< တမန်တော်ဝတ္ထု 8 >

1 သူ့ ကိုကွပ်မျက် သောအမှုကိုရှောလု သည်လည်း ဝန်ခံ လျက်ရှိ ၏။ထိုအခါ ယေရုရှလင် မြို့၌ ရှိသော အသင်းတော် သည် ပြင်းစွာ သောညှဉ်းဆဲ ခြင်းကိုခံရသဖြင့် တမန်တော် တို့မှတပါး သင်းဝင်သူအပေါင်း တို့သည် ယုဒ ပြည်၊ ရှမာရိ ပြည်အရပ်ရပ် တို့၌ အနှံ့အပြားကွဲပြား ကြ၏။
Nendi Saulo walasuminisheti balenshi cena kumushina. Kufuma busuba bopelobo mapensho mu mubungano waku Yelusalemu alatatika. Bashoma bonse, kufunyakowa batumwa, balamwaikila mubimpansha byonse bya Yudeya ne Samaliya.
2 တရားကိုရိုသေ သောသူ တို့သည် သတေဖန် ကို သင်္ဂြိုဟ် ၍ ပြင်းစွာ သောငိုကြွေး မြည်တမ်းခြင်းကို ပြု ကြ၏။
Batuloba nabambi balibenga kuli Lesa ebalamubika Stefano mumanda ne kumulila mwakwetelwa.
3 ရှောလု သည် အသင်းတော် ကိုဖျက်ဆီး လေ၏။ အိမ် များသို့ ဝင် ပြီးလျှင်ယောက်ျား မိန်းမ တို့ကို ဆွဲငင် ၍ ထောင် ထဲ၌ လှောင် ထားတတ်၏။
Saulo walatatika kononga mubungano. Walikwingila mu ng'anda ne ng'anda, kekata batuloba ne batukashi bonse pamo ne kubawala mujele.
4 ထိုကြောင့် အရပ်ရပ်သို့ကွဲပြား သော သူ တို့သည် လှည့်လည် ၍ နှုတ်ကပတ် တော်တည်းဟူသောဧဝံဂေလိတရားကို ဟောပြော ကြ၏။
Bashoma basa balamwaika, balaya kukambauka Mulumbe Waina konse nkobalikuya.
5 ဖိလိပ္ပု သည်လည်း၊ ရှမာရိ မြို့ သို့ သွား ၍ ခရစ်တော် ၏ အကြောင်းကိုဟော လေ၏။
Nendi Filipo walakashika ku Samaliya, kaya kubakambaukila bantu bakopeloko makani a Klistu Mupulushi Walaiwa.
6 လူ အစုအဝေးတို့သည်ကြား ၍ ဖိလိပ္ပု ပြု သော နိမိတ် လက္ခဏာတို့ကို မြင် သောအခါ၊ သူ၏စကား ကို တစ် ညီတစ်ညွတ်တည်း နားထောင် ကြ ၏။
Makoto abantu mpobalanyumfwa maswi ngalikwamba Filipo, ne kubona bishikukankamanisha mbyalikwinsa, balakutikisheti banyumfwishishe cena.
7 အကြောင်းမူကား ၊ နတ် ဆိုး စွဲ သော သူ များတို့၏ အထဲမှ နတ်ဆိုးတို့သည် ပြင်းစွာ သော အသံ နှင့် အော်ဟစ် လျက်ထွက်သွား ကြ၏။ ကိုယ် မလှုပ်နိုင်သောသူ၊ ခြေမစွမ်း သောသူအများ တို့သည်လည်း ပကတိ အဖြစ် သို့ရောက်ကြ၏။
Pakwinga ne mishimu yaipa yalikupula mubantu bangi kaibilikisha. Batontola biso ne balema myendo balikusengulwa.
8 ထို မြို့သူ မြို့သားတို့သည် အလွန် ဝမ်းမြောက် ခြင်းရှိ ကြ၏။
Neco bantu balikuba mu munshi usa balakondwa.
9 ရှိမုန် အမည် ရှိသော သူ တစ် ယောက်သည်၊ ထိုမြို့ ၌ နတ် ဝိဇ္ဇာအတတ်နှင့် ပြုပြင်၍၊ ငါ သည်ထူးဆန်း သော သူ ဖြစ် သည်ဟုဆို လျက်၊ ရှမာရိ အမျိုးသား တို့ကို မိန်းမော တွေဝေစေခြင်းငှာပြု၏။
Mu munshi wa Samaliya, mwalikuba muntu naumbi, lina lyakendi Shimoni, walikuba mung'anga walikukondwelesha bene Samaliya bonse, muntu walikulibanda mwineti walemekwa.
10 ၁၀ လူကြီး လူငယ် ရှိသမျှတို့က လည်း၊ ဤသူ သည် ဘုရားသခင် ၏ မဟာ တန်ခိုး တော်ဖြစ် သည်ဟု ဆို လျက် ထိုသူ ၌ဆည်းကပ် ကြ၏။
Bantu bayampuwo ne bantu bulyo bonse, balikumunyumfwila kabaya kwambeti, “Shimoni uyu ningofu sha Lesa nshobakute kwambeti ngofu shinene.”
11 ၁၁ ဆည်းကပ် သည်အကြောင်း ကား၊ သူ တို့ကို မိန်းမော တွေဝေစေခြင်းငှာထိုသူသည် နတ် ဝိဇ္ဇာအတတ်အားဖြင့် ကြာမြင့် စွာပြုလျက်နေ၏။
Balikumukonkela konkela, pakwinga kwacindi citali walikubakondwelesha ne bung'anga bwakendi.
12 ၁၂ ဖိလိပ္ပု သည် ဘုရားသခင် ၏နိုင်ငံ တော်၌၎င်း၊ ယေရှု ခရစ် ၏ နာမ တော်နှင့် ၎င်း စပ်ဆိုင် သော ဧဝံဂေလိ တရားကို ဟောပြော၍ ထိုသူ တို့သည် ယုံကြည် သောအခါ ၊ ယောက်ျား မိန်းမ တို့သည် ဗတ္တိဇံ ကို ခံကြ၏။
Nomba pacindi Filipo mpwalikukambauka Mulumbe Waina wa Bwami bwa Lesa, kayi ne lina lya Yesu Klistu, bantu balashoma ne kubatishiwa, batuloba ne batukashi.
13 ၁၃ ရှိမုန် သည်လည်း ကိုယ်တိုင် ယုံကြည် သည်ဖြစ်၍ ဗတ္တိဇံ ကို ခံပြီးမှ ဖိလိပ္ပု ထံ၌မှီဝဲ ဆည်းကပ်သဖြင့်၊ ထူးဆန်းသော တန်ခိုး ကြီး သော နိမိတ် လက္ခဏာများကို မြင် ၍ မိန်းမော တွေဝေလျက်ရှိ လေ၏။
Nendi Shimoni mung'anga usa walashoma, ne kubatishiwa. Popelapo walatatika kwenda pamo ne Filipo, pakwinga walakankamana pakubona bishikukamanisha ne bingashilo byangofu mbyalikwinsa Filipo.
14 ၁၄ ရှမာရိ မြို့သားတို့သည် ဘုရားသခင် ၏ နှုတ်ကပတ် တရားတော်ကို ခံယူ ကြပြီဟု ယေရုရှလင် မြို့၌ ရှိသော တမန်တော် တို့သည် သိတင်း ကြား လျှင် ၊ ပေတရု နှင့် ယောဟန် တို့ကို စေလွှတ် ကြ၏။
Batumwa basa balashala mu Yelusalemu, mpobalanyumfweti bene Samaliya balatambulu maswi a Lesa, balatumako Petulo ne Yohane.
15 ၁၅ ထိုမြို့သူမြို့သားတို့သည် သခင် ယေရှု ၏နာမ ၌ ဗတ္တိဇံ ကို ခံရုံ မျှသာ ရှိ သဖြင့် ၊
Mpobalashika, balatatika kupailila basa bashoma kwambeti batambule Mushimu Uswepa.
16 ၁၆ တစ်စုံတစ်ယောက် သောသူ အပေါ် ၌သန့်ရှင်း သော ဝိညာဉ်တော်သည် သက်ရောက် တော် မ မူသေးသည် ဖြစ်၍၊ တမန်တော်တို့သည် ရောက်ကြလျှင်၊ ဝိညာဉ် တော် ကိုခံရ မည်အကြောင်း ထိုမြို့သူမြို့သားတို့ အဘို့ ဆုတောင်း ၍၊
Pacindico paliya muntu naba umo walikuba latambulupo Mushimu Uswepa pakati pabo nekukabeti balikuba babatishiwa mulina lya Mwami Yesu.
17 ၁၇ ထိုသူ တို့အပေါ် ၌လက် ကိုတင် သောအားဖြင့်သူတို့သည် သန့်ရှင်း သောဝိညာဉ် တော်ကိုခံရ ကြ၏။
Lino Petulo ne Yohane mpobalabika makasa palyendibo, balatambula Mushimu Uswepa.
18 ၁၈ တမန်တော် တို့လက် ကိုတင် သောအားဖြင့် သန့်ရှင်းသော ဝိညာဉ် တော်သက်ရောက် သည်ကို ရှိမုန် မြင် လျှင်၊ ငွေ ကိုယူဆောင် ခဲ့၍၊
Shimoni usa mpwalaboneti Mushimu Uswepa ulatambulwa, mpobalabikwa makasa ne batumwa basa, walapulisha mali kwambeti abape.
19 ၁၉ အကျွန်ုပ် ၏ လက် တင် ခြင်းကိုခံရသောသူ သည် သန့်ရှင်း သော ဝိညာဉ် တော်ကိုခံ စေမည်အကြောင်း အကျွန်ုပ် အား အခွင့် ပေး ပါဟု တောင်း သော်၊
Walambeti, “Kamumpako ngofu ishi, kwambeti nenjame ngondabiki makasa palyendiye, utambula Mushimu Uswepa.”
20 ၂၀ ပေတရု က၊ ဘုရားသခင် ၏ကျေးဇူး တော်ကို ငွေ နှင့်ဝယ်ယူ မည် ဟု အကြံရှိ သောကြောင့် ၊ သင် နှင့်တကွ သင် ၏ ငွေ သည်ပျက်စီး ခြင်းသို့ ရောက် ပါစေ။
Petulo walamukumbuleti, “Koya ulobe pamo ne mali akobe. Sena ulayeyengeti ngofu sha Lesa nishakula ne mali?
21 ၂၁ သင် သည်ဤ အမှုအရာ နှင့် မ ဆက်ဆံ သော သူဖြစ် ၏။ အကြောင်းမူကား ၊ သင် ၏စိတ် နှလုံးသည် ဘုရားသခင့် ရှေ့ တော်၌ ဖြောင့်မတ် ခြင်းမ ရှိ ။
Muncito iyi, obe uliyamo lubasu sobwe, pakwinga moyo wakobe nkawalulama pamenso a Lesa.
22 ၂၂ ထိုကြောင့် သင် ၌ ယခု ဆိုးညစ် သောအမှု ကို နောင်တရ လော့။ သင် ၏စိတ် နှလုံး၌ကြံစည် ခြင်းအပြစ်ကို လွှတ်ကောင်း လွှတ် လိမ့်မည်ဖြစ်၍၊ ဘုရားသခင် ကို တောင်းပန် လော့။
Ecebo cakendi sanduka, leka caipa ncolayeyenga. Senga Mwami Lesa kwambeti akulekeleleko manjeyaulwa aipa ali mumoyo wakobe.
23 ၂၃ သင် သည်ခါး စွာသောသည်းခြေ စွဲသည်ဖြစ်၍ ၊ ဒုစရိုက် အနှောင်အဖွဲ့ နှင့်မလွတ်ကြောင်းကို ငါသိမြင် သည်ဟုဆို ၏။
Pakwinga ndakubono kwambeti ukute munyono waipa, wasungililwa ku bwipishi.”
24 ၂၄ ရှိမုန် ကလည်း၊ မိန့် တော်မူသောအရာ တစ်စုံတစ်ခု မျှ အကျွန်ုပ် အပေါ်သို့ မရောက် ပါမည် အကြောင်း ၊ ထာဝရ ဘုရားကို ကျွန်ုပ် အဘို့ အလိုငှာ ဆုတောင်း တော်မူကြပါဟု ပြန်ပြော ၏။
Apo Shimoni usa walambeti, “Kamumpaililako kuli Mwami Lesa kwambeti kacitenshika kuli njame ncomulamba.”
25 ၂၅ တမန်တော် တို့သည် သက်သေခံ ၍ သခင်ဘုရား ၏နှုတ်ကပတ် တရားတော်ကိုဟော ပြီးမှ၊ ယေရုရှလင် မြို့ သို့ ပြန်သွား ရာ၊ ရှမာရိ ရွာ များ တို့၌လည်း ဧဝံဂေလိတရားကို ဟောပြော ကြ၏။
Mpobalapwisha kupa bukamboni ne kukambauka maswi a Lesa, Petulo ne Yohane balabwelela ku Yelusalemu. Balikabaya kukambauka Mulumbe Waina muminshi ingi ya bene Samaliya.
26 ၂၆ တဖန် ထာဝရ ဘုရား၏ ကောင်းကင်တမန် သည် ဖိလိပ္ပု အား ၊ သင်ထ ၍ ယေရုရှလင် မြို့မှ ဂါဇ မြို့ သို့ သွား ရာ တော လမ်း တွင် တောင် မျက်နှာသို့ သွား လော့ ဟု ဆို သည်အတိုင်း ၊ ဖိလိပ္ပုသည်ထ ၍ သွား လေ၏။
Mungelo wa Lesa walamwambila Filipo, “Nyamuka, koya kucibela cakumusansa, ukonke nshila ilafumunga ku Yelusalemu kuya ku Gaza nshila isa yapita mucinyika.”
27 ၂၇ ထိုအခါ အဲသယောပိ ပြည်ကိုအစိုးရ သော မိဖုရား ကန္ဒက် ထံ၌ဘုန်းကြီးသောအမတ်ဖြစ်၍၊ ဘဏ္ဍာ တော်ရှိသမျှ ကို အုပ်စိုး ရသော အဲသယောပိ ပြည်သားတစ်ယောက်သည် ကိုးကွယ် ခြင်းငှာယေရုရှလင် မြို့ သို့ သွား ၍၊
Cakubinga Filipo walanyamuka, walaya. Walakumanya mwendeleshi wa ku Itopiya muntu walikupewa bulemu, walikusunga nkomwa ya mali a mfulumende ya mwami mutukashi Kandasi wa ku Itopiya. Walikufumina ku Yelusalemu nkwalaya kukambilila Lesa.
28 ၂၈ ပြန် စဉ်တွင် မိမိ ရထား ပေါ်၌ ထိုင် လျက် ပရောဖက် ဟေရှာယ ၏ ကျမ်းစာကိုဖတ် လေ၏။
Pacindici walikubwelela kucomwabo kali wekala mung'ola, kabelenga libuku lya mushinshimi Yesaya.
29 ၂၉ ဝိညာဉ် တော်ကလည်း၊ ထို ရထား သို့ ချဉ်းကပ် ၍ မှီဝဲ လော့ဟု ဖိလိပ္ပု အား ဗျာဒိတ် ပေးတော်မူသဖြင့်၊
Mushimu Uswepa walamwambila Filipo, “Koya ku ng'ola isa, wendenga pepi nayo.”
30 ၃၀ ဖိလိပ္ပု သည် ရထားသို့ပြေး ၍ ပရောဖက် ဟေရှာယ ၏ ကျမ်းစာ၌ ဘတ် သည်ကိုကြား လျှင်၊ ဘတ် သောအရာ ကို နားလည် ပါ၏ လောဟု မေးမြန်း ၏။
Filipo walafwambila kung'ola isa, walanyumfwa mwendeleshi usa kabelenga libuku lya mushinshimi Yesaya. Filipo walamwipusheti, “Nkambo, Sena mulanyumfwishishinga mabala ngomulabelengenga?”
31 ၃၁ ထိုအမတ်ကလည်း၊ သွန်သင် ပဲ့ပြင်သော သူ မ ရှိလျှင် အဘယ်သို့ နားလည်နိုင် မည်နည်းဟု ဆို ပြီးမှ မိမိ နှင့်အတူ ဖိလိပ္ပု တက် ၍ထိုင် နေ ပါမည်အကြောင်း တောင်းပန် ၏။
Mwendeleshi usa walakumbuleti, “Ha! Nganyumfwisheconi kwabula muntu naumbi lapandululunga?” Mpwalapwa kwambeco walamusengeti, “Kotanta mung'ola twendele pamo.”
32 ၃၂ ကျမ်းစာ ၌ ဘတ် သောအချက် ဟူမူကား၊ အသေ သတ် ခြင်းငှာ ဆောင်သွားသော သိုး ကဲ့သို့ သူ့ကို ဆောင်သွား ၍ ၊ သိုးသငယ် သည် အမွေးညှပ် သောသူ ရှေ့ မှာ မ မြည်ဘဲ နေသကဲ့သို့ သူ သည်နှုတ် ကိုမ ဖွင့် ဘဲနေ၏။
Awa e Maswi a mu Mabala a Lesa ngalikayakubelenga, “Walikubeti mbelele ilatanguninwanga kuya kushiniwa, eti mwana mbelele wamwena tonto pa kumucesa bweya. Uliya kwambapo nambi liswi limo.
33 ၃၃ နှိမ့်ချ ခြင်းကိုခံစဉ်တွင်သူတစ်ပါးတို့သည် ထိုသူ ကို မတရား သဖြင့်စီရင် ကြ၏။ ထိုသူ ၏အသက် ကို မြေကြီး ကသိမ်းရုပ် သည်ဖြစ်၍ ၊ သူ ၏အမျိုးအနွယ် ကို အဘယ်သူ ပြညွှန် မည်နည်းဟု ကျမ်းစာလာသတည်း။
Balamunyansha, kayi baliya kumombolosha mubululami. Paliya muntu eshakambe shamukowa wakendi, pakwinga buyumi bwakendi bulatimbulwa pacishi capanshi kwakubula kushiyapo mwana.”
34 ၃၄ ထိုအမတ်ကလည်း၊ ပရောဖက် သည် အဘယ်သူ ကို ရည်မှတ် ၍ ဤသို့ ဆို ပါသနည်း။ ကိုယ် ကိုတည်း ဆိုလို သလော။ သူတစ်ပါး ကိုတည်း ဆိုလို သလောဟု တောင်းပန် လျက်၊
Popelapo Mwendeleshi usa walepusha Filipo, “Kamung'ambilako, inga mushinshimi lambanga bani? Sena lalyambanga mwine, nambi lambanga shamuntu naumbi?”
35 ၃၅ ဖိလိပ္ပု အား မေးမြန်း လျှင်၊ ဖိလိပ္ပု သည် မိမိ နှုတ် ကိုဖွင့် ၍ ထို ကျမ်းစာချက်ကို အစွဲပြုလျက်၊ ယေရှု ၏အကြောင်းတည်းဟူသောဧဝံဂေလိ တရားကို ဟောလေ၏။
Popelapo Filipo walatatika kumukambaukila Mulumbe Waina wa Yesu kutakila pa Mabala a Lesa ngalikubelengapo.
36 ၃၆ ထိုသို့ လမ်း ၌သွား ကြစဉ် ရေ ရှိရာသို့ ရောက် ၍၊ အမတ် ကလည်း ဤအရပ်တွင်ရေ ရှိပါ၏။ အကျွန်ုပ် ကို ဗတ္တိဇံ မခံစေခြင်းငှာမည်သည့် အကြောင်းဆီးတား ပါသနည်းဟု ပြောဆို လျှင် ၊
Kabacenda pamo munshila, balashika pamusena naumbi mpobalacana menshi. Mwendeleshi usa walambeti, “Ntawa menshi apa. Sena pacili nacimbi celela kunkanisha kubatishiwa?”
37 ၃၇ ဖိလိပ္ပုက၊ သင်သည် စိတ်နှလုံးအကြွင်းမဲ့ယုံကြည်လျှင် ခံရသည် ဟုဆိုလေ၏။ အမတ်ကလည်း၊ ယေရှုခရစ်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူကြောင်းကို အကျွန်ုပ်ယုံကြည်ပါသည်ဟု ဝန်ခံ၍၊
Filipo walakumbuleti, “Ngamubatishiwa na mulashomo ne moyo wenu wonse.” Usa mwendeleshi walambeti, “Ndashoma kwambeti Yesu Klistu ni Mwanendi Lesa.”
38 ၃၈ ရထား ကိုရပ် စေခြင်းငှာစီရင် ပြီးမှ ၊ ဖိလိပ္ပု သည် ထိုအမတ် နှင့်တကွ ရေ ထဲသို့ ဆင်း ၍ ဗတ္တိဇံ ကိုပေး၏။
Popelapo mwendeleshi walemanika ng'ola. Bonse babili, Filipo ne mwendeleshi usa, balaya mumenshi, neco Filipo walamubatisha.
39 ၃၉ ရေ ထဲက တက် ကြလျှင် ၊ထာဝရ ဘုရား၏ ဝိညာဉ် တော်သည် ဖိလိပ္ပု ကိုဆောင်ယူ တော်မူ၍ ၊ အမတ် သည် ဖိလိပ္ပု ကို နောက်တဖန်မ တွေ့ မမြင်ရ။ ဝမ်းမြောက် ဝမ်းသာခြင်းနှင့် မိမိ သွားရသောလမ်း ကို သွား လေ၏။
Mpobalikufuma mumenshi, Mushimu wa Lesa walamunyamunapo Filipo. Mwendeleshi usa uliya kumubonapo Filipo kayi, nomba Mwendeleshi usa walapitilisha bulwendo bwakendi kaliwakondwa.
40 ၄၀ ဖိလိပ္ပု သည်လည်း အာဇုတ် မြို့၌ ပေါ်လာ၍၊ ထိုမြို့မှကဲသရိ မြို့တိုင်အောင်မြို့ ရွာအစဉ်အတိုင်း ရှောက်သွား ၍ ဧဝံဂေလိ တရားကို ဟောလေ၏။
Filipo walacaniketi uli ku Azoto. Walapitana mucishi conse kakambauka Mulumbe Waina muminshi yonse mpaka walashika ku Kaisaleya.

< တမန်တော်ဝတ္ထု 8 >