< ၁ ဓမ္မရာဇဝင် 15 >
1 ၁ တဖန် ရှမွေလ က၊ ထာဝရဘုရား ၏လူ ဣသရေလ အမျိုးကို အုပ်စိုးစေခြင်းငှါသင့် ကို ဘိသိက် ပေးမည် အကြောင်း၊ ငါ့ ကို အထက်ကစေလွှတ် တော်မူသည်ဖြစ်၍ ၊ ယခု မှာ ထာဝရဘုရား ၏ စကား တော်ကို နားထောင် လော့။
၁တဖန်ရှမွေလက၊ ထာဝရဘုရား၏လူ ဣသရေလအမျိုးကို အုပ်စိုးစေခြင်းငှါ သင့်ကို ဘိသိက်ပေးမည် အကြောင်း၊ ငါ့ကို အထက်စေလွှတ်တော်မူသည်ဖြစ်၍၊ ယခုမှာ ထာဝရဘုရား၏ စကားတော်ကို နားထောင်လော့။
2 ၂ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား မိန့် တော်မူသည်ကား၊ အဲဂုတ္တု ပြည်မှ ထွက် လာသောဣသရေလအမျိုး၌၊ အာမလက် အမျိုးပြု သော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။
၂ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူသည်ကား၊ အဲဂုတ္တုပြည်မှ ထွက်လာသော ဣသရေလအမျိုး၌၊ အာမလက်အမျိုးပြုသော ဆီးတားခြင်းအမှုကို ငါမှတ်လျက်ရှိ၏။-
3 ၃ ယခု သွား ၍ ထိုအမျိုးကို လုပ်ကြံ လော့။ နှမြော ခြင်းမ ရှိဘဲ၊ ရှင်းရှင်း ဖျက်ဆီး ၍ ၊ ယောက်ျား ၊ မိန်းမ ၊ သူငယ် ၊ နို့စို့ မှစ၍ ၊ သိုး ၊ နွား ၊ ကုလားအုပ် ၊ မြည်း တို့ကိုသတ် လော့ဟု ရှောလု အား ဆင့်ဆို သည် အတိုင်း၊
၃ယခုသွား၍ ထိုအမျိုးကို လုပ်ကြံလော့။ နှမြောခြင်းမရှိဘဲ၊ ရှင်းရှင်းဖျက်ဆီး၍၊ ယောက်ျား၊ မိန်းမ၊ သူငယ်၊ နို့စို့မှစ၍၊ သိုး၊ နွား၊ ကုလားအုပ်၊ မြည်းတို့ကို သတ်လော့ဟု ရှောလုအား ဆင့်ဆိုသည် အတိုင်း၊
4 ၄ ရှောလု သည် လူ တို့ကို စုဝေး စေ၍ တေလိမ် မြို့မှာ စာရင်း ယူသဖြင့် ၊ ခြေသည် သူရဲနှစ် သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
၄ရှောလုသည် လူတို့ကို စုဝေးစေ၍ တေလိမ်မြို့မှာ စာရင်းယူသဖြင့်၊ ခြေသည်သူရဲနှစ်သိန်း၊ ယုဒ စစ်သူရဲတသောင်း ရှိကြ၏။
5 ၅ ရှောလု သည်လည်း အာမလက် မြို့ သို့ စစ်ချီ ၍ ချိုင့် ၌ တပ်ချ ပြီးမှ၊
၅ရှောလုသည်လည်း အာမလက်မြို့သို့ စစ်ချီ၍ ချိုင့်၌ တပ်ချပြီးမှ၊
6 ၆ ကေနိ လူတို့ရှိရာသို့ စေလွှတ်လျက်၊ သင် တို့ကို အာမလက် လူတို့နှင့်အတူ ငါဖျက်ဆီး မည်ဟု စိုးရိမ်စရာရှိသောကြောင့်၊ သူတို့အထဲက ထွက် သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလ အမျိုးသား တို့သည် အဲဂုတ္တု ပြည်မှ ထွက် လာသောအခါ ၊ သင်တို့သည် ကျေးဇူး ပြု ကြပြီဟု မှာ လိုက်သည် အတိုင်း ၊ ကေနိ လူတို့သည် အာမလက် လူတို့အထဲ က ထွက်သွား ကြ၏။
၆ကေနိလူတို့ရှိရာသို့ စေလွှတ်လျက်၊ သင်တို့ကို အာမလက်လူတို့နှင့်အတူ ငါဖျက်ဆီးမည်ဟု စိုးရိမ် စရာရှိသောကြောင့်၊ သူတို့အထဲက ထွက်သွား၍ နေရာ ပြောင်းကြလော့။ ဣသရေလအမျိုးသား တို့သည် အဲဂုတ္တုပြည်မှ ထွက်လာသောအခါ သင်တို့သည် ကျေးဇူးပြုကြပြီဟု မှာလိုက်သည် အတိုင်း၊ ကေနိလူတို့သည် အာမလက်လူတို့အထဲက ထွက်သွားကြ၏။
7 ၇ ရှောလု သည် ဟဝိလ မြို့မှစ၍ အဲဂုတ္တု ပြည် တစ်ဘက်တချက် ၌ နေသော ရှုရ မြို့တိုင်အောင်အာမလက် လူတို့ကို လုပ်ကြံ လေ၏။
၇ရှောလုသည် ဟဝိလမြို့မှစ၍ အဲဂုတ္တုပြည် တဘက်တချက်၌နေသော ရှုရမြို့တိုင်အောင် အာမလက် လူတို့ကို လုပ်ကြံလေ၏။
8 ၈ အာမလက် ရှင်ဘုရင် အာဂတ် ကို အရှင် ဘမ်းမိ ၏။ လူ အပေါင်း တို့ကို ထား ဖြင့် ရှင်းရှင်းဖျက်ဆီး လေ၏။
၈အာမလက်ရှင်ဘုရင်အာဂတ်ကို အရှင်ဘမ်းမိ၏။ လူအပေါင်းတို့ကို ထားဖြင့် ရှင်းရှင်းဖျက်ဆီးလေ၏။
9 ၉ သို့ရာတွင် ရှောလု နှင့် လူ များတို့သည် အာဂတ် မင်းနှင့်တကွ၊ သိုး နွား အမြတ် အလတ်၊ ဆူ သော သိုးသငယ် ၊ ကောင်း သော ဥစ္စာရှိသမျှ ကို နှမြော ၍ ရှင်းရှင်းမ ဖျက်ဆီး ကြ။ အသုံး မဝင် ယုတ်မာ သော ဥစ္စာ ရှိသမျှ ကိုသာ ရှင်းရှင်းဖျက်ဆီး ကြ၏။
၉သို့ရာတွင် ရှောလုနှင့် လူများတို့သည် အာဂတ်မင်းနှင့်တကွ၊ သိုး နွားအမြတ်အလတ်၊ ဆူသော သိုးသငယ်၊ ကောင်းသော ဥစ္စာရှိသမျှကို နှမြော၍ ရှင်းရှင်း မဖျက်ဆီးကြ။ အသုံးမဝင် ယုတ်မာ သော ဥစ္စာရှိသမျှကိုသာ ရှင်းရှင်းဖျက်ဆီးကြ၏။
10 ၁၀ ထာဝရဘုရား ၏ နှုတ်ကပတ် တော်သည် ရှမွေလ သို့ ရောက် လာ၍၊
၁၀ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ရှမွေလသို့ ရောက်လာ၍၊ -
11 ၁၁ ငါသည် ရှောလု ကို ရှင်ဘုရင် အရာ ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ ၏။ သူသည် ငါ ၏ ပညတ် တို့ကို မ ကျင့် ၊ ငါ့ နောက် သို့မ လိုက်၊ လမ်းလွှဲပြီဟု မိန့် တော်မူ၏။ ရှမွေလ သည် ဝမ်းနည်း ၍ တညဉ့်လုံး ထာဝရဘုရား အား ဟစ်ကြော် ပြီးလျှင်၊
၁၁ငါသည် ရှောလုကို ရှင်ဘုရင်အရာ၌ ခန့်ထားသည်အမှုကြောင့် နောင်တရ၏။ သူသည် ငါ၏ ပညတ်တို့ကို မကျင့်၊ ငါ့နောက်သို့မလိုက်၊ လမ်းလွှဲပြီဟု မိန့်တော်မူ၏။ ရှမွေလသည် ဝမ်းနည်း၍ တညဉ့်လုံး ထာဝရဘုရားအား ဟစ်ကြော်ပြီးလျှင်၊
12 ၁၂ နံနက် စောစောထ ၍ ရှောလု ကို ကြိုဆို ခြင်းငှါ သွားသောအခါ၊ ရှောလု သည် ကရမေလ မြို့သို့ ရောက် ၍ အောင်တိုင် ကို စိုက် ပြီးမှ ၊ လှည့်လည် သဖြင့် ဂိလဂါလ မြို့သို့ လွန် သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွား လေ၏။
၁၂နံနက်စောစောထ၍ ရှောလုကို ကြိုဆိုခြင်းငှါ သွားသောအခါ၊ ရှောလုသည် ကရမေလမြို့သို့ ရောက်၍ အောင်တိုင်ကို စိုက်ပြီးမှ၊ လှည့်လည်သဖြင့် ဂိလဂါလမြို့သို့ လွန်သွားကြောင်းကို ကြားသောကြောင့်၊ ရှောလုရှိရာသို့ သွားလေ၏။
13 ၁၃ ရှောလု ကလည်း၊ ထာဝရဘုရား သည် ကိုယ်တော် ကို ကောင်းကြီး ပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရား အမိန့် တော်အတိုင်း ပြု ပါပြီဟု ဆို ၏။
၁၃ရှောလုကလည်း၊ ထာဝရဘုရားသည် ကိုယ်တော်ကို ကောင်းကြီးပေးတော်မူပါစေသော။ အကျွန်ုပ် သည် ထာဝရဘုရားအမိန့်တော်အတိုင်း ပြုပါပြီဟု ဆို၏။
14 ၁၄ ရှမွေလ ကလည်း ၊ သို့ဖြစ်လျှင် ငါ ကြား ရသော သိုး မြည် သံ၊ နွား မြည် သံကား အဘယ်သို့ နည်းဟုမေး သော်၊
၁၄ရှမွေလကလည်း၊ သို့ဖြစ်လျှင် ငါကြားရသော သိုးမြည်သံ၊ နွားမြည်သံကား အဘယ်သို့နည်းဟု မေးသော်၊
15 ၁၅ ရှောလု က၊ အာမလက် ပြည်မှ ဆောင် ခဲ့ပါပြီ။ လူ များတို့သည် ကိုယ်တော် ၏ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ အကောင်းဆုံး သော သိုး နွား တို့ကို နှမြော ၍၊ ကြွင်း သော အရာရှိသမျှတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီဟု ဆို ၏။
၁၅ရှောလုက၊ အာမလက်ပြည်မှ ဆောင်ခဲ့ပါပြီ။ လူများတို့သည် ကိုယ်တော်၏ဘုရားသခင် ထာဝရဘုရား အား ယဇ်ပူဇော်လိုသောငှါ အကောင်းဆုံးသော သိုးနွားတို့ကို နှမြော၍၊ ကြွင်းသော အရာရှိသမျှ တို့ကို ရှင်းရှင်းဖျက်ဆီးပါပြီဟု ဆို၏။
16 ၁၆ ရှမွေလ ကလည်း ၊ နေ ပါဦးလော့။ မနေ့ည မှာ ထာဝရဘုရား မိန့် တော်မူသော စကားကို ပြန်ပြော ပါ မည်ဟု ရှောလု အား ဆို လျှင် ၊ ရှောလုက ပြော ပါတော့ဟုဆို ၏။
၁၆ရှမွေလကလည်း၊ နေပါဦးလော့။ မနေ့ညမှာ ထာဝရဘုရား မိန့်တော်မူသောစကားကို ပြန်ပြောပါ မည်ဟု ရှောလုအားဆိုလျှင်၊ ရှောလုက ပြောပါတော့ဟုဆို၏။
17 ၁၇ ရှမွေလ ကလည်း ၊ သင် သည် ကိုယ်အထင်အတိုင်း ငယ် သောသူဖြစ်လျက်ပင်၊ ဣသရေလ အမျိုး တို့ ၏ အထွဋ် သို့ ရောက်၍၊ ဣသရေလ ရှင်ဘုရင် အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မ ဟုတ်လော။
၁၇ရှမွေလကလည်း၊ သင်သည် ကိုယ်အထင်အတိုင်း ငယ်သောသူဖြစ်လျက်ပင်၊ ဣသရေလအမျိုးတို့ ၏ အထွဋ်သို့ ရောက်၍၊ ဣသရေလရှင်ဘုရင်အရာနှင့် ထာဝရဘုရား ဘိသိက် ပေးတော်မူသည် မဟုတ်လော။
18 ၁၈ ထာဝရဘုရား က၊ သွား လော့။ အပြစ် များသော အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး လော့။ မဖျက်ဆီး မှီ တိုင်အောင် စစ်တိုက် လော့ဟု သင့် ကို ဝေး သော အရပ်သို့ စေလွှတ် တော်မူ၏။
၁၈ထာဝရဘုရားက၊ သွားလော့။ အပြစ်များသော အာမလက်အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးလော့။ မဖျက်ဆီးမှီ တိုင်အောင် စစ်တိုက်လော့ဟု သင့်ကို ဝေးသော အရပ်သို့ စေလွှတ်တော်မူ၏။
19 ၁၉ သို့ဖြစ်၍ သင်သည် ထာဝရဘုရား ၏အမိန့် တော်ကို နား မ ထောင်ဘဲ၊ ရန်သူ၏ ဥစ္စာ ကို လုယူ၍ ထာဝရဘုရား ရှေ့ တော်၌ ဤဒုစရိုက် ကို အဘယ်ကြောင့် ပြု ဘိသနည်းဟု ပြောဆိုသော်၊
၁၉သို့ဖြစ်၍ သင်သည် ထာဝရဘုရား၏အမိန့်တော်ကို နားမထောင်ဘဲ၊ ရန်သူ၏ ဥစ္စာကို လုယူ၍ ထာဝရဘုရားရှေ့တော်၌ ဤဒုစရိုက်ကို အဘယ်ကြောင့် ပြုဘိသနည်းဟု ပြောဆိုသော်၊
20 ၂၀ ရှောလု က၊ အကျွန်ုပ်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ဧကန်အမှန်နားထောင် ပါပြီ။ ထာဝရဘုရား စေခိုင်း တော်မူသော လမ်း သို့ လိုက် ပါပြီ။ အာမလက် ရှင်ဘုရင် အာဂတ် ကို ဆောင် ခဲ့၍ ၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်းဖျက်ဆီး ပါပြီ။
၂၀ရှောလုက၊ အကျွန်ုပ်သည် ထာဝရဘုရား၏ အမိန့်တော်ကို ဧကန်အမှန် နားထောင်ပါပြီ။ ထာဝရ ဘုရား စေခိုင်းတော်မူသော လမ်းသို့ လိုက်ပါပြီ။ အာမလက်ရှင်ဘုရင် အာဂတ်ကို ဆောင်ခဲ့၍၊ အာမလက် အမျိုးသားတို့ကို ရှင်းရှင်း ဖျက်ဆီးပါပြီ။
21 ၂၁ သို့ရာတွင် လူ များတို့သည် ဂိလဂါလ မြို့၌ ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား အား ယဇ် ပူဇော်လိုသောငှါ လုယူ သော သိုး နွား ၊ ရှင်းရှင်းဖျက်ဆီး အပ်သောအရာ အကောင်းဆုံး တို့ကို သိမ်းယူ ကြပါပြီဟု ပြောဆို ပြန်၏။
၂၁သို့ရာတွင် လူများတို့သည် ဂိလဂါလမြို့၌ ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားအား ယဇ်ပူဇော် လိုသောငှါ လုယူသော သိုး နွား၊ ရှင်းရှင်းဖျက်ဆီးအပ်သောအရာ အကောင်းဆုံးတို့ကို သိမ်းယူ ကြပါပြီဟု ပြောဆိုပြန်၏။
22 ၂၂ ရှမွေလ ကလည်း ၊ ထာဝရဘုရား ၏အမိန့် တော်ကို နားထောင် ခြင်း၌ အားရတော်မူသကဲ့သို့ ၊ မီး ရှို့ရာ ယဇ်အစရှိသော ယဇ် မျိုးတို့ကို ပူဇော်ခြင်း၌ အားရ တော်မူမည်လော။ အလို တော်သို့ လိုက်ခြင်းသည် ယဇ် မျိုးထက် သာ၍ကောင်း၏။ နားထောင် ခြင်းသည် သိုး ထီးဆီဥ ထက် သာ၍ကောင်း၏။
၂၂ရှမွေလကလည်း၊ ထာဝရဘုရား၏အမိန့်တော်ကို နားထောင်ခြင်း၌ အားရတော်မူသကဲ့သို့၊ မီးရှို့ရာ ယဇ်အစရှိသော ယဇ်မျိုးတို့ကို ပူဇော်ခြင်း၌ အားရတော်မူမည်လော။ အလိုတော်သို့ လိုက်ခြင်းသည် ယဇ်မျိုးထက်သာ၍ ကောင်း၏။ နားထောင်ခြင်းသည် သိုးထီးဆီဥထက်သာ၍ ကောင်း၏။
23 ၂၃ ငြင်းဆန် သော သဘောသည် နတ်ဆိုး နှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာ သော သဘောသည် ဗေဒင်တန်ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ် ကြီး၏။ သင်သည် ထာဝရဘုရား ၏ စကား တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရားသည် ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ဆို ၏။
၂၃ငြင်းဆန်သော သဘောသည် နတ်ဆိုးနှင့်ပေါင်းခြင်းကဲ့သို့၎င်း၊ ခိုင်မာသော သဘောသည် ဗေဒင်တန် ဆာကို သုံးခြင်းကဲ့သို့၎င်း အပြစ်ကြီး၏။ သင်သည် ထာဝရဘုရား၏ စကားတော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ဆို၏။
24 ၂၄ ရှောလု ကလည်း ၊ အကျွန်ုပ်သည် ပြစ်မှား ပါပြီ။ လူ များကို ကြောက် ၍ သူ တို့စကား ကို နားထောင် သောကြောင့် ၊ ထာဝရဘုရား ၏ အမိန့် တော်ကို၎င်း ၊ ကိုယ်တော် ၏ စကား ကို၎င်းလွန်ကျူး ပါပြီ။
၂၄ရှောလုကလည်း၊ အကျွန်ုပ်သည် ပြစ်မှားပါပြီ။ လူများကို ကြောက်၍ သူတို့စကားကို နားထောင်သော ကြောင့်၊ ထာဝရဘုရား၏ အမိန့်တော်ကို၎င်း၊ ကိုယ်တော်၏ စကားကို၎င်း လွန်ကျူးပါပြီ။
25 ၂၅ အကျွန်ုပ် အပြစ် ကို သည်းခံ တော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရား ကို ကိုးကွယ် မည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သော်လည်း၊
၂၅အကျွန်ုပ်အပြစ်ကို သည်းခံတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်မည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သော်လည်း၊
26 ၂၆ ရှမွေလ က၊ သင် နှင့်အတူ ငါမ ပြန်။ သင်သည် ထာဝရဘုရား ၏ အမိန့် တော်ကို ပယ် သောကြောင့် ၊ ထာဝရဘုရား သည် ဣသရေလ ရှင်ဘုရင် အရာကို နှုတ်၍ သင့် ကို ပယ် တော်မူပြီဟု ရှောလု အား ဆို ပြီးမှ၊
၂၆ရှမွေလက၊ သင်နှင့်အတူ ငါမပြန်။ သင်သည် ထာဝရဘုရား၏ အမိန့်တော်ကို ပယ်သောကြောင့်၊ ထာဝရဘုရားသည် ဣသရေလ ရှင်ဘုရင်အရာကို နှုတ်၍ သင့်ကို ပယ်တော်မူပြီဟု ရှောလုအား ဆိုပြီးမှ၊
27 ၂၇ လှည့် သွား သောအခါ ရှောလုသည် ရှမွေလ ၏ ဝတ်လုံ စွန်း ကို ကိုင် ဆွဲ၍ ဝတ်လုံစုတ် လေ၏။
၂၇လှည့်သွားသောအခါ ရှောလုသည် ရှမွေလ၏ ဝတ်လုံစွန်းကို ကိုင်ဆွဲ၍ ဝတ်လုံစုတ်လေ၏။
28 ၂၈ ရှမွေလ ကလည်း ၊ ယနေ့ ထာဝရဘုရား သည် ဣသရေလ နိုင်ငံ ကို သင် မှ ဆုတ် ယူ၍ ၊ သင့် ထက် ကောင်း သောသင် ၏ အိမ်နီးချင်း အား ပေး တော်မူပြီ။
၂၈ရှမွေလကလည်း၊ ယနေ့ထာဝရဘုရားသည် ဣသရေလနိုင်ငံကို သင်မှ ဆုတ်ယူ၍၊ သင့်ထက်ကောင်း သော သင်၏ အိမ်နီးချင်းအား ပေးတော်မူပြီ။
29 ၂၉ ထိုမှတပါး ဣသရေလ အမျိုး၏ အစွမ်း သတ္တိဖြစ်သော ဘုရားသည် မုသာ သုံးခြင်း၊ နောင်တရ ခြင်း နှင့် ကင်းလွတ် တော်မူ၏။ နောင်တရ အံ့သောငှါ လူ ဖြစ်တော်မ မူဟုဆို သော်၊
၂၉ထိုမှတပါး ဣသရေလအမျိုး၏ အစွမ်းသတ္တိဖြစ်သော ဘုရားသည် မုသာသုံးခြင်း၊ နောင်တရခြင်း နှင့် ကင်းလွတ်တော်မူ၏။ နောင်တရအံ့သောငှါ လူဖြစ်တော်မမူဟုဆိုသော်၊
30 ၃၀ ရှောလုက အကျွန်ုပ်ပြစ်မှား ပါပြီ။ သို့သော်လည်း အကျွန်ုပ် အမျိုးသား ချင်း အသက်ကြီး သူတို့ ရှေ့ ၌၎င်း ၊ ဣသရေလ အမျိုးရှေ့ ၌၎င်း၊ အကျွန်ုပ် ၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရား သခင်ထာဝရဘုရား ကို ကိုးကွယ် ရမည်အကြောင်း ၊ အကျွန်ုပ် နှင့်အတူ ပြန် လာပါဟု တောင်းပန် သည်အတိုင်း၊
၃၀ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ ရှေ့၌၎င်း၊ ဣသရေလအမျိုးရှေ့၌၎င်း၊ အကျွန်ုပ်၏ ဂုဏ်အသရေကို မဖျက်ပါနှင့်။ အကျွန်ုပ်သည် ကိုယ်တော် ၏ ဘုရားသခင်ထာဝရဘုရားကို ကိုးကွယ်ရမည်အကြောင်း၊ အကျွန်ုပ်နှင့်အတူ ပြန်လာပါဟု တောင်းပန်သည်အတိုင်း၊
31 ၃၁ ရှမွေလ သည် ရှောလု နောက် သို့ လိုက်၍ ၊ ရှောလု သည် ထာဝရဘုရား ကို ကိုးကွယ် လေ၏။
၃၁ရှမွေလသည် ရှောလုနောက်သို့ လိုက်၍၊ ရှောလုသည် ထာဝရဘုရားကို ကိုးကွယ်လေ၏။
32 ၃၂ ထိုအခါ ရှမွေလ က၊ အာမလက် ရှင်ဘုရင် အာဂတ် ကို ငါ့ ထံသို့ ခေါ် ခဲ့ကြဟု ဆို သည်အတိုင်း ၊ အာဂတ် က သေ ဘေးသည် စင်စစ် လွန် သွားပြီဟု ဆိုလျက် ရွှင်လန်း စွာလာ ၏။
၃၂ထိုအခါ ရှမွေလက၊ အာမလက်ရှင်ဘုရင် အာဂတ်ကို ငါ့ထံသို့ခေါ်ခဲ့ကြဟု ဆိုသည်အတိုင်း၊ အာဂတ် က သေဘေးသည် စင်စစ်လွန်သွားပြီဟု ဆိုလျက် ရွှင်လန်းစွာလာ၏။
33 ၃၃ ရှမွေလ က၊ မိန်းမ များတို့သည် သင် ၏ထား ကြောင့် သား ဆုံးသကဲ့သို့ ၊ သင် ၏ အမိ သည် သား ဆုံး သော မိန်းမ ဖြစ်ရမည်ဟုဆို လျက် ၊ ဂိလဂါလ မြို့မှာ ထာဝရဘုရား ရှေ့ တော်၌ အာဂတ် ကို အပိုင်းပိုင်း ဖြတ်စေ၏။
၃၃ရှမွေလက၊ မိန်းမများတို့သည် သင်၏ထားကြောင့် သားဆုံးသကဲ့သို့၊ သင်၏ အမိသည် သားဆုံး သော မိန်းမဖြစ်ရမည်ဟုဆိုလျက်၊ ဂိလဂါလမြို့မှာ ထာဝရဘုရားရှေ့တော်၌ အာဂတ်ကို အပိုင်းပိုင်း ဖြတ်စေ၏။
34 ၃၄ ထိုနောက် ရှမွေလ သည် ရာမ မြို့သို့သွား ၍ ရှောလု သည် မိမိ နေရာ ဂိဗာ မြို့၊ နန်းတော် သို့ ပြန် သွား လေ၏။
၃၄ထိုနောက် ရှမွေလသည် ရာမမြို့သို့သွား၍ ရှောလုသည် မိမိနေရာ ဂိဗာမြို့၊ နန်းတော်သို့ ပြန်သွား လေ၏။
35 ၃၅ ရှောလု အနိစ္စ မရောက်မှီတိုင်အောင် ၊ ရှမွေလ သည် နောက် တဖန် အကြည့် အရှုမ လာ။ သို့ရာတွင်ရှမွေလ သည် ရှောလု အတွက် စိတ် မသာညည်းတွားလျက်နေ၏။ ထာဝရဘုရား သည် ရှောလု ကို ဣသရေလ ရှင် ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရ တော်မူ၏။
၃၅ရှောလု အနိစ္စမရောက်မှီတိုင်အောင်၊ ရှမွေလသည် နောက်တဖန် အကြည့်အရှုမလာ။ သို့ရာတွင် ရှမွေလသည် ရှောလုအတွက် စိတ်မသာ ညည်းတွားလျက်နေ၏။ ထာဝရဘုရားသည် ရှောလုကို ဣသရေလရှင်ဘုရင်အရာ၌ ခန့်ထားသော အမှုကို နောင်တရတော်မူ၏။