< တရားဟောရာ 12 >

1 သင် တို့သည် မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလပတ်လုံး ဝင်စား စေခြင်းငှာ သင် တို့ဘိုးဘေး ကိုးကွယ်သော ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော ပြည် ၌ ကျင့် အံ့သောငှာ စောင့်ရှောက် ရသော စီရင် ထုံးဖွဲ့ချက်များ ဟူမူကား ၊
``သင်​တို့​ဘိုး​ဘေး​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ပေး​တော်​မူ​မည့်​ပြည်​တွင် နေ​ထိုင်​သ​မျှ ကာ​လ​ပတ်​လုံး​စောင့်​ထိန်း​ရ​မည့်​ပညတ်​တော် များ​ကို​ဖော်​ပြ​အံ့။ နား​ထောင်​ကြ​လော့။-
2 သင် တို့အစိုးရ သော လူမျိုး တို့သည် တောင် ကြီး ၊ တောင် ငယ်အပေါ် ၊ စိမ်း သော သစ်ပင်အောက် ၌ မိမိ တို့ ဘုရား များကို ဝတ်ပြု ရာအရပ် ရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီး ရမည်။
သင်​တို့​သိမ်း​ယူ​မည့်​ပြည်​တွင်​တောင်​ထိပ်​ပေါ်၊ တောင်​ကုန်း​ပေါ်၊ သစ်​စိမ်း​ပင်​အောက်​ရှိ​ထို​ပြည် သား​တို့​ကိုး​ကွယ်​ရာ​ဌာ​န​ရှိ​သ​မျှ​ကို​ဖျက် ဆီး​ပစ်​ရ​မည်။-
3 သူ တို့ယဇ် ပလ္လင်များကိုလည်း ဖျက် ရမည်။ ရုပ်တု များကို ဖြိုချ ရမည်။ အာရှရ ပင်များကို မီး ရှို့ ရမည်။ ထုလုပ်သော ဘုရား ဆင်းတု များကို ခုတ်လှဲ ရမည်။ ထို အရပ် ၌ ထို ဘုရားတို့၏ နာမ ကိုပင် ပယ်ရှင်း ရမည်။
သူ​တို့​၏​ယဇ်​ပလ္လင်​များ​ကို​ဖြို​ချ​၍ သူ​တို့​၏ ဘု​ရား​ကျောက်​တိုင်​များ​ကို​ချိုး​ဖျက်​ရ​မည်။ သူ​တို့​ကိုး​ကွယ်​သော​ဘု​ရား​မ​အာ​ရှ​ရ​၏ တံ​ခွန်​တိုင်​များ​ကို​မီး​ရှို့​ရ​မည်။ သူ​တို့​၏ ရုပ်​တု​များ​ကို​ခုတ်​လှဲ​ဖျက်​ဆီး​ပစ်​ရ​မည်။ ဤ​နည်း​အား​ဖြင့်​ထို​အ​ရပ်​များ​တွင် ယင်း ဘု​ရား​များ​ကို​ကိုး​ကွယ်​မှု​ပ​ပျောက်​သွား လိမ့်​မည်။-
4 သူ တို့ပြုသကဲ့သို့၊ သင်တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား အား မ ပြု ရဘဲ၊
``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကို သူ​တို့​ကိုး​ကွယ်​သည့်​နည်း​အ​တိုင်း​မ​ကိုး ကွယ်​ရ။-
5 သင် တို့၏ဘုရားသခင် ထာဝရဘုရား သည်၊ သင် တို့အမျိုးအနွယ် ရှိသမျှ တို့တွင် နာမတော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသော အရပ် တည်းဟူသောကျိန်းဝပ် တော်မူရာအရပ် ကို ရှာ ၍ လာ ရကြမည်။
ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​၏​အ​နွယ်​များ နေ​ထိုင်​ရာ​နယ်​မြေ​မှ ရှေ့​တော်​သို့​လူ​တို့​လာ ရောက်​ကိုး​ကွယ်​ဝတ်​ပြု​နိုင်​သော​ဌာ​န​တစ်​ခု ကို​ရွေး​ချယ်​ပေး​တော်​မူ​လိမ့်​မည်။-
6 ထို အရပ်သို့ သင် တို့သည် မီးရှို့ ရာယဇ်အစ ရှိ သော ယဇ် များ၊ ဆယ် ဘို့တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာပူဇော် သက္ကာ၊ သစ္စာ ဂတိနှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာမှစ၍ ၊ သိုး နွား တွင် အဦး ဘွားသော သားငယ်တို့ကို ဆောင် ခဲ့ရကြမည်။
သင်​တို့​သည်​ထို​ဌာ​န​တွင် မီး​ရှို့​ရာ​ယဇ်​နှင့် အ​ခြား​ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့် ပူ​ဇော်​သ​ကာ​များ၊ ထာ​ဝ​ရ​ဘု​ရား​အား က​တိ​ထား​သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ စေ​တ​နာ​အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ၊ သင်​တို့​၏​သိုး​နွား​တို့​မှ​သား​ဦး​ပေါက်​စ​သည် တို့​များ​ကို ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော် ဆက်​သ​ရ​မည်။-
7 ထို အရပ်၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသဖြင့် ၊ ကိုယ်တိုင် မှစ၍ အိမ်သူ အိမ်သားတို့သည် ရွှင်လန်း ခြင်းကို ပြုရကြမည်။
သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ကောင်း​ချီး​ပေး​တော်​မူ​သ​ဖြင့် သင် တို့​အ​လုပ်​လုပ်​၍​ရ​ရှိ​သော​အ​စား​အ​စာ​များ ကို သင်​တို့​နှင့်​တ​ကွ​သင်​တို့​၏​မိ​သား​စု​များ သည် ထို​ဌာ​န​တွင်​ကိုယ်​တော်​၏​ရှေ့​တော်​၌ ပျော်​ရွှင်​စွာ​စား​ရ​ကြ​မည်။''
8 ယခု ကာလ၊ ဤ အရပ်၌ပြု သကဲ့သို့ ၊ ထိုအရပ်၌ လူတိုင်း ကိုယ် ဉာဏ် ကို လိုက်၍ မ ပြု ရကြ။
``သင်​တို့​သည်​က​တိ​ထား​တော်​မူ​သော​ပြည် သို့​ဝင်​ရောက်​သည့်​အ​ခါ ထာ​ဝ​ရ​ဘု​ရား​အား ကိုး​ကွယ်​ရာ​တွင် ယ​ခင်​က​လိုက်​နာ​ကျင့်​သုံး ခဲ့​သည့်​နည်း​အ​တိုင်း​မ​ကိုး​ကွယ်​နှင့်။ သင်​တို့ ၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ပေး​တော် မူ​သော​ပြည်​တွင် ငြိမ်း​ချမ်း​စွာ​နေ​ထိုင်​နိုင်​သည့် ကာ​လ​မ​ရောက်​သေး​မီ၊-
9 သင် တို့၏ဘုရားသခင် ထာဝရဘုရား ပေး တော်မူသော အမွေ ခံရာ ချမ်းသာ ထဲသို့ သင်တို့သည် မ ဝင် ရကြ သေး။
သင်​တို့​အ​ပေါင်း​သည်​မိ​မိ​နှစ်​သက်​ရာ​နည်း ဖြင့် ယ​နေ့​တိုင်​အောင်​ကိုယ်​တော်​ကို​ကိုး​ကွယ် လျက်​ရှိ​ကြ​၏။-
10 ၁၀ သင်တို့သည် ယော်ဒန် မြစ်တဘက်သို့ကူး ၍ ၊ သင် တို့အမွေခံ ရာဘို့ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ပေးတော်မူသောပြည် ၌ နေ ကြသောအခါ ၊ ရန်သူ အပေါင်း တို့လက်မှ သင် တို့ကို ကယ်နှုတ် တော်မူသဖြင့် ငြိမ်ဝပ် စွာ နေ ကြသောအခါ၊
၁၀သင်​တို့​သည်​ယော်​ဒန်​မြစ်​ကို​ဖြတ်​ကူး​ပြီး သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​သည်​ထို​ပြည်​ကို သင်​တို့​အား​သိမ်း​ပိုက်​နေ​ထိုင်​စေ​တော်​မူ​လိမ့် မည်။ ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​ကို​ရန်​သူ အ​ပေါင်း​တို့​၏​ဘေး​ရန်​မှ​ကာ​ကွယ်​တော်​မူ သ​ဖြင့် သင်​တို့​သည်​ငြိမ်း​ချမ်း​စွာ​နေ​ထိုင် နိုင်​လိမ့်​မည်။-
11 ၁၁ နာမ တော်ကို တည် စေဘို့ရာ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ရှိ ရမည်။ ထို အရပ်သို့ ငါ မှာ ထားသမျှ အတိုင်း ၊ သင် တို့မီးရှို့ ရာယဇ် အစ ရှိသောယဇ် များ၊ ဆယ်ဘို့ တဘို့ ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ၊ ထာဝရဘုရား အား ဂတိ ရှိသည်အတိုင်း ၊ မြတ် သော ပူဇော်သက္ကာတို့ကို ဆောင် ခဲ့ရကြမည်။
၁၁ထာ​ဝ​ရ​ဘု​ရား​သည်​သင်​တို့​အ​တွက်​ဘု​ရား ဝတ်​ပြု​ကိုး​ကွယ်​ရန် တစ်​ခု​တည်း​သော​ဌာ​န ကို​ရွေး​ချယ်​ပေး​တော်​မူ​မည်။ ငါ​မိန့်​မှာ​သည့် အ​တိုင်း သင်​တို့​သည်​မီး​ရှို့​ရာ​ယဇ်​နှင့်​အ​ခြား ယဇ်​ကောင်​များ၊ ဆယ်​ဖို့​တစ်​ဖို့​နှင့်​ပူ​ဇော်​သ​ကာ များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား​သော အ​ထူး​ပူ​ဇော်​သ​ကာ​များ​စ​သည်​တို့​ကို ထို​ဌာ​န​သို့​ယူ​ဆောင်​ခဲ့​ရ​မည်။-
12 ၁၂ ကိုယ်တိုင် မှစ၍ ၊ သား သမီး ၊ ကျွန် ယောက်ျား မိန်းမ တို့နှင့် ကိုယ် အဘို့ မရှိ၊ အမွေ မ ခံရဘဲ၊ သင် တို့၌ တည်းခို သော လေဝိသား တို့သည် သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ တော်၌ ရွှင်လန်း ခြင်းကို ပြုရကြမည်။
၁၂ထို​နောက်​သင်​တို့​၏​သား​သမီး​များ၊ ကျေး​ကျွန် များ၊ သင်​တို့​၏​မြို့​များ​တွင်​နေ​ထိုင်​သော​လေဝိ အ​မျိုး​သား​များ​နှင့်​အ​တူ ကိုယ်​တော်​၏​ရှေ့ တော်​၌​ဝမ်း​မြောက်​ကြ​လော့။ လေဝိ​အ​မျိုး သား​တို့​တွင်​ကိုယ်​ပိုင်​မြေ​ရှိ​ကြ​မည်​မ​ဟုတ် ကြောင်း​သ​တိ​ရ​ကြ​လော့။-
13 ၁၃ တွေ့မြင် ရာအရပ် ၌ မီးရှို့ ရာယဇ်ကို မ ပူဇော် ရမည် အကြောင်း သတိ ပြုကြလော့။
၁၃သင်​တို့​သည်​ကြိုက်​ရာ​ဌာ​န​၌​ယဇ်​ပူ​ဇော် ခြင်း​ကို​မ​ပြု​ရ။
14 ၁၄ သင် တို့အမျိုး တမျိုး တွင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ မီးရှို့ ရာယဇ်ကို ပူဇော် ၍ ၊ ငါ မှာ ထားသမျှ တို့ကို ပြု ရကြမည်။
၁၄သင်​တို့​အ​နွယ်​များ​အ​နက်​တစ်​နွယ်​၏​နယ် မြေ​အ​တွင်း​ရှိ ထာ​ဝ​ရ​ဘု​ရား​ရွေး​ချယ်​တော် မူ​မည့်​ဌာ​န​၌​သာ​ယဇ်​ပူ​ဇော်​ရ​မည်။ ထို​ဌာ​န ၌​သာ​မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​၍ သင်​တို့​အား ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ဆောင်​ရွက်​ရ​မည်။''
15 ၁၅ သို့ရာတွင် သင် ၏ဘုရားသခင် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသည် အတိုင်း ၊ သင် တို့နေရာ အရပ်ရပ် ၌ စား ချင်သော အလိုသို့လိုက်၍ သတ် စားရသော အခွင့်ရှိကြ၏။ သမင် ၊ ဒရယ် ကို စား သကဲ့သို့ ၊ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် အတူစား ရကြမည်။
၁၅``သို့​ရာ​တွင်​သင်​တို့​နေ​ထိုင်​ရာ မြို့​ရွာ​များ​၌ တိ​ရစ္ဆာန်​များ​ကို​သတ်​စား​နိုင်​သည်။ ထာ​ဝ​ရ ဘု​ရား​သည်​သင်​တို့​အား​ကြွယ်​ဝ​ချမ်း​သာ စေ​တော်​မူ​သ​မျှ​အ​တိုင်း​သတ်​စား​နိုင်​သည်။ သင်​တို့​အ​ပေါင်း​သည်​သ​မင်​ဒ​ရယ်​သား ကို​စား​သုံး​ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး တမ်း​အ​ရ​စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ် သူ​ဖြစ်​စေ​ထို​တိ​ရစ္ဆာန်​၏​အ​သား​ကို​စား သုံး​ခွင့်​ရှိ​သည်။-
16 ၁၆ သို့ရာတွင် အသွေး ကိုမ စား ရ။ ရေ ကိုသွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
၁၆သို့​ရာ​တွင်​တိ​ရစ္ဆာန်​တို့​၏​သွေး​ကို​မူ​ကား မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့​မြေ​ပေါ်​မှာ သွန်​ရ​မည်။-
17 ၁၇ စပါး ၊ စပျစ်ရည် ၊ ဆီ ဆယ် ဘို့တွင် ပူဇော်သော တဘို့၊ သိုး နွား တွင် အဦး ဘွားသော သားငယ်၊ သစ္စာ ဂတိ နှင့်ဆိုင်သော ပူဇော်သက္ကာ၊ အလိုလို ပြုသော ပူဇော်သက္ကာ၊ ချီးမြှောက်ရာ ပူဇော် သက္ကာ တစုံတခု ကိုမျှ၊ သင် တို့သည် ကိုယ် နေရာအရပ်၌ မ စား ရ ကြ။
၁၇ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်​သော​ပူ​ဇော် သ​ကာ​များ​ကို သင်​တို့​နေ​ထိုင်​ရာ​မြို့​များ​တွင် မ​စား​သုံး​ရ။ ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ သံ​လွင်​ဆီ တို့​၏​ဆယ်​ဖို့​တစ်​ဖို့၊ သိုး​နွား​များ​မှ​သား​ဦး ပေါက်​များ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ထား သော​ပူ​ဇော်​သ​ကာ​များ၊ မိ​မိ​စေ​တ​နာ အ​လျောက်​ပေး​လှူ​သော​အ​လှူ​များ​နှင့်​အ​ခြား အ​လှူ​များ​ကို​သင်​တို့​၏​မြို့​ရွာ​များ​တွင် မ​သုံး​ဆောင်​ရ။-
18 ၁၈ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် ၌ ၊ သင် တို့၏ ဘုရားသခင် ထာဝရဘုရား ရှေ့ မှာ ကိုယ်တိုင် မှစ၍ သား သမီး ၊ ကျွန် ယောက်ျားမိန်းမ ၊ တည်းခိုသော လေဝိသား တို့သည် စား ရကြမည်။ ပြု လေရာရာ ၌ သင် တို့၏ဘုရားသခင် ထာဝရဘုရား ရှေ့ တော်မှာ ရွှင်လန်း ခြင်းကို ပြုရကြမည်။
၁၈သင်​တို့​နှင့်​သင်​တို့​၏​သား​သမီး​များ၊ ကျေး ကျွန်​များ၊ သင်​တို့​မြို့​ရွာ​များ​တွင်​နေ​ထိုင် သော​လေ​ဝိ​အ​မျိုး​သား​များ​သည် ဤ​ပူ​ဇော် သ​ကာ​များ​ကို​သင်​တို့​၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ချယ်​သည့်​တစ်​ခု​တည်း သော​ကိုး​ကွယ်​ရာ​ဌာ​န​၌​သာ​စား​သုံး​ရ မည်။ သင်​တို့​သည်​ထို​ဌာ​န​တွင်​သင်​တို့​အ​လုပ် လုပ်​၍ ရ​ရှိ​သော​အ​စား​အ​စာ​များ​ကို​ပျော် ရွှင်​စွာ​စား​သုံး​ကြ​လော့။-
19 ၁၉ မြေကြီး ပေါ် မှာ အသက်ရှင် သမျှ သော ကာလ ပတ်လုံး၊ လေဝိသား တို့ကို မ မေ့လျော့ မည်အကြောင်း သတိ ပြုကြလော့။
၁၉သင်​တို့​သည်​ပြည်​တော်​တွင်​အ​သက်​ရှင်​နေ ထိုင်​သ​မျှ​ကာ​လ​ပတ်​လုံး လေ​ဝိ​အ​မျိုး သား​တို့​ကို​မ​မေ့​ရန်​သ​တိ​ချပ်​လော့။''
20 ၂၀ သင် ၏ဘုရားသခင် ထာဝရဘုရား သည် ဂတိ တော် ရှိသည်အတိုင်း ၊ သင် ၏နေရာ ပြည် ကို ကျယ် စေ တော်မူသောအခါ ၊ သင် သည် အမဲသား ကို စား ချင်သောစိတ် ရှိ၍၊ အမဲသား ကို ငါစား မည်ဟုဆို လျှင် ၊ စား ချင်တိုင်း စား ရသောအခွင့်ရှိ၏။
၂၀``သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား သည် က​တိ​တော်​ရှိ​သည့်​အ​တိုင်း​သင်​တို့​၏ ပြည်​နယ်​နိ​မိတ်​ကို​ကျယ်​ပြန့်​စေ​တော်​မူ သော​အ​ခါ သင်​တို့​သည်​အ​သား​ကို​စား လို​သ​မျှ​စား​နိုင်​သည်။-
21 ၂၁ သင် ၏ဘုရားသခင် ထာဝရဘုရား သည် နာမ တော် ကို တည် စေဘို့ရာ ရွေးကောက် တော်မူသောအရပ် သည် သင့် နေရာနှင့် ဝေး လွန်းလျှင် ၊ ထာဝရဘုရား ပေး တော်မူသော သိုး နွား ကို၊ ငါမှာ ထားသည်အတိုင်း သတ် ၍ ၊ သင့် နေရာ အရပ်၌ စား ချင်တိုင်းစား ရသောအခွင့်ရှိ၏။
၂၁အ​ကယ်​၍​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ တစ်​ခု​တည်း​သော​ဌာ​န​သည် သင်​တို့​နှင့်​ဝေး ကွာ​လွန်း​လျှင်​ငါ​မှာ​ကြား​ထား​သည့်​အ​တိုင်း သင်​တို့​အ​လို​ဆန္ဒ​ရှိ​သော​အ​ခါ​ထာ​ဝ​ရ ဘု​ရား​ပေး​သ​နား​တော်​မူ​သော​နွား​သို့ မ​ဟုတ်​သိုး​ကို​သတ်​၍ သင်​တို့​မြို့​ရွာ​များ တွင်​စား​ခွင့်​ရှိ​သည်။-
22 ၂၂ သမင် ၊ ဒရယ် ကို စားသကဲ့သို့ စား ရမည်။ စင်ကြယ် သောသူ၊ မ စင်ကြယ်သောသူတို့သည် ရောနှော၍ စား ရသောအခွင့်ရှိကြ၏။
၂၂သင်​တို့​အ​ပေါင်း​သည်​သမင်​ဒရယ်​သား​ကို​စား ခွင့်​ရှိ​သ​ကဲ့​သို့ ဘာ​သာ​ရေး​ထုံး​တမ်း​အ​ရ စင်​ကြယ်​သူ​ဖြစ်​စေ၊ မ​စင်​ကြယ်​သူ​ဖြစ်​စေ ထို​အ​သား​ကို​စား​ခွင့်​ရှိ​သည်။-
23 ၂၃ သို့ရာတွင် ၊ အသွေး ကို မ စား မည်အကြောင်း၊ သတိ ပြုလော့။ အသက် သည် အသွေး ၌ တည်၏။ အသား နှင့်တကွ အသက် ကို မ စား ရ။
၂၃သို့​ရာ​တွင်​သွေး​သည်​အ​သက်​ဖြစ်​သော​ကြောင့် သွေး​ကို​မ​စား​ရ။ သို့​ဖြစ်​၍​သွေး​ပါ​ရှိ​သော အသား​ကို​မ​စား​ရ။-
24 ၂၄ ထို့ကြောင့်အသွေး ကို မ စား ရ။ ရေ ကို သွန် သကဲ့သို့ မြေ ပေါ် မှာ သွန်ရမည်။
၂၄သွေး​ကို​မစား​သုံး​ရ။ ရေ​ကို​မြေ​ပေါ်​မှာ​သွန် သ​ကဲ့​သို့​သွေး​ကို​သွန်​ရ​မည်။-
25 ၂၅ သင် သည် ထာဝရဘုရား နှစ်သက် တော်မူဘွယ် သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍သား မြေးတို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ အသွေး ကို ရှောင် ရမည်။
၂၅ဤ​ပညတ်​ကို​လိုက်​နာ​ခြင်း​သည်​ထာ​ဝ​ရ​ဘု​ရား နှစ်​သက်​တော်​မူ​သော​အ​မှု​ဖြစ်​၏။ သို့​ဖြစ်​၍​သင် တို့​သည်​ဤ​ပ​ညတ်​ကို​လိုက်​နာ​လျှင် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည်​လည်း​ကောင်း စား​ကြ​လိမ့်​မည်။-
26 ၂၆ သင် ၌ သန့်ရှင်း သော ပူဇော်သက္ကာ၊ သစ္စာဂတိ အတိုင်းပြုသောပူဇော်သက္ကာတို့ကို ယူ ၍ ၊ ထာဝရဘုရား ရွေးကောက် တော်မူသော အရပ် သို့ သွား ရမည်။
၂၆သင်​တို့​၏​ပူ​ဇော်​သ​ကာ​နှင့် ဆက်​ကပ်​ပါ​မည် ဟု​က​တိ​ပြု​ထား​သော​လက်​ဆောင်​ပ​ဏ္ဏာ​များ ကို​ထာ​ဝ​ရ​ဘု​ရား​အား​ဝတ်​ပြု​ရာ​တစ်​ခု တည်း​သော​ဌာ​န​သို့​ယူ​ဆောင်​သွား​ရ​ကြ​မည်။-
27 ၂၇ အသား နှင့် အသွေး ကို ရောနှော၍၊ မီးရှို့ ရာယဇ် တို့ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ ပူဇော် ရမည်။ ယဇ် ကောင်အသွေး ကို၊ သင် ၏ ဘုရားသခင် ထာဝရဘုရား ၏ ယဇ် ပလ္လင်ပေါ် မှာ သွန်းလောင်း ၍ ၊ အသား ကို စား ရမည်။
၂၇ထို​ဝတ်​ပြု​ရာ​ဌာ​န​ရှိ​ထာ​ဝ​ရ​ဘု​ရား​၏ ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်​ရ မည်။ ယဇ်​ပလ္လင်​ပေါ်​တွင်​ယဇ်​ကောင်​၏​သွေး​ကို သွန်း​၍​အ​သား​ကို​စား​ရ​သော​ယဇ်​ကို လည်း​ပူ​ဇော်​ရ​မည်။-
28 ၂၈ သင် ၏ဘုရားသခင် ထာဝရဘုရား နှစ်သက် မြတ်နိုးတော်မူဘွယ်သောအမှုကို ပြု သဖြင့် ၊ ကိုယ်တိုင် မှစ၍ သားမြေး အစဉ်အဆက် တို့သည် ချမ်းသာ စွာ နေရမည်အကြောင်း ၊ ငါ မှာထား သမျှ သော ဤ စကား တို့ကို စေ့စေ့နားထောင် ၍ စောင့်ရှောက် လော့။
၂၈သင်​တို့​သည်​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​တစ် သ​ဝေ​မ​တိမ်း​လိုက်​နာ​ကြ​ခြင်း​အား​ဖြင့် သင် တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော် တွင်​မှန်​ကန်​သော​အ​မှု၊ နှစ်​သက်​တော်​မူ​ဖွယ် သော​အ​မှု​ကို​ပြု​ကြ​သော​ကြောင့် သင်​တို့​နှင့် သင်​တို့​၏​အ​ဆက်​အ​နွယ်​တို့​သည် အ​စဉ် အ​မြဲ​ချမ်း​သာ​စွာ​နေ​ထိုင်​ရ​ကြ​လိမ့်​မည်။''
29 ၂၉ သင် သွား ၍ ဝင်စား လတံ့သော ပြည်၌ရှိသောလူမျိုး တို့ကို၊ သင် ၏ဘုရားသခင် ထာဝရဘုရား သည် သင့် ရှေ့ မှာ ပယ်ရှင်း တော်မူသဖြင့်၊ သူ တို့နေရာပြည် ၌ သင်သည် ဝင်၍နေ သောအခါ၊
၂၉``သင်​တို့​ဝင်​ရောက်​မည့်​ပြည်​တွင်​နေ​ထိုင်​သော လူ​မျိုး​များ​ကို သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​သည်​သုတ်​သင်​ပယ်​ရှင်း​သ​ဖြင့် သင်​တို့ သည်​ထို​ပြည်​ကို​သိမ်း​ပိုက်​နေ​ထိုင်​ရ​ကြ​လိမ့် မည်။-
30 ၃၀ သူ တို့သည် သင့် ရှေ့ မှာ ပျက်စီး သောနောက် ၊ သူ တို့အကျင့်အတိုင်း သင်ကျင့်၍ အပြစ် မ ရောက်မည်အကြောင်း၊ ထို လူမျိုး တို့သည် သူ တို့ဘုရား များကို အဘယ် သို့ဝတ်ပြု သနည်း။ ထိုနည်းတူ ငါပြု မည်ဟု သူ တို့ဘုရား ဝတ်ကို မ မေးမြန်း မည်အကြောင်း ၊ ကိုယ်ကိုကိုယ် သတိ ပြု လော့။
၃၀ထာ​ဝ​ရ​ဘု​ရား​က​ထို​လူ​မျိုး​များ​ကို​သုတ် သင်​ပယ်​ရှင်း​ပြီး​သော​အ​ခါ သင်​တို့​သည်​သူ​တို့ ၏​ဘာ​သာ​ရေး​အ​လေ့​အ​ကျင့်​များ​ကို​မ​လိုက် မိ​စေ​ရန်​သ​တိ​ပြု​ကြ​လော့။ သူ​တို့​၏​အ​လေ့ အ​ကျင့်​များ​ကို​လိုက်​ခြင်း​သည် သင်​တို့​အ​တွက် သေ​လောက်​သော​ကျော့​ကွင်း​ဖြစ်​လိမ့်​မည်။-
31 ၃၁ သူတို့ပြုသကဲ့သို့၊ သင် ၏ဘုရားသခင် ထာဝရဘုရား အား သင်မ ပြု ရ။ သူတို့သည်၊ ထာဝရဘုရား စက်ဆုပ် ရွံရှာတော်မူသမျှ တို့ကို သူ တို့ဘုရား ၌ ပြု ကြပြီ။ ကိုယ် သား သမီး ကိုပင် သူ တို့ဘုရား အား ဝတ်ပြု၍ မီး ရှို့ ကြပြီ။
၃၁သူ​တို့​၏​ဘု​ရား​ဝတ်​ပြု​နည်း​ကို​အ​တု​မ​ယူ ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့​၏​ဘု​ရား​များ ကို​ဝတ်​ပြု​ရာ​၌ ထာ​ဝ​ရ​ဘု​ရား​မုန်း​တီး​ရွံ ရှာ​တော်​မူ​သော​အ​မှု​များ​ကို​ပြု​လုပ်​ကြ သော​ကြောင့် သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ ဘု​ရား​ကို​ဝတ်​ပြု​သည့်​အ​ခါ သူ​တို့​ကဲ့​သို့ ဝတ်​မ​ပြု​ကြ​နှင့်။ ထို​သူ​တို့​သည်​မိ​မိ​တို့ ၏​သား​သ​မီး​များ​ကို​ပင်​ယဇ်​ပလ္လင်​ပေါ်​၌ မီး​ရှို့​ပူ​ဇော်​ကြ​၏။-
32 ၃၂ ငါ မှာ ထားသမျှ တို့ကို ကျင့် အံ့သောငှာ စောင့်ရှောက် လော့။ ထပ် ၍မ ပိုရ၊ နှုတ် ၍ မ လျော့စေရ။
၃၂သင်​တို့​အား​ငါ​မှာ​ကြား​သ​မျှ​တို့​ကို​ကျင့် ကြ​လော့။ ထပ်​တိုး​ခြင်း၊ နုတ်​ပယ်​ခြင်း​မ​ပြု ရ။''

< တရားဟောရာ 12 >