< ၁ ဓမ္မရာဇဝင် 23 >
1 ၁ ဖိလိတ္တိ လူတို့သည် ကိလ မြို့ကို တိုက် ၍ ကောက်နယ် တလင်းတို့ကို လုယူ ကြောင်းကို ဒါဝိဒ် သည် ကြား သောအခါ၊
Wakamwambia Daudi, “Tazama, Wafilisti wanaupiga Keila na wanapora nafaka inayopurwa.”
2 ၂ အကျွန်ုပ်သည် ထို ဖိလိတ္တိ လူတို့ကို သွား ၍ လုပ်ကြံ ရပါမည်လော ဟု ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က သွား လော့။ ဖိလိတ္တိ လူတို့ကို လုပ်ကြံ ၍ ကိလ မြို့ကို ကယ်တင် လော့ဟု ဒါဝိဒ် အား မိန့် တော်မူ၏။
Hivyo Daudi akamwomba BWANA kwa ajili ya msaada, na akamuuliza,” Je, niondoke niwapige hawa Wafilisti? BWANA akamwambia Daudi, “Nenda ukawapige Wafilisti na kuokoa Keila.”
3 ၃ ဒါဝိဒ် ၏လူ တို့ကလည်း ၊ ငါ တို့သည် ယုဒ ပြည်၌ ပင် ကြောက် ကြ၏။ ထိုမျှမက ကိလ မြို့သို့ရောက်၍ ဖိလိတ္တိ ဗိုလ်ခြေ တို့နှင့် စစ်ပြိုင်သောအခါသာ၍ကြောက်စရာရှိပါသည်တကားဟု ဆို ကြ၏။
Daudi akaambiwa na watu wake, “Angalia, hapa Yuda tunaogopa. Je, si zaidi sana kama tutaenda Keila kupambana na majeshi ya Wafilisti?”
4 ၄ တဖန် ဒါဝိဒ် သည် ထပ်၍ ထာဝရဘုရား အား မေးလျှောက် လျှင် ၊ ထာဝရဘုရား က၊ ထ ၍ ကိလ မြို့သို့ သွား လော့။ ဖိလိတ္တိ လူတို့ကို သင့် လက် ၌ ငါ အပ် မည်ဟု မိန့် တော်မူသည်အတိုင်း၊
Ndipo Daudi akamwomba BWANA kwa ajili ya msaada, bado tena, BWANA akamjibu, “Amka, uteremke hadi Keila. Maana nitakupatia ushindi dhidi ya Wafilisti.”
5 ၅ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် ကိလ မြို့သို့သွား ၍ ဖိလိတ္တိ လူတို့နှင့် တိုက် သဖြင့် ၊ ထိုသူ တို့၏ တိရစ္ဆာန် များကို ယူ ၍ သူ တို့ကို ကြီးစွာ သော လုပ်ကြံ ခြင်းအားဖြင့်သတ် ကြ၏။ ထိုသို့ဒါဝိဒ် သည် ကိလ မြို့ကို ကယ်တင် လေ၏။
Daudi na watu wake wakaenda Keila na kupigana na Wafilisti. Wakahamisha ng'ombe wao na kuwapiga kwa mauaji makubwa mno. Hivyo Daudi akawaokoa wenyeji wa Keila.
6 ၆ အဟိမလက် ၏သား အဗျာသာ သည်၊ ဒါဝိဒ် ရှိရာ ကိလ မြို့သို့ ပြေး လာသောအခါ သင်တိုင်း တော် ပါလျက်ရောက် လာသတည်း။
Abiathari mwana wa Ahimeleki alipokuwa amekimbilia kwa Daudi huko Keila, alibeba naivera mkononi mwake.
7 ၇ ဒါဝိဒ် သည် ကိလ မြို့သို့ ရောက် ကြောင်း ကို ရှောလု သည်ကြား လျှင် ၊ ဘုရား သခင်သည် သူ့ ကို ငါ့ လက် သို့ အပ် တော်မူပြီ။ တံခါး နှင့် ကန့်လန့်ကျင် ရှိသောမြို့ ထဲသို့ ဝင် သဖြင့်၊ အချုပ် ခံလျက် နေရသည်ဟု ဆို လျက်၊
Sauli aliambiwa kwamba Daudi amekwenda Keila. Sauli akasema, “Mungu amemweka mkononi mwangu. Bila shaka amefungiwa ndani kwa sababu ameingia katika mji ulio na malango na makomeo.”
8 ၈ ကိလ မြို့သို့ စစ် ချီ ၍ ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ထားခြင်းငှါ မိမိလူ အပေါင်း တို့ကို စုဝေး စေ၏။
Sauli akayaita majeshi yake yote kwa ajili ya vita, waende hadi Keila, wamteke Daudi na watu wake.
9 ၉ ရှောလု သည် မ ကောင်းသော အကြံနှင့် ကြိုးစား သည်ကို ဒါဝိဒ် သည် သိ ၍ ၊ ယဇ်ပုရောဟိတ် အဗျာသာ အား ၊ သင်တိုင်း တော်ကို ယူ ခဲ့ပါဟု ဆို ၏။
Daudi alijua kwamba Sauli alikuwa anapanga njama za kumdhuru yeye. Ndipo akamwambia kuhani Abiathari kuhani, “Ulete hapa naivera.”
10 ၁၀ ထိုအခါ ဒါဝိဒ် က၊ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ရှောလု သည် ကိလ မြို့သို့ လာ ၍ ကိုယ်တော် ၏ကျွန် အတွက် ဖျက်ဆီး မည်ဟု အကြံ ရှိသည်ကို ဆက်ဆက်ကြား ပါ၏။
Kisha Daudi akasema, “BWANA, Mungu wa Israeli, mtumishi wako hakika amesikia kwamba Sauli anatafuta namna ya kuja Keila, ili auteketeze mji kwa ajili yangu.
11 ၁၁ ကိလ မြို့သား တို့သည် အကျွန်ုပ် ကို သူ ၏လက် ၌ အပ် ကြပါလိမ့်မည်လော။ ကိုယ်တော် ၏ ကျွန် ကြား သည်အတိုင်း ရှောလု သည် လာ ပါလိမ့်မည်လော။ ဣသရေလ အမျိုး၏ ဘုရား သခင်ထာဝရဘုရား ၊ ကိုယ်တော် ၏ကျွန် အား အမိန့် ရှိတော်မူမည်အကြောင်းတောင်းပန်ပါ၏ဟု မေးလျှောက် သော်၊ ထာဝရဘုရား က၊ ရှောလုသည် လာ လိမ့်မည်ဟု မိန့် တော်မူ၏။
Je, watu wa Keila watanisalimisha mkononi mwake? Je, Sauli atashuka hadi huko, kama mtumishi wako alivyosikia? BWANA, Mungu wa Israeli, nakusihi, tafadhali mwambie mtumishi wako. “BWANA akasema, “Atakuja huko.”
12 ၁၂ တဖန် ဒါဝိဒ် က၊ ကိလ မြို့သား တို့သည် အကျွန်ုပ် နှင့် အကျွန်ုပ် ၏လူ တို့ကို ရှောလု လက် သို့ အပ် ကြပါလိမ့်မည်လော ဟု မေးလျှောက် သော် ၊ ထာဝရဘုရား က၊ အပ် ကြလိမ့်မည်ဟု မိန့် တော်မူ၏။
Kisha Daudi akauliza, “Je, watu wa Keila watanisalimisha mimi na watu wangu katika mkono wa Sauli?” BWANA akasema, “Watu hao watawasalimisha kwao.”
13 ၁၃ ထိုအခါ ဒါဝိဒ် သည် ခြောက် ရာ ခန့် ရှိသောမိမိ လူ တို့နှင့် ထ ၍ ကိလ မြို့မှ ထွက် ပြီးလျှင် ၊ သွား နိုင် ရာအရပ်ရပ်သို့ သွား ကြ၏။ ဒါဝိဒ် သည် ကိလ မြို့မှ အလွတ် ပြေးကြောင်း ကို ရှောလု သည်ကြား ၍ ကိုယ်တိုင်မသွား ဘဲ နေ၏။
Kisha Daudi na watu wake, waliokuwa kama mia sita, walitoka na kwenda mbali na Keila, na wakazunguka kila sehemu. Kisha Sauli akaambiwa kwamba Daudi ametoroka kutoka Keila, hivyo akasitisha kumfuatia.
14 ၁၄ ဒါဝိဒ် သည် ဇိဖ တောင်အစရှိသော တော ကြိုတောင် ကြားတို့၌ နေ ၍ ၊ ရှောလု သည် နေ့ တိုင်း ရှာ သော်လည်း သူ ၏လက် ၌ ဒါဝိဒ်ကို ဘုရား သခင်အပ် တော်မ မူ။
Daudi alikaa ngomeni katika jangwa, kwenye nchi ya milima katika jangwa la Zifu. Kila siku Sauli alimtafuta, lakini Mungu hakumweka mkononi mwake.
15 ၁၅ တရံရောအခါဒါဝိဒ် သည် ဇိဖ တောအုပ် ၌ ရှိ၍၊ သူ ၏ အသက် ကိုသတ် မည်ဟု ရှောလု လာ သည်ကို သိ သောအခါ၊
Daudi aliona kwamba Sauli amejitokeza kuangamiza maisha yake; basi Daudi alikuwa katika jjangwa la Zifu huko Horeshi.
16 ၁၆ ရှောလု ၏ သား ယောနသန် သည် ထ ၍ ဒါဝိဒ် ရှိရာ တောအုပ် သို့ သွား ပြီးလျှင် ၊ ဘုရား သခင်၌ ခိုလှုံအားကြီး စေခြင်းငှါထောက်မလျက်၊
Kisha Yonathani, mwana wa Sauli, akaamuka akaenda kwa Daudi huko Horshi, naye akamtia moyo amtumainie Mungu.
17 ၁၇ မ စိုးရိမ် နှင့်။ သင် သည် ကျွန်ုပ် အဘ ရှောလု ၏ လက် မှလွတ်၍ ဣသရေလ ရှင် ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ် သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။ ထိုသို့ဖြစ်မည်ကို ကျွန်ုပ် အဘ ရှောလု သိ သည်ဟု ဆို သဖြင့်၊
Akamwambia, “Usiogope. Kwa maana mkono wa baba yangu Sauli hautakupata. Utakuwa mfalme juu ya Israeli, na mimi nitakuwa msaidizi wako. Baba yangu Sauli pia anajua hivyo.”
18 ၁၈ ထိုသူ နှစ် ယောက်တို့သည် ထာဝရဘုရား ရှေ့ တော်၌ ပဋိညာဉ် ဖွဲ့ ကြပြီးမှ ၊ ဒါဝိဒ် သည် တောအုပ် ၌ နေ ၍ ယောနသန် သည် မိမိ အိမ် သို့ သွား ၏။
Basi wote wawili wakafanya agano mbele za BWANA. Kisha Daudi alibaki Horeshi, na Yonathani akaenda nyumbani.
19 ၁၉ တဖန် ဇိဖ သားတို့သည် ရှောလု ရှိရာ ဂိဗာ မြို့သို့ လာ ၍၊ ဒါဝိဒ် သည် ကျွန်တော် တို့နေရာ ယေရှိမုန် မြို့ တောင် ဘက်မှာ ၊ ဟခိလ တော ကြို တောင် ကြား၌ ပုန်း လျက်နေသည်ဖြစ်၍၊
Nndipo Wazifi wakamwendea Sauli huko Gibea wakisema, “Je, Daudi hakujificha kati yetu kwenye ngome huko Horeshi, juu ya mlima wa Hakila, ulioko kusini mwa Yeshimoni?
20 ၂၀ အရှင်မင်းကြီး ကြွ ချင်သောစိတ် အားကြီးသည် အတိုင်းကြွ တော်မူပါ။ ထိုသူကို အရှင်မင်းကြီး လက် တော်သို့ အပ် သော အမှုသည် ကျွန်တော် တို့တာရှိပါစေဟု လျှောက်လျှင်၊
Basi uje, mfalme! Kulingana na matakwa yako, uje! Kazi yetu itakuwa kumtia katika mkono wa mfalme.”
21 ၂၁ ရှောလု က၊ သင် တို့သည် ထာဝရဘုရား ကောင်းကြီး ပေးတော်မူသောသူဖြစ် ပါစေသော။ သင်တို့သည် ငါ့ ကိုသနား ကြပြီ။
Sauli akasema, “Mbarikiwe na BWANA. Kwa sababu mmenihurumia.
22 ၂၂ ယခု သွား ၍ ပြင်ဆင် ကြလော့။ သူ ပုန်းရှောင်၍ နေရာ ကို၎င်း၊ အဘယ်သူ မြင် ပြီးသည်ကို၎င်း စူးစမ်း ကြလော့။ သူ သည် အလွန်လိမ္မာ သည်ကို ငါကြား၏။
Nendeni, mhakikishe sawasawa. Tafuteni na kujua maficho yake yako wapi na ni nani amemwona huko. Nimeambiwa kwamba yeye ni mjanja sana.
23 ၂၃ ထိုကြောင့် သူပုန်းရှောင် ခိုလှုံရာ အရပ်ရပ် တို့ကို သေချာ စွာကြည့်ရှု သိမှတ် ပြီးမှ ၊ ငါ့ ထံသို့ တဖန် လာကြလျှင် ၊ သင် တို့နှင့်အတူ ငါလိုက် မည်။ သူသည်ထိုပြည်၌ ရှိလျှင်၊ ယုဒ အမျိုးသားအထောင် အသောင်းတို့တွင် ငါရှာ ၍ ထုတ်မည်ဟု မှာထားသည်အတိုင်း၊
Kwa hiyo chunguzeni, mjue sehemu zote anakojificha. Baadaye rudini kwangu mkiwa na taarifa kamili, na kisha nitaongozana nanyi. Ikiwa yupo katika nchi, nitamtafuta kutoka miongoni mwa elfu zote za Yuda.”
24 ၂၄ သူတို့သည် ထ ၍ ရှောလု အရင် ဇိဖ တောသို့ သွား ကြ၏။ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် မောန တော ၊ ယေရှိမုန် မြို့ တောင် ဘက်လွင်ပြင် ၌ ရှိကြ၏။
Ndipo wakaamka na kwenda hadi Zifu mbele ya Sauli. Wakati huo Daudi na watu wake walikuwa katika jangwa la Maoni, huko Araba upande wa kusini mwa Yeshimoni.
25 ၂၅ ရှောလု သည်လည်း လူ များနှင့်တကွလာ၍ ရှာ သည်ကို ဒါဝိဒ် သည် ကြား ပြန်လျှင် ၊ ကျောက် ကြားမှ ထွက်သွား ၍ မောန တော ၌ နေ ၏။ ရှောလု ကြား ပြန်သော် ၊ မောန တော ၌ ဒါဝိဒ် ကို လိုက် ၍ ရှာ၏။
Sauli na watu wake wakaenda kumtafuta Daudi. Na Daudi akaambiwa habari hiyo, hivyo akateremka hadi kwenye mlima wa miamba na akakaa katika jangwa la Maoni. Sauli aliposikia hivyo, akamfukuza Daudi katika Jangwa la Maoni.
26 ၂၆ ရှောလု သည် တောင် တစ်ဘက် ၌ ၎င်း ၊ ဒါဝိဒ် နှင့် သူ ၏လူ တို့သည် တစ်ဘက် ၌ ၎င်း၊ သွား ကြ၍ ရှောလု ကို ကြောက်သဖြင့်၊ လွတ်အောင်ကြိုးစားစဉ်တွင်၊ ရှောလု နှင့် သူ ၏လူ တို့သည် ဒါဝိဒ် နှင့် သူ ၏လူ တို့ကို ဝိုင်း ၍ ဘမ်းမိ လုကြပြီ။
Sauli akaenda akawa upande mmoja wa mlima, na Daudi na watu wake walikuwa wakienda upande mwingine wa mlima. Daudi kwa haraka akatoweka akae mbali na Sauli. Kwa sababu Sauli na watu wake walikuwa wakimzunguka Daudi na watu wake wawakamate,
27 ၂၇ ထိုအခါ တမန် ရောက် လာ၍၊ အလျင်အမြန် ကြွ လာတော်မူပါ။ ဖိလိတ္တိ လူတို့သည် ပြည် တော်ကို တိုက် လာကြပါပြီဟု ရှောလု အား ကြားလျှောက် သောကြောင့်၊
mjumbe mmoja akaja kwa Sauli na kusema, “Njoo, harakisha maana Wafilisti wamepanga uvamizi juu ya nchi.”
28 ၂၈ ရှောလု သည် ဒါဝိဒ် ကို လိုက် ရှာရာမှ ပြန် ၍ ဖိလိတ္တိ လူတို့ရှိရာသို့ ချီ သွားလေ၏။ သို့ဖြစ်၍ ထို အရပ် ကို သေလဟမ္မလေကုပ် အမည်ဖြင့် သမုတ် သတည်း။
Kwa hiyo Sauli akarudi asimfuatie Daudi na akaenda kupambana na Wafilisti. Kwa hiyo sehemu ile iliitwa Mwamba wa Maficho.
29 ၂၉ ဒါဝိဒ် သည် ထို အရပ်မှ သွား ၍ အင်္ဂေဒိ မြို့နယ်၊ ခိုင်ခံ့ သော အရပ်တို့၌ နေ လေ၏။
Daudi akapanda kutoka huko na kukaa katika ngome ya Engedi.