< ၃ ဓမ္မရာဇဝင် 7 >
1 ၁ တဖန် ရှောလမုန် သည် တဆယ် သုံး နှစ် ပတ်လုံးနန်းတော် ကို တည်ဆောက် ၍ လက်စသတ် လေ၏။
၁ရှောလမုန်မင်းသည်မိမိအတွက်နန်းတော်ကို တစ်ဆယ့်သုံးနှစ်နှင့်အပြီးသတ်တည်ဆောက် တော်မူလေသည်။-
2 ၂ နန်းတော် ကို လေဗနုန် တော သစ်သားဖြင့် ဆောက် ၍၊ အလျား အတောင် တရာ ၊ အနံ အတောင် ငါး ဆယ်၊ အမြင့် အတောင် သုံး ဆယ်ရှိ၏။ အာရဇ် တိုင် လေး စဉ်၊ အာရဇ် ရက်မ များနှင့် ဆောက်၏။
၂လေဗနုန်တောခေါ်ခန်းမဆောင် အလျားတစ်ရာ့ငါးဆယ်ပေ၊ အနံခုနစ်ဆယ့် ငါးပေ၊ အမြင့်လေးဆယ့်ငါးပေရှိ၏။ ထို ခန်းမဆောင်တွင်သစ်ကတိုးသားတစ်ဆယ့် ငါးတိုင်ရှိသောတိုင်တန်းသုံးတန်းရှိ၏။ ထို တိုင်များပေါ်တွင်သစ်ကတိုးသားထုပ်များ တင်ထား၏။ မျက်နှာကျက်ကိုလည်းသစ် ကတိုးသားဖြင့်ပြုလုပ်ထားလေသည်။-
3 ၃ တိုင်တစဉ်လျှင် ဆယ် ငါး တိုင်စီရှိ၍ တိုင် ပေါင်းခြောက်ဆယ်အပေါ် မှာ အခြင်တို့ကို တင်လျက်၊ အာရဇ် ပျဉ်ပြား နှင့်မိုး လေ၏။
၃
4 ၄ အလင်း ဝင်စရာပြတင်းပေါက် သုံး တန်း စီ အဆင့်ဆင့် မျက်နှာချင်းဆိုင်လျက် တဘက်တချက်၌ ရှိကြ၏။
၄နံရံနှစ်ခု၌မျက်နှာချင်းဆိုင်ပြူတင်း ပေါက်သုံးတန်းစီရှိ၏။-
5 ၅ တံခါးပေါက် ရှိသမျှတံခါးတိုင် ရှိသမျှ တို့သည် စတုရန်း လေးထောင့်ဖြစ်ကြ၏။
၅တံခါးပေါက်များနှင့်ပြူတင်းပေါက်များတွင် ထောင့်မှန်စတုဂံပုံသဏ္ဌာန်တံခါးဘောင်များ ရှိ၏။
6 ၆ တိုင် များ၊ ထုပ်ကြီး များနှင့်ပြည့်စုံ၍ အလျား အတောင် ငါး ဆယ်၊ အနံ အတောင် သုံး ဆယ်ရှိသောကနားပြင် ကိုလည်း လုပ် လေ၏။
၆ထောက်တိုင်များပါသောခန်းမဆောင်မှာအလျား ခုနစ်ဆယ့်ငါးပေ၊ အနံလေးဆယ့်ငါးပေရှိ၏။ ၎င်း၏မျက်နှာစာမှာတိုင်များနှင့်တကွ အမိုးရှိ၏။
7 ၇ တရား စီရင်ရာ ကနားပြင် တည်းဟူသောတရားပလ္လင် တည်ရာကနားပြင် ကိုလည်း လုပ် ၍ ၊ ကြမ်း တဘက် မှ တဘက်တိုင်အောင် အာရဇ် ပျဉ်ပြားတို့နှင့်မိုး လေ၏။
၇အမှုအခင်းများကိုရှောလမုန်စစ်ဆေးစီရင် သည့် တရားစီရင်ရာခန်းမဆောင်ဟုခေါ်သော ရာဇပလ္လင်ခန်းကိုကြမ်းပြင်မှဒိုင်းများအထိ သစ်ကတိုးသားပျဉ်ဖြင့်ခင်းကာထားလေ သည်။
8 ၈ နန်း တော်နှင့်ဆိုင်သော ထိုကနားပြင်နှစ်ဆောင်စပ်ကြားမှာ တန်တိုင်း လည်းရှိ၏။ ရှောလမုန် စုံဘက် သော ဖာရော ဘုရင်၏ သမီး စံနန်း ကိုလည်း တရားစီရင်ရာ ကနားပြင် နှင့် တူအောင်ဆောက် လေ၏။
၈တရားစီရင်ရာခန်းမဆောင်၏နောက်၌ တံ တိုင်းတစ်ခုအတွင်းတွင်ရှောလမုန်၏စံနန်း ဆောင်ကို အခြားအဆောက်အအုံများနည်း တူဆောက်လုပ်ထား၏။ မင်းကြီးသည်မိမိ၏ မိဖုရားဖြစ်သူအီဂျစ်ဘုရင်၏သမီး တော်အတွက် စံအိမ်တော်ကိုလည်းမိမိ၏ စံနန်းကဲ့သို့ပင်ဆောက်လုပ်တော်မူလေ သည်။
9 ၉ တန်တိုင်း ကြီး ပြင် ဘက်တိုင်အောင် ၎င်း၊ အမြစ် မှစ၍ ထိပ် တိုင်အောင် ၎င်း၊ ကျောက်ဆစ် ပမာဏ နှင့်အညီ ၊ နှစ်ဘက်စလုံးလွှ နှင့် တိုက် သော ကျောက်၊ ထူးဆန်း သော ကျောက်ကြီး တို့ဖြင့် ပြီးကြ၏။
၉ဤအဆောက်အအုံရှိသမျှကိုအမြစ်မှ တံစက်မြိတ်တိုင်အောင် ကျောက်တုံးများဖြင့် ဆောက်လုပ်ထား၏။ ထိုကျောက်တို့ကိုကျောက် ခွဲစခန်းတွင်အတိုင်းအတာအရ ဆစ်၍ အတွင်းအပြင်တို့ကိုလွှဖြင့်ညှိထား လေသည်။-
10 ၁၀ အမြစ်သည်လည်း အလျားရှစ် တောင် ၊ ဆယ် တောင် ရှိသောကျောက် ၊ ထူးဆန်း သောကျောက် ကြီး တို့ ဖြင့် ပြီး ၏။
၁၀အမြစ်တည်ဆောက်သည့်ကျောက်များမှာကျောက် ခွဲစခန်းတွင်ဆစ်ထားသည့်ကျောက်တုံးကြီး များဖြစ်၍ အချို့မှာအလျားတစ်ဆယ့်နှစ်ပေ၊ အချို့မှာတစ်ဆယ့်ငါးပေရှိသတည်း။-
11 ၁၁ အမြစ်ပေါ် မှာလည်း ကျောက်ဆစ် ပမာဏ နှင့်အညီ လုပ်သော ကျောက်၊ ထူးဆန်း သော ကျောက် နှင့် အာရဇ် သစ်သားရှိ၏။
၁၁ကျောက်တုံးကြီးများအပေါ်တွင်ထပ်ဆင့်၍ အတိုင်းအတာအရဆစ်ထားသည့်အခြား ကျောက်များ၊ သစ်ကတိုးယက်မတုံးများ နှင့်တည်ဆောက်ထား၏။-
12 ၁၂ တန်တိုင်း ကြီး သည် ဆစ် သောကျောက်သုံး တန်း ၊ အာရဇ် သစ်ကြီးတတန်း ဖြင့်ပြီး၏။ ဗိမာန် တော်အတွင်း တန်တိုင်း ၊ နန်း တော်ကနားပြင် တန်တိုင်းတို့သည် ထိုအတူ ပြီးကြ၏။
၁၂နန်းတော်တံတိုင်း၊ ဗိမာန်တော်တံတိုင်းနှင့်ဗိမာန် တော်မုခ်ဦးဆောင်နံရံတို့ကိုဆစ်ပြီးကျောက် သုံးထပ်လျှင် သစ်ကတိုး၊ ယက်မတုံးတစ်ထပ် ကျဖြင့်တည်ဆောက်ထားသတည်း။
13 ၁၃ ရှောလမုန် သည်လည်း ၊ လူကိုစေလွှတ် ၍ တုရု မြို့ မှ ဟိရံ ကို ခေါ် လေ၏။
၁၃ရှောလမုန်မင်းသည်တုရုမြို့သား၊ လက်ရာ မြောက်သူကြေးဝါပန်းတဉ်းဆရာဟိရံကို ဖိတ်ခေါ်တော်မူ၏။-
14 ၁၄ ထိုဟိရံကား၊ နဿလိ အမျိုး မုတ်ဆိုးမ သား ဖြစ်၏။ သူ ၏အဘ ကား၊ တုရု အမျိုးသား ပန်းတဉ်း သမား ဖြစ်၏။ သားသည်လည်း ကြေးဝါ အလုပ် ခပ်သိမ်း ကို လုပ် တတ်သော ဉာဏ် ပညာ နှင့်ပြည့်စုံ သဖြင့် ၊ ရှောလမုန် မင်းကြီး ထံသို့ လာ ၍ အလုပ် ရှိသမျှ ကို ပြီးစီး စေ၏။
၁၄ကွယ်လွန်သွားပြီဖြစ်သောသူ၏ဖခင်သည်လည်း တုရုမြို့တွင်နေထိုင်ခဲ့၍လက်ရာမြောက်သည့် ကြေးဝါပန်းတဉ်းဆရာပင်ဖြစ်သည်။ သူ၏ မိခင်မှာနဿလိအနွယ်ဝင်ဖြစ်ပေသည်။ ဟိရံ သည်အသိဉာဏ်ရှိ၍အလုပ်ရည်ဝသူတစ်ဦး ဖြစ်၏။ သူသည်ရှောလမုန်မင်းဖိတ်ခေါ်စေခိုင်း သည့်အတိုင်း ကြေးဝါလုပ်ငန်းမှန်သမျှကို တာဝန်ယူ၍ဆောင်ရွက်လေသည်။
15 ၁၅ ထိုသူသည်အမြင့် တဆယ် ရှစ် တောင် ၊ လုံးပတ် တဆယ် နှစ် တောင် ရှိသောကြေးဝါ တိုင်နှစ် တိုင် ကို သွန်း လေ၏။
၁၅ဟိရံသည်အမြင့်နှစ်ဆယ့်ခုနစ်ပေ၊ လုံးပတ် တစ်ဆယ့်ရှစ်ပေရှိသောကြေးဝါတိုင်ကြီး နှစ်လုံးကိုသွန်းလုပ်၍ ဗိမာန်တော်အဝင်ဝ မှာထားရှိ၏။-
16 ၁၆ တိုင် အပေါ် မှာ တင် စရာဘို့ အမြင့် ငါး တောင် ရှိသော ကြေးဝါ တိုင် ထိပ်နှစ် ခုကိုလည်း သွန်း လေ၏။
၁၆ထိုတိုင်ကြီးများထိပ်တွင်တပ်ဆင်ရန် အမြင့် ခုနစ်ပေခွဲရှိကြေးဝါတိုင်အုပ်နှစ်ခုကို လည်းပြုလုပ်လေသည်။-
17 ၁၇ ကြေးဝါကွန်ရွက် နှင့်ကြေးဝါကြိုး တို့ကိုလည်း လုပ် ၍၊ တိုင်တတိုင်လျှင် ကွန်ရွက်ခုနစ် ခုစီဖြင့် တိုင် ထိပ် အပေါ် မှာ ဖုံးလွှမ်းလေ၏။
၁၇တိုင်ထိပ်တိုင်းကိုလည်းကြေးဝါကွန်ရွက်များ ဖြင့်လည်းကောင်း၊-
18 ၁၈ ကြေးဝါသလဲသီးတို့ကိုလည်း လုပ် ၍ ၊ တိုင် ထိပ် ကွန်ရွက် အပေါ် မှာ ထိပ် တခုလျှင် သလဲသီး နှစ် တန်း စီ ဖြင့် တန်ဆာ ဆင်လေ၏။
၁၈ကြေးဝါသလဲသီးကုံးနှစ်ကုံးဖြင့်လည်း ကောင်းမွမ်းမံထား၏။
19 ၁၉ ကနားပြင် ထဲမှာ စိုက်ထားသော ထိုတိုင် ထိပ် တို့ သည် ကြာပွင့် နှင့် ပုံတူ၍ အချင်းလေး တောင် ရှိ၏။
၁၉တိုင်ထိပ်အုပ်များကို အမြင့်ခြောက်ပေရှိသည့် ကြာပွင့်ပုံသဏ္ဌာန်ပြုလုပ်၍၊-
20 ၂၀ တိုင် ထိပ်နှစ် ခုတို့သည် ကွန်ရွက် နှင့် နီးစပ် သော ထုပိကာ အပေါ် မှာ တည်လျက်၊ တိုင်ထိပ်တခု၌သလဲသီး နှစ်တန်းစီနှင့် အလုံးနှစ် ရာစီရှိကြ၏။
၂၀ကွန်ရက်ပုံ၏အထက်ရှိထုပ်ကာအပေါ်၌တပ် ဆင်ထားလေသည်။ တိုင်ထိပ်အုပ်တစ်ခုစီ၏ပတ် လည်ရှိသလဲသီးကုံးနှစ်ကုံးတွင် သလဲသီး လုံးရေနှစ်ရာရှိသတည်း။
21 ၂၁ ထိုတိုင် တို့ကို ဗိမာန် တော်ကနားပြင် ထဲမှာ စိုက် ထား၍ လက်ျာ တိုင် ကိုယာခိန် ၊ လက်ဝဲ တိုင် ကို ဗောဇ အမည် ဖြင့် မှည့် လေ၏။
၂၁ဟိရံသည်ဤကြေးဝါတိုင်ကြီးနှစ်လုံးကို ဗိမာန်တော်အဝင်ဝရှေ့၌စိုက်ထူထားပြီး လျှင် တောင်ဘက်တိုင်ကိုယာခိန်၊ မြောက်ဘက်တိုင် ကိုဗောဇဟူ၍လည်းကောင်းနာမည်မှည့်၏။-
22 ၂၂ တိုင် ထိပ် အပေါ် မှာ ကြာပွင့် အပြောက် ရှိသည် ဖြစ်၍ တိုင် တို့သည် စေ့စုံ ကြ၏။
၂၂ထိုတိုင်ကြီးတို့တွင်ကြာပွင့်ပုံသဏ္ဌာန်တိုင် ထိပ်အုပ်များရှိလေသည်။ သို့ဖြစ်၍တိုင်ကြီး များသွန်းလုပ်သည့်လုပ်ငန်းမှာပြီးဆုံး သတည်း။
23 ၂၃ အချင်း ဆယ် တောင် ၊ အဝန်း အတောင် သုံး ဆယ်၊ အစောက် ငါး တောင် ရှိသောကြေးဝါရေကန် ကိုလည်း လုပ် လေ၏။
၂၃ဟိရံသည်အနက်ခုနစ်ပေခွဲ၊ အချင်းတစ်ဆယ့် ငါးပေ၊ အဝန်းလေးဆယ့်ငါးပေရှိသောကြေး ဝါရေကန်ဝိုင်းကိုသွန်းလုပ်၏။-
24 ၂၄ ရေကန်အနားပတ် အောက် ပတ်လည် ၌ အတောင်တတောင်လျှင် ဘူးသီးဆယ် လုံးစီစေ့အောင် ဘူးသီးနှစ် ပတ် ကို ရေကန် နှင့်တစပ်တည်းသွန်း လေ၏။
၂၄ရေကန်၏အပြင်အနားပတ်လည်၌ဘူးသီး တန်းနှစ်တန်းကို ရေကန်ကြီးနှင့်တစ်စပ်တည်း သွန်းလုပ်လေသည်။-
25 ၂၅ ထိုရေကန်သည် နွား တဆယ် နှစ် ခုအပေါ် မှာ တည် လျက်ရှိ၏။ နွားတို့သည် အတွင်းသို့နောက်ခိုင်း၍ အရှေ့ အနောက် တောင် မြောက် အရပ်လေးမျက်နှာသို့ တမျက်နှာလျှင် သုံး ခုစီ မျက်နှာပြု ကြ၏။
၂၅ရေကန်ကိုအရပ်တစ်မျက်နှာလျှင်သုံးကောင်ကျ အပြင်သို့မျက်နှာမူလျက်နေသည့်ကြေးဝါ နွားတစ်ဆယ့်နှစ်ကောင်၏ကျောကုန်းပေါ်တွင် တင်ထား၏။-
26 ၂၆ ရေကန်သည် ဒု လက် တဝါးရှိ၏။ အပေါ်အနား ပတ်လည်ဖလား အနား ပတ်ကဲ့သို့ ကြာပွင့် အပြောက်နှင့် ပြည့်စုံ၏။ ရေဗတ်နှစ်ထောင်ဝင်၏။
၂၆ရေကန်ဘောင်သည်ထုသုံးလက်မရှိ၍အပေါ် အနားမှာ ဖလားအနားကဲ့သို့ကြာပွင့်ချပ် သဏ္ဌာန်ရှိလေသည်။ ထိုရေကန်သည်ဂါလံတစ် သောင်းဝင်သတည်း။
27 ၂၇ တဖန် အလျား လေး တောင် ၊ အနံ လေး တောင် အမြင့် သုံး တောင် ပမာဏရှိသော ကြေးဝါ ခုံ တဆယ် ကို လုပ် လေ၏။
၂၇ဟိရံသည် ကြေးဝါလက်တွန်းလှည်းဆယ်စီးကို လည်းပြုလုပ်၏။ ထိုလှည်းတို့သည်အလျားခြောက် ပေ၊ အနံခြောက်ပေနှင့်အမြင့်လေးပေခွဲစီရှိ ကြ၏။-
28 ၂၈ ထို ခုံ ပုံသဏ္ဌာန် ဟူမူကား ၊ ခုံပတ်လည်၌ အနားရစ် အဆင့်ဆင့်ရှိ၍ အနားရစ် ကြား မှာ၊
၂၈ယင်းတို့ကို ဘောင်သွင်းထားသည့်စတုရန်း မှန်ကူကွက်ပုံများဖြင့်ပြုလုပ်ထားလေသည်။-
29 ၂၉ ခြင်္သေ့ ၊ နွား ၊ ခေရုဗိမ် အပြောက်ရှိ၏။ အနားရစ် အပေါ် မှာ ခုံတခုတင်လျက် ရှိ၏။ ခြင်္သေ့ နှင့် နွား အောက် ၌ လည်း အပြောက်မျိုးရှိ၏။
၂၉ထိုမှန်ပုံများတွင် ခြင်္သေ့ရုပ်၊ နွားရုပ်နှင့်ခေရုဗိမ် ရုပ်များကိုထုလုပ်ထား၏။ ခြင်္သေ့ရုပ်များ၊ နွားရုပ် များ၏အထက်နှင့်အောက်တွင်ရှိသည့်ဘောင် များ၏အပေါ်၌ပန်းဆိုင်းများကိုရုပ်လုံး ဖော်၍ထုလုပ်ထား၏။-
30 ၃၀ ခုံ တခု၌ကြေးဝါ လှည်းဘီး လေး ခုစီ၊ ကြေးဝါ ဝင်ရိုး နှင့်တကွရှိ၏။ အင်တုံ တင်စရာဘို့ ခုံလေး ထောင့်၌ပခုံး တို့ကို ခုံနှင့်တစပ်တည်းသွန်း လေ၏။
၃၀လှည်းတစ်စီးလျှင်ကြေးဝါဘီးလေးခုနှင့်ကြေး ဝင်ရိုးများရှိ၏။ လှည်း၏ထောင့်လေးခု၌အင်တုံ တင်ရန်အတွက် ကြေးဝါထောက်တိုင်လေးခုရှိ၏။ ထိုထောက်တိုင်တို့ကိုပန်းဆိုင်းများဖြင့်ရုပ်လုံး ဖော်၍တန်ဆာဆင်ပြီးနောက်၊-
31 ၃၁ အင်တုံဝ ၌ပါသောအကွပ် သည် အကျယ်တတောင် ရှိ၏။ အဝ သည် ဝိုင်း၍ အချင်းတတောင် ထွာ ရှိ၏။ စတုရန်း လေးထောင့်၌ အပြောက်နှင့်ပြည့်စုံ၏။
၃၁အင်တုံတင်ရန်အတွက်တိုင်ထိပ်များကိုစက်ဝိုင်း ပုံသဏ္ဌာန်ဘောင်ခတ်၍ထားလေသည်။ ထိုဘောင် သည်လှည်းထက်တစ်ဆယ့်ရှစ်လက်မမြင့်၍ လှည်း အတွင်းသို့ခုနစ်လက်မဝင်လျက်နေ၏။ ယင်း ၏ပတ်လည်၌လည်းအရုပ်များထုလုပ်၍ ထားသတည်း။-
32 ၃၂ ဘီး လေး ခုတို့သည် ခုံမျက်နှာအောက် မှာနေရာ ကျလျက်၊ ဝင်ရိုး တို့သည် ခုံ နှင့်စပ်လျက်၊ ဘီး အမြင့် တတောင် ထွာ ရှိ၏။
၃၂ဘီးများမှာနှစ်ဆယ့်ငါးလက်မစီမြင့်၍ မှန် ကူကွက်ပုံများအောက်၌တည်ရှိ၏။ ဝင်ရိုး များကိုမူလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်ထားလေသည်။-
33 ၃၃ ဘီး ပုံကား ရထား ဘီး နှင့် တူ၏။ ဝင်ရိုး ၊ ဝင်ရိုးအိမ်၊ အကန့် ၊ အကွပ် များကို သွန်း လေ၏။
၃၃ဘီးတို့သည်ရထားဘီးနှင့်တူ၍ဝင်ရိုးများ၊ ခွေများ၊ ထောက်များ၊ ပုံတောင်းများကိုကြေး ဝါဖြင့်ပြုလုပ်ထား၏။-
34 ၃၄ ခုံ လေး ထောင့် ၌ တစပ်တည်းသွန်းသော ပခုံး လေး ခုရှိသဖြင့်၊
၃၄လှည်းအိမ်အောက်ပိုင်းထောင့်လေးထောင့်၌ လှည်း နှင့်တစ်ဆက်တည်းသွန်းလုပ်ထားသောထောက် တိုင်လေးခုရှိ၏။-
35 ၃၅ ထိုပခုံး ပေါ် မှာ လုံးပတ် တထွာ ရှိသော ကွင်း ကို တပ်၍ ၊ ခုံ ပေါ် မှာ အနားရစ် နှင့် ကိုင်စရာ များတို့ကို ခုံနှင့် တစပ်တည်းသွန်းလေ၏။
၃၅လှည်း၏ထိပ်တို့ကိုထုကိုးလက်မရှိကြေးဝါခွေ ဖြင့်ပတ်၍ထားလေသည်။ ထောက်တိုင်များနှင့်မှန် ကူကွက်ပုံများကိုလှည်းနှင့်တစ်ဆက်တည်းသွန်း လုပ်သည်။-
36 ၃၆ ကိုင် စရာမျက်နှာ နှင့် ခုံ မျက်နှာပြင်၌ ခေရုဗိမ် ၊ ခြင်္သေ့ ၊ စွန်ပလွံပင် အစရှိသော အပြောက်မျိုး အသီးအသီး ထင်ပေါ် လျက်ရှိ၏။
၃၆ထောက်တိုင်များနှင့်မှန်ကူကွက်ပုံများတွင်နေရာ လပ်ရှိသမျှတို့၌ခေရုဗိမ်၊ ခြင်္သေ့၊ စွန်ပလွံပင် ပုံများနှင့် ပတ်လည်တွင်ပန်းဆိုင်းများကိုထု လုပ်ထား၏။-
37 ၃၇ ထိုသို့ ပုံသဏ္ဌာန် အလုံး အရပ်တူ အောင်၊ အင်တုံတင်ရာခုံ တဆယ် ကို သွန်း ၍ပြီးလေ၏။
၃၇ဤကားလက်တွန်းလှည်းများကိုပြုလုပ်ပုံဖြစ် လေသည်။ ထိုလှည်းတို့သည်တစ်မျိုးတစ်စား တည်းဖြစ်၍ပုံသဏ္ဌာန်လုံးရပ်တူညီကြ၏။
38 ၃၈ အဝန်းလေး တောင် ကျယ်၍၊ ရေဗတ် လေးဆယ် ဝင် နိုင်သော ကြေးဝါ အင်တုံ တဆယ် ကိုလည်း လုပ် ၍၊ ခုံ တခု ပေါ်မှာ အင်တုံ တလုံးစီ တင်ထားလေ၏။
၃၈ဟိရံသည်လှည်းတစ်စီးလျှင်အင်တုံတစ်လုံး ကျဖြင့် အင်တုံဆယ်လုံးကိုလည်းသွန်းလုပ်၏။ အင်တုံတစ်လုံးလျှင်အချင်းခြောက်ပေရှိ၍ ဂါလံနှစ်ရာဝင်လေသည်။-
39 ၃၉ အိမ် တော်လက်ျာ ဘက် ၌ ခုံ ငါး ခု၊ လက်ဝဲ ဘက် ၌ ငါး ခုကိုထား ၍ ရေကန် ကိုကား၊ အိမ် တော်လက်ျာ ဘက် အရှေ့ တောင် ထောင့် ၌ နေရာ ချ၏။
၃၉ဟိရံသည်ဗိမာန်တော်တောင်ဘက်၌လှည်းငါးစီး၊ မြောက်ဘက်၌အခြားလှည်းငါးစီးကိုနေရာချ ထား၍ ရေကန်ကိုမူအရှေ့တောင်ထောင့်၌ထား၏။
40 ၄၀ ဟိရံ သည်အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ ကိုလည်း လုပ် သဖြင့်၊ ရှောလမုန် မင်းကြီး အဘို့ ထာဝရဘုရား ၏အိမ် တော်၌ လက်စသတ် သောအရာများဟူမူကား၊
၄၀ဟိရံသည်အိုးများ၊ ရေမှုတ်များ၊ ခွက်ဖလားများ ကိုလည်းပြုလုပ်၏။ သူသည်ထာဝရဘုရား၏ ဗိမာန်တော်အတွက် ရှောလမုန်မင်းစေခိုင်းသမျှ သောအလုပ်တို့ကိုပြီးစီးအောင်ဆောင်ရွက်လေ သည်။ သူပြုလုပ်သောပစ္စည်းများမှာအောက်ပါ အတိုင်းဖြစ်လေသည်။ တိုင်ကြီးနှစ်လုံး၊ ဖလားပုံသဏ္ဌာန်ရှိတိုင်ထိပ်အုပ်နှစ်ခု၊ တိုင်ထိပ်အုပ်များတွက်ကွန်ရက်များ၊ ကွန်ရက်ပတ်လည်မှအလုံးတစ်ရာစီရှိသော သလဲသီးကုံးနှစ်ကုံးအတွက်သလဲသီး အလုံးလေးရာ၊ လက်တွန်းလှည်းဆယ်စီး၊ အင်တုံဆယ်လုံး၊ ရေကန်၊ ရေကန်တင်ရန်နွားရုပ်ဆယ့်နှစ်ခု၊ အိုးများ၊ ကော်ပြားများနှင့်ခွက်ဖလားများ၊ ဗိမာန်တော်တွင်အသုံးပြုရန်ရှောလမုန်မင်းအတွက် ဟိရံပြုလုပ်ပေးသောဤပစ္စည်းတန်ဆာတို့သည် အရောင်တင်ထားချွတ်ပြီးကြေးဝါဖြင့်ပြီးကြ၏။-
41 ၄၁ တိုင် နှစ် တိုင်၊ တိုင် ထိပ် အထွဋ် နှစ် ခု၊ တိုင် ထိပ် အထွဋ် ကို ဖုံးလွှမ်း စရာကွန်ရွက် နှစ် ရွက်၊
၄၁
42 ၄၂ ဖုံးလွှမ်း စရာကွန်ရွက် တ ရွက်အဘို့ သလဲသီး နှစ် တန်း စီ၊ သလဲသီး ပေါင်းလေး ရာ၊
၄၂
43 ၄၃ ခုံ ဆယ် ခု၊ ခုံ ပေါ်မှာ တင်ထားသော အင်တုံ ဆယ် လုံး၊ ရေကန် တ ကန်၊
၄၃
44 ၄၄ ရေကန် ကိုထောက် သော နွား တဆယ် နှစ် ခု၊ အိုး များ၊ ရေမှုတ် များ၊ အင်တုံငယ် များ တည်း။
၄၄
45 ၄၅ ရှောလမုန် မင်းကြီး အဘို့ ဟိရံ လုပ် သမျှ သော ထာဝရဘုရား ၏ အိမ် တော်တန်ဆာ တို့သည် ပြောင်ပြောင် တောက်သော ကြေးဝါ ဖြင့် ပြီးကြ၏။
၄၅
46 ၄၆ ယော်ဒန် ချိုင့် ၊ သကုတ် မြို့နှင့် ဇာသန် မြို့ စပ်ကြား တွင် သရွတ် လုပ်စရာကောင်းသော မြေ ၌ ရှင်ဘုရင် သွန်း လေ၏။
၄၆မင်းကြီးသည်ယော်ဒန်မြစ်ဝှမ်းရှိသုကုတ်မြို့နှင့် ဇာရတန်မြို့စပ်ကြားတွင်ရှိသောကြေးအရည် ကြိုစက်၌ ထိုတန်ဆာများကိုသွန်းလုပ်စေတော် မူ၏။-
47 ၄၇ ထိုတန်ဆာ တို့သည် အလွန်များ သောကြောင့် ၊ ရှောလမုန် သည် မချိန်ဘဲသွန်းထား၏။ ကြေးဝါ အချိန် ကို အဘယ်သူမျှမ သိ။
၄၇ထိုပစ္စည်းတန်ဆာတို့သည်အလွန်များသော ကြောင့်မချိန်တွယ်ဘဲထား၏။ ထို့ကြောင့်ယင်း တို့၏အလေးချိန်ကိုမသိနိုင်။
48 ၄၈ ရှောလမုန် သည်လည်း ထာဝရဘုရား ၏ အိမ် တော်နှင့်ဆိုင် သမျှ သောတန်ဆာ များတည်းဟူသောရွှေ ယဇ် ပလ္လင်၊ ရှေ့ တော်မုန့် တင်စရာရွှေ စားပွဲ၊
၄၈ရှောလမုန်သည်ဗိမာန်တော်အတွက် ရွှေတန်ဆာ များကိုလည်းပြုလုပ်စေတော်မူ၏။ ယင်းတို့မှ ယဇ်ပလ္လင်၊ ရှေ့တော်မုန့်တင်ရန်စားပွဲ၊-
49 ၄၉ ဗျာဒိတ် ဌာနတော်ရှေ့ ၊ လက်ျာ ဘက်၌ ရွှေ စင် မီးခုံ ငါး ခု၊ လက်ဝဲ ဘက်၌ ငါး ခု၊ ရွှေ ပန်းပွင့် ၊ ရွှေမီးခွက် ၊ မီး ကိုင်တန်ဆာ၊
၄၉အလွန်သန့်ရှင်းရာဌာနတော်ရှေ့၌လက်ယာ ဘက်တွင်ထားရှိသည့် မီးတင်ခုံငါးခုနှင့်လက် ဝဲဘက်တွင်ထားရှိသည့်မီးတင်ခုံငါးခု၊ ရွှေ ပန်းပွင့်များ၊ ရွှေမီးခွက်များနှင့်မီးကိုင်တန် ဆာများ၊-
50 ၅၀ ရွှေ စင် ဖြင့်ပြီးသောခွက် များ၊ မီးညှပ် ၊ လင်ပန်း ၊ ဇွန်း ၊ ပြာခံစရာ အိုးများ၊ အလွန်သန့်ရှင်း ရာဌာနတော် အတွင်း ခန်း တံခါး နှင့် ဗိမာန် တော်ပြင်ခန်း တံခါး ဆွဲထား သော ရွှေ ပတ္တာ များတို့ကို လုပ်လေ၏။
၅၀ရွှေခွက်များ၊ ရွှေမီးညှပ်များ၊ ရွှေလင်ပန်းများ၊ ရွှေဇွန်းများ၊ ရွှေပြာခံအိုးများနှင့်ဗိမာန် တော်အတွင်းသန့်ရှင်းရာဌာနတံခါးများနှင့် ဗိမာန်တော်အပြင်ခန်းတံခါးများအတွက် ရွှေပတ္တာများဖြစ်လေသည်။
51 ၅၁ ထိုသို့ရှောလမုန် မင်းကြီး သည် ထာဝရဘုရား ၏ အိမ် တော်အဘို့ ပြုလုပ် စီရင်သမျှအလုံးစုံ တို့ကို လက်စသတ် ပြီးမှ ၊ ခမည်းတော် ဒါဝိဒ် လှူ သော ရွှေ ငွေ တန်ဆာ များကို ဆောင် ခဲ့၍ ၊ ထာဝရဘုရား ၏အိမ် တော် ဘဏ္ဍာ စုထဲမှာ သွင်း ထားလေ၏။
၅၁ဗိမာန်တော်အတွက်လုပ်ကိုင်ရန် ရှိသမျှသော အလုပ်တို့ကိုလက်စသတ်ပြီးနောက် ရှောလမုန် မင်းသည်ထာဝရဘုရားအားခမည်းတော် ဒါဝိဒ်ဆက်ကပ်ပူဇော်ထားခဲ့သည့် ရွှေ၊ ငွေ၊ နှင့် အခြားပစ္စည်းများကိုဗိမာန်တော်ပစ္စည်းသို လှောင်ရာအခန်းများတွင်သိမ်းဆည်းထား တော်မူ၏။