< ၂ ရာဇဝင်ချုပ် 28 >
1 ၁ အာခတ် သည် အသက် နှစ်ဆယ် ရှိသော်၊ နန်းထိုင် ၍ ယေရုရှလင် မြို့၌ တဆယ် ခြောက် နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘ ဒါဝိဒ် ကဲ့သို့ မကျင့်၊ ထာဝရဘုရား ရှေ့ တော်၌ တရား သောအမှုကို မ ပြု။
၁အာခတ်သည် အသက်နှစ်ဆယ်ရှိသော်၊ နန်းထိုင်၍ ယေရုရှလင်မြို့၌ တဆယ်ခြောက်နှစ် စိုးစံ လေ၏။ ထိုမင်းသည် အဘဒါဝိဒ်ကဲ့သို့ မကျင့်၊ ထာဝရ ဘုရားရှေ့တော်၌ တရားသောအမှုကို မပြု။
2 ၂ ဣသရေလ ရှင် ဘုရင်တို့လိုက်သော လမ်း သို့ လိုက် ၍ ၊ ဗာလ ဘုရားတို့အဘို့ ရုပ်တု ဆင်းတုများကို သွန်း လေ၏။
၂ဣသရေလရှင်ဘုရင်တို့လိုက်သော လမ်းသို့ လိုက်၍၊ ဗာလဘုရားတို့အဘို့ ရုပ်တုဆင်းတုများကို သွန်းလေ၏။
3 ၃ ထာဝရဘုရား သည် ဣသရေလ အမျိုးသား ရှေ့ မှ နှင်ထုတ် တော်မူသော တပါးအမျိုးသား တို့၏ ရွံရှာ ဘွယ်ထုံးစံအတိုင်း ၊ ဟိန္နုံ သားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့ ၍ ၊ မိမိ သား တို့ကိုလည်း မီး ဖြင့် ပူဇော် ၏။
၃ထာဝရဘုရားသည် ဣသရေလအမျိုးသားရှေ့မှ နှင်ထုတ်တော်မူသောတပါးအမျိုးသားတို့၏ ရွံရှာဘွယ် ထုံးစံအတိုင်း၊ ဟိန္နုံသားချိုင့်၌ နံ့သာပေါင်းကိုမီးရှို့၍၊ မိမိသားတို့ကိုလည်း မီးဖြင့်ပူဇော်၏။
4 ၄ မြင့် သောအရပ်၊ တောင် ပေါ်၊ သစ်ပင် အောက် တို့၌ ယဇ် ပူဇော်၍ ၊ နံ့သာပေါင်း ကို မီးရှို့တတ်၏။
၄မြင့်သောအရပ်၊ တောင်ပေါ်၊ သစ်ပင်အောက် တို့၌ ယဇ်ပူဇော်၍၊ နံ့သာပေါင်းကို မီးရှို့တတ်၏။
5 ၅ ထိုကြောင့် ၊ သူ ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ ကို ရှုရိ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ရှုရိလူတို့သည် လုပ်ကြံ လျက်၊ များစွာ သော လူတို့ကို ဘမ်းဆီး ၍ ၊ ဒမာသက် မြို့သို့ သိမ်းသွား ကြ၏။
၅ထိုကြောင့်၊ သူ၏ဘုရားသခင် ထာဝရဘုရား သည်၊ သူ့ကို ရှုရိရှင်ဘုရင်လက်သို့ အပ်တော်မူသဖြင့်၊ ရှုရိလူတို့သည် လုပ်ကြံလျက်၊ များစွာသော လူတို့ကို ဘမ်းဆီး၍၊ ဒမာသက်မြို့သို့ သိမ်းသွားကြ၏။
6 ၆ တဖန် ဣသရေလ ရှင်ဘုရင် လက် သို့ အပ် တော်မူသဖြင့် ၊ ထိုရှင်ဘုရင်ရေမလိ သား ပေကာ သည် ကြမ်းတမ်း စွာ လုပ်ကြံ ၍ ၊ ရဲရင့်သောယုဒ အမျိုးသားတသိန်း နှစ်သောင်းကို တနေ့ ခြင်းတွင် သတ် လေ၏။ အကြောင်း မူကား၊ သူ တို့သည် ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ကို စွန့် ကြသတည်း။
၆တဖန်ဣသရေလရှင်ဘုရင်လက်သို့ အပ်တော်မူ သဖြင့်၊ ထိုရှင်ဘုရင်ရေမလိသား ပေကာသည် ကြမ်း တမ်းစွာ လုပ်ကြံ၍၊ ရဲရင့်သောယုဒအမျိုးသား တသိန်း နှစ်သောင်းကို တနေ့ခြင်းတွင် သတ်လေ၏။ အကြောင်းမူ ကား၊ သူတို့သည် ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရားကို စွန့်ကြသတည်း။
7 ၇ ခွန်အား ကြီးသော ဧဖရိမ် သား ဇိခရိ သည်၊ ရှင်ဘုရင် သား မာသေယ ၊ နန်းတော် အုပ် အာဇရိကံ ၊ ရှင်ဘုရင် နောက်ဒုတိယ မင်း ဧလကာန ကို သတ် ၏။
၇ခွန်အားကြီးသော ဧဖရိမ်သား ဇိခရိသည်၊ ရှင်ဘုရင်သားမာသေယ၊ နန်းတော်အုပ်အာဇရိကံ၊ ရှင်ဘုရင်နောက်ဒုတိယမင်း ဧလကာနကို သတ်၏။
8 ၈ ဣသရေလ အမျိုးသား တို့သည်လည်း ၊ မိမိ တို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာ သော ဥစ္စာ ကိုလည်း လုယူ ၍ ရှမာရိ မြို့သို့ ဆောင်သွား ကြ၏။
၈ဣသရေလအမျိုးသားတို့သည်လည်း၊ မိမိတို့နှင့် ပေါက်ဘော်တော်သော ယောက်ျား၊ မိန်းမ၊ သား၊ သမီး ပေါင်းနှစ်သိန်းကို ဘမ်းဆီးသိမ်းသွားကြ၏။ များစွာသော ဥစ္စာကိုလည်း လုယူ၍ ရှာမာရိမြို့သို့ ဆောင်သွားကြ၏။
9 ၉ ဩဒက် အမည် ရှိသောထာဝရဘုရား ၏ ပရောဖက် တပါးရှိ ၍ ၊ ရှမာရိ မြို့သို့ ပြန်လာ သောတပ် ကို ဆီးကြို လျက် ၊ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား သည် ယုဒ ပြည်ကို အမျက် တော်ထွက်သောကြောင့် ၊ သင် တို့လက် ၌ အပ် တော်မူသဖြင့်၊ သင်တို့သည် မိုဃ်း ကောင်းကင် သို့ ထိသော ဒေါသ အဟုန်နှင့် သူ တို့ကိုသတ် ကြပြီ တကား။
၉ဩဒက်အမည်ရှိသော ထာဝရဘုရား၏ ပရော ဖက်တပါးရှိ၍၊ ရှမာရိမြို့သို့ ပြန်လာသောတပ်ကို ဆီးကြို လျက်၊ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရဘုရားသည် ယုဒပြည်ကို အမျက်တော်ထွက်သောကြောင့်၊ သင်တို့ လက်၌ အပ်တော်မူသဖြင့်၊ သင်တို့သည် မိုဃ်းကောင်း ကင်သို့ ထိသော ဒေါသအဟုန်နှင့် သူတို့ကို သတ်ကြပြီ တကား။
10 ၁၀ ယခု တွင်လည်း ၊ ယုဒ ပြည်သူ ၊ ယေရုရှလင် မြို့သားယောက်ျား မိန်းမ တို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင်သင် တို့၏ ဘုရားသခင် ထာဝရဘုရား ကို ပြစ်မှား ရာသို့ ရောက်သည် မ ဟုတ်လော။
၁၀ယခုတွင်လည်း၊ ယုဒပြည်သူ၊ ယေရုရှလင် မြို့သား ယောက်ျား၊ မိန်းမတို့ကို အစေခံကျွန်လုပ်၍၊ နှိပ်စက်မည့်အကြံရှိကြသည်တကား။ သို့ပြုလျှင် သင်တို့၏ ဘုရားသခင် ထာဝရဘုရားကို ပြစ်မှားရာသို့ ရောက်သည် မဟုတ်လော။
11 ၁၁ ငါ့ စကားကိုနားထောင် ကြလော့။ သင်တို့သည် ယခု ဘမ်းဆီး ၍ သိမ်းယူခဲ့သော သင် တို့၏ ညီအစ်ကို များကို လွှတ် လိုက်ကြလော့။ သို့မဟုတ်ထာဝရဘုရား ၏ ပြင်းစွာ သောအမျက် တော်သည် သင် တို့အပေါ် မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
၁၁ငါ့စကားကိုနားထောင်ကြလော့။ သင်တို့သည် ယခုဘမ်းဆီး၍ သိမ်းယူခဲ့သော သင်တို့၏ ညီအစ်ကို များကို လွှတ်လိုက်ကြလော့။ သို့မဟုတ် ထာဝရဘုရား၏ ပြင်းစွာသောအမျက်တော်သည် သင်တို့အပေါ်မှာ သက်ရောက်လိမ့်မည်ဟု သတိပေး၏။
12 ၁၂ ထိုအခါ ဧဖရိမ် အမျိုးသား အကြီးအကဲ ၊ ယောဟနန် သား အာဇရိ ၊ မေရှိလေမုတ် သား ဗေရခိ ၊ ရှလ္လုံ သား ဟေဇကိ ၊ ဟာဒလဲ သား အာမသာ တို့သည် စစ်တိုက် ရာမှ လာ သောသူတို့ ကို ဆီးတား ၍၊
၁၂ထိုအခါ ဧဖရိမ်အမျိုးသားအကြီးအကဲ၊ ယောဟ နန်သားအာဇရိ၊ မေရှိလေမုတ်သား ဗေရခိ၊ ရှလ္လုံသား ဟေဇကိ၊ ဟာဒလဲသား အာမသာတို့သည် စစ်တိုက်ရာမှ လာသော သူတို့ကို ဆီးတား၍၊
13 ၁၃ သင်တို့သိမ်းယူခဲ့သောသူတို့ ကို ဤ မြို့ထဲသို့ မ သွင်း ရ။ ငါ တို့သည် ထာဝရဘုရား ကို ပြစ်မှား ပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ကြံစည်ကြသည်ကား။ ယခုတွင် ငါ တို့အပြစ် ကြီးလှ ၏။ ဣသရေ အမျိုး၌ ပြင်းစွာ အမျက် ထွက်လျက် ရှိသည်ဟု ဆို သောကြောင့်၊
၁၃သင်တို့သိမ်းယူခဲ့သော သူတို့ကို ဤမြို့ထဲသို့ မသွင်းရ။ ငါတို့သည် ထာဝရဘုရားကို ပြစ်မှားပြီ။ အပြစ် ရင်းအပေါ်မှာထပ်၍ ပြစ်မှားစေဦးမည်ဟု သင်တို့ ကြံစည်ကြသည်ကား။ ယခုတွင် ငါတို့အပြစ်ကြီးလှ၏။ ဣသရေအမျိုး၌ ပြင်းစွာ အမျက်ထွက်လျက်ရှိသည်ဟု ဆိုသောကြောင့်၊
14 ၁၄ စစ်သူရဲ တို့သည် သိမ်းယူ ခဲ့သောလူများနှင့် လု ယူခဲ့သောဥစ္စာများကို မင်း တို့ရှေ့၊ ပရိသတ် တို့ရှေ့ မှာထား ကြ၏။
၁၄စစ်သူရဲတို့သည် သိမ်းယူခဲ့သောလူများနှင့် လုယူခဲ့သောဥစ္စာများကို မင်းတို့ရှေ့၊ ပရိသတ်တို့ရှေ့မှာ ထားကြ၏။
15 ၁၅ အထက်ဆို ခဲ့ပြီးသော သူတို့သည် ထ လျက် ၊ သိမ်းယူ ခဲ့သောသူတို့ ကို ခေါ် ၍ ၊ အဝတ် မရှိသောသူတို့ ကို လက်ရဥစ္စာ ဖြင့် ဝတ်ဆင် စေကြ၏။ ခြေနင်း ကို စီးစေကြ ၏။ စား သောက် စရာဘို့ ပေးကြ၏။ ဆီ နှင့်လိမ်း စေကြ၏။ အား မရှိသောသူအပေါင်း တို့ကို မြည်း ပေါ်မှာ တင် ၍ ၊ သူ တို့ ပေါက်ဘော် ရှိ ရာ ယေရိခေါ မြို့တည်းဟူသောစွန်ပလွံပင် မြို့ သို့ ပို့ ပြီးမှ ၊ ရှမာရိ မြို့သို့ ပြန်သွား ကြ၏။
၁၅အထက်ဆိုခဲ့ပြီးသောသူတို့သည် ထလျက်၊ သိမ်းယူခဲ့သော သူတို့ကိုခေါ်၍၊ အဝတ်မရှိသော သူတို့ကို လက်ရဥစ္စာဖြင့် ဝတ်ဆင်စေကြ၏။ ခြေနင်းကို စီးစေ ကြ၏။ စားသောက်စရာဘို့ ပေးကြ၏။ ဆီနှင့်လိမ်း စေကြ၏။ အားမရှိသောသူအပေါင်းတို့ကို မြည်းပေါ်မှာ တင်၍၊ သူတို့ ပေါက်ဘော်ရှိရာ ယေရိခေါမြို့တည်း ဟူသော စွန်ပလွံပင်မြို့သို့ ပို့ပြိးမှ၊ ရှမာရိမြို့သို့ ပြန်သွား ကြ၏။
16 ၁၆ ထိုအခါ အာရှုရိ ရှင်ဘုရင် လာ၍ ကူမ စေခြင်းငှါ ၊ အာခတ် မင်းကြီး သည် သံတမန်ကို စေလွှတ် လေ၏။
၁၆ထိုအခါ အာရှုရိရှင်ဘုရင်လာ၍ ကူမစေခြင်းငှါ၊ အာခတ်မင်းကြီးသည် သံတမန်ကို စေလွှတ်လေ၏။
17 ၁၇ အကြောင်းမူကား၊ ဧဒုံ လူတို့သည် လာ ပြန် သဖြင့် ၊ ယုဒ ပြည်ကို လုပ်ကြံ ၍ ၊ လူများကိုဘမ်းဆီး သိမ်းသွားကြပြီ။
၁၇အကြောင်းမူကား၊ ဧဒုံလူတို့သည် လာပြန် သဖြင့်၊ ယုဒပြည်ကို လုပ်ကြံ၍၊ လူများကိုဘမ်းဆီး သိမ်း သွားကြပြီ။
18 ၁၈ ဖိလိတ္တိ လူတို့သည်လည်း ၊ နိုင်ငံ အောက်ပိုင်းနှင့် ယုဒ ပြည်တောင် ပိုင်း၌ ရှိသောမြို့ တို့ကိုတိုက် ၍၊ ဗက်ရှေမက် မြို့၊ အာဇလုန် မြို့၊ ဂေဒရုတ် မြို့၊ ရှောခေါ မြို့ ရွာ၊ တိမနာ မြို့ ရွာ၊ ဂိမဇော မြို့ ရွာများကို ယူ ၍ နေရာ ချကြ၏။
၁၈ဖိလိတ္တိလူတို့သည်လည်း၊ နိုင်ငံအောက်ပိုင်းနှင့် ယုဒပြည်တောင်ပိုင်း၌ ရှိသောမြို့တို့ကိုတိုက်၍၊ ဗက်ရှေ မက်မြို့၊ အာဇလုန်မြို့၊ ဂေဒရုတ်မြို့၊ ရှောခေါမြို့ရွာ၊ တိမနာမြို့ရွာ၊ ဂိမဇောမြို့ရွာများကို ယူ၍နေရာ ချကြ၏။
19 ၁၉ ယုဒ ရှင်ဘုရင် အာခတ် ကြောင့် ထာဝရဘုရား သည် ယုဒ ပြည်ကို အလွန်နှိမ့်ချ ၏။ ထိုမင်းသည် ယုဒပြည် ၏အဝတ်တန်ဆာကိုချွတ် ၍ ၊ ထာဝရဘုရား ကို ကြမ်းတမ်း စွာ ပြစ်မှား၏။
၁၉ယုဒရှင်ဘုရင်အာခတ်ကြောင့် ထာဝရဘုရား သည် ယုဒပြည်ကို အလွန်နှိမ့်ချ၏။ ထိုမင်းသည် ယုဒ ပြည်၏အဝတ်တန်ဆာကိုချွတ်၍၊ ထာဝရဘုရားကို ကြမ်း တမ်းစွာ ပြစ်မှား၏။
20 ၂၀ အာရှုရိ ရှင်ဘုရင် တိဂလတ် ပိလေသာလာ သော်လည်း ၊ အား ကိုမ ပေး၊ သာ၍ဆင်းရဲ စေ၏။
၂၀အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာလာသော် လည်း၊ အားကိုမပေး၊ သာ၍ဆင်းရဲစေ၏။
21 ၂၁ အကြောင်း မူကား၊ အာခတ် သည် ဗိမာန် တော် ဘဏ္ဍာနှင့် နန်းတော် ဘဏ္ဍာမှစ၍ ၊ မှူးမတ်အိမ်တို့၌ ရှိသောဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိ ရှင်ဘုရင် အား ပေး သော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
၂၁အကြောင်းမူကား၊ အာခတ်သည် ဗိမာန်တော် ဘဏ္ဍာနှင့် နန်းတော်ဘဏ္ဍာမှစ၍၊ မှူးမတ်အိမ်တို့၌ ရှိသော ဥစ္စာများကိုခွဲပြီးလျှင်၊ အာရှုရိရှင်ဘုရင်အား ပေးသော်လည်း၊ ထိုရှင်ဘုရင်သည် ကျေးဇူးပြန်၍မပြု။
22 ၂၂ အာခတ် မင်းကြီး သည် ဆင်းရဲ ဒုက္ခခံရသောအခါ ၊ ထာဝရဘုရား ကို သာ၍ ပြစ်မှား ၏။
၂၂အာခတ်မင်းကြီးသည် ဆင်းရဲဒုက္ခခံရသော အခါ၊ ထာဝရဘုရားကို သာ၍ပြစ်မှား၏။
23 ၂၃ ငါ့ကိုဒဏ် ပေးသော ဒမာသက် မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိ ရှင်ဘုရင် ကိုးကွယ်သောဘုရား တို့သည် ကျေးဇူး ပြုတတ်သောကြောင့် ၊ ငါ ၌လည်း ကျေးဇူး ပြုစေခြင်းငှါ၊ ထို ဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလ အမျိုးအကျိုးနည်း စရာ အကြောင်း ဖြစ် သတည်း။
၂၃ငါ့ကိုဒဏ်ပေးသော ဒမာသက်မြို့၏ ဘုရား တို့ကို ငါဆည်းကပ်မည်ဟူ၍၎င်း၊ ရှုရိရှင်ဘုရင် ကိုးကွယ် သောဘုရားတို့သည် ကျေးဇူးပြုတတ်သောကြောင့်၊ ငါ၌လည်း ကျေးဇူးပြုစေခြင်းငှါ၊ ထိုဘုရားတို့အား ယဇ် ပူဇော်မည်ဟူ၍၎င်း ဆိုသော်လည်း၊ ထိုဘုရားတို့သည် အာခတ်မင်းနှင့် ဣသရေလအမျိုးအကျိုးနည်းစရာ အကြောင်း ဖြစ်သတည်း။
24 ၂၄ တဖန် အာခတ် သည် ဗိမာန် တော်တန်ဆာ တို့ကို စုထား ၍ အပိုင်းပိုင်းချိုးဖြတ် ၏။ ဗိမာန် တော်တံခါး တို့ကိုလည်း ပိတ် ထား၏။ ယေရုရှလင် မြို့ထောင့် များ၌ ယဇ် ပလ္လင် တို့ကို တည် ၏။
၂၄တဖန်အာခတ်သည် ဗိမာန်တော်တန်ဆာတို့ကို စုထား၍အပိုင်းပိုင်း ချိုးဖြတ်၏။ ဗိမာန်တော်တံခါးတို့ကို လည်း ပိတ်ထား၏။ ယေရုရှလင်မြို့ထောင့်များ၌ ယဇ် ပလ္လင်တို့ကို တည်၏။
25 ၂၅ အခြား တပါးသော ဘုရား တို့အား နံ့သာပေါင်းကို မီးရှို့ စရာဘို့။ယုဒ မြို့ အသီးအသီး တို့၌ မြင့် သောအရပ် တို့ကို တည် ၍ ဘိုးဘေး တို့၏ ဘုရားသခင် ထာဝရဘုရား ၏ အမျက် တော်ကို နှိုးဆော်လေ၏။
၂၅အခြားတပါးသော ဘုရားတို့အား နံ့သာပေါင်း ကို မီးရှို့စရာဘို့။ ယုဒမြို့အသီးသီးတို့၌ မြင့်သောအရပ် တို့ကို တည်၍ ဘိုးဘေးတို့၏ ဘုရားသခင် ထာဝရ ဘုရား၏ အမျက်တော်ကို နှိုးဆော်လေ၏။
26 ၂၆ အာခတ် ကျင့်ကြံ ပြုမူသော အမှု အရာကြွင်း လေသမျှအစ အဆုံး တို့သည် ယုဒ ရာဇဝင်နှင့် ဣသရေလ ရာဇဝင် ၌ ရေးထား လျက် ရှိ၏။
၂၆အာခတ်ကျင့်ကြံပြုမူသော အမှုအရာကြွင်းလေ မျှ အစအဆုံးတို့သည် ယုဒရာဇဝင်နှင့် ဣသရေလ ရာဇဝင်၌ ရေးထားလျက် ရှိ၏။
27 ၂၇ အာခတ် သည် ဘိုးဘေး တို့နှင့် အိပ်ပျော် ၍ ၊ ယေရုရှလင် မြို့ ၌ သင်္ဂြိုဟ် ခြင်းကို ခံရသော်လည်း ၊ ဣသရေလ ရှင် ဘုရင်တို့ သင်္ချိုင်း ၌ မ သင်္ဂြိုဟ် ကြ။ သားတော် ဟေဇကိ သည် ခမည်းတော် အရာ ၌ နန်း ထိုင်၏။
၂၇အာခတ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်၍၊ ယေရုရှလင်မြို့၌ သင်္ဂြိုဟ်ခြင်းကို ခံရသော်လည်း၊ ဣသ ရေလရှင်ဘုရင်တို့ သင်္ချိုင်း၌ မသင်္ဂြိုဟ်ကြ။ သားတော် ဟေဗကိသည် ခမည်းတော်အရ၌ နန်းထိုင်၏။