< ၂ ရာဇဝင်ချုပ် 23 >
1 ၁ ခုနစ် နှစ် မြောက် သောအခါ ၊ ယောယဒ သည် ကိုယ်ကိုခိုင်ခံ့ စေ၍ တပ်မှူး များ၊ ယေရောဟံ သား အာဇရိ ၊ ယောဟနန် သား ဣရှမေလ ၊ ဩဗက် သား အာဇရိ ၊ အဒါယ သား မာသေယ ၊ ဇိခရိ သား ဧလိရှဖတ် တို့နှင့် သင်းဖွဲ့ လေ၏။
El año séptimo Joiada se fortaleció. Hizo un pacto con los jefes de centenas: con Azarías, hijo de Jeroham, Ismael, hijo de Johanán, Azarías, hijo de Obed, Maasías, hijo de Adaía, y Elisafat, hijo de Zicri.
2 ၂ ထိုသူတို့သည် ယုဒ ပြည်၌ လှည့်လည် သဖြင့် ၊ ယုဒ မြို့ အရပ်ရပ် ထဲက လေဝိ သားများနှင့် ဣသရေလ အဆွေအမျိုး သူကြီး များကို စုဝေး စေ၍ ၊ ယေရုရှလင် မြို့ သို့ ပြန် လာကြ၏။
Recorrieron Judá para convocar a los levitas de todas las ciudades de Judá y a los jefes de las casas paternas de Israel. Fueron a Jerusalén.
3 ၃ စည်းဝေး သောသူ အပေါင်း တို့သည် ဗိမာန် တော်၌ ရှင်ဘုရင် နှင့် ပဋိညာဉ် ဖွဲ့ ကြ၏။ ယောယဒ ကလည်း၊ ရှင်ဘုရင် သားတော် ကို ကြည့်ရှု ကြလော့။ ထာဝရဘုရား သည် ဒါဝိဒ် အမျိုး ကို မိန့် တော်မူသည် အတိုင်း ၊ ရှင်ဘုရင်သားတော် စိုးစံ ရမည်။
Entonces toda la congregación hizo un pacto con respecto al rey en la Casa de ʼElohim. Joiada les dijo: Aquí está el hijo del rey quien reinará, tal como Yavé habló acerca de los descendientes de David.
4 ၄ သင်တို့ပြု ရသော အမှု ဟူမူကား ၊ ဥပုသ် နေ့၌ ဝင် သောယဇ်ပုရောဟိတ် လေဝိ သားသုံးစု တစုသည် တံခါး စောင့် လုပ်ရမည်။
Esto es lo que harán: la tercera parte de ustedes, los sacerdotes y los levitas que entran el sábado, estarán de porteros en las puertas.
5 ၅ တစု သည် နန်းတော် ကို စောင့်ရမည်။ တစု သည် သုရတံခါး ကို စောင့်ရမည်။ လူ အပေါင်း တို့သည် ဗိမာန် တော်တန်တိုင်း တို့အတွင်း ၌ နေရကြမည်။
Otra tercera parte estará en el palacio real. Otra tercera parte, en la puerta del Fundamento. Todo el pueblo estará en los patios de la Casa de Yavé.
6 ၆ ယဇ် ပုရောဟိတ်များနှင့် အမှု တော်စောင့် လေဝိ သားများမှတပါး ၊ အဘယ်သူမျှဗိမာန် တော်ထဲသို့ မ ဝင် စေနှင့်။ သူ တို့သည်သန့်ရှင်း သောကြောင့် ဝင် ရကြမည်။ အခြားသောသူ အပေါင်း တို့သည် ထာဝရဘုရား ဘက်၌စောင့် နေရကြမည်။
Pero nadie entrará en la Casa de Yavé, excepto los sacerdotes y los levitas que ministran. Solo éstos podrán entrar, porque están consagrados. Y todo el pueblo guardará la ordenanza de Yavé.
7 ၇ လေဝိ သားတိုင်း မိမိ လက်နက် ကို ကိုင် လျက် ၊ ကိုယ်တော် မြတ်ကို ဝိုင်း၍ အိမ် တော်ထဲသို့ ဝင် သမျှသောသူတို့ ကိုသတ် ရမည်။ ရှင်ဘုရင် ထွက် ဝင် တော်မူသောအခါ ၊ နောက်တော်သို့လိုက်ရမည်ဟု မှာထားလေ၏။
Los levitas rodearán al rey por todas partes, cada uno con sus armas en la mano, y cualquiera que entre en la Casa morirá. Estarán con el rey cuando entre y cuando salga.
8 ၈ ထိုသို့ ယဇ်ပုရောဟိတ် ယောယဒ မှာထား သမျှ အတိုင်း ၊ လေဝိ သားများနှင့် ယုဒ အမျိုးသားအပေါင်း တို့ သည်ပြု ၍ ၊ ယဇ်ပုရောဟိတ် ယောယဒ သည် ဖွဲ့မြဲဖွဲ့သော အသင်းတို့ကို မ ဖျက် သောကြောင့် ၊ ဥပုသ် နေ့၌ ထွက် ရ သောသူ နှင့် ဝင် ရသောသူ အသီးအသီး တို့ကို ခေါ် ထား ကြ၏။
Los levitas y todo Judá hicieron según todo lo que ordenó el sacerdote Joiada. Tomaron cada uno a sus hombres, a los que entrarían o saldrían el sábado, pues el sacerdote Joiada no dio licencia a los grupos.
9 ၉ ဗိမာန် တော်၌ရှိသောဒါဝိဒ် မင်းကြီး ၏ လှံ များနှင့် ဒိုင်း လွှားများကို၊ ယဇ်ပုရောဟိတ် ယောယဒ သည် ထုတ် ၍ ၊ လူတရာ အုပ် တို့အား အပ်လေ၏။
Después el sacerdote Joiada entregó a los jefes de centenas las lanzas, los escudos pequeños y los escudos grandes del rey David que estaban en la Casa de ʼElohim.
10 ၁၀ အသီးအသီး လက်နက် ကိုင် သော သူ အပေါင်း တို့ကို ရှင်ဘုရင် ပတ်လည် ၊ ယဇ် ပလ္လင်အနား နှင့် ဗိမာန် တော် အနား၌ ၊ လက်ျာ ထောင့် မှစ၍ လက်ဝဲ ထောင့် တိုင်အောင် နေရာ ချထားလေ၏။
Colocó a todo la gente en orden alrededor del rey, cada uno con su espada en la mano, desde el lado derecho de la Casa hasta el lado izquierdo, delante del altar y la Casa.
11 ၁၁ ထိုအခါ ရှင်ဘုရင် သားတော် ကို ပြင် သို့ထုတ်၍ ၊ ရာဇ သရဖူနှင့် ပညတ္တိကျမ်း ကိုတင် လျက် ၊ ရှင် ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယောယဒ နှင့် သူ ၏သား တို့ သည် ဘိသိက် ပေး၍ ၊ ရှင်ဘုရင် အသက် တော်ရှင်စေသတည်းဟု ကြွေးကြော် ကြ၏။
Luego sacaron al hijo del rey, lo coronaron, le dieron el Testimonio y lo proclamaron rey. Joiada y sus hijos lo ungieron y dijeron: ¡Viva el rey!
12 ၁၂ အာသလိ သည် လူ များပြေး ၍ ၊ ရှင်ဘုရင် ထံ၌ ချီးမွမ်း သံ ကိုကြား လျှင် ၊ လူ များရှိရာ ဗိမာန် တော်သို့ သွား ၍၊
Cuando Atalía oyó el ruido de la gente que corría y aclamaba al rey, se acercó al pueblo en la Casa de Yavé.
13 ၁၃ ရှင် ဘုရင်သည် ဗိမာန် တော်ဝင် ဝ၊ တိုင် နား မှာ ရပ် လျက် ၊ မှူး တော်မတ်တော်များနှင့် တံပိုး မှုတ်သော သူများတို့သည် ရှင်ဘုရင် အနား တော်၌ ရပ်လျက်၊ ပြည်သူ ပြည်သားများတို့သည် ဝမ်းမြောက် ၍ ၊ တံပိုး မှုတ် လျက် သီချင်း သည်တို့သည် တုရိယာအမျိုးမျိုးကိုကိုင်၍၊ ထောမနာသီချင်းကို ဆိုလျက်ရှိကြသည်ကိုမြင်လျှင်၊ မိမိ အဝတ် ကိုဆုတ် ၍ ပုန်ကန် မှုပါတကား၊ ပုန်ကန် မှုပါ တကားဟု အော်ဟစ် လေ၏။
Miró, y ahí estaba el rey en pie en su tarima real en la entrada, y los jefes y trompetistas junto al rey. Todo el pueblo de la tierra estaba alborozado y tocaba las trompetas. Los cantores con los instrumentos musicales dirigían las aclamaciones. Entonces Atalía rasgó sus ropas y exclamó: ¡Conspiración! ¡Conspiración!
14 ၁၄ ယဇ်ပုရောဟိတ် ယောယဒ ကလည်း ၊ ဗိမာန် တော် ထဲမှာ မ သေ စေနှင့်။ တပ် ပြင် သို့ ထုတ် ကြ။ သူ့ဘက်မှာ နေသောသူကိုထားနှင့် သတ်ကြ ဟုလူ တရာအုပ်တပ်မှူးတို့ကို မှာထားနှင့်သည်အတိုင်း၊
Pero el sacerdote Joiada sacó a los jefes de centenas que comandaban la tropa y les dijo: ¡Déjenla pasar entre las filas, y cualquiera que la siga, que muera a espada! Pues el sacerdote advirtió: No la maten en la Casa de Yavé.
15 ၁၅ အာသလိ ကို ဘမ်းဆီး လျက် ၊ နန်းတော် သို့ သွားသော မြင်း လမ်းဝ သို့ ရောက် သောအခါ သတ် ကြ၏။
Así que ellos le abrieron paso, y ella fue hacia la puerta de los Caballos en el palacio real. Allí la mataron.
16 ၁၆ ရှင်ဘုရင် နှင့် လူ အပေါင်း တို့သည် ထာဝရဘုရား ၏ လူ ဖြစ် ရမည်အကြောင်း ၊ ယောယဒ သည် မိမိ ထံ၌ ပဋိညာဉ် ဖွဲ့ စေ၏။
Entonces Joiada hizo un pacto con el rey y todo el pueblo, según el cual serían el pueblo de Yavé.
17 ၁၇ လူ အပေါင်း တို့သည် ဗာလ ကျောင်း သို့သွား ၍ ဖြိုဖျက် ကြ၏။ ယဇ် ပလ္လင်များနှင့် ရုပ်တု များကိုချိုးဖဲ့ ၍ ၊ ယဇ် ပလ္လင်တို့ရှေ့ မှာ ဗာလ ယဇ်ပုရောဟိတ် မဿန် ကိုသတ် ကြ၏။
Después todo el pueblo fue al templo de baal y lo destruyó, destrozó sus altares y sus imágenes. Mató a Matán, sacerdote de baal, delante de los altares.
18 ၁၈ မောရှေ ပညတ္တိ ကျမ်း၌ ပါ သည်အတိုင်း ၊ ထာဝရ ဘုရား အား မီးရှို့ရာယဇ်တို့ကို ပူဇော်ခြင်း၊ ဒါဝိဒ် စီရင် သည်အတိုင်း ၊ ရွှင်လန်း စွာသီချင်းဆိုခြင်းအမှုကို ပြုစေခြင်းငှါ၊ ဗိမာန် တော်၌ ဒါဝိဒ် ခွဲထား သော ယဇ်ပုရောဟိတ် လေဝိ သားတို့သည် ဗိမာန်တော်မှုများကို ဆောင်ရွက်မည် အကြောင်း၊ ယောယဒစီရင်လေ၏။
Luego Joiada organizó los ministerios en la Casa de Yavé bajo la mano de los sacerdotes levitas, a quienes David distribuyó en la Casa de Yavé para ofrecer los holocaustos a Yavé con regocijo y cánticos, según lo escrito en la Ley de Moisés, como David ordenó.
19 ၁၉ မ သန့်ရှင်းသော လက္ခဏာတစုံ တခုရှိသောသူကို မ ဝင် စေခြင်းငှါ။ဗိမာန် တော်တံခါး စောင့် တို့ကိုလည်း ခန့်ထား လေ၏။
También estableció porteros en las puertas de la Casa de Yavé, para que ningún impuro entrara por ningún motivo.
20 ၂၀ လူ တရာအုပ်၊ မှူးမတ် ၊ အကြီးအကဲ ၊ ပြည်သူ ပြည်သားအပေါင်း တို့ကို ခေါ်လျက်၊ မြင့် သော တံခါး လမ်း ဖြင့် ၊ ရှင် ဘုရင်ကို ဗိမာန် တော်မှ နန်းတော် သို့ပို့ဆောင် ၍ ၊ ရာဇ ပလ္လင်တော်ပေါ် မှာ တင် ကြ၏။
Luego tomó a los jefes de centenas, los magistrados, los gobernadores del pueblo y todo el pueblo de la tierra y llevaron al rey desde la Casa de Yavé, pasaron por la puerta Superior al palacio real y sentaron al rey en el trono del reino.
21 ၂၁ နန်းတော်နားမှာ အာသလိ ကို သတ် ပြီးမှ၊ ပြည်သူ ပြည်သားအပေါင်း တို့သည် ဝမ်းမြောက် ၍ ၊ တမြို့လုံး ၌လည်း ငြိမ်ဝပ် ခြင်းရှိ၏။
Todo el pueblo de la tierra se regocijó. La ciudad estaba tranquila, porque mataron a Atalía a filo de espada.