စား ရ။ အသေ ကောင်ကို လည်း မ ထိ ရ။
၈ဝက်သားကိုမစားရ။ ဝက်သည်ခွာကွဲသော် လည်းစားမြုံ့မပြန်သောကြောင့် မသန့်သော တိရစ္ဆာန်ဟူ၍မှတ်ရမည်။ တားမြစ်ထားသော ဤတိရစ္ဆာန်တို့၏အသားကိုမစားရ။ ယင်း တို့၏အသေကောင်များကိုပင်လျှင်မကိုင် တွယ်ရ။
9 ၉ ရေ ၌ နေသော တိရစ္ဆာန်တကာ တို့တွင် အယပ် နှင့် အကြေး ရှိသောတိရစ္ဆာန် ကို သာ စား ရ၏။
၉``သင်တို့သည်ဆူးတောင်နှင့်အကြေးရှိသော ငါးဟူသမျှကိုစားနိုင်သည်။-
10 ၁၀ အယပ် နှင့် အကြေး မ ရှိသော တိရစ္ဆာန် ကို မ စား ရ။ သင် တို့၌ မ စင်ကြယ်။
၁၀ဆူးတောင်နှင့်အကြေးမရှိသောရေသတ္တဝါ များကိုမူကားမစားရ။ ယင်းတို့ကိုမသန့် ဟုမှတ်ရမည်။
11 ၁၁ စင်ကြယ် သော ငှက် အမျိုးမျိုး ကို စား ရသောအခွင့်ရှိ၏။
၁၁``သင်တို့သည် သန့်စင်သောငှက်ဟူသမျှကို စားနိုင်သည်။-
12 ၁၂ မ စား ရသော ငှက်ဟူမူကား ၊ ရွှေလင်းတ ၊ ပင်လယ် လင်းတ၊ လင်းယုန်၊
၁၂သင်တို့မစားရသောငှက်များသည်ကားလင်း ယုန်၊ ဇီးကွက်၊ သိမ်းငှက်မျိုး၊ လင်းတ၊ ကျီး၊ ငှက် ကုလားအုတ်၊ ဇင်ယော်၊ ငှက်ကျား၊ ဗျိုင်း၊ ငှက် ကြီးဝံပို၊ တင်ကျီး၊ တောင်သူဘီးငှက်၊ လင်းနို့ စသည်တို့ဖြစ်၏။
13 ၁၃ ဒါဟ ၊ စွန် ၊ လင်းတ ကြမ်းမျိုး၊
၁၃
14 ၁၄ ကျီး မျိုး ရှိသမျှ၊
၁၄
15 ၁၅ ကုလားအုပ် ငှက်၊ ငှက် ဆိုး၊ ဥဗျိုင်း ၊ သိမ်း မျိုး၊
၁၅
16 ၁၆ ဇိကွက် ၊ ဣဗိတ် ၊ ငှက် ကျား၊
၁၆
17 ၁၇ ဝံပို ၊ ဝံလို ၊ ကြိုးကြာ၊
၁၇
18 ၁၈ တောငန်း ၊ ဒုံးစပ် မျိုး ၊ ဒုံးကုလား ၊ လင်းနို့ မှစ၍၊
၁၈
19 ၁၉ အတောင် ရှိလျက် တွား တတ်သော တိရစ္ဆာန် ရှိသမျှ တို့သည် သင် တို့၌ မ စင်ကြယ်သည်ဖြစ်၍ အသား ကို မ စား ရ။
၁၉``အတောင်ရှိသောပိုးမွှားတို့သည် မသန့်စင် သောကြောင့်မစားရ။-
20 ၂၀ စင်ကြယ် သော ငှက် အမျိုးမျိုး ကို စား ရသောအခွင့်ရှိ၏။
၂၀သန့်စင်သောပိုးမွှားများကိုမူကားစားနိုင်၏။
21 ၂၁ အလိုလို သေသောအကောင်ကို မ စား ရ။ သင် တို့၌ တည်းခို သော တပါး အမျိုးသားစားစရာ ဘို့ ပေး ရမည်။ သို့မဟုတ် တကျွန်း တနိုင်ငံသားတို့အား ရောင်း ရမည်။ သင် တို့သည် သင် တို့၏ဘုရားသခင် ထာဝရဘုရား အဘို့ သန့်ရှင်း သော လူမျိုး ဖြစ်ကြ၏။ ဆိတ် သငယ်ကို အမိ နို့ ရည်နှင့် မ ပြုတ် မချက်ရ။
၂၁``အလိုအလျောက်သေသောတိရစ္ဆာန်၏အသား ကိုမစားရ။ သင်တို့နှင့်တစ်ရပ်တည်းနေထိုင် သောလူမျိုးခြားတို့အား ထိုအသားကိုစား ခွင့်ပြုနိုင်၏။ သို့မဟုတ်ထိုအသားကိုလူမျိုး ခြားတို့အားရောင်းခွင့်ရှိသည်။ သင်တို့ကိုမူ ကား သင်တို့၏ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။ သင်တို့သည်ကိုယ်တော်၏ လူမျိုးတော်ဖြစ်ကြ၏။ ``သိုးကလေးသို့မဟုတ်ဆိတ်ကလေးကို ယင်း၏အမိနို့ရည်၌မချက်မပြုတ်ရ။''
22 ၂၂ လယ်ယာ ၌ တနှစ် တနှစ် တွင် သိမ်း ရသောအသီးအနှံ ဆယ်ဘို့ တဘို့ကို အမှန်ခွဲထားရမည်။
၂၂``နှစ်စဉ်သင်တို့၏လယ်ယာများမှ ထွက်သမျှ သောအသီးအနှံဆယ်ဖို့တစ်ဖို့ကို သီးသန့် ဖယ်ထားရမည်။-
23 ၂၃ သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ နာမ တော်ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် ၌ စပါး ၊ စပျစ်ရည် ၊ ဆီ မှစ၍ ၊ သိုး ၊ နွား တွင် အဦး ဘွားသော သားငယ်ဆယ်ဘို့ တဘို့ကို ရှေ့ တော်မှာ စား ရကြမည်။ ထိုသို့ ပြုလျှင်၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို အစဉ် ကြောက်ရွံ့ ရမည်အကြောင်း ၊ သင်ရကြလိမ့်မည်။
၂၃ထို့နောက်သင်တို့၏ဘုရားသခင်ထာဝရ ဘုရား ရွေးချယ်ထားတော်မူသောဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့သွား၍ ထိုဌာနတွင်ကိုယ်တော်၏ရှေ့တော်၌ သင်တို့ ဆယ်ဖို့တစ်ဖို့သီးသန့်ဖယ်ထားသောစပါး၊ စပျစ်ရည်၊ သံလွင်ဆီ၊ နွားနှင့်သိုးတို့၏သား ဦးပေါက်များကိုစားသုံးရကြမည်။ ဤ နည်းအားဖြင့်သင်တို့၏ဘုရားသခင် ထာဝရဘုရားကို အစဉ်ကြောက်ရွံ့ရိုသေ ရမည်ဖြစ်ကြောင်းသင်တို့သိနားလည်ကြ လိမ့်မည်။-
24 ၂၄ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောအခါ ၊ နာမ တော်ကို တည် စေ ဘို့ရာ ရွေးကောက် တော်မူသော အရပ် သည် ဝေး လွန်း၍ ခရီး ရှည်လျား သဖြင့် ၊ ဥစ္စာဆယ်ဘို့တဘို့ကို ဆောင်၍ မ သွားနိုင် လျှင်၊
၂၄ထာဝရဘုရားသည်သင်တို့အားကောင်းချီး ပေးသဖြင့် ရရှိသောဝတ္ထုပစ္စည်းထဲမှဆယ်ဖို့ တစ်ဖို့ကို ဘုရားဝတ်ပြုရာဌာနသို့ယူဆောင် သွားရန်ခရီးဝေးလွန်းလျှင်၊-
25 ၂၅ ထိုဥစ္စာ ကို ရောင်း ပြီးမှ ၊ ငွေ ကိုကိုင် လျက် ၊ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ၍၊
၂၅ထိုပစ္စည်းကိုရောင်းချ၍ရသောငွေကို ဘုရား ဝတ်ပြုရာတစ်ခုတည်းသောဌာနသို့ယူ သွားရမည်။-
26 ၂၆ စား ချင်သောစိတ် အလိုရှိသည်အတိုင်း ၊ နွား ၊ သိုး ၊ စပျစ်ရည် ၊ သေရည် အစရှိသောစားချင်သမျှကို ဝယ်၍၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော် မှာ၊ အိမ်သူ အိမ်သားများနှင့်တကွ စား သောက်လျက် ၊ ရွှင်လန်း ခြင်းကို ပြုရကြမည်။
၂၆ထိုငွေဖြင့်သင်တို့နှစ်သက်ရာအမဲသား၊ သိုး သား၊ စပျစ်ရည်၊ အရက်သေရည်စသည်တို့ ကိုဝယ်၍ ထိုဌာနတွင်သင်၏ဘုရားသခင် ထာဝရဘုရား၏ရှေ့တော်၌ သင်နှင့်သင် တို့၏မိသားစုများသည်ပျော်ရွှင်စွာစား သောက်ရကြမည်။
27 ၂၇ သို့ရာတွင် ၊ သင် တို့၌ တည်းခို သော လေဝိ သား ဟူမူကား၊ သင် တို့နှင့် ရော၍၊ အဘို့ မရှိ၊ အမွေ ကို မ ခံရ သောကြောင့် ၊ သူ့ ကို မ စွန့် မပစ်ရဘဲ၊
၂၇``သင်တို့၏မြို့ရွာများတွင်နေထိုင်ကြသော လေဝိအမျိုးသားများ၌ ကိုယ်ပိုင်ပစ္စည်းဟူ ၍မရှိသဖြင့်သူတို့အားပြုရမည့်ဝတ် မပျက်စေနှင့်။-
28 ၂၈ တတိယ နှစ် တွင် သိမ်း သောအသီး အနှံ ဆယ်ဘို့ တဘို့ ရှိသမျှ ကို ထုတ်၍ မြို့ ထဲမှာ သိုထား ရမည်။
၂၈သုံးနှစ်လျှင်တစ်ကြိမ်သင်တို့သည် ထွက်သမျှ အသီးအနှံထဲမှဆယ်ဖို့တစ်ဖို့ကို သင်တို့ ၏မြို့ရွာများတွင်စုဆောင်းထားရမည်။-
29 ၂၉ သင် တို့နှင့် ရော၍ အဘို့မ ရှိ၊ အမွေ ကို မခံရသော လေဝိ သား၊ သင် တို့နေရာ အရပ်၌ ရှိသော တပါး အမျိုးသား၊ မိဘ မရှိသော သူငယ်၊ မုတ်ဆိုးမ များတို့သည် လာ ၍ ဝ စွာစား ရကြမည်။ သို့ဖြစ်လျှင် သင် တို့၏ ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့ပြု လေရာရာ ၌ ကောင်းကြီး ပေးတော်မူမည်။
၂၉ထိုအစားအစာများသည် ကိုယ်ပိုင်ပစ္စည်းဟူ၍ မရှိသောလေဝိအမျိုးသားများ၊ သင်တို့မြို့ ရွာတွင်နေထိုင်ကြသောလူမျိုးခြားသား များ၊ မိဘမဲ့ကလေးများ၊ မုဆိုးမများ အတွက်ဖြစ်သည်။ သူတို့သည်ထိုအစား အစာများမှ လိုအပ်သလောက်ယူ၍စား သုံးနိုင်၏။ ဤသို့ပြုလျှင်သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့ဆောင် ရွက်သမျှကိုကောင်းချီးပေးတော်မူလိမ့် မည်။''